26/01/2021
ဈေးသက်သာခြင်း နှင့် အရည်သွေး
--------------------------------
စျေးသက်သာတာကောင်းတာပေါ့........
စျေးပေါပေါယူတော့ အလုပ်အပ်သူများတယ်လေ.......
• Brand အကောင်းစား Polish ဆေးဆိုတာသုံးစေချင်ပီး ကားလည်း မထိခိုက်စေချင်ဘူး.. လိုချင်တဲ့ရလဒ်လည်း သေချာရမှာသိရက်နဲ့ပြီးဘာကြောင့် ပေါလစ်တိုက်ရင် ၃----သောင်းလောက်ဘဲ ပေးချင်နေသေးတာလည်း?
• နေ့စဥ်ပြောင်းလဲတိုးတက် နေတဲ့ ခေတ်ကြီးထဲ၊နိုင်ငံတကာမှာ Brand New ကားသစ်တွေကအစ Polish and Coating စနစ်တကျလုပ်ပီး နှစ်ချီ Warranty ပေးပီးရောင်းချနေချိန်မှာ ခုထိ Car Polish ဆိုတာ ပြောင်ဖို့တိုက်တာ မြန်မြန်ပြောင်လက်လေ အစီးရေ များများတိုက်ရမှ တွက်ချေကိုက်လေ လို့တွေးနေတဲ့ ဆိုင်ပိုင်ရှင်တွေလည်း ရှိနေတုန်းပါ။
• ကျနော့်ရဲ့ မိတ်ဆွေ တွေအတွက် Car Polish,Coating and Detailing နဲ့ပတ်သက်တဲ့စာလေးတွေရေးဖို့စဉ်းစားမိလို့သိထားတာလေးတွေကို သိစေချင်တာကြောင့်ရေးဖြစ်ပါတယ်။
• တခါတလေ ကိုယ်ရေးတဲ စာတွေဟာတစုံတယောက်ကို စီးပွားရေး လူမှုရေးတွေ ထိခိုက်သွားမှာကြောင့်မရေးဖြစ်တော့တာလဲပါ ပါတယ်။
• အခု မိတ်ဆွေတွေထဲက တော်တော်များများက Car Polish Brand ဆေးနဲ့ ရိုးရိုး Car Polish ဆေးတွေ စျေးနှုန်း ဘာကြောင့် ကွာလည်းဆိုတာရယ် စျေးကြီးတယ်လို့ ထင်တဲ့ ဆိုင်တွေ ဘယ်လို Service တွေပေးလို့ဘာကြောင့်စျေးနှုန်းတွေမတူကြတာရယ်ကို ရှင်းပြပေးမှာဖြစ်ပါတယ်။
• ပထမဦးစွာ Car Polish Brand ဆေးတွေအကြောင်းရှင်းပြပေးပါမယ်.......
• 🔽🔽🔽
• တရက် ကျနော့်ဆီမှာ ပေါလစ်လာတိုက်တဲ့ Customer တစ်ယောက်က သူပထမ Car Polish and Car Coating သွားတိုက်တာ သူ့ Crown ကို ----------- လောက် ကျတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။
ကျနော် မေးဖြစ်တယ်..အကိုကရော အကို့ကားလေးကို Car Polish and Coating လုပ်လို့ ဘာတွေပြန်ရဖို့ မျော်လင့်ထားလည်း ပေါ့.....
