Octo Clean

Octo Clean Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Octo Clean, Cleaning service, 32(A), Mingalar Street, Saw Bwar Gyi Gone, Insein, Yangon, Myanmar, 〶11011, Dagon.

မနက်ဖြန် အားဘူး ကျွန်တော် မောင်ရေဘဝဲ..ရွာက (အဲလေ ပင်လယ်က) 🌊🏖 ကောင်မလေးနဲ့ သွားဒိတ်တယ် 👩‍❤️‍💋‍👨ကာကာတို့ဆီ စနေနေ့ပြန်လာမယ်...
09/12/2021

မနက်ဖြန် အားဘူး
ကျွန်တော် မောင်ရေဘဝဲ..ရွာက
(အဲလေ ပင်လယ်က) 🌊🏖
ကောင်မလေးနဲ့ သွားဒိတ်တယ် 👩‍❤️‍💋‍👨
ကာကာတို့ဆီ စနေနေ့ပြန်လာမယ်
ပုံ/ ဝဲဝဲ (ရေပေါ်ဆီ)🐙

သင့် ကျန်းမာရေးကောင်းဖို့အတွက် သင့်ပတ်ဝန်းကျင်က အရေးကြီးပါတယ်...‼️သန့်ရှင်းမှုမရှိဘဲ ညစ်ပေနေတဲ့  ပတ်ဝန်းကျင်မှာဆိုရင် မမ...
06/11/2021

သင့် ကျန်းမာရေးကောင်းဖို့အတွက် သင့်ပတ်ဝန်းကျင်က အရေးကြီးပါတယ်...‼️

သန့်ရှင်းမှုမရှိဘဲ ညစ်ပေနေတဲ့ ပတ်ဝန်းကျင်မှာဆိုရင် မမြင်နိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ မြောက်မြားစွာ ရှိနေတတ်ပါတယ်။

သင်ဟာ အဲ့လိုပတ်ဝန်းကျင်မှာ အနေများလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ဖြေးဖြေးချင်း ထိခိုက်လာနိုင်ပါတယ်။ 🤒🤕

အဲ့ဒီလို ပတ်ဝန်းကျင်က သင့်ကျန်းမာရေးကို ထိခိုက်‌စေနိုင်မယ့် ပိုးမွှားတွေကို သယ်ဆောင်လာနိုင်ပါတယ်။

ဒီလို မျိုးတွေ မဖြစ်လာအောင် သင်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို နေ့စဥ် ဒါမှမဟုတ် သုံးရက်တစ်ခါ ပုံမှန်လောက်

✅ အမှိုက်လွှင့်ပစ်ခြင်း
✅ ပိုးသတ်ဆေးဖြန်းပေးခြင်း
✅ နေ့စဥ် အသုံးပြုသော ပစ္စည်းများကို ပိုးသတ်ခြင်း အစရှိတာတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ 💯

အခုလို ရာသီအကူးအပြောင်းကာလမှာဆိုရင် ပတ်ဝန်းကျင် သန့်ရှင်းရေးကိစ္စကို ပိုပြီးတောင် ဂရုစိုက်သင့်ပါတယ်။

တကယ်လို့ သင်ဟာ အဲ့လိုမျိုးတွေ လုပ်ဖို့အချိန်မပေးနိုင်တာမျိုး ဒါမှမဟုတ် အဲ့ထက်ပိုပြီး သင့်အိမ်ကို စနစ်တကျနဲ့ သေချာ ပိုးသတ်ချင်တယ်ဆိုရင်တော့ ...

ကျ‌တော်တို့ဆီမှာ ' ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှု ' ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။

✅ ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှု ဆိုတာ သင်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းပြီး ပိုးမွှားအန္တရာယ်မှ ကင်းဝေးအောင် ပိုးသတ်ဆေးဖြန်းပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ 💯

✅ ကျတော်တို့ရဲ့ ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှု ဟာ ကိုဗစ် ၁၉ အပါအဝင် တခြားသော ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ၉၉% အထိ ပိုးသတ်ပေးနိုင်စွမ်းရှိပါတယ်။

အခုဆိုရင် ရာသီတုပ်ကွေး ရောဂါကြောင့် လူတော်တော်များများဟာ ဖျားနာမှုဒဏ်ကို ခံစားနေကြရပါတယ်။

