အခမဲ့ဟိုတယ်သင်တန်းအစီအစဉ်များ - MHTi

  • Home
  • Myanmar
  • Kamayut
  • အခမဲ့ဟိုတယ်သင်တန်းအစီအစဉ်များ - MHTi

အခမဲ့ဟိုတယ်သင်တန်းအစီအစဉ်များ  - MHTi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အခမဲ့ဟိုတယ်သင်တန်းအစီအစဉ်များ - MHTi, Kamayut.

29/04/2023

ရန်ကင်းမြို့နယ် ရှိ bar and restaurant အသစ်တွက် ဝန်ထမ်းများခေါ်ယူခြင်း
👉waitress- 2 females
👉bar helper- 1 male
👉security- 1 male

နေ၊စားငြိမ်း
More information ℹ️📞09789536931

အားလုံးဘဲ မင်္ဂလာပါရှင် * ဒီတခါတော့ Supervisory Skills (SS) online zoom အခမဲ့ သင်တန်းလေးကို ဟိုတယ်ဝန်ထမ်းများအတွက် စီစဉ်...
29/08/2022

အားလုံးဘဲ မင်္ဂလာပါရှင်

* ဒီတခါတော့ Supervisory Skills (SS) online zoom အခမဲ့ သင်တန်းလေးကို ဟိုတယ်ဝန်ထမ်းများအတွက် စီစဉ် ပေးသွားမှာ ဘဲ ဖြစ်ပါတယ် ရှင့်

* လျှောက်လွှာ များကို အောက်တွင် ပေးထားသော google link မှတဆင့် စတင်လက်ခံပေးနေပါပြီ။

သင်တန်းရက် - September 26 to Oct 21, 2022
သင်တန်းနေ့ - Monday, Wednesday & Friday
သင်တန်းအချိန် - 9:00 am to 1:00 pm or
- 1:00 pm to 5:00 pm
သင်တန်းသင်ကြားမှုပုံစံ - Zoom online
သင်တန်းကြေး - အခမဲ့ (၁ရက် လျှင် internet allowance 4000 mmk)
သင်တန်းဆရာ - Lead Trainer Daw Lwin Lwin

အခမဲ့ Supervisory Skills သင်တန်း တက်‌ ရောက်ရန် အောက်ပါအချက်အလက်များနှင့် ကိုက်ညီပြီး သင်တန်းကို မပျက်မကွက်တက်ရောက်နိုင်သူများကိုသာလျှင်ရွေးချယ်မည်ဖြစ်ပါသည်။

- ဟိုတယ်အလုပ် လက်ရှိ (သို့) လက်မဲ့ဟိုတယ်ဝန်ထမ်း.
များ
- ဟိုတယ်လုပ်သက် အနည်းဆုံး (၂)နှစ်ရှိသူ

- အသက် ၂၀ မှ ၄၅ နှစ်ကြားရှိသူ

သင်တန်းလျှောက်လွှာကို September 20 အထိ နောက်ဆုံးထား၍လက်ခံပါမည်။ သင်တန်း (၁၅) ဦးသာ လက်ခံမည်ဖြစ်ပါ၍ အမြန်ဆုံးလျှောက်ထားကြရန်တိုက်တွန်းပါသည်။

သင်တန်းအကြောင်း စုံစမ်းရန်

Tr. Daw Min Aye 09 953077370 နှင့်
Tr. Daw Lwin Lwin 09 779169909
ကိုဆက်သွယ်နိုင်ပါသည်။

သင်တန်းလျှောက်ရန် အောက်ပါလင့်ခ်ကို နိုပ်ပါ။

လျှောက်ထားသူ၏ကိုယ်ရေးအကျဉ်း

MHTi (VSDP) အခမဲ့အစီအစဉ်မှ ထပ်မံဖွင့်လှစ်မည့် ၂၀၂၂ ရဲ့ သင်တန်းနောက်တမျိုးကတော့ Hospitality English and Selling Skills ဘဲ...
07/07/2022

MHTi (VSDP) အခမဲ့အစီအစဉ်မှ ထပ်မံဖွင့်လှစ်မည့် ၂၀၂၂ ရဲ့ သင်တန်းနောက်တမျိုးကတော့ Hospitality English and Selling Skills ဘဲဖြစ်ပါတယ်။
အဲဒီ HESS သင်တန်းလေးကိုတော့ မြန်မာပြည်
ဟိုတယ်လောက တွင်သာမက ပြည်ပဟိုတယ် လုပ်ငန်းအတွေ့အကြုံရှိ လုပ်သက်ရင့်ဆရာမ တစ်ဦးဖြစ်တဲ့ ဆရာမ “မမသက်သက်” က ဦးဆောင်သင်ကြားပေးမှာဘဲ ဖြစ်ပါတယ် ။

