14/09/2021
ဆံပင်ပေါက်ခြင်း နှင့် ဆံပင်ကျွတ်ခြင်း
#ဗဟုသုတ၅
ဆံပင်ရဲ့ ဦးရေပြားအောက်မှာ မမြင်ရတဲ့ အပိုင်းက အသက်ရှိအပိုင်းလို့ ဗဟုသုတ၄ မှာပြောသွားပြီးပါပြီနော်..
ဒီနေ့ အဲ့ဒီ သက်ရှိအပိုင်းရဲ့ ဖြစ်တည်မှု လှုပ်ရှားမှု တိုးတက်ပြောင်းလဲမှု့အပိုင်းကို ရှင်းပြခြင်ပါတယ်
ဆံပင်ရဲ့ ဆဲလ်လေးတွေက အဆင့် ၃ဆင့်နဲ့ တိုးတက်ပြောင်းလဲနေပါတယ်..
ပထမအဆင့်ကို Anagen phase
ဒုတိယအဆင့်ကို Catagen phase
တတိယ အဆင့်ကို Telogen phase လို့ အသီးသီးခေါ်ပါတယ်
ပထမအဆင့် Anagen phase မှာ ဆံပင်ဥဖောင်းဖောင်းလေးတွေထဲမှာ ပဏာမာ အနုမြူလောက် အရွယ်အစားရှိတဲ့ ဆဲလ်လေးတွေဟာ ဖြစ်လိုက်.. အပေါ်ကိုတွန်းပို့လိုက်.. ဖြစ်လိုက် တွန်းတင်လိုက်.. အဲ့လိုလေးတွေ စဉ်ဆက်မပြတ်ဖြစ် နေပါတယ်.. အဲ့ဒီအဆင့်ဟာတကယ့် ဆံပင်ပေါက်ခြင်း အဆင့်ပါ hair grow stage ပေါ့နော်
( ဗုဒ္ဓ တရားတော်နဲ့ ပြောရရင်....တစက္ကန့်မှာ ရုပ်တရားရဲ့ ဖြစ်ပျက်မှူက အကြိမ်ရေတွက်ကြည့်မယ်ဆိုရင် ကုဠေ၅၀၀၀ ရှိပါသတဲ.... လိုက်လို့ မမှီပေမယ့် ခန့်မှန်းကြည့်လိုက်ရင် ဒီဆံပင်ဥလေးတခုချင်းစီမှာကိုက ဖြစ်ပျက်မှူလေးတွေ ပလုံစီနေတာကိုတော့ ခန့်မှန်းလို့ ရပါတယ်.. )
ဒုတိယ အဆင့်ကတော့ Catagen phase မှာတော့ -ပထမ အဆင့် ယာယီရပ်သွားတဲ့ အနေထားမျိုးပါ ၂ပါတ်လောက်ထိကြာနိုင်ပါတယ်.. အဲ့ဒါနဲ့ တပြိုင်နက် ဆံပင်ဥလေးက ပထမအဆင့်မှာလောက် ဖောင်းမနေတော့ဘဲ နည်းနည်းကြုံ့သွားပြီး အပေါ်ကို ထိုးထွက်ဘို့ တာစူပါတယ်..
အဲ့လို ဖြစ်နေရင်းက -ဆံပင်ဟာ ဆက်လည်မရှည်ခင် အပေါ်ကိုလည်းတိုးမထွက်ခင် တတိယအဆင့်Telogen phase ကိုရောက်ပါတယ် - ဒီအဆင့်မှာ အနားယူနေတဲ့သဘောပါ.. ဒီအဆင့်အလွန်လေးမှာ ဆံပင်ကျွတ်တာတွေဖြစ်တာပါ... လူတယောက်မှာ ပျမ်းမျှ ဆံပင် တသိန်း-တသိန်းခြောက်သောင်းလောက်ရှိတဲ့ထဲက တနေ့တနေ့ကို ဆံပင် အချောင်း၃၀ကနေ၁၀၀ အတွင်းကျွတ်တာကို ပုံမှန်လို့ဘဲယူဆပါတယ်.. အဲ့လ်ု ကျွတ်နေတာနဲ့ တပြိုင်နက် ဆံပင်အသစ်ပေါက်ခြင်းလုပ်ငန်းစဉ် ပြန်စပါတယ်
အဲ့ဒီ ပုံမှန်ဆံပင်ကျွတ်ခြင်းမျိုးဟာ Telogen phase အဆုံးလေးမှာဖြစ်ပါတယ်..
