Legendary - Auto Film, Coating & Detailing

Legendary - Auto Film, Coating & Detailing Auto Film , Coating & Detailing

လက်လွှတ်မခံသင့်တဲ့ Legendary ရဲ့ Winter Promotion 💥💥Legendary မှာ Promotion မလုပ်သေးဘူးလား၊မလုပ်သေးဘူးလားမေးနေကြတဲ့ ကားပ...
15/12/2022

လက်လွှတ်မခံသင့်တဲ့ Legendary ရဲ့ Winter Promotion 💥💥

Legendary မှာ Promotion မလုပ်သေးဘူးလား၊မလုပ်သေးဘူးလားမေးနေကြတဲ့ ကားပိုင်ရှင် ကိုကို၊မမတို့ရေ

Privacy အပြည့်အဝရှိပြီး မြင်ကွင်းကြည်လင်ပြတ်သားစေဖို့အတွက် 10% Discount နဲ့အတူ

“ Window Film “ ကပ်လို့ရပါပြီခင်ဗျာ📣📣

ကားတစ်စီးကို Detailing ပိုင်းလုပ်တော့မယ်ဆိုရင် ပထမဆုံးလုပ်ကြည့်သင့်တဲ့ Window Film Service လေးကို Legendary မှာ ကျွမ်းကျင် Installer တွေနဲ့ လုပ်နိုင်မယ့်အပြင် 10% Discount ပါရအုံးမှာမလို့

ကဲ Detailing ပိုင်း၊Window Film ပိုင်း လုပ်ဖို့စိတ်ကူးလေးရှိတယ်ဆိုရင်တော့ နှစ်ခါပြန်စဥ်းစားမနေပဲ အခုချိန်က အကောင်းဆုံးမလို့ အခုပဲလာလုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နှစ်ကုန်ထိပဲ Discount ရနိုင်မှာမလို့ အမြန်ဆုံးလာလုပ်ဖို့တော့လိုပါမယ်ခင်ဗျာ‼️

Quantity ထက် Quality ပိုင်း အဓိကအသားပေးထားတာမလို့ တစ်နေ့လျှင် အရေအတွက်နဲ့သာ Service ပေးထားပါတယ်နော်‼️

နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လက်ရာသေသပ်စွာနဲ့ 3View Nano Film လေး ကို Legendary ရဲ့ 10% Discount နှင့်အတူ Installation လုပ်လိုက်ပါ။👨‍🔧👨‍🔧

🗓️Promotion ကာလ - (31.12.2022) ရက်နေ့အထိ။

Window Film အသေးစိတ်ကိုအောက်ပါ Link ထဲမှာလည်း အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/100063903261075/posts/535695751903862/?mibextid=cr9u03

>>> တစ်နှစ်မှာတစ်ခါပဲရတဲ့ Winter Promotion မလို့ လက်လွှတ်မခံပဲ Legendary ကို အရောက်လှမ်းခဲ့တော့နော်

Auto-Gear နဲ့ပတ်သတ်ပြီး သတိထားသင့်တဲ့(မလုပ်သင့်တဲ့အချက်များ) - Part(1)တဖြည်းဖြည်းနဲ့ နည်းပညာတွေတိုးတက်ပြီး ခေတ်ကြီးကပြော...
11/12/2022

Auto-Gear နဲ့ပတ်သတ်ပြီး သတိထားသင့်တဲ့(မလုပ်သင့်တဲ့အချက်များ) - Part(1)

တဖြည်းဖြည်းနဲ့ နည်းပညာတွေတိုးတက်ပြီး ခေတ်ကြီးကပြောင်းလာတာနဲ့အညီ အရင်ခေတ်က ကားတွေမှာသုံးခဲ့တဲ့ Manual Gear သုံးထာတဲ့ အရွေ့အပြာင်းလုပ်ရတဲ့ကား တွေအစား Automatic Transmission လို့ခေါ်တဲ့ Auto Gear နည်းပညာသုံးထားတဲ့ကားတွေက တဖြည်းဖြည်းနေရာယူလာခဲ့ပါပြီ။Auto Gear မှာ Gear ကို အရွေ့အပြောင်းလုပ်စရာမလိုတော့တာကြောင့် အချိန်ကုန်သက်သာတာ၊အလုပ်ရှုပ်သက်သာတာလို ကောင်းကျိုးတွေရနိုင်ပေမယ့် တစ်ချို့အချက်လေးတွေကိုလဲ Auto Gear System မပျက်စီးစေဖို့၊မတော်တဆမဖြစ်စေဖို့အတွက် အထူး သတိထားဖို့လိုပါတယ်။

