15/08/2026
ကားရေဆေးလုပ်ငန်းဆိုရင်
မြန်မာပြည်က လူတချို့
သိပ်အထင်သေးကြတယ်
အတွေ့ကြုံအရ ဆိုရရင်
အဲ့လိုလူတွေကကားကို
လှည်းလိုစီးနေတဲ့လူတွေပဲ
မြန်မာ့ကားစျေးကွက်ရဲ့မတည်ငြိမ်မှုကြားမှာ
သိန်း ရာကြီး ပေးမှ ကားစီးလို့ရတော့တယ်
ထောင်ပိုင်းလောက်သုံးမှ ပွဲတင့်တော့တယ်
ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ ဒီငွေ ထောင်ဂဏန်းတန်တဲ့
စီးတော်ယာဉ်ကို ကြုံတဲ့နေရာ ကြုံသလို မလုပ်လိုက်ပါနဲ့
ကားနဲ့ပတ်သက်ပြီး ဘာ service ပဲဖြစ်ဖြစ်
လုပ်တော့မယ်ဆိုရင် အချိန်ပေးပြီး စိတ်အေးအေးထားပါ သူတို့အကောင်းဆုံးလုပ်ပေးနေကြတာပါ
မှန်ကန်တဲ့နေရာကိုတော့ရွေးချယ်တတ်ပါစေ
ရေဆေးနေရင်းတန်းလန်း အလုပ်ပေါ်လာလို့ဆိုပြီး
အမြန်လုပ်ပေးလိုက်ရပြီဆိုရင် နည်းစနစ်တွေလဲ မမှန်နိုင်တော့သလို လက်ရာကလဲ လမ်းဘေး ရေပုံးချဆေးတဲ့လက်ရာပဲရပါမယ် အဆိုးဆုံးက ကားမှာ မဖြစ်သင့်တဲ့ အနာအဆာတွေ ဖြစ်သွားနိုင်တယ်
အလုပ်ပေါ်လာလဲ ခဏစောင့်ပါ ကားရေဆေးနေတယ်
ဆိုတဲ့အသိမျိုး တွေးစေချင်တယ်
နာရီဝက်လောက်အချိန်လေးနဲ့ ကိုယ့်ကားကိုအထိခိုက်မခံသင့်ဘူးဆိုတာ မြင်စေချင်ပါတယ်
#ကိုယ်ကိုတိုင်ကိုကကားရေဆေးတာကိုအထင်သေးနေမိတာလား
#အရေးမပါတဲ့ကိစ္စလို့မြင်နေတာလား….?
အချုပ်ပြောရရင်
အချိန်မပေးနိုင်ဘူးမလား
ဘာservices မှမလုပ်ပါနဲ့ဦး
အချိန်ပေးနိုင်ပြီဆိုမှ လုပ်ပါ
လုပ်ပြီဆိုရင်လဲ ဘယ်ချိန်ပြီးမလဲ
ဘယ်နေ့ရတော့ရချင်တာ ဆိုပြီး
အချိန်ကိုကိုယ့်ဘက်က မသတ်မှတ်ပါနဲ့
ဘာလို့လဲဆိုတော့ ဒဋလုပ်ရင်ဘယ်လောက်အချိန်ပေးရတယ် ဘယ်လိုလက်ဝင်တယ်ဆိုတာ လုပ်ပေးတဲ့သူကပဲသိလို့ပါ ဒါကြောင့်
ဝန်ဆောင်မှုပေးတဲ့သူက ပြောတဲ့အချိန်ကိုလက်ခံပါ
#ကျွန်တော်တို့လိုserviceသမားတွေအတွက်တော့အမြန်ပြီးလေပိုကိုက်လေပါပဲ
ကိုက်ဖို့မဟုတ်ပဲ ကြိုက်ဖို့ပဲတွေးပါတယ်
အဆုံးထိဖတ်လို့ကျေးဇူးပါ
တခုခုရသွားရင်ကျေနပ်ပါပြီ
ဒီနေ့ထိအမြဲအားပေးလို့
ကျေးဇူးပါမိတ်ဆွေကြီး
❤️❤️❤️❤️❤️❤️❤️❤️❤️