ဒါကြောင့် မိမိအိမ်၊ ရုံးခန်း၊ စက်ရုံ အလုပ်ရုံ အစရှိတဲ့ မိမိ ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖြန်းပြီး ကြိုတင်ကာကွယ်ကြပါလို့ အကြံပြုချင်ပါတယ်။

အသေးစိတ်ကို သိရှိလိုပါက

☎️ ဖုန်းနံပါတ် - 09767222329, 09757586868 ကို ဆက်သွယ်မေးမြန်းနိုင်ပြီး

m.me/octocleanmyanmar တွင်လည်း မေးမြန်းနိုင်ပါပြီ။

မင်္ဂလာပါရှင်၊ပျော်ရွှင်စရာ သီတင်းကျွတ်ကာလ အခါသမယမှာ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေကြောင်း Octoclean မိသားစုမှ ဆုတောင်း...
19/10/2021

မင်္ဂလာပါရှင်၊

ပျော်ရွှင်စရာ သီတင်းကျွတ်ကာလ အခါသမယမှာ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေကြောင်း Octoclean မိသားစုမှ ဆုတောင်းပေးလိုက်ပါသည်။

Happy Thadingyut Festival!

အိမ်တစ်အိမ် သန့်ရှင်းသပ်ရပ်နေခြင်းဟာ မိသားစုရဲ့ ကျန်းမာရေးအန္တရာယ်ကို 100 ရာခိုင်နှုန်း ကာကွယ်စေနိုင်ပါတယ်။ 💯✅ မိုးလွတ်လ...
14/10/2021

အိမ်တစ်အိမ် သန့်ရှင်းသပ်ရပ်နေခြင်းဟာ မိသားစုရဲ့ ကျန်းမာရေးအန္တရာယ်ကို 100 ရာခိုင်နှုန်း ကာကွယ်စေနိုင်ပါတယ်။ 💯

✅ မိုးလွတ်လေလွတ် သီတင်းကျွတ်မှာ အိမ်သစ်ပြောင်းရွှေ့မယ့် ကြင်စဦးဇနီးမောင်နှံများ
✅ အလုပ်တွေရှုပ်နေလို့ အိမ်သန့်ရှင်းရေး မလုပ်ဖြစ်သေးသူများ
✅ တစ်ယောက်တည်းနေသူများ နဲ့
✅ ခရီးတွေ​သွားနေရလို့ အိမ်သန့်ရှင်းရေး မလုပ်အားတဲ့သူများကို

Octo Clean ရဲ့ Service အသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Service ဟာ Deep Cleaning လောက် ဟဲဗီး မဟုတ်သလို သာမန် Housekeeping Service ထက်လည်း ပိုအသေးစိတ်တာမို့လို့ အိမ်တစ်အိမ်အတွက် အရမ်းကို သင့်တော်တဲ့ Service တစ်ခုဖြစ်ပါတယ်။ 💯

Service လေးရဲ့ နာမည်ကတော့ …

✅ Full House Reshining Service ဖြစ်ပါတယ်။

ဒီ Full House Reshining Service ဆိုတာ

✅ မီးဖိုချောင်၊ ရေချိုးခန်း၊ Toilet (အိမ်သာ) တို့ကို သေချာ သန့်ရှင်းစင်ကြယ်ပေးခြင်း
✅ ကြမ်းခင်းများကို တောက်ပြောင်သွားအောင်ဆေးရည်သုံး၍တိုက်ပေးခြင်း
✅ မျက်နှာကျက်များမှ ကြတ်ခိုး ပင့်ကူအိမ်များ ဖယ်ရှားပေးခြင်း
✅ ဆိုဖာ နဲ့ ပရိဘောဂ များကို သန့်ရှင်းရေးပြုလုပ်ပေးခြင်း
✅ ပြတင်းပေါက်မှန်များကို ကြည်လင်အောင် တိုက်ချွတ်ပေးခြင်း
အစရှိတာတွေ လုပ်ပေးတဲ့ Service တစ်ခု ဖြစ်ပါတယ်။

စျေးနှုန်းကတော့ အိမ်ရဲ့အခြေအနေ​အရ

1sqft ကို 80 ကျပ် နဲ့ 120 ကျပ် ကြားသာကျသင့်မှာဖြစ်ပါတယ်။

ဒီ Service ကို အရယူမယ့် မိတ်ဆွေတို့ကို

📌 အခု သီတင်းကျွတ် အထူးပရိုမိုးရှင်းအနေနဲ့

600 sqft နဲ့ 1500 sqft ကြားဆိုရင် 10% cash back,
1500 sqft အထက်ဆို 15% cash back ပေးသွားမှာ ဖြစ်ပြီး
မေတ္တာလက်ဆောင်တွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။🎉

