Chan Myay Linn အချိန်ပိုင်းအိမ်အကူ နှင့် Cleaning Service

  • Home
  • Myanmar
  • Yangon
  • Chan Myay Linn အချိန်ပိုင်းအိမ်အကူ နှင့် Cleaning Service
Call Directions

Chan Myay Linn အချိန်ပိုင်းအိမ်အကူ နှင့် Cleaning Service Satisfaction is our concern for our clients..meantime considering for well being of service partners.

30/09/2026

ကပ်စတန်မာ ....
ကျနော်ကတယောက်တည်းနေတာ ..အမျိုးသမီးတွေလာမယ် ဆိုရင် အဆင်မပြေလောက်ဘူး..။

၀န်ထမ်း ....
ကျမတို့ ကို အိမ်ရှင်ကတခုခုလုပ်နိုင်လား..အမျိုးသားတယောက်တည်းနေတဲ့အိမ်ဆိုရင်မသွားချင်ဘူး..။

အေဂျင်စီကိုကြားခံတာသည်နှစ်ဖက်လုံးရဲ့ဘေးကင်းရေးအတွက် လည်း ဖြစ်ပါတယ်။

ကပ်စတန်မာကိုလည်း၀န်ထမ်းက မတရားမစွပ်စွဲကြပါဘူး။ ဒီအလုပ်လုပ်ဖို့ ရွေးချယ်ပြီဆိုတည်းက အများစုက ရိုးရိုးသားသား နဲ့ရှာစားချင်လို့ လူအများ မလုပ်ကြတဲ့အလုပ်ကိုတောင် လုပ်ပြီး ဖြူစင်တဲ့ငွေကိုပဲရှာကြတာဖြစ်ပါတယ်။ လော့ဂျစ်ကျကျ တွေးကြည့်ပါ။

ဝန်ထမ်းကိုလည်းကပ်စတန်မာက မတော်မတရား မလုပ်ကြပါဘူး။ အမျိုးသားတယောက်တည်းရှိတဲ့အိမ်မှာ မီးပူတိုက်အ၀တ်လျှော်ကြရင် အဲ့အမျိုးသားတွေက အပြင်၀ရန်တာမှာထွက်ထိုင်နေတာဖြစ်ဖြစ် ..သူ့အခန်းထဲတံခါးပိတ်နေတာဖြစ်ဖြစ် လုပ်ကြပါတယ်။ သူ့သိက္ခာအရ သူ့ကိုယ်သူထိန်းသိမ်းတန်ဖိုးထားတတ်ကြတာကိုတွေ့ရပါတယ်။

တခုပဲဖြစ်နိုင်ပါတယ်..

ကပ်စတန်မာကစပြီး စကားပျိုးလာမယ်..
အပြင်မှာ ဒိတ်လို့ရမလား
နောက်ရက်ခေါ်လို့ရမလားစသဖြင့် intro ၀င်မယ်.

၀န်ထမ်းကလည်း နဂိုတည်းက ဒါမျိုးလူမှုရေးရှုပ်ထွေးတတ်သူဆိုရင်တော့ ဒီ၂ဦးကရုံးဘက်မသိအောင် နောက်ထပ်ဇာတ်လမ်းရှိချင်ရှိမပေါ့.။ ရုံးဘက်ကတော့ ကပ်စတန်မာနဲ့၀န်ထမ်းလူမှုရေးမပတ်သက်ရလိူ့ စည်းကမ်းထုတ်ပီးသားဖြစ်ပါတယ်။

ဆိုလိုချင်တာကအေဂျင်စီကလာတဲ့၀န်ထမ်းကို အဲ့လိုမျိူးမလုပ်ရဲကြပါဘူး.။ ပါးစပ်နဲ့စကားစပျိုးလာရင်တောင်ရုံးကိူဖုန်းဆက်ပြီးပြန်လာလို့ရပါတယ်။
လုပ်လက်စအလုပ်ကို ထားခဲ့ပါ။ အဲ့လိုအိမ်မျိုးကိုလည်း ၀န်ထမ်းထပ်ချပေးမှာမဟုတ်ပါဘူး။

