Dawn Phuket - အရုဏ်ဦး ဖူးကက်

เส้นทาง

Dawn Phuket - အရုဏ်ဦး ဖူးကက် ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Dawn Phuket - အရုဏ်ဦး ဖူးကက်, บริการทำความสะอาด, 41/82, Moo 6, Thepkrasatree Road, Ratsada, Mueang, Phuket

Passport, CI, VISA, Work Permit ဝန်ဆောင်မှုများ၊ အလုပ်ရှင်ပြောင်းလည်းခြင်း၊ နေရပ်လိပ်စာတိုင်ကြားခြင်း၊ ရက် ၉၀ သတင်းပို့ခြင်း၊ လူသစ်ဘတ်လျှောက်ထားခြင်း၊ ပန်းရောင်ဘတ်လျှောက်ထားခြင်း ဝန်ဆောင်မှုလုပ်ငန်း။

19/09/2026
13/09/2026

📢 ၂၀၂၆ (၂၅၆၉) တရားမဝင်အလုပ်သမားများ ဘတ်သစ်ရိုက်ရန် ပြင်ဆင်နေမှုနှင့် ကြိုတင်သတိပြုရမည့်အချက်များ 🇹🇭🇲🇲

ထိုင်းနိုင်ငံရောက် အလုပ်သမား မိတ်ဆွေညီအစ်ကိုများအတွက် သတင်းကောင်းတစ်ခု ရှိလာနိုင်ပါတယ်။ ထိုင်းအစိုးရအနေဖြင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့နဲ့ စနစ်ပြင်ပရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်စနစ်ထဲ ထည့်သွင်းနိုင်ဖို့ "ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်ခြင်း (ဘတ်သစ်ဖွင့်လှစ်ခြင်း)" ကို ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါတယ်။

📌 လက်ရှိ အခြေအနေအရ သိထားရမည့် အချက်များ -
* ကာလအပိုင်းအခြား : ယခုလနှောင်းပိုင်း သို့မဟုတ် လာမည့်လအစောပိုင်းတွင် စတင်နိုင်ဖွယ်ရှိသည်ဟု မျှော်မှန်းထားပါတယ်။
* စနစ်ပိုင်း : ပိုမိုမြန်ဆန်စေရန် E-Work Permit စနစ်ကို အဆင့်မြှင့်တင် အသုံးပြုသွားမည်ဖြစ်ပြီး၊ မြန်မာလုပ်သားများအတွက် CI စာရွက်စာတမ်း လုပ်ငန်းစဉ်များကိုလည်း အရှိန်မြှင့်ဆောင်ရွက်ပေးရန် စီစဉ်နေပါတယ်။

⚠️ အထူးသတိပြုရန် (အရေးကြီးဆုံးအချက်)

လက်ရှိအချိန်မှာ "မူဝါဒလမ်းညွှန်ချက်နှင့် ပြင်ဆင်မှုအဆင့်" သာ ရှိပါသေးတယ်။
၁။ အစိုးရအဖွဲ့ (ကက်ဘိနက်) အတည်ပြုချက်
၂။ သက်ဆိုင်ရာဌာနများ၏ တရားဝင် ထုတ်ပြန်ချက်
၃။ စနစ်တရားဝင် စတင်ဖွင့်လှစ်ခြင်း စသည့် အဆင့်များ ပြီးမြောက်မှသာ အမှန်တကယ် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

📄 ယခုကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်သည့် အခြေခံစာရွက်စာတမ်းများ -

* နိုင်ငံကူးလက်မှတ် (Passport) / CI (သို့မဟုတ်) မှတ်ပုံတင်
* လက်ရှိ ဗီဇာ/နေထိုင်ခွင့် အထောက်အထား (ရှိပါက)
* ယခင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) (ရှိပါက)
* ကိုယ်ရေးအချက်အလက်ဆိုင်ရာ အထောက်အထားများ

တရားဝင် ဥပဒေစည်းမျဉ်း၊ အစိုးရပြန်တမ်း ကြေညာချက်များနှင့် စတင်လျှောက်ထားရမည့် နေ့ရက်အတိအကျကို True Service မှ အချိန်နှင့်တပြေးညီ တိတိကျကျ ဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ Page ကို Like & Follow ပြုလုပ်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။

စာရွက်စာတမ်း ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီး စိတ်ပူနေတာတွေ၊ မရှင်းလင်းတာတွေရှိရင်လည်း မိတ်ဆွေတို့ရဲ့ True Service သို့ စိတ်တိုင်းကျ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