ဒီလို Multi Cleaning Service ပေးနိုင်တာ
Octo Clean ပဲ ရှိပါတယ်။ 🤝

အဲ့ဒါကြောင့် လူကြီးမင်းတို့ရဲ့ အိမ်နေရာ ညစ်ပေနေတာလေးတွေမှန်သမျှ သန့်ရှင်းသွားအောင်၊ သန့်ရှင်းပြီးသားတွေလည်း ပိုပြီးတောက်ပြောင်သွားအောင် Octo Clean မှ Reshining လုပ်ပေးပါရစေ။

အသေးစိတ်ကို သိရှိလိုပါက

☎️ ဖုန်းနံပါတ် - 09767222329, 09757586868 ကို ဆက်သွယ်မေးမြန်းနိုင်ပြီး

m.me/octocleanmyanmar တွင်လည်း မေးမြန်းနိုင်ပါပြီ။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်ကြီးထဲမှာ လူနေအိမ်များ၊ ရုံးခန်းနေရာများ၊ စက်ရုံများရဲ့ သန့်ရှင်းရေးဟာလည်း အရေးကြီးတဲ့ အခန...
04/10/2021

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်ကြီးထဲမှာ လူနေအိမ်များ၊ ရုံးခန်းနေရာများ၊ စက်ရုံများရဲ့ သန့်ရှင်းရေးဟာလည်း အရေးကြီးတဲ့ အခန်းတစ်နေရာကို ရောက်ရှိလာခဲ့ပါပြီ။ 💯

သန့်ရှင်းတဲ့နေရာ၊ သန့်ရှင်းတဲ့အိမ်၊ သန့်ရှင်းတဲ့ရုံးခန်းတွေဟာ လူမှု့ပတ်ဝန်းကျင်ကို အကျိုးပြုစေပြီး ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်ကို ဖြစ်ပေါ်စေပါတယ်။

ဒီလိုအချက်တွေကြောင့်ပဲ Octo Clean ရဲ့ Multi Cleaning Service ဆိုတာ ဖြစ်တည်လာခဲ့တာပါ။

✅ လူကြီးမင်းတို့ရဲ့ အိမ်၊ ရုံးခန်း၊ စက်ရုံများကို အချိန်တိုအတွင်း မြန်ဆန်စွာ သန့်ရှင်းတောက်ပြောင်ဖို့အတွက် Octo Clean က သန့်ရှင်းရေး ဝန်ဆောင်မှု အမျိုးမျိုးကို ဈေးနှုန်းသက်သာစွာနဲ့ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။

ရရှိနိုင်မယ့် Octo Clean ရဲ့ Multi Cleaning Service တွေကတော့ …

📌 Housekeeping ဝန်ဆောင်မှု

အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်၊ မီးပူတိုက်၊ ဟိုတယ်နဲ့ serviced apartment ဝန်ဆောင်မှုများ ပါဝင်ပါတယ်။

📌 ရုံးခန်းနဲ့ အများပြည်သူသုံးနေရာများ သန့်ရှင်းရေး ဝန်ဆောင်မှု

ဒီဝန်ဆောင်မှုမှာတော့ အချိန်ပိုင်း သန့်ရှင်းရေး ဝန်ဆောင်မှု ပါဝင်ပြီး ရုံးချိန်နဲ့ ညှိနှိုင်းပြီး ဝန်ဆောင်မှုပေးပါတယ်။

📌 Deep Cleaning ဝန်ဆောင်မှု

အိမ်အတွင်း အသေးစိတ်၊ အဆောက်အအုံ အပြင်၊ ရေကူးကန်နဲ့ ရေပန်းအလှအဆင်၊ ရေညှိနဲ့ ပေါင်းမြက် သန့်ရှင်းရေး ဝန်ဆောင်မှု ပါဝင်ပါတယ်။

📌 ပိုးသတ်ဆေးဖြန်း ဝန်ဆောင်မှု

လူနေအိမ်များ၊ ရုံးခန်းများ၊ ကားအတွင်း၊ အများပြည်သူသုံးနေရာများ ကို ပိုးသတ်ဆေးဖြန်း ဝန်ဆောင်မှု ဖြစ်ပါတယ်။