ကပ်စတန်မာဘက်မှလည်း အေဂျင်စီမှလာတဲ့၀န်ထမ်းထဲ မရိုးမသားပတ်သက်ရန် စကားကမ်းလှမ်းမှုပြုသူကိုတွေ့ရပါက ရုံးဘက်ကို အကြောင်းကြားနိုင်ပါတယ်ရှင့်
အလုပ်မှတခါတည်းအပြီးရပ်နားတာမျိူးလုပ်မှာပါ။

29/09/2026

အလုပ်ရှင်က၀န်ထမ်းကို ကပ်စတန်မာနဲ့တိုက်ရိုက်မဆက်သွယ်အောင်ဘယ်လိုလုပ်သလည်း ?

ကျမတို့page မှာ မန့်ထားတဲ့ bro တယောက်ရဲ့မေးခွန်းလေးကို ဒီကဖြေပေးပါရစေ။ reply ပြန်လို့မရလို့ post တင်ပြီးဖြေပေးလိုက်ပါတယ်။

အေဂျင်စီလုပ်ငန်းတူတွေလည်း သိချင်ကြမယ် လို့ ထင်ပါတယ်။

အဖြေ က အဲ့လိုလုပ်နိုင်တဲ့နည်း မရှိပါဘူး..

အိမ်ထဲကို ထည့်ပေးလိုက်ရပြီဆိုတည်းက အိမ်ရှင်နဲ့၀န်ထမ်းက ချိတ်ဆက်ဖို့ အခွင့်အရေး 100% ရှိပြီးဖြစ်ပါတယ်။ မရိုးသားတဲ့သူချင်း စည်းမရှိသူချင်းကတော့ ချိတ်ကိုချိတ်ကြမှာ ကျော်ကို ကျော်ကြမှာဖြစ်ပါတယ်။နေ့ချင်းရှင်းနေ့စားပေးမို့ ချိတ်ရသွားကြတာနေမယ်။ လစာနဲ့ပေးကြည့်ပါလား။ လစာနဲ့ပေးရင်လည်း ဒီလကုန်သွားရင်နောက်လကစပြီးအိမ်ရှင်နဲ့ကြိုချိတ်ထားကြမှာပါ။ ဒီလကုန်ရင်ထွက်မယ်လို့ ရုံးကိုလည်းကြိုပြောထာကြမှာပါ။ သရ္စာရှိတဲ့ စည်းရှိတဲ့၀န်ထမ်း စည်းရှိတဲ့ကပ်စတန်မာကို ရဖို့ဆိုတာ အတော်ရှားပါတယ်။ ၂ဖက်လုံးကစည်းမရှိလို့ ဒီကိစ္စတွေဖြစ်တာပါ။ နည်းလမ်းတခုပဲရှိပါတယ်။ မိမိ၀န်ထမ်းကို နေ့စဥ်အလုပ်ပေး နေ့ချင်းရှင်း တလ၆သိန်းနဲ့အထက်လောက်၀င်ငွေရှာပေးနိုင်မှ ကြာကြာလုပ်သူပေါ်လာပါမယ်။ အဲ့တာလည်း တနှစ်လောက်အလွန်ဆုံးပါပဲ။ တလ၆သိန်းကျော်ရှင်း ၆လကနေ ၈လလောက်အတွင်းဆို မူပျက်လာကြပါတယ်။ နည်းမျိုးစုံနဲ့ခွင့်ယူပီး အိမ်ရှင်တွေဆီခွင့်ရက်အတွင်းသွားလုပ်ကြပါတယ်။ ဒါကြောင့်အေဂျင်စီတွေမှာ ရေရှည်လုပ်သက်ကြာ၀န်ထမ်း ရှားပါးခြသ်းဖြစ်ပါတယ်။ လူသစ်ပြန်ခေါ်ရတဲ့စရိတ်စက ..ကပ်စတန်မာအသစ်ရှာရတဲ့ digital marketing cost တွေအမြဲကုန်ကျနေခြင်းကလည်း အဲ့ဒီအကျော်အခွဇယားတွေကြောင့်ပဲဖြစ်ပါတယ်။ အေဂျင်စီတခုလည်ပတ်နိုင်ဖိူ့ ငွေကြေးတောင့်တင်းတဲ့သူတောင်အနည်းဆုံးတနှစ်မှတနှစ်ခွဲလောက်အထိ တောင့်ခံနိုင်ရပါတယ်။ အိတ်ပေါက်နဲ့ဖားကောက်နေရတာကိုး။ ကောက်ထည့်လိုက်တဲ့ဖားတိုင်း အိတ်ပေါက်ကပြန်ပြန်ထွက်ကျသွားတာဆိုတော့ :P

