23/09/2026
𝗨𝗿𝗴𝗲𝗻𝘁 𝗛𝗶𝗿𝗶𝗻𝗴
✨ 𝗪𝗲’𝗿𝗲 𝗛𝗶𝗿𝗶𝗻𝗴 – 𝐉𝐮𝐧𝐢𝐨𝐫 𝗢𝗽𝗲𝗿𝗮𝘁𝗼𝗿 (Water Treatment)
ရေသန့်စင်စနစ် လည်ပတ်ရန်အတွက် 𝐉𝐮𝐧𝐢𝐨𝐫 𝗢𝗽𝗲𝗿𝗮𝘁𝗼𝗿 တစ်ယောက်အမြန်အလိုရှိပါသည်။
• အလုပ်နေရာ – လသာမြို့နယ် (near Junction City Shopping Center)
• အလုပ်ပိတ်ရက် – တစ်ပတ်လျှင် နှစ်ရက်
• လစာ – ၄ သိန်း မှ ၄ သိန်းခွဲကြား
✨အဓိက တာဝန်ဝတ္တရားများ
• တစ်နေ့တာ ရေသန့်စင်စက်လည်ပတ်မှုကို စီမံခန့်ခွဲခြင်း။
• စက်၏ စွမ်းဆောင်ရည်နှင့် ရေအရည်အသွေး ကို စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း။
• စက်တွင် ပြဿနာ သို့မဟုတ် ချို့ယွင်းချက်များ ဖြစ်ပေါ်လာပါက ရှာဖွေဖော်ထုတ်၍ ဖြေရှင်းခြင်း။
• နေ့စဉ် စက်တွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို အချိန်မီ ဖြည့်တင်းခြင်း။
• စစ်ထုတ်ပစ္စည်းများကို သတ်မှတ်ချိန်ရောက်တိုင်း စနစ်တကျ လဲလှယ်တပ်ဆင်ခြင်း။
✨လိုအပ်သော အရည်အချင်းများ
• ဘွဲ့ရ (သို့) အထက်တန်းအောင်မြင်ပြီးသူများ နှင့် အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
• လုပ်ငန်းလိုအပ်ချက်အရ Shift ဖြင့် အလုပ်ဆင်းနိုင်သူဖြစ်ရမည်။
• လသာမြို့နယ်နှင့် အနီးတဝိုက်နေထိုင်သူ ဦးစားပေးမည်။
📩 လျှောက်ထားရန် / အသေးစိတ်မေးမြန်းရန်
စိတ်ဝင်စားသူများအနေဖြင့် CV ကို Viber No. 09 767218767 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။