၁။ ကုန်းဆင်းတွေ၊အမြင့်တွေကဆင်းတဲ့အခါ Free ရိုက်ပြီးဆင်းတာမျိုး မလုပ်ပါနဲ့။

ဆိုင်ကယ်မောင်းမောင်း၊ကားမောင်းမောင်း လူတွေက အမြင့်ကနေဆင်းရတာမျိုးဆိုရင် ဆီကုန်သက်သာစေဖို့ အတွက် Gear Free လုပ်ပြီးမောင်းလေ့ရှိကြပါတယ်။ကားအနေနဲ့ဆို N(Neutral) နေရာမှာထားပြီး မောင်းတာကိုဆိုလိုတာပါ။ဂီယာကို N မှာFree ရိုက်ဆင်းတဲ့အခါ အရှိန်တဲ့ဆင်းလာတဲ့အချိန် ဂီယာအထိန်းအကွပ်မရှိတာက အန္တရာယ်ရှိတတ်ပြီး မတော်တဖြစ်နိင်ပါတယ်။ဒါ့အပြင် Gearကို ခဏခဏ ပြောင်းတာမျိုးကလည်း Auto Gear System ကို ပျက်စီးစေနိုင်ပါတယ်။ခဏတာဆီကုန်သက်သာဖို့အတွက်နဲ့ အန္တရာယ်ရှိတာမျိုးမလုပ်မိဖို့အတွက် Auto Gear မောင်းနေတယ်ဆိုရင်တော့ Free ရိုက်မောင်းတာမျိုးကို ရှောင်သင့်ပါတယ်။

(၂) ကားရပ်ထားတဲ့အခါမျိုးမှာ Position D နေရာမှာ အကြာကြီးမထားပါနဲ့။

ကားစက်နိူးထားပြီး မောင်းလည်းမမောင်းသေးပဲ Position D မှာထားထားတဲ့အခါ Gear တွေက ချိတ်ဆက်နေတာမလို့ မလိုလားအပ်ပဲ Gear Box ကို အပူချိန်မြင့်မားစေပါတယ်။ဒါကြောင့် ကားရပ်ထားတဲ့အချိန်မျိုးမှာဆို P Position မှာပဲထားသင့်ပါတယ်နော်။

(၃) ကားပိတ်နေတာ၊မီးပွိုင့်စောင့်နေတဲ့အချိန်မျိုးတွေမှာ Position (N) မှာထားတာမျိုးရှောင်ပါ။

ပထမအချက်လိုပဲ လူတွေက ကားပိတ်တဲ့အချိန်၊မီးပွိုင့်စောင့်နေတဲ့အချိန်မျိုးတွေမှာ ဆီစားသက်သာဖို့အတွက် (N) နေရာမှာထားလေ့ရှိကြပါတယ်။ဒါက Gear Box အတွက်လဲမကောင်းပါဘူး။(N) Position ဟာ အထိန်းအကွပ်မရှိတာမလို့ စောင့်နေရင်း ရှေ့နောက်လိမ့်ပြီး အခြားကားတွေကို မတော်တဆထိခိုက်နိုင်ပါတယ်။ဒါကြောင့် ခဏပဲ စောင့်ရမယ်ဆိုရင် Position D နဲ့ Brake နင်းပြီးစောင့်လို့ရသလို၊ကြာမယ်ဆိုရင်တော့ Position P မှာ ထားပေးတာကတော့ အကောင်းဆုံးပါပဲ။

(၄) Position တစ်ခုခုပြောင်းတော့မယ်ဆိုရင် ဘရိတ်နင်းပြီးပြောင်းရပါမယ်။

Auto gear ကို Position(R) မှ Position(D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းသင့်ပါတယ်။parking ထိုးတဲ့အချိန်မှာ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါမျိုးမှာ ပိုသတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် Auto gear transmission ထိခိုက်စေပါတယ်။

(၅) Auto Gear Transmission Oil လဲပေးဖို့မမေ့ပါနဲ့။

Engine Oil ပုံမှန်လဲပေးရသလို Transmission Oil ကိုလဲ မဖြစ်မနေလဲပေးသင့်ပါတယ်။ဘယ်အချိန်မှာလဲရမယ် အတိအကျမရှိပေမယ့် ကိုယ့်ဘာကို စစ်ကြီး ညစ်ပတ်နေရင်ကိုလဲပေးသင့်ပါတယ်။