အဲ့ဒီအကိုက မျှော်လင့်ချက်တွေ ကြီးပါတယ် ခင်ဗျ
ကားကလမ်းမ မှာရပ်ရတဲ့ ကားဖြစ်တာကြောင့် လူတွေ ကလေးတွေ လက်ဆော့လို့ဖြစ်တဲ့ အစင်းရာတွေကို မဖြစ်စေချင်ကြောင်း..လမ်းထဲမှာခွေးလေးတွေ ကြောင်လေးတွေ ရှိတာကြောင့် ကားပေါတက်အိပ်ရင် ခြစ်သွားကုတ်သွားတာတွေကြောင့် စိတ်ညစ်တာ သက်သာချင်ကြောင်း....အလုပ်ထဲ ဆိုဒ်ထဲ နေပူထဲတနေကုန်ရပ်ထားရတာကြောင့် နေဒဏ်ခံရတာတွေကြောင့် ဆေးအရောင်မွဲတာတွေကိုလည်း မဖြစ်စေချင်ကြောင်း စသဖြင့်...........တော်တော်လေး မျှော်လင့်ချက်တွေက နွေမိုးဆောင်း ရာသီဥတုအစုံကစလို့ ကားနားကပ်သူ ကမ္ဘာသူ ကမ္ဘာသား သူတော်ကောင်း အပေါင်းရန်ကစလို့ ပေါ့ 😁😁
အဲ့တော့မှ သူပြောရင်း သူမျှော်လင့်ချက်လေးတွေနဲ့ သူပေးရတဲ့စျေးနဲ့ သူ့ကို သေချာရှင်းပြပီးတဲ့ ဆိုင်ကပေးတဲ့ ဝန်ဆောင်မှု့ကို သူစေ့စေ့တွေး ရေးရေးမြင်ပီး သူဘာသာ သဘောပေါက်ပီး ကျနော်ကို ပြုံးပြတော့ ဖြေစရာတောင်မလိုတော့ဘူးပေါ့ဗျာ
ခုနက အကြောင်းလေးပြန်ဆက်ပါမယ်.....
• ဘယ်မှာတိုက်တာလည်းမေးတော့ နာမည်ကြီးဆိုင်တဆိုင်ပါပဲ(နာမည်ကြီးတိုင်း ကောင်းတယ် ပြောတာ မဟုတ်ပါ)
• အဲ့ဒီဆိုင်က Brand ဆေးကို မှန်ကန်စွာသုံးတဲ့ဆိုင်တဆိုင်ပါ။မှန်ပါတယ် ပေးရပါမယ် ဘာကြောင့်ပေးရတာလည်း Brand ဆေးသုံးလို့ပါ....သေချာရှင်းပြတက်လို့ပါ...အာမခံချက်ပေးနိုင်လို့ပါ..မျှော်လင့်ချက်တွေအကုန်မဟုတ်တောင် တစိတ်တပိုင်းတော့ customers အတွက် အခက်အခဲပြသာနာတွေ သက်သာစေလို့ပါ။
တခြားစျေးသက်သာတဲ့ဆိုင်တွေနဲ့ဘာကွာလည်းတဲ့?
• ကွာတာပေါ့သူကအစဆုံး တာယာထိ Branded ဆေးပဲ သုံးရတာလေ....
• ဒီနေရာမှာ Brand ဆေးနဲ့ပတ်သက်ပြီးအရင်ပြောပြပါမယ်...Professional Car Polish and Coating Brand ဆေးတို့မည်သည် ဘယ်ကားပစ္စည်းဆိုင် မည်သည့် Shopping Center မှာမှ အလွယ်တကူဝယ်လို့မရပါ။
