15/06/2025
78ယဉ်လိုင်းလူဆန်မှုတွေပျောက်ဆုံးနေပြီလား
ဒီနေ့နေ့လည် 12နာရီက တော်၀င်စင်တာကမှတ်တိုင်မှာ 78ယဉ်လိုင်း ယဉ်အမှတ် 2P/7103 ပေါ်ကိုတက်စီးတာကိုယ်၀န်ဆောင်သည်ကိုတက်တာနှေးလို့ကားသမားကအော်ဆဲပြီးမြန်မြန်တက်ဖို့ပြောတယ်၊ 78ယဉ်တွေက ကိုယ်၀န်ဆောင်သည်အခမဲ့ဆိုတာကိုကပ်ထားကြတာတွေရှိလို့ကိုယ်၀န်သည်အတွက်ကားခမပေးဘဲစီးနေကြမို့ကားကတ်မရိုက်လိုက်တာကိုလဲကားသမားကကိုယ်၀န်ပြပြီးလုပ်စားနေတယ်သောက်ရှက်တော့ရှိကြဦးဆိုပြီးပြောတာရောနောက်ကားပေါ်ကဆင်းခါနီးကိုကိုယ်၀န်ဆောင်သည်ကိုတစ်မှတ်တိုင်ကြိုမတ်တပ်ရပ်ပြီးအပေါက်မှာရပ်စောင့်မနေလို့အော်ဆဲပြီးအာ့ကြောင့်ကိုယ်၀န်သည်တွေကိုမတင်ချင်တာတော်တော်ဒုက္ခပေးတဲ့ဟာတွေသူတို့ဘာသာသူတို့ခံပြီးကိုယ်၀န်ရလာရင်ကိုယ်၀န်ဗန်းပြလုပ်စားလူတွေကိုဒုက္ခပေးတာဟာမတွေဆိုပြီးအော်ဟစ်ဆဲဆိုကြိမ်းမောင်းနေတယ်။ ကားခက၃၀၀နဲ့ဘ၀ပျက်မသွားဘူး၊ဒါပေမယ့်ရိုင်းစိုင်းစွာဆဲဆိုပြောဆိုတာမလိုအပ်ဘူးလားပေါ၊ဒါကိုလူထုမိတ်ဆွေရုံးကိုဖုန်းဆက်ပြောတော့ခင်ဗျားတို့ကဆဲခံရတတောင်နည်းသေးတယ်၊ပိုက်ဆံပေးစီးကိုယ်၀န်သည်ဆိုရင်ကားငှားစီးဗျာဆိုပြီးဖုန်းချပစ်ပြီးဖုန်းကိုမကိုင်တော့ဘူး။
ကဲလူထုမိတ်ဆွေကနာမည်နဲ့တခြားလူထုရန်သူလား