📞 True Service Hotline : +66 96 935 4003
📍 ရုံးခန်းလိပ်စာ : စူပါချစ်အကြီးနား ဆီဆိုင်အနီဝင်းထဲရှိ ရုံးခန်း
Address 41/82, Moo 6, Thepkrasatree Road, Ratsada, Mueang,, Phuket, Thailand, Phuket

#ထိုင်းရောက်မြန်မာများ #ဘတ်သစ်ဖွင့်လှစ်ခြင်း၂၀၂၆ #ရွှေ့ပြောင်းလုပ်သား #သတင်းမှန်အချက်အလက်

“မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်”မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခြေအနေအရ ထိုင်းနိုင်ငံအတွင်းသို့ အထောက်...
17/08/2026

“မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်”

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခြေအနေအရ ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမဲ့စွာ ဝင်ရောက်လာကြရပြီးနောက် တရားဝင်အလုပ်သမားများ ဖြစ်လာကြစေရန် မြန်မာနှင့်ထိုင်း အစိုးရအကြား သဘောတူညီမှုဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကို ကိုင်ဆောင်ခဲ့ကြရပါသည်။ ထိုမှတဆင့် ပို၍တရားဝင်သော နိုင်ငံတကာအဆင့်ဖြစ်သော နိုင်ငံကူးလက်မှတ် (Passport) ကို ကူးပြောင်းကိုင်ဆောင်ကြရမှာပင် ဖြစ်ပါသည်။

ထိုသို့ ကူးပြောင်းရေးလုပ်ငန်းစဉ်အရ အဆိုပါ CI စာအုပ် ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံ ဆမွတ်စာခွန်ခရိုင် ထလေထိုင်နယ်မြေရှိ Temporary Data Collection Center (ယာယီ အချက်အလက် ကောက်ခံရေး စင်တာ) သို့ နှစ်ကြိမ်တိတိ သွားရောက်ကာ CI စာအုပ်အစိမ်းမှ PJ Passport အနီသို့ လျှောက်ထားလုပ်ဆောင် ကြရမည်ဖြစ်ပါသည်။ ထိုအခါ ထိုင်းတနိုင်ငံလုံးတွင် တရုံးတည်းသာရှိသော ဤနေရာသို့ နှစ်ကြိမ်တိုင်တိုင် ခရိုင်ပြင်ပမှ သွားရောက်ရမည့်သူများအတွက် အလုပ်ပျက်ခြင်း၊ ခရီးစရိတ်အပိုကုန်ကျခြင်းနှင့် အခြားသောဘေးအန္တရာယ်များ ကြုံရတတ်ခြင်းစသော အခက်အခဲများ ကြုံတွေ့နေကြရပါသည်။

ဤသည်ကိုအကြောင်းပြု၍ အရုဏ်ဦး ဖူးကက် ကုမ္ပဏီမှ ဘဝတူ အလုပ်သမားတို့၏ အခက်အခဲများကို အဆင်ပြေနိုင်စေလိုသော မေတ္တာ စေတနာတို့ဖြင့် ဖူးကက် ရနောင်း ဖန်ငါးနှင့် ကဘီခရိုင်တို့မှ အလုပ်သမား ဝန်ဆောင်မှု ကိုယ်စားလှယ်များနှင့် စုပေါင်း၍ Mobile Team အနေဖြင့် ဖူးကက်ခရိုင်သို့ ဆင်းကာ CI စာအုပ်အစိမ်းမှ PJ Passport စာအုပ်အနီသို့ ပြောင်းလည်းပြုလုပ်ပေးပါရန် လိုအပ်သော အချက်အလက်များကို အသေးစိတ်စုဆောင်းလျှက် 22.09.2025 ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ တိုက်ရိုက်လိပ်မူ၍ မေတ္တာရပ်ခံ လျှောက်ထားခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံမှုမှတဆင့် မြန်မာသံအမတ်ကြီး၏ ခွင့်ပြုချက်ဖြင့် 30.09.2025 မှ 02.10.2025 ရက်နေ့အထိ Mobile TDCC လုပ်ငန်းစဉ်အဖြစ် ဖူးကက်မြို့တွင် အရုဏ်ဦး ဖူးကက် ကုမ္ပဏီ၏ တာဝန်ခံမှုဖြစ်သော သံရုံးအဖွဲ့သားများ၏ လမ်းပန်းဆက်သွယ်ရေး၊ နေထိုင်စားသောက်ရေး၊ နေရာထိုင်ခင်း အဆင်ပြေနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးစသည်တို့ ပြည့်စုံစွာဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား 617 ယောက်ကို CI မှ PJ အဖြစ်ပြောင်းလည်းရေး လုပ်ငန်းစဉ် ပထမအဆင့်ဖြစ်သည့် အချက်အလက်ကောက်ယူရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ပုံမှန်အားဖြင့် အချက်အလက်ကောက်ယူခြင်းမှ ခွင့်ပြုချက်ကျပြီး စာအုပ်ထွက်သည်အထိ သုံးလမျှသာ ကြာမြင့်မည်ဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် အဆိုပါထလေထိုင်ရုံးကို 20.12.2025 နေ့တွင် ရုတ်တရက် ပိတ်လိုက်ရသည့်အတွက် ထိုင်းနိုင်ငံ တနိုင်ငံလုံး၌ စာအုပ်မထွက်နိုင်ပဲ ကြန့်ကြာနေသည်မှာ 32,800 ခန့် ရှိနေသည်ဟု ကြားသိရပါသည်။ ထိုအထဲတွင် ဖူးကက်မြို့၌ လုပ်ဆောင်ခဲ့သော 617 ယောက်သည်လည်း အပါအဝင်ဖြစ်ပါသည်။

