22/04/2026
အဆင်မပြေမှုများ ရှိ့ခဲ့ပါက တောင်းပန်ရင်း အားနာနာနှင့်ခွင့်လွှတ်ပေးစေချင်ပါသည်ခင်ဗျ
ကျွန်တော်တို့ဆိုင်လေး ပြန်ဖွင့်သည့် ၁၈.၂.၂၀၂၆ရက်နေ့မှ ယနေ့အထိ့ ရေဆေးကား ဆိုင်ကယ်များ အလွန်များပြားခဲ့သောကြောင့် Detailing လုပ်ရန် booking တင်ထားသောကားများ နောက်ကျသွားရခြင်း ကားလာယူပေးရန်booking လက်ခံထားပြီးသော်လည်း ကားလာမယူနိုင်ခြင်း ရေဆေးရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းများ ယနေ့ထိတိုင်ဖြစ်နေရပါသည်
ရေခြောက်ကွက် များ ကွက်လာသည့်ကားများကို ရေဆေးရင်း တစ်ခါတည်း ရေခြောက်ကွက် ဖျောက်ပေးရန် မှားယွင်းစွာ စီစဉ်မိခဲ့တဲ့အတွက်
လုပ်ငန်ပုံစံ ပျက်သွားရပါတယ်
ထိုကဲ့သို့သော အကြောင်းအရာများကြောင့်
မနက်ဖြန် (၂၃.၄.၂၀၂၆) မှ (၃၀.၄.၂၀၂၆) အထိ
Detailing ကားများ အလုပ်လက်မခံနိုင်သေးပါကြောင်း ရေဆေး နှင့် ရေခြောက်ကွက်ဖျောက် ခြင်းကို တစ်ကြိမ်တည်းမှာပဲ အပြီး ဆောင်ရွက်မပေးနိုင်ပါတော့ကြောင်း အသိ့ပေးကြေငြာအပ်ပါသည်ခင်ဗျ
ကျွန်တော်တို့ဆိုင်လေးကြောင့် စိတ်အနှောက်အယှက် ဖြစ်ရခြင်း နစ်နာ ရခြင်းများ ရှိ့ခဲ့ပါက ဒီနေရာကပဲ ထပ်မံ တောင်းပန်ပါရစေခင်ဗျ
Colour beatz auto detailing house
အမှတ်(၃၀) တာဝတိံသာလမ်း၊ပုသိမ်မြို့။
0943116124