ROMEO

ROMEO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ROMEO, Launderette, Yangon.

16/06/2021
18/09/2019

စနစ်တကျအ၀တ်ခေါက်နည်းးးးး အ၀တ်သိမ်းနည်း 👔👔👔🧥🥼👚👕👖

ရိုမီယို မှသင့်​တင့်​​သော​ဈေးနှုန်းများနဲ့အ​ကောင်းဆုံးဝန်​​ဆောင်​မှု​ပေး​နေပါပြီ
09/09/2019

ရိုမီယို မှသင့်​တင့်​​သော​ဈေးနှုန်းများနဲ့အ​ကောင်းဆုံးဝန်​​ဆောင်​မှု​ပေး​နေပါပြီ

ကျန်းမာရေးဆိုင်ရာဗဟုသုတများ-------------------------------------- #တုပ်ကွေးရောဂါ (seasonal Influenza)အခုလိုရာသီ အကူးအပြေ...
15/08/2019

ကျန်းမာရေးဆိုင်ရာဗဟုသုတများ
--------------------------------------
#တုပ်ကွေးရောဂါ (seasonal Influenza)

အခုလိုရာသီ အကူးအပြောင်းမှာ အအေးမိဖျားနာတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်တွေကိုက်ခဲတာ စတဲ့လက္ခဏာတွေနဲ့ ရာသီတုပ်ကွေးဟာအတွေ့ရများပါတယ်။ ရာသီတုပ်ကွေးဟာ ဗိုင်းရပ်(စ)ပိုးတမျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ တုပ်ကွေးရောဂါခံစားနေရတဲ့ သူတဦးဦးက ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ သလိပ်၊ နှပ်၊ တံတွေး အစရှိတဲ့ ကိုယ်ခန္ဓာကထွက်တဲ့ အရည်စက် (droplets) လေးတွေနဲ့အတူ ဗိုင်းရပ်(စ)ပိုးက တခြားတစ်ယောက်ဆီ ကူးစက်တာပဲဖြစ်ပါတယ်။

တုပ်ကွေးရောဂါလက္ခဏာတွေက
(၁) ဖျားတာ
(၂) ချောင်းဆိုး
(၃) နှာစေး
(၄) ကိုယ်လက်ကိုက်ခဲနာကျင်
(၅) နုံးချည့်ပြီးမလှုပ်ချင်မကိုင်ချင်ဖြစ်တာ
(၆) တချို့တွေမှာ-ပျို့အန်တာ၊ အစာမကြေတာနဲ့လည်းတွဲပြီးတွေ့ရတတ်ပါတယ်။

တုပ်ကွေးရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ

အများစုကတော့ ၃-၄ရက်ကြာရင်ပြန်ကောင်းတတ်ပါတယ်။
အရမ်းပြင်းထန်ရင်တော့ နှလုံးကြွက်သားတွေ ယောင်ယမ်းတာ၊ ဦးနှောက်အမြှေးပါးယောင်ယမ်းတာတွေအထိ ဖြစ်နိုင်လို့ သာမန်တုပ်ကွေးဆိုပြီးမပေါ့သင့်ပါ။

တုပ်ကွေးရာဂါကို ဘယ်လို ကုသမလဲ။

(၁) ရေများများသောက်ပါ။
(၂) စွတ်ပြုတ်၊ ဆန်ပြုတ်၊ အိုဗာတင်း အစရှိသော ပျော့ပြောင်းနူးညံ့သည့်အစားအစာများ အာဟာရ ပြည့်ဝအောင် စားပေးပါ။
(၃) အဖျားတက်၊ ကိုယ်ပူကြီးလာရင် ရေပတ်တိုက်ပေးပါ။
(၄) အိပ်ရေးဝအောင်အိပ်ပြီး လုံလောက်စွာ နားနေသင့်ပါတယ်။
လိုအပ်ရင်တော့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသပြီးကုသမှုခံယူရမှာပါ။
သာမန် အဖျားကျဆေးတွေ၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးစတာတွေနဲ့
မသက်သာဘူးဆိုရင်တော့ Oseltamivr ၊ Zanamivir ၊ Balaxavir Marboxil စတဲ့ Antivirus ဆေးတွေကို သင့်ဆရာဝန်က ညွန်ကြားပါလိမ့်မယ်။

တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်မလဲ။

အကောင်းဆုံးကတော့ တုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းပါပဲ။
လက်မကြာခဏဆေးပေးပါ။ အထူးသဖြင့် တုပ်ကွေးရောဂါခံစားနေရသူနှင့် ထိတွေ့
ဆက်ဆံပြီးချိန်များမှာ ပိုမိုသတိထားရပါမယ်။
ဥပမာ - ဘတ်(စ)ကားလက်ကိုင်ကွင်းတွေ၊ ဆေးရုံကုတင်ဘေးပေါင်တန်းများကိုင်ပြီးရင် Hand wash ၊ Hand gel ၊ လက်ဆေးဆပ်ပြာသုံးပါ။
ချောင်းဆိုးတိုင်း ၊ နှာချေတိုင်း နှာခေါင်းကို ဖုံးအုပ်ထားပါ။

ဘာလို့ တုပ်ကွေးကာကွယ်ဆေးထိုးသင့်တာလဲ။

တုပ်ကွေးရောဂါဟာ အခုလို မိုးဦးကျရာသီမှာ အဖြစ်များပါတယ်။တစ်နှစ်တစ်နှစ်ကို
တုပ်ကွေးကြောင့် အလုပ်အကိုင်ပျက်တာ၊ဖျားနာတာ ၊ ဆေးရုံတက်ရတာတွေကနေ
တုပ်ကွေးပြင်းထန်လွန်းတာကြောင့် သေဆုံးတာမျိုးအထိ ရှိတတ်ပါတယ်။ နှစ်စဉ်အလိုက် အသစ်ထွက်ပေါ်လာတဲ့ တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် တုပ်ကွေးရောဂါကို ကာကွယ်နိုင်ပါတယ်။

ဘယ်သူတွေကို တုပ်ကွေးကာကွယ်ဆေးထိုးသင့်သလဲ။

အကြမ်းဖျင်းကတော့ အသက် (၆) လအောက် ကလေးငယ်တွေကလွဲလို့ ဘယ်သူ
မဆို ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။ အထူးသဖြင့်ကတော့ ကိုယ်ဝန်ဆောင်
မိခင်လောင်းတွေဟာ မဖြစ်မနေထိုးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေကို
တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တိုက်တွန်းထားပါ
တယ်။ တခြား၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ ဆီးချိုရောဂါ
သမားတွေ၊ နာတာရှည်ရောဂါတခုခု ခံစားနေရတဲ့သူတွေ၊ နာတာရှည်ရောဂါတခုခုကြောင့် ဆေးဝါးတွေစွဲမြဲသောက်သုံးနေရတဲ့သူတွေလည်း တုပ်ကွေးကာကွယ်ဆေး မဖြစ်မနေ ထိုးနှံသင့်ပါတယ်။
ဆရာဝန်တွေ၊ သူနာပြုတွေ အစရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ဖျားနာ
တုပ်ကွေးလူနာတွေနဲ့ မကြာခဏ ထိတွေ့ရမှာဖြစ်လို့ ထိုးထားသင့်ပါတယ်။