25/09/2026

ကပ်စတန်မာများအား အသိပေးကြေငြာခြင်း...

ကျမတို့ချမ်းမြေ့လင်းမှ အလုပ်ထွက်ထားသော /အလုပ်ထုတ်ထားသောဝန်ထမ်းတချို့သည်ကပ်စတန်မာများအား ချမ်းမြေ့လင်းမှ ဟု ဆက်သွယ်ကာ အလုပ်ဆင်းရန် ဖုန်းဆက်နေမှုများရှိသည်ဟု ကြားသိရပါသည်။ ရောက်ဖူးသောအိမ်များ၏လိပ်စာဖုန်းများကိုထိုသူများထံတွင်သိမ်းထားသဖြင့် ဆက်သွယ်ကြခြင်းဖြစ်သည်ကို သိရှိခန့်မှန်းမိပါသည်။

ချမ်းမြေ့လင်းအေဂျင်စီသည်ဝန်ဆောင်မှုယူသောကပ်စတန်မာတိုင်းအား ဝန်ဆောင်မှုယူမယ့်ရင်မတိုင်မီတရက်အလိုတွင် လာမည့်ဝန်ထမ်း၏အမည်ဖုန်းကို Viber မှကြိုတင်မက်ဆေ့ပေးပို့သည့်စနစ်ရှိပါသည်။ ထိုသို့ ကြိုတင်မက်ဆေ့ပေးပို့ခြင်းမရှိပဲ ဖုန်းမှတဆင့် (ရုံးမှစေလွှတ်ခြင်းမရှိပဲ )ပုံမှားရိုက်ကာ ဆက်သွယ်လာမှုများရှိပါက ထိုသူများသည် ချမ်းမြေ့လင်း၏လက်ရှိဝန်ထမ်းများမဟုတ်ပါကြောင်း သတိပေးလိုပါသည်။

သံသယဖြစ်ဖွယ်ကိစ္စရပ်များရှိပါက ချမ်းမြေ့လင်းရုံးဘက်သို့သက်ဆိုင်ရာရုံးဖုန်းများမှတဆင့် ဆက်သွယ်အသိပေးပြောကြားပေးပါရန် နှင့် လူကြီးမင်းတို့၏ပူးပေါင်းဆောင်ရွက်မှုကိုကျေးဇူးအထူးတင်ပါသည်ရှင့်။

#အချိန်ပိုင်းအိမ်အကူ
#သန့်ရှင်းရေး
#အဝတ်လျှော်

20/09/2026

ဘိုင်နိမ်းခေါ်တတ်သူ တချို့သို့...