သင်တန်းကာလ မှာ ၂ လကြာမည်ဖြစ်ပြီး တပတ်လျှင် ၃ ရက် ၊ မနက်ပိုင်း အတန်းနှင့် နေ့လည်ပိုင်း အတန်း ဆိုပြီး ၂ တန်း တပြိုင်နက် ဖွင့်လှစ်မှာ ဖြစ်ပြီး မိမိ အဆင်ပြေမည့်အတန်း ကို တက်ရောက်နိုင်မှာဖြစ်ပါတယ် ။

သင်တန်း ၁ တန်း လျှင် ၁၅ ဦးသာ လက်ခံမည်ဖြစ်ပြီး online သီးသန့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရန် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်း
၁ ရက်လျှင် internet allowance 4000 MMK ကို telephone bill များ အနေဖြင့် သာ ဖြည့်ပေးသွားမည်ဖြစ်ပါတယ်။

***သင်တန်းနှင့်သက်ဆိုင်သည့် အချက်အလက်များ နှင့် ရွေးချယ်ခံ သင်တန်းသား အရည်အချင်းသတ်မှတ်ချက်များကို သေချာစွာဖတ်စေလိုပါတယ်

~သင်တန်း အမျိုးအစား-
Hospitality English and Selling Skills (online with zoom application)

~သင်တန်းရက်
Aug 15, 2022 to October 15, 2022

~သင်တန်းပို့ချမည့်ရက် စုစုပေါင်း-
၂၄ ရက် (၇၂ နာရီ)

~သင်တန်းတက်ရမည့်ရက်-
တပတ်လျှင် ၃ ရက် (Monday, Wednesday, Friday)

~မနက်ပိုင်း သင်တန်းချိန်-
9:00 am to 12:00 noon

~ညနေပိုင်း သင်တန်းချိန်-
1:00 pm to 4:00 pm

**သင်တန်းသား အရည်အချင်းသတ်မှတ်ချက်များ

~ လက်ရှိ အခြေအနေ အမျိုးမျိုး ကြောင့် ဟိုတယ် မှ အလုပ်ရပ်နားထားရသော ဟိုတယ် ဝန်ထမ်းဟောင်းများကို ရွေးချယ်ခေါ်ယူသွားမည်။ (Currently unemployed or laid-off hotel staff (Bell service, Food and Beverage, and Housekeeping, due to health, safety, and security issues affecting the hospitality sector, Used to work in Myanmar-owned and managed hospitality enterprises.)
~အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား ရှိသူ ဟိုတယ် ဝန်ထမ်းဟောင်းများ

**သင်တန်းသားများ၏ အကျိုးခံစားခွင့်

~သင်တန်းချိန် စုစုပေါင်း 85% တက်ရောက်သူများအတွက် သင်တန်းဆင်းလက်မှတ်ရရှိပါမည်။
~အင်တာနက် ကုန်ကျစရိတ် ဖုန်းဘေလ် ကူညီ ထောက်ပံငွေ ရရှိပါမည်။

တက်ရောက်လိုသောသင်တန်းသားများ အောက်ဖော်ပြပါ လင့်သို့.

https://forms.gle/TQjW5go3xHSpLTax5

ဩဂုတ်လ (၁၀) ရက် ၂၀၂၂ နေ့နောက်ဆုံးထားပေးပို့ စာရင်းပေးသွင်းနိုင်ပါသည်။
~မနက်ပိုင်းသင်တန်း အတွက် သင်တန်းသား/သူ - ၁၅ ဦး
~နေ့လယ်ပိုင်းသင်တန်း အတွက် သင်တန်းသား/သူ - ၁၅ ဦး စီ လက်ခံသွားမည်ဖြစ်သည်။

