Bumble Bee Professional Cleaning Service

Call Directions Website Contact the business

Bumble Bee Professional Cleaning Service We are giving the customer satisfaction

*Cleaning Service Myanmar - housekeeping, contract cleaning, office cleaners outsourcing, deep cleaning, mattress, carpet& sofa dry washing, marble floor and granite floor waxing.

သေးငယ်တဲ့ အသေးစိတ်လေးတွေကအစ အရေးပါပါတယ်နော်... တကယ့်ကို သန့်ရှင်းတဲ့ နေရာတစ်ခုဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အရာတွေတင်မကဘဲ မမြ...
25/09/2026

သေးငယ်တဲ့ အသေးစိတ်လေးတွေကအစ အရေးပါပါတယ်နော်...

တကယ့်ကို သန့်ရှင်းတဲ့ နေရာတစ်ခုဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အရာတွေတင်မကဘဲ မမြင်နိုင်တဲ့ နေရာလေးတွေအထိ သန့်ရှင်းနေတာမျိုးကို ဆိုလိုတာပါ။

Bumble Bee Professional Cleaning Service ကတော့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ဖုံးကွယ်နေတဲ"ချေးတွေကို အစအနမကျန် ဖယ်ရှားပေးပြီး ထောင့်စေ့အောင်ပြောင်စင်သွားစေမယ့် ပရော်ဖက်ရှင်နယ် သန့်ရှင်းရေး ဝန်ဆောင်မှုလေးကို ပေးနေလျက်ရှိပါတယ်

🏡 Homes | 🏢 Offices | 🏥 Commercial Spaces
📲 သင့်အိမ်အတွက် ပရော်ဖက်ရှင်နယ် သန့်ရှင်းရေး ဝန်ဆောင်မှုကို အခုပဲ Booking ရယူလိုက်ပါ။


အလုပ်ကပြန်လာတိုင်း သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကိုမြင်ရဖို့စိတ်ကူးကြည့်ဖူးလားလူတိုင်း ပြန်လာတာနဲ့ အိမ်အလုပ်တွေပုံနေတာတွေ...
16/09/2026

အလုပ်ကပြန်လာတိုင်း သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကိုမြင်ရဖို့စိတ်ကူးကြည့်ဖူးလား

လူတိုင်း ပြန်လာတာနဲ့ အိမ်အလုပ်တွေပုံနေတာတွေရှိနေကြမှာပါ၊တစ်နေ့ကုန်အလုပ်မှာပင်ပန်းလာတဲ့ ကြားထဲ ရှုပ်ပွနေတဲ့ အိမ်ကိုပြန်လာတဲ့ အခါ အမောဆို့ သွားတက်ပါတယ်၊အိမ်မှာပဲ သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးနေမယ် အစား သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုအိမ်မှုကိစ္စတွေလုပ်နေရင်းအချိန်ကုန်ခံမနေပါနဲ့တော့…

နှစ်ပေါင်းများစွာအစဉ်အဆက်မပြတ်Customeတိုင်းအားကိုးနေရတဲ့Bumble Beeရဲ့ Part Time House Keeping serviceလေးကအမြဲရှိနေပါတယ်၊ကျွန်ုပ်တို့ရဲ့ အချိန်ပိုင်း သန့်ရှင်းရေးဝန်ဆောင်မှုက သင့်အိမ်လေးကို အသန့်ရှင်းဆုံးနဲ့ သက်တောင့်သက်သာအရှိဆုံးဖြစ်အောင် ဖန်တီးပေးပါရစေ။

ဒီလိုကိစ္စတွေအတွက် စိတ်ပူနေစရာမလိုတော့အောင် Bumble Bee Professional Cleaning Service ကို ယုံကြည်စွာ အပ်နှံလိုက်ပါ။

ကိုယ်တိုင်သန့်ရှင်းရေးလုပ်ဖို့ အချိန်မပေးနိုင်တဲ့ မေမေတွေ၊ အိမ်ရှင်တွေအတွက် အဆင်ပြေဆုံးနဲ့ စိတ်အချရဆုံး ဝန်ဆောင်မှုကို ပေးအပ်နေပါတယ်။

