Majesty&Trusty

Majesty&Trusty Security services
cleaning services
gardenner services

"အောင်မြင်တဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရေတိုရည်မှန်းချက်တွေနဲ့ ရေရှည်ရည်မှန်းချက်တွေကို Balance လုပ်နိုင်ဖို့...
23/10/2024

"အောင်မြင်တဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရေတိုရည်မှန်းချက်တွေနဲ့ ရေရှည်ရည်မှန်းချက်တွေကို Balance လုပ်နိုင်ဖို့လိုတယ်။"

Credit to (CEO Coach)

ခေါင်းဆောင်ခေါင်းဆောင်ဆိုတာ ဆရာမဟုတ်တဲ့အတွက်လက်အောက်ငယ်သားက ရိုသေချင်မှရိုသေမယ်ဒါပေမယ့်ကိုယ့်လက်အောက်ကလူတွေကိုကိုယ်သိသမျ...
20/05/2024

ခေါင်းဆောင်

ခေါင်းဆောင်ဆိုတာ
ဆရာမဟုတ်တဲ့အတွက်
လက်အောက်ငယ်သားက ရိုသေချင်မှရိုသေမယ်

ဒါပေမယ့်
ကိုယ့်လက်အောက်ကလူတွေကို
ကိုယ်သိသမျှကိုအကုန်သင်ပေးရတယ်

ခေါင်းဆောင်ဆိုတာ မိဘတော့မဟုတ်ဘူး
ဒါပေမယ့်
ကိုယ့်ရဲ့လက်အောက်က
လူတွေရဲ့ကောင်းခြင်းဆိုးခြင်း
အစစအရာရာကို တာဝန်ယူခြင်းတာဝန်ခံခြင်းရှိရတယ်

ခေါင်းဆောင်ဆိုတာ
ကိုယ့်လက်အောက်ကလူတွေထက်
ပိုရိုးသားရတယ်
ပိုကြိုးစားရတယ်
ပိုအနစ်နာခံရတယ်
ကိုယ့်လက်အောက်ကလူတွေအပေါ်မှာ
တရားမျှတမှုအမြဲရှိနေရတယ်
ကိုယ်ချင်းစာတရားထားရတယ်

ခေါင်းဆောင်ဆိုတာ
ကိုယ့်အထက်ကဖိအားနဲ့
ကိုယ့်အောက်ကတွန်းအားကြားမှာ
တန်းတူညီမျှဖြစ်အောင် နေနိူင်ရတယ်

ခေါင်းဆောင်ဆိုတာ
ဆရာလဲမဟုတ်
မိဘလဲမဟုတ်
အလုပ်ရှင်လဲမဟုတ်လို့
ကျေးဇူးရှင်စာရင်းမှာ ပါချင်မှပါမယ်

ဒါပေမယ့်
အဲ့ဒီသုံးမျိုးလုံးရဲ့တာဝန်တွေကို
ခေါင်းဆောင်ကောင်းက လုပ်ပေးနိူင်ရပါတယ်

ခေါင်းဆောင်ဆိုတာ
ကိုယ်ခေါင်းဆောင်နေတဲ့ အစုအဖွဲ့ကို
ကိုယ့်ဘဝ တစ်ခုလိုပဲ
ပစ္စုပ္ပန်မှာရော အနာဂါတ်အတွက်ပါ
နှလုံးသားနဲ့ခံစားပုံဖော်နိူင်မှသာ
ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်
အောင်မြင်နိူင်မှာဖြစ်ပါတယ်


ခေါင်းဆောင်မှု (Leadership) ဆိုတာ အခြေခံအားဖြင့် ကောင်းမွန်တဲ့စိတ်နေသဘောထား (Positive Attitude) ရှိတဲ့သူတွေကိုပဲ သင်ကြား...
15/04/2024