***သင်တန်းအစအဆုံးတက်နိုင်သူများသာလျှောက်ထားပေးပါရန်

လျှောက်ထားသူ၏ကိုယ်ရေးအကျဉ်း

06/06/2022

အားလုံးဘဲမင်္ဂလာပါရှင်

2022 VSDP ရဲ့ Hospitality Course (Food Production နှင့် Food & Beverage Service) နောက်ဆုံး အသုတ် များအတွက် လူတွေ့စစ်ဆေးခြင်း (interview) ကိုလာမည့် June လ 18 နှင့် 19 ရက်နေ့များတွင် ခေါ်ယူသွားမှာဖြစ်ပါတယ်။ စုစုပေါင်း လျှောက်လွှာ 209 စောင် လက်ခံရရှိသည့် အနက် သတ်မှတ်ချက်နှင့် ကိုက်ညီသောလျှောက်ထားသူတစ်ဦးခြင်းစီအား ဖုံးဖြင့် ဆက်သွယ်၍ interview ကျင်းပမည့်ရက် ၊ အချိန် နှင့် နေရာ တို့အားအကြောင်းကြားပေးပါမည်။

တီချယ်ဒေါ်မင်းအေး
09 953077370

17/05/2022

Good Morning ပါ

2022 ရဲ့ အခမဲ့ ဟိုတယ် သင်တန်း (Kitchen & Service) တတိယ အပတ်စဉ် အတွက် လျှောက်လွှာ ပိတ်ရက်မှာ မေလ 31 ရက်နေ့ သို့ပြောင်းလဲ သတ်မှတ်ထားပါကြောင်း
အကြောင်းကြားပါသည်။

MHTi သို့ လျှောက်လွှာ လာတင်သည့်အခါ Covid ဆေးထိုးပြီးကြောင်း certificate မိတ္တူ ပါ တပါတည်းယူဆောင်လာကြပါရန်

ယူဆောင်လာရမည့် documents များ

*color လိုင်စင် ဓာတ်ပုံ (၁)ပုံ
*မှတ်ပုံတင်မိတ္တူ (၂) စုံ
*သင်တန်းတက်မည့်သူအား တာဝန်ခံ မည့်သူ၏ မှတ်ပုံတင်မိတ္တူ (၁)စောင်
*အိမ်ထောင်စုဇယား မိတ္တူ (၁) စောင်
*Covid certificate မိတ္တူ (၁) စောင် (Kitchen +Service)
*အသည်းရောင် အသားဝါ B ပိုးကင်းရှင်းကြောင်း certificate (for kitchen)
*TB အဆုတ်ရောဂါ ကင်းစင်ကြောင်း လက်မှတ် (for kitchen)

Tr. Daw Min Aye
09 953077370
(ရုံးချိန်အတွင်းသာ)

Today’s photos 👌👌👌
30/04/2022

Today’s photos 👌👌👌

28/04/2022
28/04/2022

အားလုံးဘဲ မင်္ဂလာပါရှင်

အခမဲ့ ဟိုတယ် သင်တန်း ဒုတိယ အပတ်စဉ် ကို ပြီးခဲ့တဲ့ April 18 နှင့် 19 ရက်တို့တွင် ဖွင့်လှစ်ခဲ့ပြီး

လာမည့် တတိယ အပတ်စဉ်အတွက် သင်တန်းလျှောက်လွှာများကို April လကုန် တွင် ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်

တတိယ အပတ်စဉ်ကို လာမည့် June 27 နှင့် 28 တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်

ပထမ အကြိမ် နှင့် ဒုတိယ အကြိမ်တို့တွင် အရွေးချယ် မခံရသေးသူများ ပါ ထပ်မံလျှောက်ထားနိုင်ပါတယ်

2022 တတိယ batch တွင်ဖွင့်လှစ်မည့် သင်တန်းများ
1. Food Production (kitchen)
2. Food & Beverage Service (Waiting Staff)

သတ်မှတ်ချက် Criteria နှင့် ကိုက်ညီသော ၊ အမှန်
တကယ် စိတ်ဝင်စားသော ၊ သင်တန်းပြီးလျှင် Hospitality Industry field တွင်အလုပ်လုပ်ရန် သေချာသောသူများ နှင့် Interview ဖြေဆိုချိန်တွင်ဖြေဆိုသူ၏ performance စသည့် အချက်အလက်များပေါ်မူတည်၍ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အရွေးချယ်ခံရသူများကိုသာ ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်ကြောင်း အသိပေးချင်ပါတယ်။

MHTi သို့ လျှောက်လွှာ လာရောက်ဖြည့်သွင်းသည့်အခါ လိုအပ်သည့် အထောက်အထားများ

1. Passport size color ဓာတ်ပုံ 1 ပုံ
2. မိမိ၏မှတ်ပုံတင် မိတ္တူ 2 စောင်
3. မိမိ သင်တန်းတက်ရောက် ကြောင်း သိရှိတာဝန်ခံမည့်သူ တစ်ဦးဦး ၏ မှတ်ပုံတင်မိတ္တူ 1 စောင်
4. အိမ်ထောင်စုဇယား မိတ္တူ 1 စောင်