အိမ်သန့်ရှင်းရေး သင်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုBumble beeကို တာဝန်ယူခိုင်းဖို့ အတွက်အခုပဲ ဆက်သွယ်လိုက်ပါနော်

Content us:
09765485116
09765440708
09767127074

သင်နေ့စဉ်အိပ်စက်နေတဲ့ မွေ့ရာအတွင်းမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေ ဘယ်လောက်အထိ ရှိနေမလဲ?အိမ်ဆိုတ...
09/09/2026

သင်နေ့စဉ်အိပ်စက်နေတဲ့ မွေ့ရာအတွင်းမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေ ဘယ်လောက်အထိ ရှိနေမလဲ?

အိမ်ဆိုတာ မိသားစုတွေ အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံး ခိုလှုံရာနေရာလေးပါ။ ဧည့်ခန်းထဲက ဆိုဖာလေးပေါ်မှာ မိသားစုစုံစုံလင်လင် ရုပ်ရှင်တူတူကြည့်မယ်၊ အိပ်ခန်းထဲက မွေ့ရာလေးပေါ်မှာ တစ်နေကုန်ပင်ပန်းသမျှကို အေးအေးချမ်းချမ်း အိပ်စက်အနားယူမယ်… ဒါပေမယ့် ဒီနေရာလေးတွေက တကယ်ပဲ ၁၀၀ ရာခိုင်နှုန်း သန့်ရှင်းလုံခြုံရဲ့လား?

နေ့စဉ်အသုံးပြုနေတဲ့ မွေ့ရာနဲ့ ဆိုဖာတွေအတွင်းမှာ ကျွန်တော်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ၊ ချွေးအနံ့အသက်တွေနဲ့ ဘက်တီးရီးယားပေါင်း သန်းနဲ့ချီ ကပ်ငြိနေတတ်ပါတယ်။ အထူးသဖြင့် ကလေးငယ်လေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိတဲ့အိမ်တွေမှာဆိုရင် မမြင်ရတဲ့ ပိုးမွှားတွေကြောင့် အရေပြားအနီစက်ထွက်တာ၊ အကြောင်းရင်းမသိဘဲ နှာချေ/ချောင်းဆိုးတာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။

ဒီလိုကိစ္စတွေကြောင့် စိတ်ပူနေစရာမလိုတော့အောင် Bumble Bee Professional Cleaning Service ကို ယုံကြည်စွာ အပ်နှံလိုက်ပါ။ ကိုယ်တိုင်သန့်ရှင်းရေးလုပ်ဖို့ အချိန်မပေးနိုင်တဲ့ မေမေတွေ၊ အိမ်ရှင်တွေ အတွက် အဆင်ပြေဆုံးနဲ့ စိတ်ချရဆုံး ဝန်ဆောင်မှုကို ပေးအပ်နေပါတယ်။

မွေ့ရာနဲ့ ဆိုဖာများကို အသစ်အတိုင်းဖြစ်စေခြင်း: အရောင်မကျစေဘဲ အညစ်အကြေးများကို အတွင်းပိုင်းထိ (Deep Clean) စုပ်ယူသန့်စင်ပေးခြင်း။

အနံ့အသက်ဆိုးများ ဖယ်ရှားပေးခြင်း: မနှစ်မြို့ဖွယ် အနံ့အသက်များကို ဖျောက်ဖျက်ပေးပြီး လတ်ဆတ်တဲ့ လေထုကို ပြန်လည်ဖန်တီးပေးခြင်း။

အချိန်ကုန်သက်သာခြင်း: ပိတ်ရက်မှာ ပင်ပင်ပန်းပန်း သန့်ရှင်းရေးလုပ်နေစရာမလိုဘဲ မိသားစုနဲ့ အချိန်ပိုပေးနိုင်ခြင်း။