• ကျနော်ပြောချင်တာက Pro ဆေးတွေပါ။လုပ်ငန်းသုံးပေါ့ ...တချို့ ဈေးဝယ်Center တွေမှာ လည်း Brand ဆေးတွေရှိပါတယ်။ ဒါပေမယ့် DIY ပဲရပါမယ် ...DIY ဆိုတာက ကားကိုစိတ်ဝင်စားလို့ကိုယ်တိုင်အိမ်မှာ ဝါသနာအရ ပြုလုပ်ချင်တဲ့သူတွေအတွက် ထုတ်လုပ်ပေးထားတာကို DIY လို့ခေါ်ပါတယ်
• ကိုယ်တိုင်ပြုလုပ်ချင်သူတွေအတွက်ပါ ခဏတာပေါ့ Car Polish ဆေးတွေလည်းရှိတယ် ဖယောင်းတွေလဲရှိတယ်...အတွင်းခန်းလျော်တဲ့ဆေးရေတွေလဲရှိတယ် ကားကို Shining ဖြစ်အောင်ပြုလုပ်တဲ့ဆေးတွေလဲရှိတယ်။ ဒါပေမယ့် အဲ့ဆေးတွေကတော့
ခဏပဲခံပါတယ် အလွန် ဆုံး၅ရက်ပေါ့
• ဒါပေမယ့်အဲ့ဒါတွေဟာ Car Polish/Spa/Detailing ဆိုင်တွေအတွက် Professional အတွက်သုံးလို့မရပါဘူး။ခဏတာအတွက်တွေက များပါတယ်။ရေရှည်အတွက်ကောင်းဖို့ဆိုရင်တော့ Professional ဆေးတွေစနစ်တကျ သုံးရပါတယ်။
• Branded ဆေးတွေတော်တော်များများသိသလောက်ကတော့ Branded ဆေးတမျိုးအသုံးပြုတော့မယ်ဆိုရင် တာဝန်ယူမှုတာဝန်ခံမှု့ အာမခံချက်တခုခုရှိရပါမယ်။ ဆိုင်ရှင်တွေ သုံးစွဲသူအတွက် စည်းကမ်းချက်တွေလည်းအများကြီး ရှိပါတယ်။
ဆေးတွေကို ရောနှောပြီးသုံးဆွဲလို့မရပါဘူး.ဆေး
ကုမ္မဏီတွေက ကိုယ့်ကို သူဆေးသုံးဆွဲကြောင်း/မှန်ကန်
ကြောင်းကို ကြော့်ငြာတင်ပေးပါတယ်.မမှန်ကန်သုံး
စွဲရင်လည်း သတိပေးချက်တွေ/အသုံးပြုခွင့် ရပ်ဆိုင်းတာတွေပြုလုပ်ပါတယ်။
👉မှန်ပါတယ်..တချို့ဗူးပေါ်ကတံဆိပ်ပြပြီးဆေးကို တကယ်မှန်မှန်ကန်ကန် မသုံးဆွဲတဲ့ နေရာတွေ ရှိပါတယ်။
• (တချို့ Company တွေလည်း အရေအသွေးထိန်းသိမ်းဖို့ နည်းစနစ် အမျိုးမျိုးတွေသဘောတူညီချက် အမျိုးမျိုးတွေ ရှိကြပါတယ်)
• ဒီလိုသာဆို ရောချင်တဲ့ဆေးရောပြီး သုံးချင်သလိုသုံးရင် Brand နာမည်ပျက် ပါလိမ့်မယ်...
• ဒီတော့သူ့ဘက်ကိုယ့်ဘက်ကြည့်ရပါလိမ့်မယ်...ကိုယ်ဘက်ကလည်း မှန်မှန်ကန်ကန်သုံးဆွဲ ပေးရမှာပါ...