ခေါင်းဆောင်မှု (Leadership) ဆိုတာ အခြေခံအားဖြင့် ကောင်းမွန်တဲ့စိတ်နေသဘောထား (Positive Attitude) ရှိတဲ့သူတွေကိုပဲ သင်ကြားပေးလို့ရတယ်၊ ဒါက ယဉ်ယဉ်ကျေးကျေးပြောရင်ပေါ့။ မယဉ်ကျေးပြောရင်တော့ အခြေခံအားဖြင့် သောက်ကျင့်မကောင်းတဲ့သူဆို တစ်စုံတစ်ရာ အပြောင်းအလဲကြီးကြီးမဖြစ်မချင်း သင်လို့ကို မရနိုင်တော့ဘူး။

ဘာဖြစ်လို့လဲဆိုရင် ခေါင်းဆောင်တယ်ဆိုတာ အနစ်နာခံရတာတွေပါတယ်၊ သူများအတွက် ကြည့်ပေးရတာတွေပါတယ်၊ အမြင်မကျဉ်းမြောင်းဘဲ သဘောထားကြီးဖို့ တစ်ဖက်လူရဲ့ အမြင် (Opinion) တွေကို လေးစားဖို့တွေလိုအပ်တယ်။ အဲဒါတွေအတွက် ငယ်စဉ်ကတည်းက မိဘ၊ ဆရာသမားတွေ၊ ပတ်ဝန်းကျင်၊ ဘာသာတရား၊ ထုံးတမ်းစဉ်လာတွေရဲ့သင်ကြားပေးမှုတွေ လိုတယ်။

တကယ်လို့ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင် (Atmosphere) ဒါမှမဟုတ် လေ့လာမှတ်သားလာတဲ့ စံပြပုဂ္ဂိုလ် (Role Model) တွေဆီမှာ ကောင်းတဲ့အချက်တွေ မရှိဘူးဆိုရင် ငါ၊ ငါ၊ ငါနဲ့ အတ္တ (Ego) လွန်ကဲပြီး တခြားသူအတွက် ကြည့်ပေးတယ်ဆိုတာမျိုးက ဖြစ်နိုင်စရာ အကြောင်းကို မရှိတော့ဘူး။

သူသူကိုယ်ကိုယ် ကိုယ့်အတွက် ကြည့်တယ်၊ အဲဒီက နေ အဆင့်တက်လာရင် မိသားစု (Family) အတွက် ကြည့်တယ်၊ ပြီးရင် နီးစပ်တဲ့အသိုင်းအဝိုင်း (Immediate Environment) နောက်လူ့အဖွဲ့အစည်း (Community)၊ နောက်ဆုံး ဂေဟစနစ် (Ecosystem) အထိပါ ကြည့်တယ်ဆိုတာ နာမ်ဝိညာဉ် (Spiritual) အားဖြင့် မြင့်မားတဲ့သူတွေဆီမှာသာ မြင်နိုင်တယ်။

ကိုယ်နဲ့နီးတဲ့ပတ်ဝန်းကျင်ထက် မနီးတဲ့ပတ်ဝန်းကျင်ကိုပါ မေတ္တာ၊ ဂရုဏာထားနိုင်တဲ့သူတွေဟာ ဘုရားအလောင်းတော်တွေရဲ့ အချို့သောစိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အမွေဆက်ဆံရထားသလားတောင် တင်စားနိုင်လို့ လေးစားထိုက်သူတွေ ဖြစ်ကြပါတယ်။ အဲဒီလို ပရဟိတလုပ်ဆောင်ချက်တွေအကြောင်းတရားတွေရဲ့ အကျိုးတရားတွေကို လက်ရှိဘဝမှာတင်မကဘဲ မပြီးဆုံးသေးတဲ့ သံသရာတစ်လျှောက်လုံးမှာပါ ခံစားကြရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