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးဟာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကနေ စတင်တာပါ။ သင့်အိမ်တွင်းကျန်းမာရေးကို အဆင့်မြှင့်တင်ဖို့ Bumble Bee ကို Hello လေး တစ်ချက်လုပ်လိုက်ပါနော်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက သို့မဟုတ် Booking တင်လိုပါက Page Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ အခုပဲ ဆက်သွယ်လိုက်ပါ 👇
📞 09 765 485 116 📞 09 765 440 708
📍 Yangon | Mandalay 🌐 Professional Cleaning Service

03/09/2026

🐝 သန့်ရှင်းရေးက ဘယ်လောက်ခက်ခဲနေပါစေ… Bumble Bee READY ပါ! 🧹✨

အိမ်ပဲဖြစ်ဖြစ် 🏠
ရုံးပဲဖြစ်ဖြစ် 🏢
Deep Cleaning ပဲဖြစ်ဖြစ် ✨

မည်သည့်သန့်ရှင်းရေးမဆို Bumble Bee က တာဝန်ယူပေးပါတယ်။ 💛

📩 သန့်ရှင်းရေးလိုအပ်ရင် Bumble Bee ကို Message ပို့လိုက်ပါ။

Content us 📞

09765485116
09765440708

ကျွန်မတို့အိမ်လေးပြန်ပြင်ဆောက်တာ ပြီးသွားပြီ၊ အိမ်သစ်တက်ပွဲလေးလုပ်ဖို့ ခွင့်ယူပြီးပြန်လာခဲ့ဦးလို့ အမေက ဖုန်းဆက်လာတာနဲ့ ...
22/08/2026

ကျွန်မတို့အိမ်လေးပြန်ပြင်ဆောက်တာ ပြီးသွားပြီ၊ အိမ်သစ်တက်ပွဲလေးလုပ်ဖို့ ခွင့်ယူပြီးပြန်လာခဲ့ဦးလို့ အမေက ဖုန်းဆက်လာတာနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ကျွန်မအိမ်ပြန်သွားလိုက်တယ်။

အဝေးကလှမ်းကြည့်တာတောင် တောက်တောက်ပြောင်ပြောင်ဖြစ်နေတဲ့ ကျွန်မတို့အိမ်သစ်လေးကြောင့် ပြုံးနေမိတဲ့ အပြုံးဟာ အိမ်ထဲရောက်ခါနီးလေ လျော့ရဲရဲဖြစ်လာလေပါပဲ။

ဘာလို့ဆို အိမ်ကဆောက်လို့ပြီးသွားတာမှန်ပေမဲ့ ဆေးစက်တွေ၊ ဘိလပ်မြေအစွန်းအထင်းတွေက ဟိုတစ်စဒီတစ်စပြန့်ကျဲနေတာ မြင်လို့မှမကောင်းလှ။ ဆောက်လုပ်ပြီးခါစအိမ်ရဲ့အနံ့အသက်ကလည်း အဆုတ်ထဲမသက်မသာဝင်လာပုံများ အသက်ရှူပင်အောင့်ထားလိုက်မိရဲ့။

ဒီလိုတော့ဖြင့် မဖြစ်သေးအမေရေဆိုပြီး နေ့ချင်းပဲ Renovation Cleaning Service အမြန်ရှာပြီး တစ်အိမ်လုံးသန့်ရှင်းရေးလုပ်လိုက်ရပါရောလား။

တကယ်တော့ အိမ်သစ်တက်ဖို့ပြင်ဆင်တဲ့အခါ အိမ်အလှဆင်ဖို့လောက်ပဲ အာရုံရောက်နေတတ်ကြပေမဲ့ တကယ်တမ်းမှာ အရေးအကြီးဆုံးက ဆောက်လုပ်ပြီးစအိမ်ရဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်ပါ။

ကျွန်မတို့လိုပဲ အိမ်သစ်ပြောင်းမယ့်သူတွေ၊ အိမ်ပြန်ပြင်ဆောက်ထားတဲ့သူတွေအနေနဲ့ ဆောက်လုပ်ရေးပြီးသွားတိုင်း "Renovation Cleaning" ကို ဘာကြောင့် မဖြစ်မနေလုပ်သင့်သလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

