Khit Brother ကားဝပ်ရှော့ & Spa

Khit Brother ကားဝပ်ရှော့ & Spa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khit Brother ကားဝပ်ရှော့ & Spa, Car wash, အမှတ်/၅၃၀/မင်းကြီးလမ်း/ရွာမ အရှေ့/အင်းစိန်/GTI ကျောင်းဘေး။, Yangon.

Hello Hello .....Page လေးကို အသက်မသွင်းဖြစ်တာ အတော်ကြာသွားပါပြီ။မကြာခင် ခေတ်ဘရားသား မိသားစုမှ မိုးရာသီ ပရိုမိုးရှင်း အသစ...
01/05/2025

Hello Hello .....
Page လေးကို အသက်မသွင်းဖြစ်တာ အတော်ကြာသွားပါပြီ။
မကြာခင် ခေတ်ဘရားသား မိသားစုမှ
မိုးရာသီ ပရိုမိုးရှင်း အသစ်တွေနဲ့ အတူ
လာခဲ့ပါမယ်နော်။

Coming soon!
Khit Brother Family
No (530)/ Min Gyi Street/ Ywar Ma/ Insein.
09459276005

လှစ်...ခနဲ ဆိုဝှစ်...ခနဲ ဖြစ်ဖို့နှစ်သစ်မှာ ခေတ်သစ် ညီအစ်ကိုများက ပိုချစ်ပေးမယ်... ယုံ 😍ကားအတွင်းခန်း မျက်နှာကျက် သီးသန်...
24/01/2024

လှစ်...ခနဲ ဆို
ဝှစ်...ခနဲ ဖြစ်ဖို့

နှစ်သစ်မှာ ခေတ်သစ် ညီအစ်ကိုများက
ပိုချစ်ပေးမယ်... ယုံ 😍

ကားအတွင်းခန်း မျက်နှာကျက် သီးသန့် ပရိုမိုးရှင်း
* တစ်လ* 👌

Taxi ၁၈၀၀၀ ကျပ်😳
အိမ်ကား ၂၀၀၀၀ ကျပ်(ကားသေး)😮

ကြာမြင့်ချိန် ၁ နာရီ🤔

KHIT BROS
& SPA
09400698238
၅၃၀၊ မင်းကြီးလမ်း၊
ရွာမအရှေ့ အင်းစိန် (GTI ကျောင်းဘေး)။

19/12/2023

ဝပ်ရှော့ (၄) ခု ပေါင်းပြင်ရတဲ့ ကား

ဘဝရဲ့ မှတ်ကျောက် တစ်ခုပေါ့လေ။

ကားရဲ့ error က ဂီယာစောင့်တာ၊ တစ်ခါတစ်လေ စက်သေတယ်၊ ကိုယ့်ရုံမှာ ၅ လပိုင်းထဲက တစ်လတစ်ခါ ပုံမှန်လာပြနေကျ။

အသိသူငယ်ချင်း ကားပိုင်ရှင် အမျိုးသားက အဝေးမှာ
ကားက ဂရုစိုက်ပေးရင်းနဲ့ကို ဟိုနေရာက ဖောက်လိုက်၊
ဒီနေရာက ဖောက်လိုက်နဲ့...။

အင်ဂျင်ချက်မီးကလဲ မလင်းတော့ သူပြောတဲ့ပုံစံနဲ့ အနီးဆုံး အစိတ်အပိုင်းတွေဘဲ စစ်ဆေးလိုတာ လုပ်ပေးလိုက်ရတယ်။ ကုန်ကျစရိတ် အနည်းဆုံး ချုံ့ရတာလဲ ပါတာပေါ့လေ။

တစ်ရက်တော့ သူငယ်ချင်း အမျိုးသမီးက
"ကားကရေတွေ ပွက်... ပွက်ဆူလို့ ညီမ မမောင်းရဲတော့လို့ အစ်ကို အိမ်လာယူပေးပါတဲ့"။

ကိုယ်လဲ Taxi လေးငှားပြီး တပည့်ကျော်တစ်ယောက်ခေါ်ပြီး
လိုက်ကြည့်တော့ ရေလည်အုံ ဘောသံတွေက ညံနေတယ်...။

"ညီမ အိမ်မှာတော့ ပြင်ပေးလို့မရ၊ အလုပ်ရုံယူသွားပြီး ရေလည်အုံဘော လဲမှရမယ်လို့..."