ဒါကတော့ Auto Gear ကားတွေမှာ မလုပ်သင့်တဲ့၊သတိထားသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

~~~ ဒီအချက်လေးတွေကို Auto Gear မောင်းနေတဲ့ လူကြီးမင်းတို့ ဆင်ခြင်သတိထားပြီး အန္တရာယ်ကင်းကင်းနဲ့ မောင်းနိုင်ကြပါစေခင်ဗျာ ~~~

>>>> သင့်ရဲ့ကားအတွက် Detailing ပိုင်း ပြုလုပ်ဖို့အတွက်ဆိုလည်း အကောင်းဆုံးဝန်ဆောင်မှုပေးမည့် Legendary ရှိပါတယ်ခင်ဗျာ

ကျွမ်းကျင် ပြင်ဆရာတွေနဲ့ အကောင်းမွန်ဆုံး Service တွေရှိတဲ့ Legendary မှာ သင့်ရဲ့ကားကို စိတ်ချစွာအပ်လိုက်ပါ။👋👋✅ အတွေ့အကြု...
07/12/2022

ကျွမ်းကျင် ပြင်ဆရာတွေနဲ့ အကောင်းမွန်ဆုံး Service တွေရှိတဲ့ Legendary မှာ သင့်ရဲ့ကားကို စိတ်ချစွာအပ်လိုက်ပါ။👋👋

✅ အတွေ့အကြုံရင့် Service သမားများ။
✅ အရည်အသွေးမြင့် ဆေးရည်များ။
✅ သေသပ်တိကျမှု။
✅ အဆင့်မြင့် Accessories များ။
✅ စိတ်ရှည် ဆက်ဆံရေးကောင်းမှု။

စတာ တွေနဲ့ လူကြီးမင်းရဲ့ကားကို Detailing ပိုင်း ပြုလုပ်ဖို့အတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးလျက်ရှိပါတယ်ခင်ဗျာ

Our Detailing Services:

🔺 Window Film
🔺 Paint Protection Film(PPF)
🔺 Coating
🔺 Premium Polish and Normal Polish
🔺 Premium Wash

အပြင် အခြား Car Detailing ပိုင်းဆိုင်ရာ Service တွေကို တစ်နေရာထဲမှာ အစုံအလင်ရရှိနိုင်နေပါပြီ။⭐️⭐️

Coating Service အကြောင်း

https://www.facebook.com/100063903261075/posts/540882081385229/?mibextid=cr9u03

Window Film Service အကြောင်း

https://www.facebook.com/100063903261075/posts/535695751903862/?mibextid=cr9u03

Premium Polish အကြောင်း

https://www.facebook.com/100063903261075/posts/546420170831420/?mibextid=cr9u03

Premium Car Wash အကြောင်း

https://www.facebook.com/100063903261075/posts/547890417351062/?mibextid=cr9u03

🔴 အိမ်အရောက်လာယူပေးပြီး ပြန်ပို့ပေးတဲ့ Service လည်းပေးပါတယ်။

🔴 အရေအတွက်ထက် အရည်အသွေးပိုင်းဦးစားပေးတာမလို့ တစ်နေ့လျှင် အရေအတွက်ဖြင့်သာ ဝန်ဆောင်မှုပေးပါတယ်။

🔴 Online Banking အနေနဲ့လည်း KBZ Mobile Banking နှင့် AYA Mobile Banking တို့ဖြင့် % မပေးရပဲ ပေးချေနိုင်ပါတယ်။

Contact Us :

💬 Page Meseenger
☎️ 09 970 710 269

🏬 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.

🔎 Goggle Map - https://maps.app.goo.gl/RDnFDVhNQiXAt9fy7?g_st=ic

( Service ပိုင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Page Chat Box သို့မဟုတ် ဖုန်းနံပါတ်ကို အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ )

အကောင်းဆုံးဝန်ဆောင်မှုတွေကို ဖော်ရွယ်စွာနဲ့ အကောင်းဆုံးပေးနိုင်ဖို့ Legendary ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။👋

-Autofilm,CoatingandDetailing

သင့်ကိုယ်သင် Window Film ပိုင်းနှင့် ppf အပိုင်းကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွမ်းကျင်မှုအပြည့်ရှိနေပြီထင်...
06/12/2022

သင့်ကိုယ်သင် Window Film ပိုင်းနှင့် ppf အပိုင်းကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွမ်းကျင်မှုအပြည့်ရှိနေပြီထင်ပါသလား❓