ရုံးဘက်ဝန်ထမ်းက ဖုန်းဆက်ပြီး ဝန်ဆောင်မှုယူရအဆင်ပြေမပြေ မေးတဲ့အခါ တချို့က မဖြေချင်ပါဘူး။ ဘိုင်နိမ်းခေါ်ထားတာ အဆင်မပြေရင် ပြောမှာပေါ့ လို့ အငေါ်တူးတတ်ကြပါတယ်။

တချို့ဆို ဖုန်းကိုင်ထားရင်းကနေ
"သူတို့ မမေးအောင် ဘယ်လိုလုပ်ရမလည်းမသိဘူး.."ဆိုပီး မကြားတကြားပုံမျိူးနဲ့ ပြောတတ်ကြပါသေးတယ်။

အဲ့လိုအချိန်ယူ ပိုက်ဆံအကုန်ခံလုပ်ပေးထားတာ ကပ်စတန်မာတွေအတွက်ပါရှင့်။

ကျမ ရှင်းရှင်းပဲပြောပါမယ်။

Follow up လိုက်တဲ့ဝန်ထမ်း ကို သီးသန့်ထားပီး လစာနဲ့ခန့်ထားတာသည် အချိန်ပိုင်းအိမ်အကူတွေ အလုပ်မှာ အလေးအနက်ရှိအောင် မပေါ့လျော့အောင်
ခိုးဝှက်တာမျိုးမဖြစ်ရအောင် အိတ်ပြလား လက်မှတ်ထိုးခိုင်းလား ဆိုတာ နေ့တိုင်းလိုက်ကြပ်မတ်နေတာဖြစ်ပါတယ်။

တပတ်၃ရက် တလ 12ခါလောက်ယူသူတွေ ။တလ 8ခါလောက်ယူသူတွေကို
အမြဲမမေးပါဘူး။ သုံးလေးကြိမ်လောက်မှတခါ စုမေးတာပါ။

တခုခုဖြစ်ရင်သာအေဂျင်စီအပေါ်အပြစ်တင်မယ်။ ဒါမျိုးfollow up လုပ်တော့ကြလည်း ၅မိနစ်လောက်တောင်
မပူးပေါင်းပေးချင်ကြပဲ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့စကားတွေလည်း မသူံးကြပါနဲ့ (ကိစ္စတခုခုဖြစ်ခဲ့သော် ).

ငါတို့လိုက်မကြည့်နိုင်ဘူး ။မအားဘူး။
နင်တို့လူ နင်တို့ အာမမခံဘူးလား။
တာဝန်မယူနိုင်ဘူးလား လို့ လွယ်လွယ်လေးမပြောပါနဲ့။

မိသားစုပေါင်းစုံက လာသူတွေ ။ကိုယ်တွေအတွက်လည်းတစိမ်းတွေကိုအလုပ်ပေးထားရတဲ့ကျမတို့က ကျမတို့လူတွေ မခိုးတတ်ပါဘူး။တာဝန်အပြည့်ယူပါတယ်လို့ စကားလွယ်လွယ်မပြောတတ်ပါဘူး။ ကျမတို့ကို အလုပ်လာလျှောက်ချိန်တုန်းမှာ
သူတို့ကလည်း ကျမတို့ကခိုးတတ်တဲ့ရာဇဝင်ရှိဖူးပါတယ်လို့ဘယ်သူကပြောမလည်း။ခိုးတတ်သူကိုရော ကျမတို့ကလက်ခံပြီးအလုပ်ပေးမလား။

အဲတော့ ကိုယ်ရေးအချက်အလက်ယူ ဓါတ်ပုံရိုက် အကုန်ထောင့်စေ့အောင်လုပ်ပီးနေ့စဉ်follpw up လုပ်ရတာပါပဲ။

လက်မှတ်ထိုးခိုင်းရင် ထိုးမပေးချင်ဘူး။ အိတ်စစ်ပေးဆိုရင်မစစိပေးချင်ဘူး။ ဒီလောက်လေးလောက်တောင်မလုပ်ပေးချင်။follow up လုပ်ရင်မဖြေချင်ရင် အဆိုပါကပ်စတန်မာတွေကို ကျမတို့ကလည်း မမေးတော့ပါဘူး။ အဆိုပါအိမ်မှာလုပ်ကိုင်ရတဲ့အချိန်ပိုင်းအိမ်အကူရဲ့ အလုပ်အပေါ်အလေးထားခြင်းမထားခြင်း/စာရိတ္တပိုင်းဆိုင်ရာကိစ္စရပ်များအတွက် follow up လုပ်ရင် ငြူစူတတ်ကြသောကပ်စတန်မာများကိုယ်တိုင်သာလျ‌င်
တာဝန်ရှိပါတယ် ဆိုတဲ့အကြောင်း
အခုကနေ စပြီးအသိပေးအပ်ပါတယ်။