1️⃣ မျက်စိနဲ့မမြင်နိုင်တဲ့ ဆောက်လုပ်ရေးဖုန်မှုန့်များ
အိမ်ဆောက်လုပ်ရာမှာ သုံးတဲ့ ဘိလပ်မြေမှုန့်၊ သဲမှုန့်တွေဟာ အိမ်ရဲ့ ကန့်လန့်ကာတွေ၊ မီးချောင်းတွေ၊ တံခါးအစွန်းတွေမှာ ကပ်ငြိကျန်နေတတ်ပါတယ်။ ဒီဖုန်မှုန့်တွေဟာ သာမန်တံမြက်စည်းလှည်းရုံနဲ့ မကုန်စင်နိုင်ဘဲ အသက်ရှူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

2️⃣ Chemical အကြွင်းအကျန်များ
ဆေးသုတ်ထားတဲ့ အနံ့အသက်တွေ၊ ကော်ရည်တွေရဲ့ အနံ့တွေဟာ အိမ်ထဲမှာ ပိတ်လှောင်နေတတ်ပြီး ခေါင်းကိုက်တာ၊ မျက်လုံးယားယံတာမျိုးတွေ ဖြစ်စေပါတယ်။ ကျွမ်းကျင်တဲ့ Cleaning Service တွေကတော့ ဒီအနံ့တွေကို ပျောက်ကွယ်သွားအောင်နဲ့ ဓာတုအစွန်းအထင်းတွေကို သန့်စင်ပေးနိုင်တဲ့ အထူးနည်းလမ်းတွေ ရှိပါတယ်။

3️⃣ အန္တရာယ်ရှိနိုင်တဲ့ အရာများ
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကျန်ရစ်ခဲ့တဲ့ သံချွန်တွေ၊ ဝါယာကြိုးအပိုင်းအစတွေ၊ မှန်ကွဲစတွေဟာ သေချာမရှင်းလင်းထားမိရင် အိမ်သစ်တက်ချိန်မှာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်လိုက်ခြင်းအားဖြင့် ဒီအန္တရာယ်တွေကို ကြိုတင်ဖယ်ရှားနိုင်ပါတယ်။

ဒါကြောင့် အိမ်သစ်တက်ဖို့ပြင်ဆင်နေတဲ့သူတွေအနေနဲ့ "Renovation Cleaning" လုပ်ဖို့ကိုလည်း မမေ့မလျော့ ထည့်သွင်းစဥ်းစားဖို့ အကြံပြုလိုက်ပါရစေနော်။

Cleaning Service အမျိုးမျိုးအတွက် Bumble Bee ရှိတယ်။ 📲
09 767 127 074
09 765 485 116
09 751 118 070

Bumble Bee နဲ့ဆို နေရာတိုင်း သန့်ရှင်းတောက်ပနေစေရမယ် ✨️



ငါ့ရဲ့ပိတ်ရက်လေး ဘယ်ရောက်သွားတာပါလိမ့်... 🤔တစ်ပတ်တာလုံး လုပ်ငန်းခွင်ဖိစီးမှုတွေနဲ့ ရုန်းကန်လာရတာ မလောက်သေးလို့ ပိတ်ရက်လေ...
20/08/2026

ငါ့ရဲ့ပိတ်ရက်လေး ဘယ်ရောက်သွားတာပါလိမ့်... 🤔

တစ်ပတ်တာလုံး လုပ်ငန်းခွင်ဖိစီးမှုတွေနဲ့ ရုန်းကန်လာရတာ မလောက်သေးလို့ ပိတ်ရက်လေးမှာ ကုတင်ပေါ် ဇိမ်ကျကျ လဲလျောင်း အနားယူရမယ့်အစား..
ဖုန်တွေသုတ်၊ အိမ်ထောင်ပရိဘောဂတွေ သန့်ရှင်းရေးလုပ်၊ အဝတ်တွေလျှော်ရတာနဲ့တင် ကိုယ့်အတွက် အသက်ရှူချိန်တောင်မရလောက်အောင်ဖြစ်ရတဲ့ ပိတ်ရက်မျိုး ကြုံနေရပြီလား။