ကျွန်တော်တို့ Legendary နဲ့လက်တွဲပြီး သင့်ရဲ့ Skill တွေကိုမြှင့်တင်ဖို့အတွက် Legendary မှာ လာရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ 📣📣

>>>> Window Film & PPF ကျား - (၁)

ဘယ်ကိုပဲသွားဖို့ ဖြစ်စေ ကားမောင်းနေရင်း ကားပိုင်ရှင်လူကြီးမင်းတိုင်း သတိထားသင့်တဲ့ အချက်များ‼️ကားမတော်တဆ အန္တရာယ်တွေမဖြစ...
01/12/2022

ဘယ်ကိုပဲသွားဖို့ ဖြစ်စေ ကားမောင်းနေရင်း ကားပိုင်ရှင်လူကြီးမင်းတိုင်း သတိထားသင့်တဲ့ အချက်များ‼️

ကားမတော်တဆ အန္တရာယ်တွေမဖြစ်စေဖို့အတွက်

❌ အစားအစာစားတာ၊

❌ အိပ်ငိုက်တာ၊

❌ စာပို့တာ၊ဖုန်းပြောတာ၊

❌ အလှပြင်တာ

စတဲ့ အချက်တွေကို နေ့တိုင်းကားမောင်းရင်း မလုပ်မိဖို့ ကိုယ့်ကိုကိုယ်အမြဲ သတိပေးဖို့လိုပါတယ်နော် 👨‍🔧👨‍🔧

>>>> သင့်ရဲ့ကားအတွက် Detailing ပိုင်း ပြုလုပ်ဖို့အတွက်ဆိုလည်း အကောင်းဆုံးဝန်ဆောင်မှုပေးမည့် Legendary ရှိပါတယ်ခင်ဗျာ

ဒီနေ့ကတော့ ဘာနေ့လဲသိကြတယ်မလား❓လူတိုင်းပျော်ကြတဲ့ လစာထုတ်ရက်လေးပါပဲနော်။လူတိုင်းဟာ လကုန်ရက်မှာလစာထုတ်ပြီးလိုအပ်တာတွေ ဝယ်လ...
30/11/2022

ဒီနေ့ကတော့ ဘာနေ့လဲသိကြတယ်မလား❓

လူတိုင်းပျော်ကြတဲ့ လစာထုတ်ရက်လေးပါပဲနော်။လူတိုင်းဟာ လကုန်ရက်မှာလစာထုတ်ပြီးလိုအပ်တာတွေ ဝယ်လေ့ရှိကြပေမယ့် အရေးကြီးတာတစ်ခုကိုတော့ အမြဲမေ့နေလေ့ရှိပါတယ်။

ဒါကတော့ ကိုယ့်ကိုတစ်လတာလုံး လိုရာခရီးကိုပို့ဆောင်ပေးခဲ့တဲ့ ကားလေးကို ပြန်ဂရုစိုက်ပေးဖို့ပါပဲ 👨‍🔧🧑‍🔧

လကုန်ရင် ကောင်မလေးတွေ အသားအရေလှပဖို့အတွက် တစ်လတစ်ခါ Skin Care ဝယ်ကြသလို ကားပိုင်ရှင်တို့ တန်ဖိုးထားရတဲ့ကားလေးတွေကိုလဲ အမြဲသန့်ပြန့်သစ်လွင်နေဖို့ လတိုင်း ဂရုစိုက်ပေးရမယ်နော် 🚗🍃

ဘယ်အချိန် ဘယ်နေရာပဲသွားသွား အရောက်ပို့ဆောင်ပေးခဲ့တဲ့ ကိုယ်ံ့ကားလေးကို အနည်းဆုံး Car Wash Service လေးဖြစ်ဖြစ်ကတော့ လုပ်ကိုလုပ်ပေးသင့်တယ်မဟုတ်လား 🚗

နှစ်ချီဲကြာ အကောင်းဆုံးကားတစ်စီးဖြစ်နေနိုင်ဖို့အတွက်လည်း တစ်လတစ်ခါလောက်တော့ သေချာဂရုစိုက်ပေးဖို့လိုပါတယ်။🚘🚘

ကျွန်တော်တို့ Legendary မှာဆိုလည်း လူကြီးမင်းတို့ကားကို စိတ်တိုင်းကျပြုပြင်နိုင်ဖို့အတွက်

✅ Coating
✅ Window Film
✅ Premium Polish
✅ Premium Car Wash
နှင့် အခြား Detailing ဝန်ဆောင်မှုများကို လူကြီးမင်းတို့ စိတ်တိုင်းကျရရှိနိုင်ပါပြီခင်ဗျာ…..

လသစ်လေးကို စိတ်သစ်၊လူသစ်နဲ့သွားနိုင်ဖို့အတွက်ဆို ကားသစ်လေးတစ်စီးကတော့လိုတာမလို့ အသစ်တစ်စီးလို ပြုပြင်ပေးမယ့် Legendary ကို လကုန်လေးတစ်ခေါက် အရောက်လာခဲ့ပါ 👌

Contact Us :

💬 Page Meseenger

☎️ 09 970 710 269

🏬 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.


-Autofilm

အညစ်အကြေးမှန်သမျှကို ဖယ်ရှားပေးပြီး တောက်ပြောင်စေမယ့်“ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐂𝐚𝐫 𝐖𝐚𝐬𝐡 “ဘယ်လောက်ပဲကိုယ့်ကားကို တန်ဖိုးထားပြီး သန့်ရှင်း...
28/11/2022

အညစ်အကြေးမှန်သမျှကို ဖယ်ရှားပေးပြီး တောက်ပြောင်စေမယ့်

“ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐂𝐚𝐫 𝐖𝐚𝐬𝐡 “

ဘယ်လောက်ပဲကိုယ့်ကားကို တန်ဖိုးထားပြီး သန့်ရှင်းအောင်ထားထား ကားအညစ်အကြေးပေတာကတော့ ကားပိုင်ရှင်တိုင်း မလွဲမသွေကြုံတွေ့ရမဲ့ ပြဿနာတစ်ခုပါပဲ။👋