အာနိသင်ကရော စွမ်းရဲ့လား။

ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အကြာမှာမှ ဆေးရဲ့ ကာကွယ်နိုင်စွမ်းက စတင်ရရှိပါ
တယ်။ ကာကွယ်ဆေးထိုးထားရဲ့သားနဲ့လည်း တုပ်ကွေးဖြစ်နိုင်ပါသေးတယ်။ အကြောင်းကတော့ တုပ်ကွေးရောဂါကာကွယ်ဆေး မထိုးမီ ၊ဒါမှမဟုတ် ဆေးအာနိသင်မရခင်မှာ တုပ်ကွေးမိခဲ့လို့ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်(စ)ပိုးတွေရဲ့ မျိုးဗီဇပြောင်းလဲမှုကို ကာကွယ်ဆေးက လိုက်မမှီတော့လို့လဲဖြစ်နိုင်ပါတယ်။ဆိုလိုတာက ဒီနှစ်မိုးရာသီအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ တုပ်ကွေးကာကွယ်ဆေးထဲမှာ မပါဝင်တဲ့ ဗိုင်းရပ်(စ)မျိုးစိတ်အသစ်တွေ ပြောင်းလဲသွားတာမျိုးပါ။ဘယ်လိုပဲဖြစ်ပါစေတုပ်ကွေးကာကွယ်ဆေးထိုးထားသော်လည်း
တုပ်ကွေးရောဂါဖြစ်နိုင်တယ် ဆိုပေမယ့် တုပ်ကွေးဖြစ်လာတဲ့အခါ ရောဂါပြင်းအားကို
လျော့ချပေးနိုင်ပါတယ်။ ဥပမာ - ကာကွယ်ဆေးမထိုးထားရင် (၅) ရက်ကြာဖျားနာဆေးရုံတက်ရတဲ့အထိ ဖြစ်မယ့်အစား ကာကွယ်ဆေးထိုးထားလို့ (၃)ရက်တည်းနဲ့ပျောက်ကင်း
သက်သာတာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုအချိန်ရာသီမှာ တုပ်ကွေးကာကွယ်ဆေးထိုးသင့်သလဲ။

တုပ်ကွေးရောဂါ Virus ပိုးတွေဟာ မျိုးဗီဇပြောင်းလဲတတ်တာကြောင့် တစ်နှစ်နဲ့တစ်
နှစ် ရာသီအကူးအပြောင်းကာလတွေမှာ တုပ်ကွေး ဗိုင်းရပ်မျိုးစိတ်အသစ်တွေ ထွက်လာ
တတ်ပါတယ်။ အဲသလို ထွက်ပေါ်လာမယ့် မျိုးစိတ်သစ်တွေအတွက် ကာကွယ်ဆေး
အသစ်ကို ထုပ်လုပ်ရပါတယ်။ မြန်မာနိုင်ငံအတွက် တုပ်ကွေးကာကွယ်ဆေးကတော့ မေလ ကုန်ခါနီး၊ မေလ နောက်ဆုံးပတ်လောက်မှာ ထိုးနှံတာက အသင့်တော်ဆုံး
ဖြစ်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေက ဘာလဲ။(သို့)
တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်တတ်ပါသလား။

တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ Virus ပိုးကို ပိုးကူးစက်
နိုင်တဲ့ စွမ်းရည်မရှိစေတော့ဘဲ ခုခံအားထွက်ပေါ်နိုင်တဲ့ အာနိသင်ကျန်အောင် (Inactivate)လုပ်ပြီးထုတ်လုပ်ထားတာမျိုးဖြစ်တဲ့အတွက် တချို့ ကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်စေမလား စိုးရိမ်ကြပါတယ်။ တကယ်က တုပ်ကွေးကာကွယ်ဆေးကြောင့်
တုပ်ကွေးရောဂါ မဖြစ်စေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးဆိုလို့ ငွေ့ငွေ့ဖျားတာ၊ နှာချေတာလောက်တော့ ဖြစ်နိုင်ပေမယ့် ကြီးမားတဲ့ ဆိုးကျိုးမရှိပါဘူး။တုပ်ကွေးကာကွယ်ဆေးအများစုဟာ ကြက်ဥအနှစ်အတွင်းမှာ ဖော်စပ်ထားတာဖြစ်လို့ မိမိဟာကြက်ဥနဲ့ မတည့်တဲ့သူဆို
ရင်တော့ကွယ်ဆေးထိုးနှံပေးမယ့်ဆရာဝန်ကို ကြိုပြောသင့်ပါတယ်။