📌 ဆောက်လုပ်ပြုပြင်ပြီး လုပ်ငန်းခွင် သန့်ရှင်းရေး ဝန်ဆောင်မှု

ဆောက်လုပ်ပြုပြင်ပြီးခါစ အဆောက်အဆုံ လုပ်ငန်းခွင်များကို သန့်ရှင်းရေး ဝန်ဆောင်မှု လုပ်ပေးတာပါ။

📌 စက်ရုံ၊ အလုပ်ရုံများ သန့်ရှင်းရေး ဝန်ဆောင်မှု

စက်ရုံ၊ အလုပ်ရုံများ သန့်ရှင်းရေးကို အလုပ်ချိန်နဲ့ ညှိနှိုင်းပြီး ဝန်ဆောင်မှုပေးပါတယ်။

📌 ကြမ်းပြင် ကြမ်းခင်းနဲ့ ပက်သက်တဲ့ အထူးဝန်ဆောင်မှု

ကွန်ကရစ် ကြမ်းခင်း၊ ကြွေပြား၊ ကျောက်ပြား သန့်ရှင်းရေး၊ marble crystallization၊ ပါကေး အရောင်တင်၊ ကြမ်းခင်း ကြေးချွတ်၊ sealer waxing ဝန်ဆောင်မှုတို့ ပါဝင်ပါတယ်။

📌 ပြန်လည်ပြုပြင်ရေး ဝန်ဆောင်မှု

ပရိဘောဂ အဟောင်းများ၊ ဆိုဖာကူရှင်၊ အိမ်တွင်း အသေးစား ပြုပြင်ပြင်ဆင်ရေး ဝန်ဆောင်မှုတို့ ဖြစ်ပါတယ်။

📌 ကော်ဇော၊ လိုက်ကာ၊ ဆိုဖာ၊ စပရိန်မွေ့ရာများ လျှော်ပေးသော ဝန်ဆောင်မှု

ကော်ဇော အခြောက်လျှော်၊ လိုက်ကာ၊ ဆိုဖာကူရှင် အခြောက်လျှော်၊ ရုံးသုံးထိုင်ခုံ အခြောက်လျှော်၊ စပရိန်မွေ့ရာ အခြောက်လျှော် တို့ကို ဝန်ဆောင်မှုပေးပါတယ်။

📌 အခြားဝန်ဆောင်မှုများ

After Event သန့်ရှင်းရေး၊ အဲကွန်း၊ အဝတ်လျှော်စက် ဆေးကြောခြင်း ဝန်ဆောင်မှု တို့ ဖြစ်ပါတယ်။

လူကြီးမင်းတို့ အိမ်နေရာ၊ ရုံးခန်း၊ စက်ရုံများအတွက် သန့်ရှင်းရေးလုပ်ရတာ အခက်အခဲဖြစ်လာရင် Octo Clean ကို ဆက်သွယ်ဖို့ မမေ့လိုက်ပါနဲ့။

အသေးစိတ်ကို သိရှိလိုပါက

☎️ ဖုန်းနံပါတ် - 09767222329, 09757586868 ကို ဆက်သွယ်မေးမြန်းနိုင်ပြီး

m.me/octocleanmyanmar တွင်လည်း မေးမြန်းနိုင်ပါပြီ။

ယခုအချိန် ကိုဗစ်တတိယလှိုင်းအကျော်ကာလမှာ ကူးစက်ခံရပြီးပြန်လည်ကောင်းမွန်လာသူအချို့မှာလည်း ပြန်လည်ကူးစက်ခံနေရတဲ့အသံတွေကြားန...
22/09/2021

ယခုအချိန် ကိုဗစ်တတိယလှိုင်းအကျော်ကာလမှာ ကူးစက်ခံရပြီးပြန်လည်ကောင်းမွန်လာသူအချို့မှာလည်း
ပြန်လည်ကူးစက်ခံနေရတဲ့အသံတွေကြားနေရတာကြောင့်.. လူကြီးမင်းတို့ ရုံးနှင့်နေအိမ်များမှာ ပိုးမွှားကာကွယ်ဖို့ လုပ်ဆောင်ပြီးပြီလား?