စီးပွါးရေးခေါင်းဆောင်တယ်ဆိုတာမှာတော့ ပရဟိတသက်သက် မဟုတ်တဲ့အတွက် အတ္တ (Ego) နဲ့ မြင့်မြတ်တဲ့စိတ် (Soul) ကို မျှတအောင် လုပ်ဆောင်ကြရတတ်ပါတယ်။ ကိုယ်ကျိုး၊ မိသားစုအကျိုးနဲ့ ရှယ်ယာဝင်တွေအတွက် အမြတ်ရအောင် လုပ်ရင်း ဝန်ထမ်းတွေရဲ့ အကျိုးစီးပွါး၊ ဖောက်သည်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွါးတွေအပြင် ကုမ္ပဏီရဲ့လူမှုရေးတာဝန်သိမှု (Corporate Social Responsibility) တွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒါဆိုရင်တော့ ရေရှည်အောင်မြင်တိုးတက်ပြီး နာမည်ကောင်းပါ ရရှိနိုင်တဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ကို ထူထောင်လာနိုင်ပါလိမ့်မယ်။

Naing Win Aung (CEO Coach)

Thanks my guys For2023 Topik
15/10/2023

Thanks my guys
For
2023 Topik

17/09/2023

• Majesty @ Trusty Co.,Ltd
မှ လူကြီးမင်းတို့​၏ ကုမ္ပဏီရုံးခန်းများ၊စက်ရုံအလုပ်ရုံများ၊အိမ်ယာများ၊သံရုံးများ၊ဆေးရုံဆေးခန်းများ၊အစည်းအဝေးပွဲများ၊ Partyပွဲများ အတွက်
Security Services
Cleaning Services
Gardener Services
တို့ကို စိတ်ချယုံကြည်စွာ ဝန်ဆာင်မှုပေးနေကြောင်းသတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက Ph no; 09 2683 888 20,
09 2683 888 30,
09 2683 888 50,
Email: [email protected] တို့ဆက်သွယ်မေးမြန်းနိုင်ပါသည်

သင့်ရဲ့ လုပ်ငန်းကို တကယ်အောင်မြင်ချင်တယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိဖို့လိုမယ်။ အလုပ်လုပ်တာက ပိုက...
08/05/2023

သင့်ရဲ့ လုပ်ငန်းကို တကယ်အောင်မြင်ချင်တယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိဖို့လိုမယ်။ အလုပ်လုပ်တာက ပိုက်ဆံပဲ မဟုတ်ဘဲ ဒီအလုပ်နဲ့ လူတွေ အကျိုးပြုနေတယ်ဆိုတာမျိုး ခံယူပြီး လုပ်ရမယ်။ အကယ်၍ လုပ်ငန်း ဦးဆောင်တဲ့သူ အနေနဲ့ အပျော်အပါးဘက်ကို အရမ်းအာရုံရောက်နေရင် လုပ်ငန်းက အောင်မြင်နေဖို့ မလွယ်ဘူး။ အောင်မြင်နေပြီးသားဆိုရင်တောင် အချိန်တစ်ခုမှာ လုပ်ငန်းက ပြန်ကျသွားနိုင်တယ်။

လုပ်ငန်းဦးဆောင်တဲ့ နေရာမှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ သိရမယ်။ လုပ်ငန်းနဲ့ဆက်စပ် အသုံးပြုရတဲ့ Technology တွေနဲ့ ပတ်သက်ပြီးလည်း လေ့လာရမယ်။ ပြီးရင် Network တွေလည်း ချိတ်ရမယ်။ လုပ်ငန်းထဲကို ထည့်သလောက်ပဲ လုပ်ငန်းထဲက ပြန်ထွက်လာမယ်ဆိုတာကို မမေ့ပါနဲ့။ သင်လုပ်ငန်းထဲက ထွက်လာတာနည်းရင် သင်အားထည့်တာ နည်းတယ်လို့ပဲ မှတ်ယူရမယ်။ များများထည့်မှပဲ များများပိုပြီး ထွက်လာမယ်ဆိုတာကို သတိရဖို့လိုတယ်။