Busy Professional တစ်ယောက်အတွက် အဖိုးတန်ဆုံးအရာက "အချိန်" ပါပဲ။ ဒါပေမဲ့ အိမ်မှုကိစ္စဆိုတဲ့အရာလေးက သင့်ရဲ့ အားလပ်ရက်တွေကို တစ်စစီ ခြွေယူနေတာမျိုး ကြုံဖူးတယ်ဟုတ်။

😞 အလုပ်ပိလို့ ပင်ပန်းလာချိန်၊ အိမ်ပြန်ရောက်တာနဲ့ ရှုပ်ပွနေတဲ့အိမ်ကို မြင်လိုက်ရလို့ စိတ်ဖိစီးမှုတွေ ပိုတိုးလာတာမျိုး...
😞 အားလပ်ရက်မှာ ကိုယ်ဝါသနာပါတာလုပ်ဖို့၊ ကိုယ့်အတွက် သက်သက်အချိန်ပေးဖို့ စီစဉ်ထားပေမဲ့ အိမ်သန့်ရှင်းရေးကြောင့် အစီအစဉ်တွေ ပျက်သွားရတာမျိုး...

ဒီလို စိတ်ဖိစီးစရာတွေနဲ့ သင့်ရဲ့ တန်ဖိုးရှိတဲ့ပိတ်ရက်တွေကို ဆက်ပြီး မကုန်ဆုံးလိုက်ပါနဲ့တော့။

✨ Bumble Bee Professional Cleaning Service ရဲ့ Part-time Cleaning က သင့်အတွက် အဲဒီအခက်အခဲကို အပြီးအပိုင် ဖြေရှင်းပေးဖို့ ရှိနေပါပြီ။

လှည့်ကြည့်စရာတောင်မလိုလောက်အောင် ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက အိမ်ကို စနစ်တကျ သန့်ရှင်းရေးပြုလုပ်ပေးမှာဖြစ်လို့ ပိတ်ရက်မှာ အေးအေးဆေးဆေးအနားယူချင်ရင် အခုပဲ Booking တင်ထားလိုက်တော့နော် 🤩

Booking ပြုလုပ်ရန် 📲
09 767 127 074
09 765 485 116
09 751 118 070

Bumble Bee နဲ့ဆို နေရာတိုင်း သန့်ရှင်းတောက်ပနေစေရမယ် ✨️



ပိတ်ရက်ရောက်တိုင်း အနားယူရမယ့်အစား မီးပူတိုက်ရမယ့် အဝတ်ပုံကြီးနဲ့ ရုန်းကန်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကို Bumble Bee ကိုသာ လွှဲ...
31/07/2026

ပိတ်ရက်ရောက်တိုင်း အနားယူရမယ့်အစား မီးပူတိုက်ရမယ့် အဝတ်ပုံကြီးနဲ့ ရုန်းကန်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကို Bumble Bee ကိုသာ လွှဲပြောင်းပေးလိုက်ပါတော့။

ရှားရှားပါးပါး ပိတ်ရက်လေးမှာ မနားရဘဲ အ​ဝတ်လျှော်၊ မီးပူတိုက်လုပ်ရင်း နားချိန်မရှိအောင်ဖြစ်နေရရင် Bumble Bee ရဲ့ လူကြိုက်များတဲ့ House Keeping Service ရှိနေပါပြီ။

BB ရဲ့ House Keeping Service ဟာဆိုရင်
◇ လျှော်စရာအဝတ်တွေကို ကျွမ်းကျွမ်းကျင်ကျင်လျှော်ဖွပ်ပေးပြီး၊

◇ အဝတ်အထည်အမျိုးအစားအလိုက် အကောင်းဆုံးပုံစံမပျက်ဘဲ သပ်သပ်ရပ်ရပ် မီးပူတိုက်ပေးပါတယ်။