ဒီတတိယလှိုင်းဟာ ကျွန်မတို့ဖျားနာခဲ့ကြရရုံတင်မဟုတ်ပဲ ရင်ထဲမှာထိခိုက်ခြင်းများစွာဖြင့်ကျန်ခဲ့ကြရပါတယ်
Covid ကူးစက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့ အသက်ရှုမဝ၊ မူးဝေ၊ ချောင်းဆိုး၊ အဆုတ်နဲ့ ရင်ဘတ်တွေအောင့်၊ အဆစ်အမြစ်တွေနာကျင်၊ အားမရှိသလိုဖြစ်ခြင်းတွေကို ထပ်မံခံစားနေကြရပါသေးတယ်

ဒါ့ကြောင့် ကိုဗစ်ရဲ့မျိုးကွဲတွေ အမျိုးမျိုးပြောင်းလဲမတူညီနိုင်တာနဲ့အတူ ကျွန်မတို့ပိုမိုဂရုစိုက်ကြဖို့ လိုအပ်ပါတယ်နော်
_ Mask တွေကိုစနစ်တကျတပ်ဆင်ကြပါ
_ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် သေချာစွာဆေးကြောပေးပါ
_ မိမိ အိမ်နှင့် ရုံးပတ်ဝန်းကျင်တွေကိုလည်း သန့်ရှင်းရေးသေချာစွာပြုလုပ်ပြီး ပိုးသတ်ဆေးဖြန်းခြင်းဖြင့် ဦးစွာကြိုတင်ကာကွယ်ထားပါ

ပိုးသတ်ဆေးဖြန်းရာတွင်လည်း 360 degree system ကျရန်နှင့် စိတ်ချရသောဆေးကို အသုံးပြုဖို့လိုအပ်ပါက Octo Clean မှာ
_ Material Safety Data Sheet ရရှိထားပြီး
_ Quality Assurance (48hr)
_ သက်ကြီးရွယ်အို/ ကလေးများ နှင့် အိမ်မွေးတိလေးများကို ထိခိုက်မှုမရှိစေနိုင်တဲ့ စိတ်ချရသောဆေးကို အသုံးပြုဖို့ အကြုံပြုပါရစေရှင့်

အခု လတ်တလော ကြားရတဲ့ သတင်းတွေကြောင့် လူကြီးမင်းတို့ရော 🐙 Octo Clean 🐙 ပါ စိတ်အတော်ထိခိုက် ရပါတယ်ရှင်။ 😥လူကြီးမင်းတို့၏နေ...
04/08/2021

အခု လတ်တလော ကြားရတဲ့ သတင်းတွေကြောင့် လူကြီးမင်းတို့ရော 🐙 Octo Clean 🐙 ပါ စိတ်အတော်ထိခိုက် ရပါတယ်ရှင်။ 😥

လူကြီးမင်းတို့၏နေအိမ်နှင့် ပတ်ဝန်းကျင် မှာ Covid - 19 နဲ့ အခြား Bacteria / Virus
တွေ ရန်မှကာကွယ်ဖို့ 🐙 Octo Clean 🐙 ကတာဝန်ယူပေးပါရစေရှင့်။

Octoclean မှ Covid - 19 Positive ရှိသောနေအိမ်များ ၊ ရောဂါပျောက်ကင်းပီးစနေအိမ်များ ၊ Covid သံသယလူနာနေအိမ်များကို ပိုးသတ်ဆေးဖြန်း ဝန်ဆောင်မှုပေးပါတယ်။ 👍🏻

ကျွန်မတို့ 🐙 Octo Clean 🐙 ရဲ့ ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှုက
✅အဆောက်အအုံ အတွင်းသာမက အပြင်ပါ ပိုးသတ်ပေးနိုင်ပြီး ပိုးသက်ဆေးဖြန်း ပြီး မိနစ်အနည်းငယ်အတွင်းမှာတင် Covid 19 နှင့် အခြားမမြင်နိုင်သောရောဂါပိုး များကိုသေစေနိုင် ပါသည်။
✅ဆေးရုံအဆင့်မှီ လက်မှတ်ရရှိပြီးသော ပိုးသတ်ဆေး အသုံးပြုထားသောကြောင့် ပိုးသက်ဆေးဖြန်းပီးရင်ပြန်ဆေးစရာမလိုလို့ အလုပ်ရှုပ်သက်သာစေပါတယ်နော်။
✅USA, Germany, Singapore တို့တွင် အသုံးပြုသောထောက်ခံချက်ရထားသော ပိုးသတ်ဆေးရည်များသာအသုံးပြု ထားတာကြောင့်
✅ ဖိုးဖိုး ဖွားဖွား ၊ ကလေးငယ် ၊ အိမ်မွေး တိရစ္ဆာန် များ အပေါ် ထိခိုက်မှုမရှိပါ။
✅နေရာ အနှံ့ကို လျင်လျင်မြန်မြန်နှင့် သေချာစွာ ဖြန်းပေးနိုင်သော ULV Misting Machine
✅စိတ်ချရသော ပီပီအီး ဝတ်စုံ အပြည့်အစုံ တို့ကိုအသုံးပြုကာ
✅ကျွမ်းကျင်တဲ့ ပညာရှင်တွေက ဖြန်းပေးသွားမှာဖြစ်ပါတယ်။
✅ အခမဲ့ Survey လည်း ပြုလုပ်ပေးပါသည်။