ကိုယ်လည်း မင်္ဂလာဒုံကနေ အင်းစိန်အထိ လမ်းမှာ ၃ ခါလောက်နားပြီး ကားကိုထိန်းမောင်းလာခဲ့လိုက်တယ်။

ခရေပင်လမ်းခွဲ ပွိုင့်လဲရောက်တော့ စက်လေးပိတ်ပြီး မီးပွိုင့်စိမ်းတော့ ပြန်နိုး ဂီယာထိုးတော့ ကားက လီဘာမနင်းရဘဲ
ဝူး...ဆိုမောင်းထွက်သွားတယ်။
ဘေးက "တပည့်က ဆရာဖြေးဖြေးလေတဲ့ ကားစမ်းမယ်ဆိုလဲ လမ်းရှင်းမှ စမ်းတာ မဟုတ်ဘူးတဲ့ 🙃"။

"မင်းဂျီးတော်ကြီးက ငါတောင်လီဘာမနင်းရသေးဘူး သူ့ဖာသူစောင့်ထွက်သွားတာ ဟလို့"...။

တပည့်တော်ကတော့ ပြောပါတယ်။
" JZ တွေမွှေရင်တော့ တပည့်တော့ ခွင့်ယူတော့မယ်တဲ့"။

ရုံရောက်တော့ ရေလည်အုံဘောလဲ ပြီး
ကားစက်ပြန်နိုးတော့ RPM က ဝူး... ဝေါနဲ့....
"ဟေ့ကောင်တွေ ဘယ်သူတွေ ဘာအပိုင်းစမ်းထားသေးလဲ?"
ဆိုတော့
" ဆရာ့ဒီကား အထာသိလို့ ဘယ်သူမှ ဘာအပိုင်းမှ မထိပါဘူးဗျာတဲ့"

လေတံခါးဖြုတ်စစ်တော့ လေတံခါးလျှာက ဆင်ဆာကမကစား...
"လေတံခါး လဲပေးလိုက်မလား ဘောစိတဲ့"
"မလုပ်အုံးနဲ့ဟ"
ကွန်ပျူတာနဲ့ ကုတ်ပြန်ချိန်တော့ လေတံခါးက ငြိမ်သွားတယ်။

ရေလည်အုံ ဘောလဲခနဲ့ ရေလည်အုံဘော ဖိုးဘဲပေးလို့ customer ကိုတောင်းတော့ တပည့်တွေက သိပ်မကြည်။

ကိုယ်နဲ့ပေါင်းရင် ပရဟိတတွေ ဖြစ်ကုန်တယ် 😅

တာမွေမှာမိတ်ဆွေများခဲ့ပေမယ့်
အင်းစိန်မှာ အလုပ်ရုံဖွင့်တော့ မိတ်ဆွေက မရှိ။
စေတနာ၊ အနစ်နာ အရင်းခံလိုက်တော့ တစ်နှစ်မပြည့်ခင် တစ်ဆင့်စကား တစ်ဆင့်နားနဲ့ မိတ်ကရလာတယ်...။

အဲ့အထဲမှာ ပညာရှင်တွေပါ အတော်ပါလာတယ်။
ဝါယာရိန်း ဆရာတွေ၊ ကွန်ပျူတာဘောက် ပြုပြင်ရေးဆရာတွေ၊ ဆေး၊ဘော်ဒီ ဆရာတွေ၊ ဝပ်ရှော့၊ ကိုယ်ပိုင်ရေဆေး၊ spa ဆိုင်တွေက လုပ်ငန်းရှင်တွေပါ။

ဆေးလိပ်၊ ကွမ်း ဒါလည်း သူတို့ပြန်ကျွေးသွားတာက ပိုများပါတယ်။ ရေဆေးနှင့် ကား spa ထည့်ထားတော့ ကားလေးတွေ လာပို့ပေးလိုက် ကားရေလာဆေးရင်းနဲ့ တော်ကီထိုင်ဖုတ်လိုက်ပေါ့...။

