03/06/2026
Paint Correction အကြောင်းတစ်စေ့တစ်စောင်း
….
လူအများသိကြတဲ့ စက်ပေါလစ်ပေါ့ သူ့မှာ Detailing Theory အရ Compound /Polish/Finished ဆိုပြီးရှိပါတယ်.
အဲ့ဒီမှာ လုပ်မယ့် Detailer/Polisher က ဘယ်စက်/ဘယ်လို Pad/ဘယ် Chemical ဆိုပြီး ကားဆေးသားအခြေအနေပေါ်မူတည်ဆုံးဖြတ်ပါတယ်.
ဆေးသားအခြေအနေပေါ်
မူတည်ပြီးသူ့ရဲ့လေ့လာမှုရယ်လက်တွေ့အတွေ့အကြုံအရအကောင်းဆုံးရလာဒ်ထွက်အောင်လုပ်ဆောင်ရပါတယ်.
Compound လို့ခေါ်ကြတဲ့ Chemical က ကားရေဆေးဆပ်ပြာနဲ့ မပြောင်တဲ့ Contamination (ညစ်ညမ်းမှု)တွေကပ်နေတဲ့ဆေးသားကိုအနည်းငယ်စားချနိုင်တဲ့ Sanding အား 1000 grit လောက်ရှိပြီး Compound Padနဲ့တွဲဖက်အသုံးပြုပြီး ဆေးသားအပေါ်ယံကိုသန့်စင်စေပါတယ်
ဆေးသားမပေါက်သွားအောင် လောင်မသွားအောင်အထူးဂရုပြုလုပ်ဆောင်ကြရပါတယ်.
Compound တိုက်ခြင်းကြောင့် သိပ်မနက်တဲ့အစင်းတွေ ဆေးသားလိုက်ကာထဲကို စိမ့်ဝင်မနေတဲ့ငှက်ချေး သစ်စေး ရေခြောက်ကွက်တွေကို ပျောက်စေပါတယ်.
Polish/Finished အဆင့်တွေက Compound တိုက်ရင်းဖြစ်တဲ့ အစင်းအကွင်းတွေနဲ့ နဂိုအစင်းအကွင်းတွေကို လက်စသတ်ပျောက်စေပြီး ဆေးသားတောက်ပြောင်မှုကိုပြန်လည်ရရှိစေပါတယ်.
Finished အဆင့်ပြီးရင် Paint Correction ပြီးပါပြီ.
Correction ပြီးရင် Protection လာပါတယ်.
မိတ်ဆွေတို့အသုံးပြုမယ့် Budget ပေါ်မူတည်ပြီး Waxing /Sealant/Coating လုပ်ဆောင်ပြီး Paint Correction လုပ်ထားတဲ့ ဆေးသားကိုကာကွယ်ရပါမယ် .
အဲ့လိုကာကွယ်ထားမှ ဆေးသားလိုက်ကာရေရှည်အသုံးခံပြီး သံချေးတက်တာ ဆေးပြန်လုပ်ရတာတွေကိုထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်.
ကျနော်တို့လုပ်ငန်းမှာ Polish တိုက်တာနဲ့အတူတွဲပါတာက ကော်ပါတ်ချပြီး ပေါလစ်တိုက်တဲ့ Technique ပါ.
ကျနော့်အတွေ့အကြုံနဲ့လေ့လာမှုအရကတော့ Sanding လို့ခေါ်တဲ့ကော်ပါတ်ချပြီး Paint Correction လုပ်တာကို သိပ်အားမပေးချင်ပါဘူး.
သူ့ကိုအဓိကအသုံးပြုတာကPainting Shop တွေမှာဆေးမှုတ်ပြီး ဆေးသားမညီတာတွေ Orange Peel လိုခေါ်တဲ့ လိုက်ကာထူတာတွေကိုစားချ ပြီးရင် Buff အကြမ်းနဲ့ပြန်ချောတဲ့နေရာအတွက်ပိုသင့်တော်ပါတယ်.
အဲ့လိုချောထားတဲ့ မျက်နှာပြင်တွေကိုကျနော်အပေါ်ကပြောခဲ့သလို Paint Correction ဝင် Protection ဝင်ပြီးရင်ကားပိုင်ရှင်လက်ထဲပြန်အပ်လို့ရပါပြီ.
ဆေးမှုတ်ထားတာမဟုတ်ဘဲ Contamination ပဲရှိတာကို ကော်ပါတ်ချ Sanding လုပ်ရင်ကျတော့ ဆေးသားနာပါတယ် မလိုအပ်ပဲပါးစေပါတယ်
ကော်ပါတ်ချပြီး ပေါလစ်သေချာပြန်မတိုက်နိုင်ရင် ပုံထဲကလိုကော်ပါတ်စင်းတွေကြောင့် အရောင်ဝပ်စေပါတယ်.
ကော်ပါတ်ချပြီး Waxing (ကစ်တိုက်တယ်လို့လည်းခေါ်ကြပါတယ်)လုပ်
ပေးလိုက်ပြန်ရင်လည်း တစ်ပါတ်နှစ်ပါတ်လောက်မသိသာပေမယ့် နောက်ပိုင်းကျရင် အရောင်ပြန်
ဝပ်သွားစေနိုင်ပါတယ်.
အကောင်းဆုံးကတော့မလိုအပ်ရင် ကော်ပါတ်မချတာပါဘဲ✌️
လုပ်ခဲ့ရရင်လည်း စနစ်တကျလေး Paint Correction လုပ်သင့်ပါတယ်✌️
ကားအသစ်တွေနဲ့ဆေးပြန်လုပ်ထားတာမဟုတ်တဲ့ကားတွေကို ကော်ပါတ်ချမယ်ဆိုရင် အထူးဂရုစိုက်သင့်ကြောင်းအကြံပေးလိုပါတယ်✌️
…
Polish Coating Detailing အကြောင်းသိလိုတာရှိရင် DH ကိုဆက်သွယ်နိုင်ပါတယ်
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
…
For More Info..
🔷DH Auto Detailing (Coating&Detailing-Booking Only)
(Working Hours 9:00a.m~6:00p.m)
🔷411,Tharaphi 5th st,34th Qtr,N.Dagon,Yangon.
🔷Ph..095311771,09791901895
🔷Map.. https://maps.app.goo.gl/EojraFczme25j9sT7?g_st=com.google.maps.preview.copy
◾️DH Car Wash And Detailing
(Washing/Polish/Detailing-Drive.in)
(Working Hours 8:00a.m~6:00p.m)
◾️Shop..62,U Yae Khel St.,Mayangon,Yangon.
◾️Ph..095311771,09791901895
◾️Map.. https://goo.gl/maps/ULaaAJzfSCeN4Rsn7