18/09/2026
15/09/2026

ညဘက်တွေမှာ
ဖုန်းလည်းမကိုင်ချင်သလို
Viber/ messenger တွေကနေလည်း
စကားမပြောချင်ပါဘူးရှင်

ဘွတ်ကင်မှတ်ရုံလောက်နဲ့မပြီးပဲ
စုံစမ်းမေးမြန်းတာတွေလည်း
အသေးစိတ်မေးကြတာတွေရှိလို့ပါ။

ဒီအလုပ်က online shop လို
Stock ကိုကြည့်ပီး ပစ္စည်းရှိသလောက်အော်ဒါထိုင်လက်ခံလိုက်ရုံမျိုးမဟုတ်ပါဘူး။ အသေးစိတ်ပါတယ်။

လိုသလို ခွင့်ယူမဲ့ဝန်ထမ်းတွေ
လိုသလိုတင်တတ်ကြတဲ့ကပ်စတန်မာတွေ
ကြောင့် ဘယ်နှစ်ယောက်စာလက်ခံမယ်ဆိုတာ ပုံသေဖရိန်ချထားလို့မရပါဘူး
နေ့တိုင်းအပြောင်းလဲရှိပါတယ်။

ဆိုလိုရင်းက အပြင်လူကို
အွန်လိုင်းစာဖြေထားလို့မရပါဘူး

ဒါကြောင့် ရုံးဝန်ထမ်းတွေကိုင်တဲ့
ရုံးချိန် မနက်9-ညနေ 5အတွင်းအတတ်နိုင်ဆုံးဆက်သွယ်ပေးကြဖို့ပဲမေတ္တာရပ်ခံချင်ပါတယ်။

တချို့တွေ Viber ကနေစာပို့လာရင်
ရုံးချိန်ကျော်လွန်လို့ နောက်ရက်reply ပြန်ပါမယ် ဆိုပီးauto reply လုပ်ထားလည်း
တခုပီးတခု ဆက်တိုက်မေးကြပါတယ်။

ညဘက်တွေမှာ အလုပ်လုပ်ရင်
အမှားယွင်းများပါတယ်
ပါစင်နယ်အချိန်ဖြစ်လို့မိသားစုကိစ္စတွေနဲ့ရှုပ်နေချိန် စာရင်းမမှတ်မိရင်ကပ်စတန်မာတွေလည်းနစ်နာပါတယ်။ အဲ့လိုမျိုးလည်းမဖြစ်ချင်ပါဘူး။ ရုံးချိန်အတွင်းဆို ဒီကိစ္စတွေအတွက်သီးသန့်ခန့်ထားတဲ့ရုံးဝန်ထမ်းတွေက သေချာ replyပြန်နိုင်ပါတယ်။ ဖုန်းဆက်ပေးရင်ပိုကောင်းပါတယ်။ မိမိလိုချင်သူရမရကိုလည်းပြောပေးနိုင်ပါတယ်။

သုံးနှစ်နီးပါး စနေတနဂ်နွေမရှိ ပိတ်ရက်မရှိတဲ့ admin လည်း ညဘက်8နာရီနောက်ပိုင်းတော့ဖုန်းပိတ်ပါတော့မယ်။ တကယ်အဆင်မပြေတော့လို့ပါ။