ပုံမှန် မဟုတ်တဲ့ လွန်ကဲ ဖြစ်စဉ်မျိုးဆိုရင်တော့- အထူးသဖြင့် ကီမိုသရပီယူရသူတွေ သိုင်းရွိုက်ပြသနာရှိသူတွေဆိုရင်တော့ ပထမအဆင့် Anagen Phase မှာကတည်းက ကျွတ်ပါတယ်..
ဒါကြောင့် ပုံမှန်ဆံပင်ကျွတ်ခြင်း (တနေ့ ၃၀-၁၀၀)ဟာ ဖြစ်ပျက်ခြင်းရဲ့ သဘာဝတရားမို.. ဆန့်ကျင်လို့ မရပါဘူး.. အနိစ္စသဘော, အနတ္တသဘောမျိုးပါ
လူတွေဟာ တခါတလေ ဆံပင်တွေဆက်တိုက်ကျွတ်နေတယ်.. တခါတလေတော့လည်း မကျွတ်ဘဲ ရပ်နေမယ်.. ဒါတွေအားလုံးဟာ အပေါ်က ရှင်းပြခဲ့တဲ့ အဆင့်တွေထဲမှာ ပါနေပါတယ်..
မှတ်ချက် = ထိပ်ပြောင်ခြင်း, ဆံပင်အကွက်လိုက်ကျွတ်ခြင်း တွေကတော့ အဆင့်၁နဲ့ အဆင့်၃ မှာဖြစ်ပါတယ်.. ( mixed anagen-telogen) အဲ့လို ဖြစ်ရ ခြင်းကတော့ ပြင်းထန်တဲ့ ဝေဒနာ မရှိပေမယ့် ---အောက်ပါ အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်
၁- ဟိုမုန်းပြသနာ
၂-အဟာရကို မျှတစွာ စုံလင်အောင် မစားခြင်း
၃-အဆိပ်တောက်ဖြစ်စေတဲ့ ပစ္စည်းတွေ သုံးစွဲမိခြင်း
၃-ပြင်ပမှ ရောဂါဝင်ရောက်ခြင်း
ဒါအပြင် -အယ်လိုပီးရှား Alopecia ဆိုတဲ့ ပြသနာတခုလည်းရှိနေပါသေးတယ်.. အဲ့ဒါက ဆံပင်ရဲ့ သိပ်သည်းဆ လျှော့နည်းလာခြင်းပါ -အမျိုးသားတွေ ရဲ့ ၅၀% လောက်က အသက်၅၀လောက်ရောက်ရင် အဲ့ပြသနာနဲ့ ကြုံနိုင်ပြီး အမျိုးသမီးတွေ ရဲ့ ၄၀% လောက်ကလည်း သွေးဆုံးပြီးရင်လည်း Alopecia ပြသနာနဲ့ ကြုံနိုင်ပါတယ် ။
ဒါကြောင့် ဆံပင်တခု သန်စွမ်းဘို့မှာ အဟာရမျှတစွာစားသုံးခြင်းပါသလို အဆိပ်တောက်ဖြစ်စေတဲ့ ပစ္စည်းတွေသုံးစွဲခြင်းလည်း ပါနေတာ ကို သတိထားစေခြင်ပါတယ်။
ပုံမှန်မဟုတ်တဲ့ ဆံပင်ကျွတ်ခြင်းမျိုးကိုတော့.. ဆေးပညာကျွမ်းကျင်များနှင့်သာ တိုင်ပင်ပါ !!!
👉🏻ဆံပင်လုံးဝ မကျွတ်တော့ပါဘူးဆိုရင်တော့.... သင် သတိထားနေပါ 😂... ဒါဟာ ဖြစ်စဉ်တွေအားလုံး ရပ်ဆိုင်းသွားပြီဖြစ်လို့...............
Photo credit- internet
Crd
#ဗဟုသုတ၅
#ဆံပင်ပေါက်ခြင်းနှင့်ဆံပင်ကျွတ်ခြင်း