09/07/2024
မိတ်ဆွေရဲ့ကားပေါ်တွင် ဘယ်ကရောက်လာမှန်းမသိတဲ့ အစင်းရာတွေ၊ ခြစ်ရာတွေကြောင့် ဘယ်လို ကိုယ်တိုင်ပြုပြင်ရမှန်းမသိ ဖြစ်နေတယ်ပေါ့။
ဒီလို ဘာမှန်းမသိ မဖြစ်ရလေအောင် Ko Aung Zaw Car Sale & Service က Knowledge Sharing လုပ်ပေးရတော့မှာပေါ့။😁
ဒါဆို ကားမောင်းနေစဥ်အတွင်း ဘယ်လိုအကြောင်းရာတွေကြောင့် ကားကို အပွန်းအစင်း၊ ခြစ်ရာများ ဖြစ်နိုင်လဲဆိုတာ အရင်ပြောပြပေးပါမယ်ခင်ဗျာ။
ကားမောင်းနေစဥ်အတွင်း သစ်ပင် အကိုင်းခက်များကြောင့်ဖြစ်စေ၊ ကားဆေးရန် အသုံးပြုမယ့် အဝတ်စများကြောင့်ဖြစ်စေ၊ ကားလမ်းပေါ်က သေးငယ်တဲ့ ကျောင်ခဲများကြောင့်ဖြစ်စေ မိတ်ဆွေရဲ့ကားကို စင်းရာ၊ ခြစ်ရာများဖြစ်စေနိုင်ပါတယ်။
ဒိလိုမျိုးတွေကြာင့် မိတ်ဆွေရဲ့ ကားကိုပြန်လည်ပြင်ဆင်ရတော့မယ်ဆိုရင် ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်နော်။
အရင်ဆုံး နူးညံ့သန့်ရှင်းသော အဝတ်စဖြင့် အညစ်အကြေးများကို ဆေးကြောထားရန် လိုအပ်ပါတယ်။ ပြီးနောက် နည်းနည်းပြင်းတဲ့ သွားတိုက်ဆေးကို အသုံးပြုကာ ရေစိုထားသော သန့်ရှင်းတဲ့ အဝတ်စဖြင့် ခြစ်ရာများရှိရာကို ပွတ်တိုက်ပေးပြီး ဆေးကြောပေးခြင်းဖြင့် အစင်းရာ၊ ခြစ်ရာများကို ဖျောက်ဖျက်နိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။😍😍
အစင်းရာ၊ ခြစ်ရာများ မပျောက်သွားပါက ကျွမ်းကျင်သူများဆီမှာ သွားရောက်တိုင်ပင်သင့်ပြီး တိုင်ပင်လိုပါက ကျွန်တော်တို့ရဲ့ Ko Aung Zaw Car Sale & Service မှာလာရောက်မေးမြန်း တိုင်ပင်လို့ရပါတယ်နော်။
မိတ်ဆွေတို့ရဲ့ ကားကျန်းမာရေးအတွက်ဆို အားကိုးရာဖြစ်နေမယ့် Ko Aung Zaw Car Sale & Service
တိုင်ပင်လိုပါက-
အမှတ်၂၃/A မဟာသုခိတာလမ်း၊အရှေ့ကြို့ကုန်း၊အင်းစိန်
:09408952211, 09408952233, 09408952244
Email :[email protected]
&serevice
#အင်းစိန်