အနှစ်ချုပ်ကတော့ မိုးဦးမကျခင် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် အ
လုပ်အကိုင်ပျက်ခြင်း ၊ ဖျားနာခြင်အတွက်ကုသစားရိတ်သက်သာခြင်း ၊ တုတ်ကွေးရောဂါဖြစ်ခဲ့ရင်လည်း ဝေဒနာပြင်းထန်စွာ မခံစားရခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

Credit Thaw Zin Nyein

24/07/2019

မိတ်​​ဆွေတို့ရဲ့​စောင်​ ခြင်​​ထောင်​ အဝတ်​အစားများကိုသန့်​ရှင်း​တောက်​​ပြောင်​​စေဖို့ ရိုမီယို မှ​နေ့ချင်းပြီး​ဆောင်​ရွက်​​ပေး​နေပါပြီ

မိုး​တွေဆက်​တိုက်​ရွာ​နေလို့လူကြီးမင်းတို့ရဲ့အဝတ်​အစား​တွေမ​ခြောက်​လို့စိတ်​ညစ်​​နေလား👕👖👗👚  ❤ရိုမီယို ❤နဲ့ဆက်​သွယ်​လိုက...
03/07/2019

မိုး​တွေဆက်​တိုက်​ရွာ​နေလို့လူကြီးမင်းတို့ရဲ့အဝတ်​အစား​တွေမ​ခြောက်​လို့စိတ်​ညစ်​​နေလား👕👖👗👚 ❤ရိုမီယို ❤နဲ့ဆက်​သွယ်​လိုက်​ပါ ​​လျှော်​ မီးပူတိုက်​ အ​ခြောက်​ခံခြင်းများကို​နေ့ချင်းပြီး​ဆောင်​ရွက်​​ပေး​နေပါပြီ👍👍👔

ရိုမီယို ကိုယုံကြည်​မှုနဲ့လာ​ရောက်​အား​ပေးကြ​သောမိတ်​​ဆွေများကိုလဲ​ကျေးဇူးတင်​ပါတယ်​​နောက်​ထပ်​မိတ်​​ဆွေများကိုလည်း ရိုမ...
24/06/2019

ရိုမီယို ကိုယုံကြည်​မှုနဲ့လာ​ရောက်​အား​ပေးကြ​သောမိတ်​​ဆွေများကိုလဲ​ကျေးဇူးတင်​ပါတယ်
နောက်​ထပ်​မိတ်​​ဆွေများကိုလည်း ရိုမီယို ကိုကြွလှမ်းခဲ့ဖို့​နွေး​ထွေးစွာဖိတ်​​ခေါ်ပါရ​စေ

လျှော်ဖွတ်စရာအ၀တ်ပုံကြီးကြည့်ပြီး စိတ်ညစ်နေစရာမလိုတော့ဘူးနော် 💁‍♀️💁‍♀️အရောက်ယူ အရောက်ပို့ဝန်ဆောင်မှုအပြင်🏍🏍သက်သာတဲ့ဈေးနှု...
23/06/2019

လျှော်ဖွတ်စရာအ၀တ်ပုံကြီးကြည့်ပြီး စိတ်ညစ်နေစရာမလိုတော့ဘူးနော် 💁‍♀️💁‍♀️

အရောက်ယူ အရောက်ပို့ဝန်ဆောင်မှုအပြင်🏍🏍

သက်သာတဲ့ဈေးနှုန်းနဲ့👍👍💵💱

စနစ်တကျ လျှော်ဖွပ် သန့်စင် အခြောက်ခံပေးနေပါပြီ 👔👔👕👕💫💫

ဖုန်းလေးသာဆက်လိုက်ပါ 🤳🤳
၀၉ ၇၉၆၉၃၁၆၃၆၊ ၀၉ ၇၉၂၀၂၇၀၀၂

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ROMEO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category