📄📄📄 ကျွန်မတို့ Octo Clean မှ ဆေးဖြန်းပြီးပါက Service Completion Certificate လည်း ထုတ်ပေးပါတယ်ရှင့်။ 📄📄📄

ဈေးနှုန်းကတော့ 👇👇👇
ဆေးရည်အမျိုးအစားပေါ်မူတည်၍ 1 square feet ကို ၅၀ ကျပ် နှင့် ၈၀ ကျပ် ကြားသားကျသင့်မှာဖြစ်ပါတယ်။ စတုရန်းပေ ၁၀၀၀ အထက် ကျယ်ဝန်းပါက Chat Box မှာ ဈေးစုံစမ်းနိုင်ပါတယ်ရှင့်။
တိုက်ခန်းနေသူများနှင့် ဆိုင်ခန်းဖွင့်သူများ အတွက် ၂ ခန်းနှင့် အထက် ဖြန်းလိုပါက ဈေးသက်သာစေရန် Promotion တွေ ရှိပါတယ်နော်။ 😯😍
အသေးစိတ် သိရှိလိုပါက
📞 09767222329, 09757586868 ✅ နှင့် 💬 Page Messenger ✅ မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှု ◀လူကြီးမင်းတို့ရဲ့ အိမ်၊ ရုံး ပတ်ဝန်းကျင်ကို Corona Virus - Covid 19 ရဲ့ အန္တရာယ် ကာကွယ်နိုင်...
23/07/2021

ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှု ◀
လူကြီးမင်းတို့ရဲ့ အိမ်၊ ရုံး ပတ်ဝန်းကျင်ကို Corona Virus - Covid 19 ရဲ့ အန္တရာယ် ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှုကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်
ကျွန်မတို့ 🐙 Octo Clean 🐙 ရဲ့ ပိုးသတ်ဆေးဖြန်းဝန်ဆောင်မှုက
👍 အဆောက်အအုံ အတွင်းသာမက အပြင်ပါ ပိုးသတ်ပေးနိုင်ပြီး
👍 ဆေးရုံအဆင့်မှီ လက်မှတ်ရရှိပြီးသော ပိုးသတ်ဆေး
👍 နေရာ အနှံ့ကို လျင်လျင်မြန်မြန်နှင့် သေချာစွာ ဖြန်းပေးနိုင်သော ULV Misting Machine
👍 စိတ်ချရသော ပီပီအီး ဝတ်စုံ အပြည့်အစုံ တို့ကိုအသုံးပြုကာ
👍 ကျွမ်းကျင်တဲ့ ပညာရှင်တွေက ဖြန်းပေးသွားမှာဖြစ်ပါတယ်။
📄📄📄 ကျွန်မတို့ Octo Clean မှ ဆေးဖြန်းပြီးပါက Service Completion Certificate လည်း ထုတ်ပေးပါတယ်ရှင့်။ 📄📄📄
ဈေးနှုန်းကတော့ 👇👇👇
1 square feet ကို ၅၀ ကျပ် နှင့် ၈၀ ကျပ် ကြားသားကျသင့်မှာဖြစ်ပါတယ်။ စတုရန်းပေ ၁၀၀၀ အထက် ကျယ်ဝန်းပါက Chat Box မှာ ဈေးစုံစမ်းနိုင်ပါတယ်ရှင့်။
တိုက်ခန်းနေသူများနှင့် ဆိုင်ခန်းဖွင့်သူများ အတွက် ၂ ခန်းနှင့် အထက် ဖြန်းလိုပါက ဈေးသက်သာစေရန် Promotion တွေ ရှိပါတယ်နော်။ 😯😍
အသေးစိတ် သိရှိလိုပါက
📞 09767222329, 09757586868 ✅ နှင့် 💬 Page Messenger ✅ မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