◇ ​သက်သာတဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အပြင် ပေးရတဲ့ဈေးထက် ပိုမိုသာလွန်တဲ့ဝန်ဆောင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အဝတ်ပုံကြီးကြည့်ပြီး စိတ်ကုန်မနေနဲ့တော့။
အခုပဲ Bumble Bee မှာ Booking ယူလိုက်တော့နော်။

Booking ပြုလုပ်ရန် 📲
09 767 127 074
09 765 485 116
09 751 118 070

Bumble Bee နဲ့ဆို နေရာတိုင်း သန့်ရှင်းတောက်ပနေစေရမယ် ✨️



🏢 အိမ် (သို့မဟုတ်) ရုံးခန်းနံရံမှာ မှိုကွက်လေးတွေ ပေါ်လာတဲ့အခါ… 😱ရေစိုအဝတ်နဲ့ သုတ်ချလိုက်ရင် ချက်ချင်းပြောင်သွားပါတယ်။ဒါ...
24/07/2026

🏢 အိမ် (သို့မဟုတ်) ရုံးခန်းနံရံမှာ မှိုကွက်လေးတွေ ပေါ်လာတဲ့အခါ… 😱

ရေစိုအဝတ်နဲ့ သုတ်ချလိုက်ရင် ချက်ချင်းပြောင်သွားပါတယ်။
ဒါပေမဲ့ အဲဒါက အပေါ်ယံပါပဲ ❗️

အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးခန်းမှာပဲဖြစ်ဖြစ်၊ ကော်ပိုရိတ်အဆောက်အအုံတွေမှာပဲဖြစ်ဖြစ် နံရံထောင့်စွန်းလေးတွေမှာ အမည်းစက်တွေ၊ အဖြူဖတ်လေးတွေ စတင်ပေါ်လာပြီဆိုရင်…
ဒါဟာ ပုံမှန်အညစ်အကြေးမဟုတ်ဘဲ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေမယ့် “မှို (Mold) 🦠” တွေဆိုတာ သတိချပ်ဖို့လိုပါတယ်။

ရေစိုအဝတ်နဲ့သုတ်လိုက်လို့ အပြင်ပန်းပျောက်သွားပေမဲ့ မှိုတွေရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ Spores တွေက လေထဲမှာ ပျံ့နှံ့နေပြီးသားဖြစ်လို့ သင့်ရဲ့ လုပ်ငန်းခွင်နဲ့ နေအိမ်လေထုကို အဆိပ်အတောက် ဖြစ်စေနေပါပြီ။ ☠️

🔴 ဘာကြောင့် ဒီလောက်အထိ အန္တရာယ်ရှိတာလဲ?

🤧 မှိုစက်တွေကြောင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းအပြင် အရေပြားယားယံခြင်းလို ဓာတ်မတည့်မှုတွေကို ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။
🏚️ အဆောက်အအုံရဲ့ နံရံတွေ၊ မျက်နှာကြက်တွေကို အတွင်းပိုင်းကနေ စတင်ဖျက်ဆီးပစ်ပါတယ်။
📉 ရုံးခန်းတွေမှာဆိုရင် ဝန်ထမ်းတွေရဲ့ Productivity ကို ကျဆင်းစေပြီး၊ အိမ်တွေမှာဆိုရင်တော့ ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါကြောင့် နံရံမှာ ပေါ်လာတဲ့ မှိုအကွက်လေးတွေကို သာမန်သန့်ရှင်းရေး (Normal Cleaning) လုပ်ရုံလောက်နဲ့ လုံးဝ မလုံလောက်ပါဘူး။ 🙅‍♂️

Cleaning Professionals တွေနဲ့ အမြစ်ပြတ် သန့်စင်ပေးတဲ့ Deep Cleaning မျိုး မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ 🧹✨