ပုံမှန်အညစ်အကြေးလောက်ကို ကိုယ့်အိမ်မှာကို ဆေးလိုက်ရင်ရတယ်ဆိုပေမယ့် Chemical ဆေးရည်တွေ အများကြီးပါတဲ့ Shampoo တွေနဲမကြာခဏဆေးမယ်ဆိုရင်တော့ Coating တင်ထားလျှင်ဖြစ်လေ၊မတင်ထားလျှင်ဖြစ်စေ ကားရဲ့ဆေးသားကို သိသိသာသာထိခိုက်စေနိုင်ပါတယ်။‼️

ဒါကြောင့်ပဲ Legendary ရဲ့ Premium Car Wash ဝန်ဆောင်မှုလေးကို ယူသင့်တာပေါ့ခင်ဗျာ

ကားရေဆေး Shampoo စစ်စစ်ကိုသာ အသုံးပြုခြင်း

✅ အမွှေးနု Microfiber အဝတ်ကိုသာအသုံးပြုခြင်း(ကား၏ဆေးသားထိခိုက်မှုမရှိစေရန်)။

✅ ကတ္တရာစေးများ ချွတ်ပေးခြင်း (ဒီဇယ်/ဓါတ်ဆီလုံးဝမသုံးပဲကတ္တရာစေး ဖြတ်ဆေးသီးသန့်သုံးပေးခြင်း)။

✅ အတွင်းခန်းဖုန်စုပ် သန့်စင်ပေးခြင်း။

✅ အတွင်းခန်း ဆေးသွင်းကာကွယ်ပေးခြင်း(Leather condition/VRPဆေးများဖြင့်)။

✅ မှန်များသန့်စင်ပေးခြင်း (Glass Cleaner ဆေးဖြင့်)။

✅ တာယာ/Alloy များသန့်စင်ပေးခြင်း။

✅ အဲကွန်းပိုက်လိုင်းသန့်ရှင်းရေးအပြင် အတွင်းခန်း ပိုးသတ်ပေးခြင်း (Nanomist နည်းပညာ)။

✅ ကားအပြင်ဆေးသားမျက်နှာပြင် Wax တင်ပေးခြင်း။

✅ ကားအပြင် Plastic / Rubber / Fiber များ ဆေးသွင်းပေးခြင်း။

✅ ကားတာယာများပေါင်းတင်ပေးခြင်း(VRP ဆေးဖြင့်)။

စတဲ့အချက်တွေကြောင့်

👉 ဖုန်မှုန့်၊ငှက်ချေး၊ရွံ့၊သစ်စေး စတဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အညစ်အကြေးများ၊

👉 ကွမ်းတံတွေးလို လူကြောင့်ဖြစ်တဲ့ အညစ်အကြေးများ၊

👉 မိုးဒဏ်၊လေဒဏ်စတဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ အညစ်အကြေးများ စတာတွေကို ဖယ်ရှားသန့်ရှင်းပေးပြီး အသစ်တစ်စီးပြန်ရလိုက်သလို လူကြီးမင်းတို့ စိတ်တိုင်းကျ သန့်ပြန့်တောက်ပြောင်နေမှာပါ။👌👨‍🔧

🔘Used By:Chemical Guys Product USA

Small - 12000 Ks
Medium - 14000 Ks
Large - 17000 Ks
Extra Large - 20000Ks

⏰ Duration : 60mins ++

ကားတစ်စီးရှိပြီဆိုတာနဲ့ ရေဆေးရတာကတော့ မဖြစ်မနေလုပ်ရတာပဲမလို့ တိကျသေသပ်တဲ့ ဝန်ဆောက်မှုပေးတိုင်တဲ့ Car Wash Service ကိုသာရွေးချယ်သင့်တာကြောင့်

ကားဆေးဖို့လိုပြီဆို Legendary ကိုသာ လှမ်းခဲ့တော့ဗျို့ …..👨‍🔧👨‍🔧

Contact Us :

💬 Page Meseenger

☎️ 09 970 710 269

🏬 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.

Goggle Map - https://maps.app.goo.gl/RDnFDVhNQiXAt9fy7?g_st=ic

( အသေးစိတ်သိရှိလိုသမျှကို Page Chat Box မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ )


-Autofilm

တောက်ပြောင်လင်းလက်စေတဲ့ လျှို့ဝှက်ချက်🤫“ ပွဲကြီးတက်ရမှာကို ကားကနည်းနည်းဟောင်းနေလို့အခက်တွေ့နေတယ်။ ““ ကားလေးအရောင်းတင်ထား...
26/11/2022

တောက်ပြောင်လင်းလက်စေတဲ့ လျှို့ဝှက်ချက်🤫

“ ပွဲကြီးတက်ရမှာကို ကားကနည်းနည်းဟောင်းနေလို့အခက်တွေ့နေတယ်။ “

“ ကားလေးအရောင်းတင်ထားပေမဲ့ ပုံစံကိုကြည့်ပြီး ဘယ်သူမှလာမဝယ်ကြဘူး။ “

“ နည်းနည်းကြာပြီဆိုတော့ ကားကလဲကောင်းနေသေးပေမယ့် ဟောင်းနေတော့ ဘယ်လိုပြင်ရမလဲမသိဘူး “

“ လမ်းကြမ်းခဏမောင်းလိုက်တာ စင်းရာ၊ခြစ်ရာတွေပါလာတယ် "

စတာတွေက ကားပိုင်ရှင်လူကြီးမင်းတိုင်း တစ်ခုမဟုတ်တစ်ခုကိုတော့ ကြုံဖူးကြမှာပါ။😥

အခုလို ပြဿနာတွေအတွက် ဘာမှပူနေစရာမလိုတော့ပါဘူး။🚗

လူကြီးမင်းတို့ရဲ့ကားကို အသစ်တစ်စီးလိုတောက်ပြောင်သွားစေမယ့် နည်းလမ်းလေးတစ်ခုရှိတယ်နော်✨