Deep Cleaning ~ Promotion - အသေးစိတ် သန့်ရှင်းရေး - အိမ်ပြောင်းအိမ်ရွေ့သန့်ရှင်းရေး - ဆိုင်ခန်း၊ ရုံးခန်း အသစ် အတွက် သန်...
01/05/2021

Deep Cleaning ~ Promotion
- အသေးစိတ် သန့်ရှင်းရေး
- အိမ်ပြောင်းအိမ်ရွေ့သန့်ရှင်းရေး
- ဆိုင်ခန်း၊ ရုံးခန်း အသစ် အတွက် သန့်ရှင်းရေး
- သန့်ရှင်းရေးစက်များ၊ အဆင့်မှီ ဆေးပစ္စည်းများ အသုံးပြုခြင်း
- Promotion~မည်သည့် deep cleaning လုပ်ပါက Sq ft 1000 အတွက် ပိုးသတ်ဆေးဖြန်းပေးမှာသွားပါ

Deep Cleaning ~ အသေးစိတ်သန့်ရှင်းရေး

Octo Clean ရဲ့ နောက်ထပ် ဝန်ဆောင်မှုအသစ် Deep Cleaning ~ အသေးစိတ်သန့်ရှင်းရေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။

လူကြီးမင်းတို့၏ အသုံးမပြုဖြစ်သော တ်ုက်ခန်းများ၊ဆိုင်ခန်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆိုင်ခန်း၊ရုံးခန်း အသစ်ဖွင့်ရန် သန့်ရှင်းတောက်ပြောင်နေအောင် ပြုလုပ်ပေးခြင်း၊ ရေဂျိုး၊ဆီဂျိုးများ ချွတ်ပေးခြင်း စသည်များကို သန့်ရှင်းရေး စက်များနှင့် အဆင့်မှီ စက်ပစ္စည်းများ အသုံးပြုပြီး သန့်ရှင်းပေးမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ သန့်ရှင်းပေးရမဲ့ အနေအထားပေါ် မူတည်၍ 1 sq ft ကို MMK 100 ~ 300 ကြား ယူပါတယ်ရှင်။ Sq ft 1000 နှင့် အောက် ကျယ်တဲ့ အဆောက်အအုံများအတွက်ကတော့ MMK 100,000 ကျပ်နဲ့ သန့်ရှင်းပေးပါတယ်။

အထူး ပရိုးမိုးရှင်းအနေနဲ့ Sq ft 1000 နှင့် အောက် ရှိတဲ့ မည်သည့်အဆောက်အအုံမဆို ပိုးသတ်ဆေးဖြန်း အခမဲ့ ပြုလုပ်ပေးမှာမို့ Covid အတွက်ပါ ကြိုတင် ကာကွယ်ပြီးသားဖြစ်သွားတာမို့ အရမ်းတန်ပါတယ်ရှင်။

မှာယူလိုပါက နှစ်ရက် ကြိုတင်၍
Page Messenger နှင့် 09 420 187519 ကို အမြန်ဆုံး Booking တင်နိုင်ပါတယ်။

01/02/2021

အခု ဖြစ်ပေါ်နေသော နိုင်ငံရေး အ​ခြေအနေ မငြိမ်သက်မှုကြောင့်
OctoClean မှ ဝန်ဆောင်မှုများကို အတတ်နိုင်ဆုံး ပေးနိုင်ရန် ကြိုးစားလျက်ရှိပါတယ်။
အကယ်၍ ဆက်သွယ်မှု အခက်အခဲကြောင့် ဝန်ဆောင်မှု နောက်ကျခြင်း ဝန်ဆောင်မှု မပေးနိုင်​ခြင်းများ ဖြစ်ပေါ်ခဲ့ပါက ကြိုတင်၍ အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင်။ 🙏
OctoClean မိသားစုမှလည်း ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ရန် ကြိုးစားလျက်ရှိပြီး အားလုံးကိုလည်း ဘေးမသီရန်မခစေရန် ဆုတောင်းလိုက်ပါတယ်ရှင်။

Address

32(A), Mingalar Street, Saw Bwar Gyi Gone, Insein, Yangon, Myanmar, 〶11011
Dagon
11011

Telephone

+959767222329

Website

Alerts

Be the first to know and let us send you an email when Octo Clean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share