ယခုအခါ အဆိုပါ 617 ယောက်ထဲမှ CI စာအုပ်သက်တမ်းကုန်နေသူ 330 အထိ ရှိလာပြီး 287 ယောက်သာလျှင် အောက်တိုဘာ 2026 မှ ဧပြီ 2029 အထိ ကျန်နေသည်ကို စိတ်မကောင်းဘွယ်ရာ စစ်ဆေးတွေ့ရှိရပါသည်။ ထိုကိစ္စနှင့် ပါတ်သက်၍ ကုမ္ပဏီ တာဝန်ရှိသူများက မြန်မာသံရုံးတာဝန်ခံများနှင့် အကြိမ်ကြိမ်သွားရောက် ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးမှု၏ ရလဒ်အဖြစ် သံအမတ်ကြီးမှ ကြန့်ကြာမှုကို ရင်ဆိုင်နေရသူ အလုပ်သမားများအတွက် လုံခြုံရေးပြဿနာများ ပြေလည်နိုင်စေရန် အလို့ငှာ 22.05.2026 ရက်နေ့တွင် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ ရည်ညွှန်းသည့် ထောက်ခံစာတစောင်ကို ထုတ်ပေးခဲ့ပါသည်။ မိမိတို့ ကုမ္ပဏီကလည်း အဆိုပါ ထောက်ခံစာကို ထိုင်းနှင့် အင်္ဂလိပ် နှစ်ဘာသာသို့ ပြန်ဆို၍ သက်ဆိုင်ရာကိုယ်စားလှယ်များသို့ ဆင့်ပွားဖြန့်ဝေပေးနိုင်ရန် လက်ဆင့်ကမ်းခဲ့ပါသည်။

ဤသည်များမှာ အရုဏ်ဦး ဖူးကက် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပြီးခဲ့ ဆောင်ရွက်နေဆဲ အခြေအနေများကို လေးစားစွာဖြင့် အသိပေးခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ သက်ဆိုင်သူ အလုပ်သမားများအနေနှင့်ကလည်း မိမိတို့ ကုမ္ပဏီအပေါ် နားလည်ခွင့်လွှတ်ပေးနေခြင်းအပေါ် အထူးပင် ကျေးဇူးဥပကာယတင်ရှိပါကြောင်း လေးလေးနက်နက် အသိအမှတ်ပြုပါသည်။

ယနေ့ (17.08.2026) ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးမှ ဖြေကြားချက်အရ ဤကိစ္စကို အမြန်ဆုံးပြေလည်နိုင်ရန် ထိုင်းနိုင်ငံအစိုးရနှင့် ညှိနှိုင်း၍ အထူးပင်ကြိုးစားလုပ်ဆောင်ပါသည်ဟု သိရပါသည်။