ကျွန်တော်တို့ Legendary ရဲ့ Premium Polish လေး လာလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ

ကားဆေးသားကို ကြာရှည်ခံ ပိုမိုကောင်းမွန်စေရန် Polish ကိုနည်းစနစ်မှန်မှန်နဲ့ သေချာတိုက်ပေးသွားမှာမလို့ သစ်နေတဲ့ကားတွေကို ပိုမိုတောက်ပြောင်စေနိုင်သလို၊ဟောင်းနေတဲ့ကားတွေကို သစ်လွင်စေနိုင်မှာပါ 👨‍🔧👨‍🔧

ဒါ့အပြင် အတွေ့အကြုံရင့် ကျွမ်းကျင်တဲ့ Service Team က စနစ်တကျ နည်းလမ်းမှန်ကန်စွာနဲ့အကောင်းဆုံး Products တွေနဲ့သာ ဝန်ဆောင်မှုပေးမှာမလို့ Error လုံးဝမပါပဲ လူကြီးမင်းစိတ်တိုင်းကျဖြစ်စေရဖို့ အာမခံပါတယ်။👌👌

ကိိုယ်စီးနေတဲ့အိမ်စီးကားဖြစ်ဖြစ်၊ရောင်းကားဖြစ်ဖြစ် ဘယ်လိုကားမျိုးကိုမဆို ဘာအတွက်ဖြစ်စေ ဖိုင်းဖို့ဆိုရင် အသစ်နောက်တစ်စီးရလိုက်သလိုခံစားမှုမျိုးပေးနိုင်ဖို့ အကောင်းဆုံးတာဝန်ယူပေးပါစရေခင်ဗျာ 🤝🤝

💥 Polish တင်ထားရင်တော့ ကိုယ့်အိမ်မှာကိုယ်ဘာကို ဆပ်ပြာဆေးရည်နဲ့မဆေးသင့်ပါဘူး။

ဆပ်ပြာရည်တွေမှာ ပါတဲ့ အက်စစ်ဓာတ်ကြောင့် ဆေးသားလိုက်ကာကို စားသွားတတ်တာမလို့ အရောင်ပြန်မှိန်စေလာပါလိမ့်မယ် ခင်ဗျ။

အရည်အသွေးကောင်းမွန်ပြီး အကောင်းဆုံးဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့အတွက် Legendary ကို အရောက်လှမ်းခဲ့တော့နော် 👋👋

အရေအတွက်ထက် အရည်အသွေးကိုသာဦးစားပေးချင်တာမလို့ တစ်နေ့လျှင် အရေအတွက်ဖြင့်သာဝန်ဆောင်မှုပေးတာမလို့ စောစောလာတာဖြစ်စေ၊ကြိုတင် Booking တင်ထားမှသာလျှင် စိတ်ချရမယ်နော် 👨‍🔧👨‍🔧

Contact Us :

💬 Page Meseenger

☎️ 09 970 710 269

🏬 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.

Goggle Map - https://maps.app.goo.gl/RDnFDVhNQiXAt9fy7?g_st=ic

( အသေးစိတ်သိရှိလိုသမျှကို Page Chat Box မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ )


-Autofilm

Mobile Banking နဲ့လည်းရှင်းလို့ရပြီဗျို့ 📣📣Legendary မှာ တစ်ခါတည်း ဝင်ပြီး ကိုယ့်ကားကိုတစ်ခါတည်းဝန်ဆောင်မှုယူချင်ပေမယ့် ...
24/11/2022

Mobile Banking နဲ့လည်းရှင်းလို့ရပြီဗျို့ 📣📣

Legendary မှာ တစ်ခါတည်း ဝင်ပြီး ကိုယ့်ကားကိုတစ်ခါတည်းဝန်ဆောင်မှုယူချင်ပေမယ့် Cash မပါလို့ဆိုပြီး အိမ်ပြန်လှည့်စရာမလိုတော့ဘူး 🙅‍♂️

👉 KBZ Mobile Banking
👉 AYA Mobile Banking

စတဲ့ Banking တွေကို အသုံးပြုပြီး တစ်ခါတည်းရှင်းသွားလို့ရပါပြီခင်ဗျာ

ဒါကြောင့် Legendary သာ အရောက်လှမ်းခဲ့လိုက်ပါ။ကျန်တာက ဘာမှပူစရာမလို အကောင်းဆုံးဝန်ဆောင်မှုတွေပေးသွားမှာပါ။👌

Contact Us:

Hotline - 📞 09 970 710 269

Address - 🏢 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.

-Autofilm

အရောက်သာလှမ်းခဲ့ပါ စိတ်တိုင်းကျစေရမယ်။👌ကားပိုင်ရှင်တိုင်းကြုံဖူးကြမှာပါ Detailing Service တွေလုပ်ကြည့်ပေမယ့် ပြုလုပ်ပေးတ...
23/11/2022

အရောက်သာလှမ်းခဲ့ပါ စိတ်တိုင်းကျစေရမယ်။👌

ကားပိုင်ရှင်တိုင်းကြုံဖူးကြမှာပါ Detailing Service တွေလုပ်ကြည့်ပေမယ့် ပြုလုပ်ပေးတဲ့ဝန်ထမ်းတွေက လက်ရာမသေသပ်လို့ဖြစ်စေ၊စိတ်မရှည်ကြလို့ကဖြစ်စေ၊နောက်ကားလုပ်ပေးချင်နေတာကြောင့် မြန်မြန်လုပ်ကြတာတွေဖြစ်စေ စတာတွေကြောင့် စိတ်တိုင်းမကျဖြစ်ခဲ့ဖူးကြရတာကို။

ဘယ်သူမဆို ကိုယ်တန်ဖိုးထားရတဲ့ကားကို စိတ်တိုင်းကျကျပဲ ပြင်ချင်တာမဟုတ်လား❓

