MilkyWay - Online ကားအလှဆင်ပစ္စည်းအရောင်းဆိုင်

  • Home
  • Myanmar
  • Yangon
  • MilkyWay - Online ကားအလှဆင်ပစ္စည်းအရောင်းဆိုင်

MilkyWay - Online ကားအလှဆင်ပစ္စည်းအရောင်းဆိုင် Modified product များကို ဈေးနူန်းချိုသာစွာဖြ?

Online Car ပစ္စည်း ဆိုင် ဖြစ်ပါသဖြင့် မိမိ ဝယ်ယူလိုသော ပစ္စည်းများ ကို ရန်ကင်း၊ကြည့်မြင်တိုင် နှစ်နေရာတွင် ဖုန်းဆက်သွယ် ဝယ်ယူနိုင်ပါသည်။အိမ်တိုင်တာရောက် ပို့ဆောင် စေပါ က မြို့နယ် အလိုက် ပို့ဆောင်မူ ဝင်ဆောင်ခ ဖြင့်အိမ်အရောက်ပို့ပေးပါမညျ။

26/11/2025
09/10/2022
16/08/2022
Exhaust က ထွက်တဲ့ မီးခိုးအရောင် ၃မျိုး ရှိတယ်၁။ Black smoke - မီးခိုးမဲ၂။ Blue smoke - မီးခိုးပြာ၃။ White Smoke - မီးခို...
07/06/2022

Exhaust က ထွက်တဲ့
မီးခိုးအရောင် ၃မျိုး ရှိတယ်
၁။ Black smoke - မီးခိုးမဲ
၂။ Blue smoke - မီးခိုးပြာ
၃။ White Smoke - မီးခိုးဖြူ

🚩Black Smoke
မီးခိုးမဲတွေ ဘာလို့ထွက်လဲ
Nozzle ဘဲ ဖြစ်ဖြစ် injector ဘဲဖြစ်ဖြစ်
ဖြန်းလိုက်တဲ့ ဆီ Complete Combustion
ပြီးပြည့်စုံတဲ့ မီးလောင်ပေါက်ကွဲမှု မရှိလိုဘဲ.....
အဲဒါကြောင့် residual gas အဖြစ်
မီးခိုးမဲတွေလိုက်လာတယ်ဆိုပါတော့.....
EFI-Engine တွေဆို Alarm တက်နေရင်လည်း
မီးခိုးမဲလိုက်တက်တယ်......

🚩Blue smoke
မီးခိုးပြာလိုက်နေပီဆိုရင်
Combustion Chamber ထဲမှာ Engine oil တွေရောက် မီးလောင်ပေါက်ကွဲပီး မီးခိုးပြာအဖြစ်နဲ့ ထွက်
Combustion Chamber ထဲ
Engine oil တွေဘယ်နည်းနဲ့ရောက်လဲ?
Turbo engine တွေမှာ ဆို shaft seal ပေါက်ပီးရောက်တယ် Liner၊ piston ring တွေ မကောင်းရင်ရောက်တယ်
အဲ့တော့ Engine oil မရောက်အောင်
မကောင်း တဲ့ part တွေလဲလိုက်ပေါ့.....

🚩White smoke
ဥပမာ ရေနွေးအိုး ဆူရင် မီးခိုဖြူထွက်သလိုမျိုးပေါ့
Combustion Chamber ထဲကို
ဆီလိုင်းကသော်လည်းကောင်း လေလိုင်းကသော်လည်းကောင်း
ရေ နှင့် ရေငွေ့ များဝင်ရောက်ပြီး မီးလောင်ပေါက်ကွဲပြီးနောက်
မီးခိုးဖြူ အဖြစ် ထွက်လာခြင်းဖြစ်သည်....
စက်အမျိုးအစားပေါ်မူတည်ပြီး
မီးခိုးအရောင် ဖြစ်ပုံဖြစ်နည်း
အမျိုးမျိုးရှိပေမယ့်
မီးခိုးတွေလိုက်လာပီဆိုရင်တော့
၁။ မနိုင်ဝန် သုံးမိလိုလား
၂။ valve ပြန်ချိန်ဖို့လိုနေပီလား
၃။ မီး timing နိမ့်နေလို့လား
၄။ Engine oil စားနပေီလား
၅။ nozzle သို့ injector ကြောင့်လား
၆။ Air Cleaner ပိတ်နေလား
၇။ water separator ရေမဖောက်မိလိုလား
၈။ turboပျက်နေပီလား
၉။ လေလိုင်းပြသာနာရှိနေပီလား
၁၀။ Engine alarm တက်နေလား
၁၁။ Engine liner တွေ ring တွေ ချောင်နေပြီလား
၁၂။ သုံးမိတဲ့ fuel quaility မမီလို့လား
အမျိုးအစုံ ကြိုးခုံဆိုပါတော့......

