08/06/2026
Zaw Car Spa & Detailing Services ကို စတင်ဖွင့်လှစ်ခဲ့တဲ့နေ့ကနေ ဒီနေ့အထိ အားပေးခဲ့ကြတဲ့ Customer တစ်ဦးချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ဆိုင်ဖွင့်ခဲ့တဲ့အချိန်တွေမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားကနေ Customer တွေရဲ့ ယုံကြည်အားပေးမှုကြောင့် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
5.6.2026 နေ့မှစပြီး အကြောင်းအမျိုးမျိုးကြောင့် Zaw Car Spa & Detailing Services ကို တရားဝင် ရပ်နားပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ဒီလုပ်ငန်းဟာ ကျွန်တော့်အတွက် စီးပွားရေးတစ်ခုတည်းမဟုတ်ဘဲ အမှတ်တရများစွာ၊ မိတ်ဆွေကောင်းများစွာနဲ့ တန်ဖိုးရှိတဲ့အတွေ့အကြုံများစွာကို ပေးခဲ့တဲ့ ခရီးလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အားပေးခဲ့ကြတဲ့ Customer များ၊ မိတ်ဆွေများ၊ Partner များနှင့် ကျနော်ဖြစ်စေချင်တာကိုအတတ်နိုင်ဆုံးလုပ်ပေးကြတဲ့ညီငယ်လေးများကို အထူးကျေးဇူးတင်ပါတယ်။
အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းသစ်များနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။🙏