တပတ်နှစ်ရက်/တရက် စသဖြင့် ရုံးဝန်ထမ်းတွေ အလုပ်တွေနားကြတာ စိတ်ပိုင်းဆိုင်ရာ အရ လိုအပ်လို့ နားရက်ပေးတဲ့စနစ်ရှိနေတာဖြစ်ပါတယ်။ ဒါလေးတောင်မဖြေချင်ဘူးလား။ မဖြေချင်သူများကိုခန့်ထားလိုက်လည်းအလွယ်မဆိုကြပါနဲ့။
ဒီအလုပ်က မလွယ်ကူပါဘူး။
ည8နာရီ အထိ ရပါတယ်။ အဲ့နောက်ပိုင်းတော့ သည်းခံပေးပါ။

15/09/2026

#အရင်တခါကရပြီးအခုတခါ ဘာလို့မရတာလည်း ?😛😂😂

🚨ဘိုင်နိမ်းလာတင်တဲ့ကပ်စတန်မာတချို့က သူတို့တောင်းတဲ့လူကို လိုချင်တဲ့ရက် /အချိန် မှာ မရရင် ခုလိုပြောတတ်တော့ ကျမတို့လည်း ရယ်ရအခက် ငိုရအခက်ပါ။ :👀👁️🙄😒

🚨အလွယ်ဆုံးဥပမာပြရရင် express ကားနဲ့ခရီးဝေးထွက်တဲ့အခါ လက်မှတ်ဖြတ်သလိုပါပဲ။ အရင်တခေါက်က လူကြီးမင်း ဆယ်ရက်နေ့မှာ ကားလက်မှတ်ဖြတ်ခဲ့တာ ရခဲ့ပေမယ့် အခုလမှာတော့ ဆယ်ရက်နေ့မှာ တခြားကပ်စတန်မာတွေက ကားလက်မှတ်ဖြတ်သွားလို့ မရနိုင်တာမျိုးရှိနိုင်ပါတယ်။👌👌👌

🚨တခါတလေကျတော့လည်း ဆယ်ရက်နေ့တိုင်း ကားစီးတဲ့ခရီးသည်ကမသွားဖြစ်လို့ လက်မှတ်ပြန်ရောင်းတဲ့အခါ လူကြီးမင်းကရသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။😜😜😜

🙌ဒါကြောင့် မိမိလိုမှ ဘွတ်ကင်လှမ်းတင်တတ်သူတွေက အေဂျင်စီကို အချိန်/ရက် ပုံသေပြောပီး ပုံမှန်ယူနေကျ လူတွေလိုမျိူး မိမိတင်တဲ့အချိန် /ရက်မှာ ရမယ် ။မရမယ် ဆိုတာ ပုံသေသတ်မှတ်ယူဆလို့မရနိုင်ပါဘူး။ 💯

💡💡🔑🔑ဖုန်းဆက်ကြည့်ကြပါ (မက်ဆင်ဂျာ/Viber တွေကဆက်သွယ်နေရင် တယောက်နဲ့တယောက် reply ကြာသွားရင် မရတတ်ပါဘူး) ဖုန်းဆက်လိုက်တာ အမြန်ဆုံးပါ။

🧡ဒီလောက်ဆိုရင် ဘာလို့ မရတတ်တာလည်း ဆိုတာကို သိနိုင်ပြီလို့ ယူဆပါတယ်ရှင်။

#အချိန်ပိုင်းအိမ်အကူ #မီးပူတိုက်
#သန့်ရှင်းရေး #အဝတ်လျှော်

14/09/2026

အေဂျင်စီတွေ လက်တွဲချင်တာ ဒီလိုဝန်ထမ်းမျိုးတွေပါ။

တော်‌တဲ့သူအများစုကရေရှည်သစ္စာမရှိကြဘူး။ ကိုယ်တွေရဲ့ အတွေ့အကြုံအရပေါ့။

နှစ်ချီပြီး အေဂျင်စီနဲ့ တွဲတဲ့ တော်တဲ့ဝန်ထမ်းတွေမရှိမဟုတ်ဘူး။ရှိပါတယ်။
အရေအတွက်နည်းပါတယ်။ အဓိကက
လောဘကိုအတောမသတ်နိုင်ကြလို့ပါ။