အလုပ်ကို အပျင်းကြီးပြီး ခပ်လျော့လျော့ လုပ်လို့မရဘူး။ သင်ဟာ သင့်လုပ်ငန်းကို ဦးဆောင်နေသူဖြစ်တဲ့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ အရေးကြီးတယ်။ သင့်လုပ်ငန်းအခြေအနေ ပိုမိုတိုးတက်လာဖို့အတွက် ဘယ်နေရာတွေမှာ ဆင်ခြင်ပေးတာတွေကို စွန့်လွှတ်ပြီး ပိုမိုတာဝန်ယူ၊ တာဝန်ခံဖို့ လိုနေသလဲဆိုတာကို သင့်ကိုယ်သင်ပြန်ပြီးတော့ မေးကြည့်ရမယ်။

Naing Win Aung (CEO Coach & NLP Master Trainer)
“စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်ကျရှုံးရတာလဲ” စာအုပ်မှ ကောက်နုတ်ချက်


ထိုင်းနိုင်ငံမှ သရုပ်ဆောင်မင်းသား နှစ်ဦးမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်ခရီးစဉ်တွင် လုံခြုံးရေးတာဝန်ယူပေးနေသည့် Maje...
06/05/2023

ထိုင်းနိုင်ငံမှ သရုပ်ဆောင်မင်းသား နှစ်ဦးမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်ခရီးစဉ်တွင် လုံခြုံးရေးတာဝန်ယူပေးနေသည့် Majesty &Trusty Co,ltdမှ လုံခြုံရေးတာဝန်ထမ်းဆောင်သူများအားဂုဏ်ယူစွာဖြင့်မှတ်တမ်းတင်အပ်ပါသည်။

11/03/2023

စည်းကမ်းရိုသေ တာဝန်ကျေ...ဖတ်ပါ မှတ်ပါ လိုက်နာပါမှ...



၀န်ထမ်းတစ်ဦးရဲ့တကယ့်တန်ဖိုးဆိုတာ ရာထူးနိမ့်တာ၊ မြင့်တာနဲ့ မဆိုင်ပါဘူး။

တာ၀န်ကျေပွန်ခြင်း ဆိုတာ
Value of Staff ဖြစ်တယ်။

တကယ် လုပ်ပိုင်ခွင့် ရှိပြီး မြင့်မားတဲ့ ရာထူးပဲ ဖြစ်ဖြစ် ရာထူးအခေါ်အဝေါ်အရ ဖေါင်းပွပြီး မြင့်မားသယောင် ဖြစ်နေတဲ့ ရာထူးပဲ ဖြစ်ဖြစ်

အဲဒီရာထူးကို ၀န်ထမ်းတွေက အနှစ်သာရ အမှတ်နဲ့ ပိုင်ဆိုင်လိုကြတယ်။

Value မဟုတ်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းချင်း Value တကယ်စစ်မှန်တဲ့ အရာတွေကို စတေးကြရတယ်။

၀န်ထမ်းအချင်းချင်း ဆက်နွယ်မှုအကြားမှာ တကယ့် Value စစ်စစ်တွေက ဘာတွေလဲဆိုတော့...

#အချင်းချင်းခင်မင်မှု (Friendship)

#ယုံကြည်မှု
(Trust)

#ရိုးသားမှု
(Honesty)

#သစ္စာရှိမှု
(Faithfulness)

#အဖွဲ့အစည်းစိတ်ဓါတ်
(Team Spirit)

အစ ရှိတာတွေပဲ ဖြစ်ပါတယ်။အနှစ်သာရ စစ်စစ်ဖြစ်သော အရာများကို စတေးရသည်မှာ နှမြော၀မ်းနည်းဖွယ် ကောင်းလှပါတယ်။

ရာထူး နိမ့်တာ မြင့်တာ
ပြသာနာ မဟုတ်ပါဘူး။

တာ၀န်ကျေတဲ့ ၀န်ထမ်း၊
စည်းကမ်းလိုက်နာတဲ့ ၀န်ထမ်း၊
အစွမ်းကုန်ကြိုးစားတဲ့ ၀န်ထမ်းကသာ #အဖိုးတန်၀န်ထမ်း ဖြစ်ပါတယ်။