မူရင်းMyint Thein Aung

👏သိသူဖော်စား မသိသူကျော်သွားတဲ့ 👏သိထားတော့ လဲ လိုအပ်တဲ့အခါ အဆင်ပြေတာ ပေါ့.        ကညန-က အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့ မြို့နယ...
27/05/2022

👏သိသူဖော်စား မသိသူကျော်သွားတဲ့ 👏
သိထားတော့ လဲ လိုအပ်တဲ့အခါ အဆင်ပြေတာ ပေါ့.

ကညန-က အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့ မြို့နယ်အလိုက် ကားနံပါတ်ပြား နံပါတ်

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ အတွင်းရှိ
မြို့နယ်အလိုက် Region Code & Number စာရင်း (အဆိုပြု)
ကချင်ပြည်နယ်
(က) ပူတာအို
(၁) ခေါင်လန်ဖူး KCN-1
(၂) ဆွမ်ပရာဘွမ် KCN-2
(၃) နောင်မွန်း KCN-3
(၄) ပူတာအို KCN-4
(၅) မချမ်းဘော KCN-5
(ခ) ဗန်းမော်
(၆) ဗန်းမော် KCN-6
(၇) မံစီ ၊ KCN-7
(၈) မိုးမောက် KCN-8
(၉) ရွှေကူ KCN-9
(ဂ) မိုးညှင်း
(၁၀) ဖားကန့် KCN-10
(၁၁) မိုးကောင်း KCN-11
(၁၂) မိုးညှင်း KCN-12
(ဃ) မြစ်ကြီးနား
(၁၃) ချီဖွေ KCN-13
(၁၄) ဆော့လော် KCN-14
(၁၅) တနိုင်း KCN-15
(၁၆) မြစ်ကြီးနား KCN-16
(၁၇) ဝိုင်းမော် - KCN-17
(၁၈) အင်ဂျန်းယန် KCN-18
ကယားပြည်နယ်
(က) ဘောလခဲ
(၁) ဖားဆောင်း KYH-1
(၂) ဘောလခဲ့ KYH-2
(၃) မယ်စဲ KYH-3
(ခ) လွိုင်ကော်
(၄) ဒီးမော့ဆို KYH-4
(၅) ဖရူဆို KYH-5
(၆) ရှားတော KYH-6
(၇) လွိုင်ကော် KYH-7
ကရင်ပြည်နယ်
(က) ကော့ကရိတ်
(၁) ကော့ကရိတ် KYN-1
(၂) ကြာအင်းဆိပ်ကြီး KYN-2
(ခ) ဖာပွန်
(၃) ဖာပွန် KYN-3
(ဂ) ဘားအံ
(၄) ဘားအံ KYN-4
(၅) လှိုင်းဘွဲ့ KYN-5
(၆) သံတောင်ကြီး KYN-6
(ဃ) မြဝတီ
(၇) မြဝတီ KYN-7
ချင်းပြည်နယ်
(က) ဖလမ်း
(၁) တီးတိန် CHN-1
(၂) တွန်းဇန် CHN-2
(၃) ဖလမ်း CHN-3
(ခ) မင်းတပ်
(၄) ကန်ပက်လက် CHN-4
(၅) ပလက်ဝ CHN-5
(၆) မတူပီ CHN-6
(၇) မင်းတပ် CHN-7
(ဂ) ဟားခါး
(၈) ထန်တလန် CHN-8
(၉) ဟားခါး CHN-9
စစ်ကိုင်းတိုင်းဒေသကြီး
(က) ကလေး
(၁) ကလေး SGG-1
(၂) ကလေးဝ SGG-2
(၃) မင်းကင်း SGG-3
(ခ) ကသာ
(၄) ကသာ SGG-4
(၅) ကောလင်း SGG-5
(၆) ထီးချိုင့် SGG-6
(၇) ပင်လည်ဘူး SGG-7
(၈) ဗန်းမောက် SGG-8
(၉) ဝန်းသို SGG-9
(၁၀) အင်းတော် SGG-10
(ဂ) ကန႔ၻလူ
(၁၁) ကန့္ဘလူ SGG-11
(၁၂) ကျွန်းလှ SGG-12
(၁၃) တန့်ဆည် SGG-13
(၁၄) ရေဦး SGG-14
(ဃ) ခႏၲီး
(၁၅) ခန်တီး SGG-15
(၁၆) နန်းယွန်း SGG-16
(၁၇) လဟယ် SGG-17
(၁၈) လေရှီး .SGG-18
(၁၉) ဟုမ္မလင်း SGG-19
(င) စစ်ကိုင်း
(၂၀) စစ်ကိုင်း SGG-20
(၂၁) မြင်းမူ SGG-21