အကျိုးအမြတ်က ပစ္စည်းတစ်ခု... ခုလို
ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ကိုကြီး လာယူဆိုတာချည်းဘဲ
( ပညာရှင်ဆိုတာ တစ်ကယ် သန့်စင်၊ မွန်မြတ်တဲ့လူတွေ)

လုပ်ငန်းတူတွေတောင် လိုအပ်ရင် လူလွှတ်ကူပေးတဲ့
မိတ်ကောင်းဆွေ မွန်တွေ။

ထုံးစံအတိုင်း တစ်ရက်တော့ မင်းသားလေး JZ ဝပ်ရှော့ပြန်ရောက်လာတယ်....။

စမ်းမောင်းကြည့်တော့ ဝူး... ဝေါ အပြင် ဘရိတ်ပြန်ဖမ်း သလို၊
ကလပ်ပြန်ဖမ်းသလို၊ ကားကိုပြန်ဖမ်းထားတယ်။

၁။
ဘရိတ်အပိုင်း စစ်ဆေးတော့လဲ ကားက ဒရိမ်ပြန်သရမှာကလွဲရင်
ကျန်တာ အကောင်း manual နဲ့ ပြန်ချိန်း ကရောင်းတွေပါ ဖွင့်ပြီး ပြန်စစ်တော့လဲ မထူး။

၂။ ဂီယာဘောက် မောင်းတိန်းကျိုးတာ လဲပြီးတော့လည်း
ကားက မထူးခွား။

၃။ အော်တိုဆီလဲတော့လဲ ဂျီးတွေများတာ သန့်ရှင်းရေးလုပ်ပြီး ပြန်စမ်းတော့လဲ ကားက မထူးခြား။

၄။ဘားဘော်ဒီ သီးသန့်ကျွမ်းကျင်သမားခေါ် ဖြုတ်ဆေးတော့လဲ မထူးခြား၊ အစ်ကိုတဲ့ အထိုင့်ဆော့ကဒ်တွေက အော်တွေမဟုတ်ဘူးတဲ့ ပြန်ထွင်ထဲ့ထားတာတဲ့ အစ်ကို့စိတ်ရင်းသိလို့သာ အလုပ်ကခွင့်ယူပြီးလာခဲ့ရတာ ကားက ဘားဘော်ဒီတင်မဟုတ်ဘူး ကလပ်ပြားတွေပါ ထိနေပြီတဲ့။

ဖုန်းတွေက ဆက်နေရပြီ....။
ဒီကားဇစ်မြစ်ကိုလဲ ကိုယ့်ဆီလာတဲ့ ဆရာတွေကို ပြောပြတိုင်ပင်
ပြီးသားဆိုတော့
အားလုံး သဘောတူညီမှုနဲ့ ပစ္စည်းစုံ စိတ်သဘောထားကောင်းတဲ့
ဝပ်ရှော့မှာ ဝိုင်းဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။

၅။ အဲ့လိုအခြေအနေအထိ ကားက ဘာချက်မီးမှ မလင်းဘူး။

၆။ ဝါယာရိန်းအပိုင်း စတင်ဖြည်ရရော ကျော်ထားတယ်ကိုကြီးရေတဲ့၊ ကျော်ထားတဲ့နေရာ တစ်လိုင်းချင်းလိုက်ရမယ်တဲ့။

၇။ နေအုံးကွာ လှိုင်သာယာက ဘောက်ဆရာတို့ ကိုကြီးကို စောင့်လိုက်အုံးလို့ ရောက်လာတော့ ချစ်ကိုကြီးက ဘောက် ၃ လုံးလောက်နဲ့ ပြောင်းပြီးစမ်းလဲ မထူး 😒။

၈။ ဂီယာဘောက်က ဘားဘော်ဒီလိုင်းပိတ် ကလပ်ပြားထိ၊ ပြင်မလား၊ လဲမလား.???
"ကိုဂျပန်ဆီပို့ထားတာ ဟ
ပြင်ခတောင် ငါသွားမပေးရသေးဘူး 😂"