** kitchen လျှောက်မည့်သူများ အင်တာဗျူးဖြေဆိုရန် အကြောင်းကြားသည့်အခါ အသဲရောင် အသားဝါ Hepatitis B ပိုးကင်းစင်ကြောင်း နှင့်
** အဆုတ်ရောဂါ Tuberculosis ကင်းစင်ကြောင်း certificate များအား တစ်ပါတည်း ယူဆောင်လာကြပါရန်

လျှောက်လွှာ ပိတ်မည့်ရက် (June လလယ်)

ရုံးဖွင့်ရက် Monday to Saturday
(9:00 am to 4:00 pm)

MHTi
ရန်ကုန် - ပြည် လမ်း တံတားဖြူမှတ်တိုင် ဆင်းပြီး
မြကန်သာ (၁)လမ်း မှဝင်ပါရန်
ရန်ကုန် - အင်စိန်လမ်း ဆင်ရေတွင်းမှတ်တိုင်ဆင်းပြီး ဦးတက်ယဉ်စတိုးဘေးက မြကန်သာ လမ်းမှ ဝင်ပါရန်

တီချယ် ဒေါ်မင်းအေး
09 953077370 (ရုံးချိန် အတွင်းသာ)

Training Coordinator
MHTi (VSDP)

06/04/2022

အားလုံးဘဲ မင်္ဂလာပါရှင်

အခမဲ့ ဟိုတယ် သင်တန်း ဒုတိယ အပတ်စဉ် ကို စိတ်ဝင်
တစား လာရောက် လျှောက်ထားသည့်သူများအားလုံးကို
ကျေးဇူးတင်ပါတယ် ။

ပြီးခဲ့တဲ့ April 3 ရက်နေ့က ပြုလုပ်ခဲ့တဲ့ Interview အားအားတက်သရော လာရောက်ဖြေဆိုကြတဲ့ applicants များကိုလည်း ကျေးဇူးတင်ပါတယ် ။

ဒုတိယ အကြိမ် ဖွင့်လှစ်မည့် Food Production နှင့် Food & Beverage Service အတန်း 2 တန်းလုံး ဖွင့်မည့်မူလ သတ်မှတ် ရက်မှာ April 19 ဖြစ်သော်ငြား အနည်း
ငယ် အပြောင်းအလဲရှိနိုင်ပါသည်။

သတ်မှတ်ချက် Criteria နှင့် ကိုက်ညီသော ၊ အမှန်
တကယ် စိတ်ဝင်စားသော ၊ သင်တန်းပြီးလျှင် Hospitality Industry field တွင်အလုပ်လုပ်ရန် သေချာသောသူများ နှင့် Interview ဖြေဆိုချိန်တွင်ဖြေဆိုသူ၏ performance စသည့် အချက်အလက်များပေါ်မူတည်၍
ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အရွေးချယ်ခံရသူများကိုသာ ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်ကြောင်း အသိပေးချင်ပါတယ်။

တီချယ် ဒေါ်မင်းအေး
09 953077370
Training Coordinator
MHTi (VSDP)

04/03/2022

အားလုံး ဘဲ မင်္ဂလာပါ ရှင်

April 19, 2022 တွင်ဖွင့်လှစ်ပေးမည့် အခမဲ့ ဟိုတယ်သင်တန်း ဒုတိယ အသုတ်အတွက် လက်ခံရရှိပြီးသည့် သတ်မှတ် လျှောက်လွှာ အရေအတွက်မှာ ပြည့်မှီသွားပြီ ဖြစ်ပါသောကြောင့် လျှောက်လွှာလက်ခံခြင်းအားရပ်နားထားပါသည်။

ကျေးဇူးတင်ပါတယ်ရှင့်
တီချယ် ဒေါ်မင်းအေး
09 953077370
MHTi-VSDP

Today Menu (??????)
25/02/2022

Today Menu (??????)

FP presentation & FBS practical (1st batch)
23/02/2022

FP presentation & FBS practical (1st batch)

Address

Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09966612907

Website

Alerts

Be the first to know and let us send you an email when အခမဲ့ဟိုတယ်သင်တန်းအစီအစဉ်များ - MHTi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share