ဒါဆိုရင်တော့ လူကြီးမင်းတို့ရေ ကား Detailing အတွက် ဘာပဲလိုလို Service စယူတဲ့ချိန်ကစလို့ သိလိုသမျှကို အသေးစိတ်ရှင်းပြပေးပြီး လူကြီးမင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးတဲ့ Legendary ကိုသာ အရောက်လှမ်းခဲ့လိုက်ပါ။

👨‍🔧👨‍🔧 Malaysia မှာပါ သေချာလေကျင့်ခဲ့တဲ့အတွေ့အကြုံရင့် Intstaller များ၊

✅ အရည်အသွေးမြင့် ဆေးရည်များ၊

⚙️ ခေတ်မှီ စက်ကိရိယာများ၊

📌 စနစ်တစ်ကျ ဝန်ဆောင်မှုပေးနိုင်မှုများ၊

စတာတွေကြောင့် လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်ဖို့အတွက် Legendary က အပြည့်အဝ တာဝန်ယူနိုင်ပါတယ်ခင်ဗျာ…..

ဒါ့အပြင် Quantity ပိုင်းထက် Quality ပိုင်းကိုသာ အသားပေးတာမလို့ တစ်နေ့လျှင် အရေအတွက်ဖြင့်သာ အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။💯

ကားတွေများနေပြီး လောလောနဲ့လုပ်ပေးတာမျိုး Legendary မှာ လုံးဝမရှိဘူး 🚫

👉 အကောင်းဆုံးဝန်ဆောင်မှုတွေအတွက် အရေအတွက် ပြည့်မသွားခင် လာဖို့တော့ အရေးကြီးတယ်နော်

ဒါတင်မကသေးပါဘူး 👋

မအားလပ်တဲ့ လူကြီးမင်းတို့အတွက်လည်း ကားကို ကိုယ်တိုင်လာရောက်ယူဆောင် Service ပေးပြီး အိမ်အရောက်ပြန်ပို့ပေးတဲ့ Service လည်းရှိသေးတာမလို့ ရုံးသွားရလို့မအားရင်လဲ 📞 ဖုန်းလေးတစ်ချက်ခေါ်လိုက်ရုံပါပဲဗျ

ရရှိနိုင်သော ဝန်ဆောင်မှုများ -

☑️ Coating
☑️ Window Film
☑️ Premium Polish
☑️ Premium Car Wash
နှင့် အခြား Detailing ဝန်ဆောင်မှုများ

ဆိုင်လိပ်စာ - No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.

Goggle Map - https://maps.app.goo.gl/RDnFDVhNQiXAt9fy7?g_st=ic

ဆက်သွယ်ရန်ဖုန်းနံပါတ် - 09 970 710 269

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ကားအတွက် အကောင်းဆုံး Service တွေပေးဖို့ Legendary ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။👋👋

( အသေးစိတ်သိရှိလိုပါက Page Chat Box မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ )


Legendary မှာ ဘယ် Service လုပ်ချင်ကြလဲ လူကြီးမင်းတို့ရေ 👨‍🔧🧑‍🔧Premium Car Wash လား ❓Window Film လား❓Coating လေးလား ❓Prem...
21/11/2022

Legendary မှာ ဘယ် Service လုပ်ချင်ကြလဲ လူကြီးမင်းတို့ရေ 👨‍🔧🧑‍🔧

Premium Car Wash လား ❓

Window Film လား❓

Coating လေးလား ❓

Premium Polish လား❓

ဘာပဲလုပ်ချင်လုပ်ချင် Legendary က အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမှာမလို့ လူကြီးမင်းတို့ဘာလုပ်ချင်လဲဆိုတာကို ဖြေပေးသွားကြပါအုံးနော်🤝

👉 React လေးတွေပေးပြီးလည်း ဖြေသွားလို့ရပါတယ်။

Contact Us :

💬 Page Meseenger

☎️ 09 970 710 269

🏬 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.


-Autofilm

ကာကွယ်မှုအပြည့်ပေးနိုင်ပြိး ကားသစ်နောက်တစ်စီးရသလို တောက်ပြောင်သွားစေမယ့် Legendary ရဲ့ Coating Service 📌Coating ဆိုတာဘာလ...
19/11/2022

ကာကွယ်မှုအပြည့်ပေးနိုင်ပြိး ကားသစ်နောက်တစ်စီးရသလို တောက်ပြောင်သွားစေမယ့် Legendary ရဲ့ Coating Service

📌Coating ဆိုတာဘာလဲ?

🔸 ကား Coating တင်တယ်ဆိုတာ Silicon Dioxide (SiO2) ပါတဲ့ ဆေးရည်ကို ကားပေါ်ကိုတင်ပီး အခြောက်ခံကာ ကြွေလွှာပါးပါးလေးတင်လိုက်တာပါ