မှိုကွက်နဲ့ မှိုနံ့အားလုံး ကင်းရှင်းဖို့ဆိုရင်တော့ Bumble Bee ကို အခုပဲ ဆက်သွယ်လိုက်တော့နော် 😉👇

Booking ပြုလုပ်ရန် 📲
📞 09 767 127 074
📞 09 765 485 116
📞 09 751 118 070

Bumble Bee နဲ့ဆို နေရာတိုင်း သန့်ရှင်းတောက်ပနေစေရမယ် 🐝✨️



ဆိုဖာတွေကို မလျှော်ဘဲ ထားမိနေတုန်းလား 🤨ဆိုဖာပေါ်မှာ လှိမ့်လိုက်ထိုင်လိုက်နဲ့ နေ့တိုင်း အသုံးပြုနေပေမဲ့ ပုံမှန်သန့်ရှင်းရ...
17/07/2026

ဆိုဖာတွေကို မလျှော်ဘဲ ထားမိနေတုန်းလား 🤨

ဆိုဖာပေါ်မှာ လှိမ့်လိုက်ထိုင်လိုက်နဲ့ နေ့တိုင်း အသုံးပြုနေပေမဲ့ ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ကျတော့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ သင့်အိမ်ခန်းက ဆိုဖာဆိုတာ ဖုန်မှုန့်တွေနဲ့ မမြင်ရတဲ့ဘက်တီးရီးယားတွေရဲ့ စုဝေးရာအိမ် ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် ဆိုဖာသန့်ရှင်းရေးကလည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရရှိဖို့ အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်နေတာပါ။

သင်တို့ နေ့စဥ်အသုံးပြုနေတဲ့ ဆိုဖာတွေကို တစ်နှစ် ဘယ်နှကြိမ် လျှော်သင့်သလဲသိပါသလား?

🛋️ ကလေးငယ်ရှိတဲ့အိမ်များ
ကလေးတွေက ဆိုဖာပေါ်မှာ ကစားခြင်း၊ အိပ်စက်ခြင်းနဲ့ အစား စားခြင်းတို့ပြုလုပ်လေ့ရှိတာကြောင့် တစ်နှစ်မှာ (၃) ကြိမ် သို့မဟုတ် (၄) ကြိမ်ခန့် လျှော်ဖွပ်ပေးသင့်ပါတယ်။

🛋 တိလေးတွေ မွေးထားတဲ့အိမ်များ
တိရစ္ဆာန်အမွှေးအမျှင်များ၊ အရေပြားအဖက်လန်တတ်တာများနဲ့ အနံ့အသက်များကြောင့် ပိုမိုဂရုစိုက်ပြီး မကြာခဏ လျှော်ဖွပ်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။

🛋 ရုံး၊ စားသောက်ဆိုင်၊ ဘားများ
လူအသွားအလာများပြီး အသုံးပြုမှု အလွန်များတဲ့အတွက် (၃) လတစ်ကြိမ် သို့မဟုတ် (၆) လတစ်ကြိမ် လျှော်ဖွပ်ပေးခြင်းက လုပ်ငန်းခွင် ကျန်းမာရေးကိုပါ စောင့်ရှောက်ရာရောက်ပါတယ်။

ပုံမှန်မိသားစုနေအိမ်တွေမှာတော့ တစ်နှစ်ကို (၂)ကြိမ်၊ (၃) ကြိမ် စနစ်တကျလျှော်ဖွပ်ပေးရင် လုံလောက်ပါတယ်။

ဆိုဖာလျှော်ဖို့ ဘယ်ကစရမှန်းမသိဘဲ အခက်အခဲဖြစ်နေတယ်ဆိုရင်တော့ Bumble Bee Professional Cleaning Service ကို ဆက်သွယ်လိုက်ပါနော်။

ဆိုဖာအမျိုးအစားအလိုက် အထူးသန့်စင်ဆေးရည်တွေကိုသာ အသုံးပြုပြီး အနံ့ဆိုးများနဲ့ ဘက်တီးရီးယားများကို အမြစ်ပြတ်သန့်စင်ရှင်းလင်းပေးမှာဖြစ်ပါတယ်။