လေးစားအားကျဂုဏ်ယူစရာ
ကောင်းပါတယ်။

#ဒေါက်တာထွန်း၀င်း
အုပ်ချုပ်ရေးမှူး၊
အရာရှိ၊မန်နေဂျာများလက်စွဲ စာအုပ် မှ ကောက်နုတ် ဖော်ပြပါသည်။

ပါမောက္ခဆရာကြီး ဒေါက်တာ ထွန်းနောင်နှင့်တကွ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ တာဝန်ရှိသူများအားလုံးတို့အား ကျွန်တော်များ Ma...
16/10/2022

ပါမောက္ခဆရာကြီး ဒေါက်တာ ထွန်းနောင်နှင့်တကွ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ တာဝန်ရှိသူများအားလုံးတို့အား ကျွန်တော်များ Majesty& Trusty Co.Ltd မှအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား
စာဖြေကျောင်းသားများ စိတ်အနှောင့်အယှက်မရှိ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရန် လုံခြုံရေးတာဝန်များကို လစ်ဟင်းမှု့မရှိစေရန် ပါမောက္ခကြီးလမ်းညွန်မှူ့အတိုင်း Uniform နှင့်မဟုတ်ပဲ volunteerများကဲ့သို့ ဝန်ဆောင်မှု့အပြည်အဝပေးခဲ့ကြသော Majesty &Trusty လုံခြုံရေး ဝန်ထမ်းများအားလုံးကိုလှိုက်လှဲစွာကျေးဇူးတင်မှတ်တမ်းတင်အပ်ပါသည် ခင်ဗျားးး

08/10/2022

🌟 ✨💘သိတင်းကျွတ်ရာသီမှာ🎵 ✨
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ 🙌 🈵 ✨ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨🌸 ဆုမွန်ကောင်းခြွေပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🎁🎁

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့ အယူအဆဟာ လွှဲမှားနေပါတယ်။တကယ်တော့ ခေါင်းဆောင်ဆိုတာ နေရာအလိုက် တ...
01/09/2022

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ
အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွှဲမှားနေပါတယ်။

တကယ်တော့ ခေါင်းဆောင်ဆိုတာ
နေရာအလိုက် တတ်ကျွမ်းသူတွေကို
စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ
အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို
မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင်
လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး
ငယ်သားကို လူမှန်နေရာမှန်
အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်အတွက်
ရှက်စရာအကောင်းဆုံးစကားက
ကိုယ့်လက်အောက်ကလူတွေ
သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို ကျွန်တော်အထင်လုံးဝမကြီးပါဘူး။
သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်က လူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။

လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့
စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ
မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

''သဘောကောင်းတယ်လို့ အပြောခံရရင်
အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့
ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင် မိသားစုအတွင်းမှာဆို
အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်တာ/
တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က
လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တယောက်ဟာ သဘောကောင်းကောင်းနဲ့
အလုပ်လုပ်လို့ရပါတယ်။

တစ်ခု သတိပြုရမှာကတော့
ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။
ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။

လူတွေအများကြီး စိတ်ချမ်းသာအောင်
လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်
လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့
ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ
တစ်ခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး
သဘောကောင်းဖို့ အရေးကြီးပါတယ်။

မူလစာရေးသူကို
အထူးလေးစားပါ၏
Credit ✍✍✍

84th ကြိမ်မြောက် Korea Topik အတွက် ရန်ကုန်တက္ကသိုလ်တောင်ငူဆောင်မှာပြုလုပ်ခဲ့သော ငါးရက်တာကာလမှာ Security volunteer များအဖ...
17/08/2022

84th ကြိမ်မြောက် Korea Topik အတွက် ရန်ကုန်တက္ကသိုလ်တောင်ငူဆောင်မှာပြုလုပ်ခဲ့သော ငါးရက်တာကာလမှာ Security volunteer များအဖြစ်ပါဝင်ခွင့်ရသော Majesty &Trusty အဖွဲဝင်ဝန်ထမ်းများအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်

Address

Thingangyun

Website

Alerts

Be the first to know and let us send you an email when Majesty&Trusty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share