တော်ပြီးသစ္စာရှိသူဆိုရင် အေဂျင်စီတွေကလည်း တော်ရုံအကြောင်းနဲ့လက်တွဲမဖြုတ်ကြပါဘူး။ဖြုတ်ရလောက်တဲ့အ
ကြောင်းတကယ်ရှိမှသာလျှင်ဖြုတ်ပစ်တာဖြစ်ပါတယ်။

လစဉ်ဝင်ငွေကောင်းကောင်းရချင်သူများသည် အလုပ်မှာ ကျွမ်းကျင်ကြဖို့လိုသလို လောဘကို ချွန်းအုပ်နိုင်ဖို့လိုအပ်ပါတယ်။

#အချိန်ပိုင်းအိမ်အကူ
#သန့်ရှင်းရေး #အဝတ်လျှော် #မီးပူတိုက်

14/09/2026

မီးမလာရင် တခြားဟာ လုပ်ခိုင်းလို့ရလား?

မီးပူတိုက်ခေါ်ထားတဲ့ကပ်စတန်မာတွေထဲကတချို့က ကြို‌တင်မေးတတ်ကြပါတယ်။ ရပါတယ်ရှင်။

မီးမလာရင် အဝတ်လျှော် သန့်ရှင်းရေး
စတာတွေလုပ်ခိုင်းလို့ရပါတယ်။

ပြန်လွှတ်လို့တော့မရပါဘူးရှင်။
အိမ်ရှေ့ရောက်ပြီးမှ မီးမလာလို့ ပြန်တော့ဆိုရင် ဝန်ဆောင်ခအပြည့်ပေးဆောင်ရပါမယ်ရှင်။

ကပ်စတန်မာပိုက်ဆံကိုလည်း ဒီအတိုင်းမယူချင်သလို ဝန်ထမ်းလေးတွေရော
ရုံးဘက်ရောလည်းမနစ်နာစေချင်ပါဘူး။

အားလုံး win_win_win ဖြစ်မှ
ရေရှည်အဆင်ပြေတဲ့ လုပ်ငန်းကောာင်းတခု/image ကောင်းတဲ့လုပ်ငန်းကောင်းတခု ဖြစ်လာပါမယ်ရှင်။

#အချိန်ပိုင်းအိမ်အကူ
#သန့်ရှင်းရေး #မီးပူတိုက်

08/09/2026

ကိုယ်ချင်းစာစိတ်သည် အလွဲသုံးစားပြုလုပ်ရန် မဟုတ်ပါ ..

တချို့ဝန်ထမ်းဟောင်းတွေရှိခဲ့ဖူးပါတယ်
"အဖေဆုံးသွားလို့ ဒီနေ့အလုပ်မသွားနိုင်တော့ဘူး /မနက်ဖန်မနက်မသွားနိုင်တော့ဘူး။ (သူ့ပါးစပ်ထဲသေတဲ့အဖေက အရင်တည်းကသေပြီးသား )

တချို့ကျ ကျောင်းသားမိဘတွေခေါ်တွေ့လို့ မဖြစ်မနေသွားရမှာမလို့။ နောက်ရက်သွားတွေ့ပါ။ အခုက ဘွတ်ကင်လက်ခံထားပီးသားမလို့ပါ ပြောလည်းမရ။

တချို့ကျ "ကလေး ထမင်းရည်ပူလောင်သွားလို့ ဆေးခန်းပြရမှာမလို့ မနက်ဖန်မသွားနိုင်တော့ဘူး။" တကယ်လောင်ရင် ဒီနေ့တည်းက ဆေးခန်းပြေးရမှာပါ :P


သူတို့ပြောတာတွေယုတ္တိတန်သည် မတန်သည်မစဉ်းစား။ ပါးစပ်ထဲတွေ့ရာဆင်ခြေပေးရင်း အဆိုင်းဖျက်ပစ်ကြတယ်။