ဝါယာရိန်းဆရာနှင့် ဝပ်ရှော့ဆရာတွေ ပေါင်းပြီး

၉။ ဝိုင်းဖြုတ်၊ ဝိုင်းတင်နဲ့ ဂီယာဘောက်လဲပြီးတော့
ကားက ဂီယာစောင့် မဖမ်းတော့ဘူး

"နေအုံး ကြာကြာစမ်းမောင်းကြမယ်ကွာ" ဆိုတော့

၁၀။ ကားက အင်ဂျင်ပူလာရင် လေတံခါး ချက်မီးပြပြီး
လီဘာနင်းလဲ သိပ်မသွားတော့ ပြန်အေးသွားရင် အကောင်းဗျ... ဒင်းက

၁၁။ လေတံခါးလဲ မထူး... (စက်သံပိုငြိမ်သွားတာကလွဲရင်)

၁၂။ ဆီလိုင်းလိုက်ကြတာပေါ့လေ
ထင်တဲ့အတိုင်း ဝါယာရိန်းကျော်ထားတော့ ဆီဖစ်တာထဲမှာ မဲညစ်နေပြီ၊ လဲကွာလို့ (မလဲလို့မှ မရတာ)

၁၃။ ဒီတိုင်းဆို အင်ဂျက်တာတွေပါ စစ်မှရတော့မယ်ကိုကြီးရေတဲ့

ဖုန်းက ဝင်လာတယ်...
"Taxi ခတွေက တစ်ရက်ကို လေးသောင်းခွဲ ကုန်တယ်ကိုကြီးရေတဲ့ မနက်ဖြန် ညီမလေးကားသုံးစရာတွေ ရှိလို့ ဒီနေ့ညနေ
အပြီးလုပ်ပေးနော်တဲ့"
"ဟဲ့ နင့်ကားက sensor တွေက အစ တစ်ခုချင်းလိုက်ပြန်စစ်နေရတာ"
"ခန့်မှန်း ကုန်ကျစရိတ်လေး ပြောပြအုံးတဲ့"
ကိုယ်က အကြမ်းတွက်ပြီး ပြန်ပြောလိုက်တော့

သူ့အမျိုးသားက လိုင်းပေါ်တက်ပြီး
"ညီလေးပြောတော့ ဂီယာဘောက်လဲတာ ဒီလောက်ပမာဏဘဲ
ကုန်မယ်ဆိုတဲ့"

"အခုပိုကုန်တော့ အစ်ကို့
အမျိုးသမီးနဲ့ မိုးမလင်းသေးဘူး ပြသနာ တက်နေပြီတဲ့"

"ဟုတ်တယ်လေလို့ ဂီယာဘောက်က ပြန်ကောင်းသွားပြီ တစ်ခြားအပိုင်းတွေ လိုတာလုပ်ပေးနေတာလို့ မိန်းကလေးမောင်းတာလဲ ဖြစ်နေလို့"

"ကဲ့ ကိုကြီး အဲ့လိုဆို ဂီယာဘောက် အပိုင်းကျသင့်ငွေကိုသာ ပေးပါလို့ ကျန်တာ ညီလေးအကုန်စိုက်ပြီး လုပ်ပေးပါ့မယ်၊ ဘာလို့ဆို တစ်ခုခုဆို ဒီကားက ညီလေးအလုပ်ရုံကို ပြန်လာမှာ မို့လို့လို့။"

** ကိုယ့်အစ်ကို ဆရာတွေဆိုတာ သူတို့အလုပ်ရုံတွေ ထားခဲ့ပြီး အဆင်ပြေကားလေး ကောင်းသွားပါစေတော့ဆိုတဲ့ စေတနာနဲ့ ဝိုင်းကူရှင်းပေးနေကြတာ **

Taxi ခတွေ
တစ်လိုင်းချင်း ဖြုတ်လဲစမ်းသပ်ထားတဲ့ ပစ္စည်းတွေ
အစ်ကိုကြီး ကျွန်တော့မှာ ရှိတယ်ဆိုပြီး ချက်ချင်း
သူ့ဝပ်ရှော့ကို ဖုန်းဆက် တပည့်တစ်ယောက်ယောက်ကို
လာပေးခိုင်းတဲ့ ညီအစ်ကိုတွေ

လှိုင်သာယာက ဘောက်ဆရာရေ ကျေးဇူးအထူးလို့

Khit Brother ကားဝပ်ရှော့ & Spa
မှ ညီအစ်ကိုများရဲ့ ရင်ထဲ ကျေးဇူးကဗျည်းတင် မှတ်တမ်းပြုစုလျှက်...

