21/11/2025
✅နောင်ရိုးGroup မှ လေးစားစွာဖြင့် အသိပေးခြင်း
ယခု ရက်ထဲတွင် နောင်ရိုးGroup မှ အလုပ်နား လိုက်သောဝန်ထမ်းအချို့သည် ရုံးမှအိမ်ရှင်များထံ သို့
သူ့အားအလုပ် တိုက်ရိုက်ခေါ်ပေးပါရန်ဆက်သွယ်နေပါတယ်။
ပြန်အသိပေးသော အိမ်ရှင်များရှိသလို အသိမပေးပဲ မိမိ တို့ဘာသာ ချိတ်ဆက်ပြီး အလုပ်လုပ်ကြသော အိမ်ရှင်များလဲ ရှိနေပါတယ်။
❤️အသိပေးသော အိမ်ရှင်များကို နောင်ရိုး(Group)မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင်❤️
ယခုပြောလိုသောအကြောင်းမှာ မည်သူမဆို လွတ်လပ်စွာ ချိတ်ဆက်နိုင်ပါတယ် ရှင်။
ကျွန်မတို့ ရုံးမှ ဘယ်လို အချက်တွေ ဖြစ်လာရင်အလုပ်မှနားလဲဆိုရင်
⛔ အလုပ်ချပေးသောအိမ်သို့ မသွားသူ
⛔ လူမှုရေးပြစ်ချက် ရှိသူ
⛔ စာရိတ္တပိုင်း ချို့ယွင်းချက်ဖြစ်လာသူ
⛔ ရုံးမှ မသိအောင်အိမ်ရှင်နှင့် ငွေကြေးကိစ္စအရှုပ်အရှင်းဖြစ်သူ(အိမ်ရှင်မှ ပြန်တိုင်သောကြောင့်သိရပါသည်။)
⛔ဝင်ချိန်နောက်ကျပြီး အချိန်မပြည့်ခင်စောပြန်ချင်သူ
⛔အလုပ်ဝင်ပြီးချိန်တလလောက်ဆိုလျှင် ရုံးမှ လူများကိုလေးစားမှုမရှိတော့သူ
⛔ငါမရှိရင်မဖြစ်ဘူးဟုထင်လာသူ
⛔အကြိမ်များစွာလိမ်လည်ပြောဆိုသူ
⛔အလုပ်မရှိချိန်အလုပ်ခန့်ပေးသောအခါကကျေးဇူးတင်ပြီးအချိန်နည်းနည်းကြာသည်နှင့်အိမ်ရှင်မှပေးသောဝန်ဆောင်ခအားအေးဂျင့်ရုံးသို့မပေးချင်ဖြစ်လာသူ(လောဘတတ်လာသူ)
စသည့်အချက်တွေဖြစ်လာရင် အလုပ်မှ အပြီးနားပါတယ်ရှင်။
#မည်သည့်ပြစ်ချက်မှမရှိပဲရုံးမှအလုပ်မထုတ်ပါ
ထို့ကြောင့်
⛔ရုံးမှခေါ်ယူခြင်းမဟုတ်သော လူများကြောင့် တချိန်ချိန်တွင် ပြဿနာ ဖြစ်ပေါ်လာပါက မည်သည့်ကိစ္စမှ ကူညီပေးမည်မဟုတ်ကြောင်းနှင့်( #တချို့ကပြဿနာဖြစ်မှကျွန်မတို့ကိုသတိရကြပါသည်။)
⛔ရုံးမှမသိပဲ မိမိတို့နှစ်ဦးသဘောတူဖြစ်ပေါ်လာသော ကိစ္စအဝဝသည်
ကျွန်မတို့ နောင်ရိုး Group နှင့်လုံးဝ(လုံးဝ)မသက်ဆိုင်ပါကြောင်းအသိပေးအပ်ပါသည်။
နောင်ရိုးအချိန်ပိုင်းအကူဝန်ဆောင်မှု Group
☎️09755803598