• ဒါမှလည်း အကုန်ကျခံပီး ပြီးလုပ်ထားတဲ့ Customer အတွက်လည်း စိတ်ကျေနပ်မှု့ရမယ် ကားလည်းမထိခိုက်ဘဲ လိုအပ်တဲ့အရေအသွေး ရမယ်။စေတနာထား ပြီး မျှမျှ တတ လုပ်ရင်အောင်မြင်ပါတယ်။
• နောက်တခုက နည်းစနစ်ပါ .. Car Polish Brand ဆေးတခုစီတိုင်းမှာ သူနည်းစနစ်နဲ့သူရှိပါတယ်..ဒါတွေကိုသိဖို့ကအရေးကြီးပါတယ်
• Step By Step နဲ့သွားရတာပါ...ဘယ်အဆင့်ပြီးရင်ဘယ်အဆင့် လာမယ်..ဆိုတာကောင်းကောင်းသိရမှာပါ..အဲ့လိုသိရဖို့ စာတွေဖတ်ရပါတယ်/လေ့လာ လေ့ကျင့် ရပါတယ်။
[ ] • ပေါလစ်စက်လည်ရုံ ကိုင်တတ်ရုံနဲ့ Car Polish တိုက်တတ်ပါပြီလို့ ပြောလို့လုံးဝမရပါဘူး။ဘယ်ကားလာရင် ဘယ်လို ဘယ်ဆေးသုံးရင်ဘယ်လို စသည်ဖြင့် စနစ်တကျ နားလည်တက်ကျွမ်းနေဖို့လိုပါတယ်။မီးပလပ်ထိုး စက်လည်ပီးတွေ့ရာဆေးနဲ့ လိုက်တိုက်တာက ဂျီး ချွတ်တဲ့အဆင့်လောက်ပဲရှိပါတယ်။
Brand ဆေးသုံးတော့မယ်ဆိုရင် အစဆုံး Setလိုက် ဝယ်ရပါတယ်။
• ရင်းမလားမရင်းကြပါဘူး။
• နားမလည်ကြသေးတာလည်းပါပါတယ်...
• နားလည်သွားရင်တော့မပြောတတ်ဘူး။တချို့မြင်ဖူးပါတယ်..ကျနော်ခုနကပြောတဲ့ DIY တွေဝယ်ပြီး ဒီ Brand ဆေးသုံးပါတယ်ဆိုပြီး ပေါလစ်တိုက်ကြပါရော... ဗူးတွေကတော့ Brand တံဆိပ်တွေပါ။
• ဒါပေမယ့်အထဲကဆေးကတော့ရောင်စုံပေါ့ဒီလိုမျိုးလုပ်ရင်တော့ဆေးကုမ္မဏီလဲ နစ်နာသလို ကိုယ့်ကိုယုံကြည်ပြီး အလုပ်အပ်တဲ့Customer လဲနစ်နာပါတယ်... ပိုက်ဆံရဖို့တခုထဲအတွက်ကြည့်ပြီး လုပ်ရင်တော့ဒါဟာ မကောင်းတဲ့အလုပ်တခုပါပဲ...
• တကယ်သုံးကြည့်ကြပါ..ကြိုက်တဲ့ Brand တံဆိပ်သုံးကြည့်ပါ။ဆိုင်ရှင်တွေအတွက် တွက်ချေ ကိုက်ပါတယ်။
• ကိုယ်ယူတဲ့စျေးနဲ့ Service လုပ်လို့ကုန်ကြတဲ့ ကုန်ကြစရိတ်ကိုပြောတာပါ။Customers တွေလည်း ရရှိ တဲ့ဝန်ဆောင်မှု့နဲ့ ကွာလတီ အပေါ စိတ်ကျေနပ်ပါတယ်။
• ဒီ့ထက်အသေးစိတ်တွက်ချက်ပြရင်တော့မကောင်းဘူးလေ။
• Brand ဆေးတွေအများကြီးရှိကြပါတယ်..တံဆိပ်ပေါင်းစုံ Company ပေါင်းစုံ ဆေးပေါင်းစုံပါ။
တခုပြောချင်တာက Brand ဆေးတိုင်း ကားတိုင်း
ကို အသုံးဝင်ပါတယ် လို့မပြောဘူး.တချို့ဆေး
တွေက ထုတ်လုပ်မှု့ကြာမြင့်တာ အောက်လမ်းက
ဝင်လာတာတွေ / ဒိတ်လွန်တွေလည်းရှိ
တတ်ပါတယ်။Brand ဆေးတွေက ဈေးမပေါပါ။ဝယ်ယူသုံးစွဲသည့်အခါ အထူးဂရုပြုပီး အတုအစစ်ခွဲခြားတက်ဖို့ လိုပါတယ်။Made in USA ကို မြန်မာပြည်မှာလည်း တံဆိပ်ရိုက်နှိပ်လို့ရပါတယ်။