မနက်ဖြန် JZ လေး
နေကောင်း ကျန်းမာဖို့အတွက်

💞 အချစ်တွေဟောင်းလို့ အသစ်ပြောင်းစရာမလို 🆒 အိုးစကူးကြီးလဲလန်း 🚙💋 နောက်ဆုံးပေါ် မော်ဒယ်သစ်တွေလဲကြွသူထက်ကြွ၊ လှသူထက်လှ 🏎🍻 တ...
25/11/2023

💞 အချစ်တွေဟောင်းလို့ အသစ်ပြောင်းစရာမလို

🆒 အိုးစကူးကြီးလဲလန်း 🚙

💋 နောက်ဆုံးပေါ် မော်ဒယ်သစ်တွေလဲ
ကြွသူထက်ကြွ၊ လှသူထက်လှ 🏎

🍻 တစ်ပတ်ရစ်တွေလဲ
ဝင်း၊ဝါ၊စို၊စိ၊အိ၊ညက် 🚗

အဆွေတော်တို့၏ အချစ်တော် 💝💕❣ တီ...တီ...တာ...တာ... ကွီ...ကွီ...ကွာ...ကွာ
ကားလေးများအတွက်
ခေတ်ဘရားသား ညီအစ်ကိုများမှ ဆိုင်ဖွင့်ပွဲ တစ်နှစ်ပြည့် အကြို 🎡

🛐 ကျေးဇူးတော်ပြု 📢
(10% off)
ပစ္စည်းဖိုး လက်ခ အပါ
(Car Spar အတွက်မည်သည့်ဝန်ဆောင်မှု မဆို)

🎊 💎 🎪
ဒီဇင်ဘာ (၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ)

အမှတ် ၅၃၀
မင်းကြီးလမ်း
ရွာမအရှေ့
အင်းစိန်

ဟပ် 🤹‍♀️
ချ 💦
လောင်း... ဖြစ်ချင် ကြိုတင်ဟယ်လိုလုပ်ဖို့
09400698238

🙏 *၂၉၊၁၁၊၂၀၂၃* အထိ 💫
ကြိုတင်အပ်နှံသော ကားများရှိပါသဖြင့်

ကစားကွင်းက ဘယ်တော့ဖွင့်မှာလဲတဲ့ 😁😁😁Time city ကနေ booking လုပ်ထားလို့ပါ ဗျာ အစ်ကို အောက်ပိုင်းထည့်ဗျာ 😎ဗျာ ကားအောက်ပိုင်း...
03/11/2023

ကစားကွင်းက ဘယ်တော့ဖွင့်မှာလဲတဲ့ 😁😁😁
Time city ကနေ booking လုပ်ထားလို့ပါ ဗျာ

အစ်ကို အောက်ပိုင်းထည့်ဗျာ 😎
ဗျာ
ကားအောက်ပိုင်း လုပ်ချင်လို့ ပြောတာဗျ 😍

အော်... ဟုတ်ကဲ့

ဆေး... ဘော်ဒီက မရသေးဘူးလား 😌

ဒီရုံမှာ လုပ်ချင်တာ ဗျ 😘

စက်ပေါ်လစ်က ဘယ်တော့လုပ်မှာလဲ? ??
စက်တွေကျွန်တော် ဝယ်လာပေးရမလား
ဝယ်ရောင်းဗျ၊ ကိုယ်ပိုင်ရေဆေး၊ ဆီထိုးရုံရှိတယ်။
Lucky ရှိလို့ လာဆေးနေတာ 😋