📌Coating က ဘာတွေကိုကာကွယ်ပေးနိုင်တာလဲ? ဘာကြောင့် Coating တင်သင့်တာလဲ? ဘာတွေအကျိုးရှိမှာလဲ ?

🔸ကားကပိုပီး Shine ဖြစ်ပီး တောက်ပြောင်သွားပီး ကားအသစ် တစ်စီးဖြစ်သွားသလို ခံစားမှုကို ပေးနိုင်တဲ့အတွက် လူကြီးမင်းတို့၏ကားကို confidence ရှိရှိစီးနိုင်ပါတယ်

🔸ဆေးသားကို UV Ray တွေကနေ ကာကွယ်ပေးထားလို့ နေရောင်အောက်မှာကားရပ်များရင်တောင် အရောင်မှိန် အရောင်ကျတာတွေကိုကာကွယ်ပေးမှာပါ

🔸Hydrophobic Effect ပါဝင်သောကြောင့် ရေခြောက်ကွက်ဖြစ်တာတွေ ငှက်ချေးဒဏ်တွေကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်

🔸 Coating တင်ထားတဲ့အတွက် အခြစ်ရာသေးသေးလေးတွေကို Original ဆေးသားမပါးဘဲ Coating ကြွေလွှာပေါ်မှာပဲ Light Scratch & Light Swirl Mark တွေကို Polish တိုက်ပီးဖျောက်နိုင်ပါတယ်

🔸Polish အမြဲတိုက်စရာမလိုတော့တဲ့အတွက် Original ဆေးလိုက်ကာသားပါးလွှာမှုကို ကာကွယ်ပီးသားဖြစ်ပါတယ်

📌Coating ကဘာတွေကို မကာကွယ်ပေးနိုင်ဘူးလဲ ?

❗️အလွှာတစ်ခုကာထားပေမယ့် အရမ်းနက်တဲ့ အစင်းရာ Deep Swirl Mark တွေကိုတော့မကာကွယ်ပေးနိုင်ပါဘူး

❗️ငှက်ချေးနဲ့ ရေခြောက်ကွက် ဒဏ်တွေကို အတိုင်းတာတစ်ခုထိကာကွယ်ပေးနိုင်ပေမယ့် 100% တော့ကာကွယ်မပေးနိုင်ပါဘူး Coating လုပ်ထားတဲ့အတွက် မလုပ်ထားတာထက်စာရင် ခံနိုင်ရည်ပိုရှိပီး သန့်ရှင်းရေးလုပ်ရလွယ်ကူစေပါတယ်

📌Coating တင်ပီးရင် ဘယ်လိုထိန်းသိမ်းရမလဲ ?

🛑ရေခြောက်ကွက် ငှက်ချေး တွေကို အတိုင်းတာတစ်ခုထိကာကွယ်ပေးနိုင်ပေမယ့် ကားရေမဆေးပဲကြာကြာထားလိုက်ခြင်းအားဖြင့် Coating ကို ဖောက်၍ကားဆေးလိုက်ကာသားကိုထိခိုက်စေနိုင်ပါတယ်

🛑ငှက်ချေးများကာပေါ်ကျလာပါက ချက်ချင်းရေဆေးသင့်ပါတယ်

🛑ဒါ့ကြောင့်လူကြီးမင်းတို့၏ကားကို ရေပုံမှန်ဆေးသင့်ပါတယ်
ရေဆေးရာတွင်လည်း Car Shampoo စစ်စစ်ကိုသာ အသုံးပြု၍ဆေးသင့်ပါတယ်

🛑လူကြီးမင်းတို့အနေဖြင့် Coating တင်ပီးသွားရင် ဂရုတစိုက်ထိန်းသိမ်းပေးရင် Coating ကပို၍ကြာရှည်ခံနိုင်ပါတယ်

ကောင်းမွန်လှတဲ့ Coating ရဲ့အစွမ်းတွေက Legendary ရဲ့ အရည်အသွေးပြည့်မှီတဲ့ Coating ဆေးရည်များ၊ကျွမ်းကျင် Installer တွေများနဲ့ ပေါင်းစပ်လိုက်တော့

သင့်ရဲ့ ကားအရောင်အသွေးကိုမြှင့်တင်ပေးပြီး ဘာမှပူစရာမလိုပဲ တောက်တောက်ပြောင်ပြောင်နဲ့ ဘယ်ကိုမဆို Confidence အပြည့်နဲ့ သွားလာနိုင်ပါပြီနော်…🚗

လူကြီးမင်းတို့ရဲ့ ကားအတွက် အကောင်းဆုံး Service တွေပေးဖို့အတွက် 𝑳𝒆𝒈𝒆𝒏𝒅𝒂𝒓𝒚 ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💬🚘🚙

♦️ ထိုင်စောင့်မနေချင်တဲ့၊မအားလပ်တဲ့ လူကြီးမင်းတို့အတွက်လည်း ကားလာယူပြီး Service ပြီးတာနဲ့ ချက်ချင်းပြန်ပို့ပေးတဲ့ ဝန်ဆောင်မှုလေးလဲရှိတော့ အရမ်းအဆင်ပြေတာပေါ့ 👋

Contact Us :

💬 Page Meseenger

☎️ 09 970 710 269

🏬 No(3) Waizayandar Road, Thingangyun Township Yangon, Myanmar.

Service ပိုင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။



-Autofilm

Address

No(3) Waizayandar Road, Thingangyun Township
Yangon
11071

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959970710269

Website

Alerts

Be the first to know and let us send you an email when Legendary - Auto Film, Coating & Detailing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share