• ဟိုးအရင် ကားဟောင်းများကြွေသားဆေးအထူကြီးတွေကို ပုံမှန်လက်ဆင့်ကမ်းပြီး ပေါလစ်တိုက် တတ်လာတဲ့သူအတွက် Brand ဆေးပေးသုံးလိုက်တဲ့အခါ တော်တော်ခက်ခဲသွားပါပြီ...သူမသိဘူးလေ။ဘယ်ဆေးသား မျက်နှာပြင် ဘယ်ဆေးသား ဘာအရောင်တွေမှာဘယ်အဆင့်သုံးရမယ် ဆိုတာတွေ မသိတော့ဘူး။
• သူရဲ့ အသိထဲမှာ ခေါက်ရိုးကျိုးနေတာက RUBBING /KIT တိုက်ရင် ပြောင်တယ်ဒါပဲသိတယ် ..ပြီးရင် 99 Wax လေးပြန်တိုက်လိုက်ပြီးပြီ။
• Car Polish,Coating and Detailingဆိုတာဘာလည်း/ဘာလို့ Car Polish နိုင်ငံတကာမှာ တိုက်နေတာလည်း/ဘာတွေအကျိုးရှိလည်း/ဘာကြောင့် Car Polish and Coating လုပ်နေကြတာလည်း သူကိုယ်တိုင်လည်း မသိသလို Customers တွေမေးရင်လည်း လှချင်လို့လေ ပြောင်အောင်မို့လား သေချာပေါလစ်ပွတ်ပေးမယ် အဲလောက်အပြင်သူမသိပါ/နောက်ပိုင်း ကိစ္စ အရောင်ကျတာ ရေရှည်မခံတာ ပေါလစ်တိုက်ပီး ဘာမှမထူးခြားလာတာ ဆေးသားထိခိုက်တာ ဘလာ ဘလာ .......သူနဲ့မဆိုင်ပါ။
• ဒါဆို Car Polish တစီးပြီးသွားပြီအချိန်ကုန်လည်း သက်သာတယ် ကုန်ကျစရိတ်လည်းမများဘူး
• နောက်ထက်ဘာတွေးလဲ?တခါထဲ တဆင့်ထဲနဲ့ပြီးသွားအောင် RUBBING ထဲမှာ ဖယောင်းရောလိုက်တယ်..MIX လုပ်လိုက်တယ်။ဒါဆိုနှစ်ခါတိုက်စရာ မလိုတော့ဘူး..အစီးရေလဲ များများရမယ်..ကျန်တာမသိဘူး သူဌေးအကြိုက်ပေါ့...
• သူကြောင့်အကုန်ကျ သက်သာလို့ ချီးကျူးခံရရင် ကိုယ်လည်း မျက်နှာရမယ် နည်းလားပေါ့။
ကဲ အဲ့ဒီတော့ Customers တွေအနေနဲ့ အကုန်ကျနည်းနည်းနဲ့ သိန်းရာချီ ထောင်ချီ တန်ဖိုးရှိတဲ့ မိတ်ဆွေတို့ရဲ့ကားလေးတွေကို ထိခိုက်ခံပီး မြန်မြန်ပြောင်ပီးရော လိုချင်လား
ဆိုင်ပိုင်ရှင်တွေ အနေနဲ့လည်း စရိတ်နည်းနည်းနဲ့ မြန်မြန်ပြောင် အစီးရေ များများရ နာမည်ပျက်ချင်ပျက် မပျက်ချင်နေ လုပ်ကြမလား။
ဒါဆို သိသင့်တာလေးတွေလည်း သိပီးပီ
Customers တွေကိုယ်တိုင် ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင်မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ကြပါပီ။
::အချိန်ပေးပီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
သိချင်တာရှိရင်လည်း မေးနိုင်ပါတယ် ခင်ဗျာ
အမြင်မတူတာ ရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်
Credit to Sir Aung Aung Oo(gold car polish)