မည်သို့ပင် ဆိုစေကာမူ မကြာမီ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်သက်တမ်းတိုးရမည့် အချိန်မှာလည်း တစစနှင့် နီးကပ်လာပြီဖြစ်ရာ အဆိုပါအလုပ်သမားများ စာအုပ်လက်ဝယ်ရောက်ရှိမှု နောက်ကျပါက အခက်အခဲ တစုံတရာရှိနိုင်မည် ဖြစ်သည့်အတွက် အဆိုပါ အလုပ်သမားများအနေဖြင့် လူသစ်ဘတ်လုပ်ထားပြီး စာအုပ်လက်ဝယ်ရောက်ရှိသည်နှင့် အဆင်သင့် အချက်အလက်ပြောင်းထည့်ပါက ပို၍အဆင်ပြေနိုင်မည်ဟု ယူဆမိပါသည်။ သည့်အတွက် မိမိတို့ ကုမ္ပဏီအနေဖြင့် အဆိုပါ အလုပ်သမား 617 ယောက်တို့အား ဘော်တော် 50 ခေါ် အလုပ်သမား မှတ်ပုံတင်ခွင့်ပြုချက်နှင့် 100 ဘတ်တန် ငွေချေစာရွက် ရသည်အထိ အခမဲ့ဆောင်ရွက်ပေးသွားမည်ဟု ဆုံးဖြတ်ထားပါသည်။ အလုပ်သမားများအနေဖြင့် ကျန်အဆင့်များဖြစ်သည့် ကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံလုပ်ခြင်း၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်တောင်းခံခြင်းတို့ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်သွားနိုင်လိမ့်မည် ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့၏ ကိုယ်စားလှယ်များမှတဆင့် အရုဏ်ဦး ဖူးကက် ကုမ္ပဏီသို့ ဆက်သွယ်၍ လူသစ်ဘတ်ဖွင့်သည်နှင့်တပြိုင်နက် B.T 50. နှင့် ငွေချေစာရွက်ကို အခမဲ့လုပ်ဆောင်နိုင်ပါကြောင်းနှင့် မိမိတို့ရည်ရွယ်ထားသည့် Passport စာအုပ်အမြန်ဆုံးရရှိနိုင်ရေးကို အထူးတလည် ကြိုးပမ်းနေပါကြောင်းတို့ကို လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့် -

အရုဏ်ဦး ဖူးကက် ကုမ္ပဏီ

01/08/2026

မင်္ဂလာပါ လူကြီးမင်းတို့ရေ...

ကျွန်တော်တို့ True Service Co., Ltd. ရဲ့ Official page အသစ် ကို စတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။

နောင်လာမည့် ဗီဇာ၊ Work Permit နှင့် နိုင်ငံခြားသား အလုပ်သမား တင်သွင်းခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုအသစ်များကို Page အသစ်မှာပဲ ပုံမှန် Update တင်ပေးသွားမှာဖြစ်ပါတယ်။

စာရွက်စာတမ်းဆိုင်ရာ ဝန်ဆောင်မှုများကို စိတ်အေးချမ်းသာစွာ အမြန်ဆုံး အကူအညီရယူနိုင်ဖို့ အောက်ပါ Link ကနေတစ်ဆင့် Page အသစ်ကို Like & Follow လုပ်ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

👉 Page အသစ် Link - [ https://www.facebook.com/trueservicelimited/ ]

အမြဲတမ်း ယုံကြည်အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ✨

📢 Announcement / အသိပေးအကြောင်းကြားစာWe are excited to announce that Dawn Phuket is officially rebranding to True Servic...
30/07/2026

📢 Announcement / အသိပေးအကြောင်းကြားစာ

We are excited to announce that Dawn Phuket is officially rebranding to True Service!

မိမိတို့ Dawn Phuket စာမျက်နှာကို ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန်အတွက် True Service ဆိုသည့် နာမည်အသစ်သို့ ပြောင်းလဲပြင်ဆင်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Thank you for your continued support!

20/06/2026

"စီအိုင် (CI) စာအုပ်ရှိရုံနဲ့ မြန်မာပြည်ပြန်လို့ ရပြီလား?"

ပြည်ပရောက် မြန်မာလုပ်သားတွေအတွက် အရေးကြီးတဲ့ OWIC ကတ် အကြောင်း သေချာမသိသေးရင် လမ်းခရီးမှာ အခက်အခဲ ကြုံရနိုင်ပါတယ်ဗျာ။ နယ်စပ်ဂိတ်တွေ၊ လေဆိပ်တွေနဲ့ ပြည်တွင်းစစ်ဆေးရေးဂိတ်တွေမှာ ဘာကြောင့် မဖြစ်မနေ လိုအပ်တာလဲဆိုတာကို ဗီဒီယိုတိုလေးနဲ့ ရှင်းပြပေးထားပါတယ်။

မိဘဆွေမျိုးတွေဆီ ခွင့်ရက်တိုလေးအတွင်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ အေးအေးလူလူ ပြန်နိုင်ဖို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ကြိုတင်ပြင်ဆင်ထားလိုက်ပါဦးနော်။ ✨

📞 +66 63 334 4748 ဆက်သွယ်နိုင်ပါသည်

✔ မြန်ဆန်
✔ မှန်ကန်
✔ သက်သာ

📍 အရုဏ်ဦး ဖူးကက်
ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနေပါသည်

#ပြည်ပအလုပ်သမားသက်သေခံကတ် #အသိပညာပေး

ที่อยู่

41/82, Moo 6, Thepkrasatree Road, Ratsada, Mueang
Phuket
83000

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 14:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Dawn Phuket - အရုဏ်ဦး ဖူးကက် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์