ဆိုဖာလျှော်ဖို့ ဒီနေ့ပဲ Booking ယူလိုက်တော့နော် 😉👇

Booking ပြုလုပ်ရန် 📲
09 767 127 074
09 765 485 116
09 751 118 070

Bumble Bee နဲ့ဆို နေရာတိုင်း သန့်ရှင်းတောက်ပနေစေရမယ် ✨️



ကြွေပြားတွေအရောင်မှိန်လာလို့ အသစ်ထပ်လဲဖို့စိတ်ကူးနေပြီလား 🤨ဒီလိုတွေးနေမိတာဆိုရင်တော့ လူကြီးမင်း သေချာပေါက် Bumble Bee နဲ...
13/07/2026

ကြွေပြားတွေအရောင်မှိန်လာလို့ အသစ်ထပ်လဲဖို့စိတ်ကူးနေပြီလား 🤨

ဒီလိုတွေးနေမိတာဆိုရင်တော့ လူကြီးမင်း သေချာပေါက် Bumble Bee နဲ့ မတွေ့သေးလို့ပါ။

အိမ်မှာဖြစ်ဖြစ်၊ ဆိုင်မှာဖြစ်ဖြစ်၊ သင်တန်းကျောင်းတွေမှာဖြစ်ဖြစ် ကြမ်းခင်းကြွေပြားတွေဟာ အဲဒီနေရာရဲ့ ကျက်သရေတိုးစေတဲ့ "မျက်နှာစာ" တွေပါ။ အချိန်ကြာလာတာနဲ့အမျှ ဒီကြမ်းခင်းကြွေပြားတွေ အရောင်မှိန်၊ စင်းရာခြစ်ရာတွေထင်လာလို့ စိတ်ညစ်နေရပြီဆိုရင်တော့ Bumble Bee ကိုသာ သတိရလိုက်ပါနော်။

ခြစ်ရာ စင်းရာအပြည့်နဲ့ အရောင်လွင့်နေတဲ့ ကြွေပြားကြမ်းခင်းကို အသစ်ပြန်မခင်းဘဲ နဂိုအတိုင်းပြန်လည်တောက်ပလာဖို့ Bumble Bee ရဲ့ Marvel Polish Service ရှိပါတယ်။

✅️ ကြွေပြားမျက်နှာပြင်တွေကို ထိခိုက်မှုမရှိစေဘဲ ခေတ်မီစက်ကိရိယာများနှင့် အရောင်ပြန်လည်တင်ပေးမှာဖြစ်ပါတယ်။

✅️ အရောင်တင်ပေးရုံတင်မကဘဲ ကြွေပြားတွေကို အညစ်အကြေးစွဲကပ်မှုနည်းစေပြီး ကြာရှည်ခံအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

✅️ အရောင်ပြန်လင်းပြီး သန့်ရှင်းတောက်ပတဲ့ကြမ်းခင်းအသစ်ကို အချိန်တိုအတွင်းမြင်ရနိုင်မှာဖြစ်ပါတယ်။

မျက်နှာစာကြမ်းခင်းတွေတင်မကဘဲ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ ကြမ်းခင်းအားလုံးအတွက် ဘလင်းဘလင်းနဲ့ ဝင်းလက်တောက်ပတဲ့အသွင်ရချင်ရင်တော့ Bumble Bee ရဲ့ Marvel Polish Service ကို အခုပဲလှမ်းပြီး Booking ယူလိုက်တော့နော် 😉

Booking ပြုလုပ်ရန် 📲
09 767 127 074
09 765 485 116
09 751 118 070

Bumble Bee နဲ့ဆို နေရာတိုင်း သန့်ရှင်းတောက်ပနေစေရမယ် ✨️


Address

No. 40/5(A), Mya Sabel Yeik Mon Street, (9)Ward, Mayangone Tsp
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959751118070

Alerts

Be the first to know and let us send you an email when Bumble Bee Professional Cleaning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bumble Bee Professional Cleaning Service:

Shortcuts

Share