အေဂျင်စီကနာမည်ပျက်မခံနိုင်တော့ကပ်စတန်မာကို FOC ပြန်လုပ်ပေးရတယ်။
ယုံကြည်မှုရဖို့က ပိုက်ဆံထက်ပိုအရေးကြီးတာကိုး။

ကိုယ်တွေရဲ့ကိုယ်ချင်းစာစိတ်က အလွဲသုံးစားလုပ်ခံရပါများပီး သူတို့က ဘာမှမနစ်နာပဲ ကိုယ်တွေကအိတ်စိုက် FOC ရတာကြာတော့မခံနိုင်တော့ပြီ။

အလုပ်လာလျှောက်တည်းက အရေးပေါ်ပျက်ရင်အဆိုင်းကြေး (FOC ပြန်ဝင်မဲ့သူကိုပေးရမယ့်လုပ်အားခ) ပြန်လျော်ပေးရမယ် လို့ရှင်းပြတယ်။ သဘောတူရင်လုပ်။မတူရင် မလုပ်ပါနဲ့။ အလုပ်ပေးမှာမဟုတ်ပါဘူး လို့ တခါတည်းပြောတော့ ပေးပါမယ်ပေါ့။

ကတိတောင်းပြီးတကယ်အလုပ်ချပေးရော အရေးပေါ်ဖြစ်တဲ့အချိန်လျော်ခိုင်းရင် တချို့ကလျော်တယ်။ တချို့က
မလျော်ဘူး။ ဖုန်းဆက်ရင်မကိုင်ဘူး။ ဘယ်လိုတာဝန်ယူပေးမလည်းမေးရင်အကြောင်းမပြန်ကြဘူး။ ပြန်ကြားရတာကအေဂျင်စီက ကိုယ်ချင်းမစာတတ်ဘူး တဲ့။ ဝင်လာတည်းက သဘောတူမှအလုပ်ရမယ် လို့ပြောပီးသားဖြစ်ပါတယ်။

တကယ်အရေးပေါ်ကိစ္စပေါ်လို့ အလုပ်မသွားသူထက် ကျန်းမာရေး/နာရေးတခုခုအကြောင်းပြပီး ကပ်စတန်မာအိမ်ခိုးသွားသူက ပိုများပါတယ်။ တကယ်ပျက်သင့်လို့ပျက်သူတွေ ကို ယူရတာတော့စိတ်မကောင်းပါဘူး။

အခွင့်အရေးယူသူတွေသာမရှိရင် FOC ကြေးမလျော်ပဲ ရှော်ပေးလိုက်လို့ရပါတယ်။ တကယ်ကျအေဂျင်စီမှာ အဲ့လိုဖြစ်ရင် ပျက်တဲ့ရက်အတွက်ရော focပေးရတဲ့ရက်အတွက်ရောနစ်နာရတာပါ။

ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး
သူ့ဘက်ကကြည့်ရင်လက်ဖဝါးပါ
ကပ်စတန်မာကို အာမခံပေးရတဲ့အေဂျင်စီတွေသည်အလုပ်ကိုပေါ့ပျက်ပျက်လုပ်လို့မရပါဘူး။ အေဂျင်စီဘက်ကိုလည်းကိုယ်ချင်းစာတတ်ဖို့လိုအပ်ပါတယ်။

ကြိုက်သလိုနားမယ်။အဆင်ပြေသလိုနားမယ်။လုပ်ချင်တဲ့အချိန်လုပ်မယ်။ ကပ်စတန်မာကကျော်ခေါ်ချိန် နင်တို့ချပေးတာမသွားဘူး။ အကြောင်းပြပီးဟိုဘက်ခနသွားလုပ်အုန်းမယ် ဆိုသူများ လာလည်းမလျှောက်ပါနဲ့။ အဲ့အတွက် အဆိုင်းကြေးလျော်ရပါမယ်နော်။

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959770165061

Website

Alerts

Be the first to know and let us send you an email when Chan Myay Linn အချိန်ပိုင်းအိမ်အကူ နှင့် Cleaning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share