ရော့.... ရော့.... ဒါ ကလေးတွေအတွက် မုန့်ဖိုး

မောင်လေးရေ...
ကားက တွန့်ဆုတ်၊ တွန့်ဆုတ်နဲ့ ငါမမောင်းရဲတော့လို့ ဘယ်နားမှာ ရပ်ထားလိုက်ပြီ Mobile Team လွှတ်ပေးတော့ 😌
ဟုတ်ကဲ့ ခင်ဗျ

ကားက ညဘက်လမ်းမှာ ပျက်သွားလို့ ဘောစိက သော့လာပေးခိုင်းတာ အစ်ကို အဆင်ပြေသလို ကြည့်စီစဥ်ပေးပါတဲ့

ဟုတ်ကဲ့ ခင်ဗျ

တောင်တန်းတွေနှင့် ပင်လယ်ကိုကျော်ပြီး
မနက်ခရီးသွားရမှာ၊ ရုံးဆင်းရင် ကားလာထိုးပေးမယ်
မနက်စောစော အဆင်ပြေအောင် လုပ်ပေး

ဟုတ်ကဲ့ ခင်ဗျ 😓

ဗိုလ်တထောင်၊ တာမွေ၊ ကန်တော်လေး၊
ရန်ကင်း၊ သဃ်န်းကျွန်း၊ တောင်ဒဂုံ၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်း၊ မြောက်ဥက္ကလာ၊ မဂ်လာဒုံ၊ သမိုင်း၊ လှိုင်သာယာက အမျိုးတွေ အဆင်ပြေတယ်ဟုတ်

အရာအားလုံးအတွက် ရပ်တည်မှုရအောင် အားပေးကြသော Customer တိုင်းအတွက် ဦးမြူ ဝပ်ရှော့နှင့် ကားရေဆေး မိသားစုဝင်များမှ ကျေးဇူးပါ 🙏

စျေးသက်သာတယ်၊ အချိန်စောင့်စရာ မလိုဘူး၊ ဝန်ဆောင်မှုကောင်းတယ် သူငယ်ချင်း Taxi သမားတွေက ညွှန်းလွန်းလို့ လာခဲ့တာ 😍

ပိုက်ဆံရှာရခက်တဲ့ ကာလမှာ ခင်ဗျားလို အလုပ်ရုံကို အားကိုးနေရတာဗျာ

အင်ဂျင်ဝိုင်၊ အော်တိုဝိုင် ၃၀၀၀၀ ကျပ် ဝန်းကျင်မှ သိန်းကျော်တန် အထိ (အနီးအနား စျေးမေးပြီးမှ လာရောက်အားပေးပါ)

ကား ကျန်းမာမှုအပိုင်း ကားအောက်ပိုင်းအတွက်
အာမခံ ကာလဖြင့် 😱

ကားဂီယာဘောက် ( အစိတ်အပိုင်း တစ်ခုမှ၊ ဂီယာဘောက် အလုံးလိုက်အထိ) အာမခံကာလဖြင့်

ကားရေဆေး၊ လက်ပေါ်လစ်

ကားဆေးသားဟာ ခင်ဗျာတို့ အရေပြားဗျ
အစီးတိုင်း
ဝန်ဆောင်မှု ကျေနပ်လား မေးပြီးမှ ပြန်လည်ထွက်ခွာခွင့် ပြုတာ

ပိုမိုသာလွန် ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့်

Khit Brother ဦးမြူ (ဝပ်ရှော့ & spa)

09400698239

အမှတ်(၅၃၀)၊ မင်းကြီးလမ်း
ရွာမ အရှေ့၊ အင်းစိန် (GTI ကျောင်းဘေး)

https://maps.app.goo.gl/ewuF9dfyiS56aSpb6?g_st=iv

Address

အမှတ်/၅၃၀/မင်းကြီးလမ်း/ရွာမ အရှေ့/အင်းစိန်/GTI ကျောင်းဘေး။
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959400698238

Website

Alerts

Be the first to know and let us send you an email when Khit Brother ကားဝပ်ရှော့ & Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Brother ကားဝပ်ရှော့ & Spa:

Share

Category