(၂၂) မြောင် SGG-22
(စ) တမူး
(၂၃) တမူး SGG-23
(ဆ) မော်လိုက်
(၂၄) ဖောင်းပြင် SGG-24
(၂၅) မော်လိုက် SGG-25
(ဇ) မုံရွာ
(၂၆) ချောင်းဦး SGG-26
(၂၇) ဘုတလင် SGG-27
(၂၈) မုံရွာ SGG-28
(၂၉) အရာတော် SGG-29
(ဈ) ယင်းမာပင်
(၃၀) ကနီ SGG-30
(၃၁) ဆားလင်းကြီး SGG-31
(၃၂) ပုလဲ SGG-32
(၃၃) ယင်းမာပင် SGG-33
(ည) ရွှေဘို
(၃၄) ခင်ဦး SGG-34
(၃၅) ဒီပဲယင်း SGG-35
(၃၆) ရွှေဘို SGG-36
(၃၇) ဝက်လက် SGG-37
တနင်္သာရီတိုင်းဒေသကြီး
(က) ကော့သောင်း
(၁) ကော့သောင်း TNI-1
(၂) ဘုတ်ပြင်း TNI-2
(ခ) ထားဝယ်
(၃) ထားဝယ် TNI-3
(၄) ရေဖြူ TNI-4
(၅) လောင်းလုံး TNI-5
(၆) သရက်ချောင်း TNI-6
(ဂ) မြိတ်
(၇) ကျွန်းစု TNI-7
(၈) တနင်္သာရီ TNI-8
(၉) ပုလော TNI-9
(၁၀) မြိတ် TNI-10
ပဲခူးတိုင်းဒေသကြီး
(က) တောင်ငူ
(၁) ကျောက်ကြီး BG0-1
(၂) တောင်ငူ BGO-2
(၃) ထန်းတပင် BGO-3
(၄) ဖြူး BG0-4
(၅) ရေတာရှည် BGO-5
(၆) အုတ်တွင်း BGO-6
(ခ) ပဲခူး
(၇) ကဝ BGO-7
(၈) ကျောက်တံခါး BGO-8
(၉) ညောင်လေးပင် BGO-9
(၁၀) ဒိုက်ဦး BGO-10
(၁၁) ပဲခူး BGO-11
(၁၂) ရွှေကျင် BGO-12
(၁၃) ဝေါ BG0-13
(၁၄) သနပ်ပင် BG0-14
(ဂ) ပြည်
(၁၅) ပေါက်ခေါင်း BG0-15
(၁၆) ပေါင်းတည် BGO-16
(၁၇) ပန်းတောင်း BGO-17
(၁၈) ပြည် BGO-18
(၁၉) ရွှေတောင် BGO-19
(၂၀) သဲကုန်း BGO-20
(ဃ) သာယာဝတီ
(၂၁) ကြို့ပင်ကောက် BG0-21
(၂၂) ဇီးကုန်း BGO-22
(၂၃) နတ်တလင်း BGO-23
(၂၄) မိုးညို BGO-24
(၂၅) မင်းလှ BGO-25
(၂၆) လက်ပံတန်း BGO-26
(၂၇) သာယာဝတီ BGO-27
(၂၈) အုတ်ဖို BGO-28
မကွေးတိုင်းဒေသကြီး
(က) ဂန့်ဂေါ
(၁) ဂန့်ဂေါ MGY-1
(၂) ဆော MGY-2
(၃) ထီးလင်း MGY-3
(ခ) ပခုက္ကူ
(၄) ဆိပ်ဖြူ MGY-4
(၅) ပခုက္ကူ MGY-5
(၆) ပေါက် MGY-6
(၇) မြိုင် MGY-7
(၈) ရေစကြို MGY-8
(ဂ) မကွေး
(၉) ချောက် MGY-9
(၁၀) တောင်တွင်းကြီး MGY-10
(၁၁) နတ်မောက် MGY-11
(၁၂) မကွေး MGY-12
(၁၃) မြို့သစ် MGY-13
(၁၄) ရေနံချောင်း MGY-14
(ဃ) မင်းဘူး
(၁၅) ငဖဲ MGY=15
(၁၆) စလင်း MGY-15
(၁၇) စတေုတ်ထရာ MGY-17
(၁၈) ပွင့်ဖြူ MGY-18
(၁၉) မင်းဘူး MGY-19
(င) သရက်
(၂ဝ) ကံမ MGY-20
(၂၁) ဆင်ပေါင်ဝဲ MGY-21
(၂၂) မင်းတုန်း MGY-22
(၂၃) မင်းလှ MGY-23
(၂၄) သရက် MGY-24
(၂၅) အောင်လံ MGY-25
မန္တလေးတိုင်းဒေသကြီး
(က) ကျောက်ဆည်
(၁) ကျောက်ဆည် MDY-1
(၂) စဉ့်ကိုင် MDY-2
(၃) တံတားဦး MDY-3
(၄) မြစ်သား MDY-4
(ခ) ညောင်ဦး
(၅) ကျောက်ပန်းတောင်း MDY-5
(၆) ညောင်ဦး MDY-6
(ဂ) ပြင်ဦးလွင်
(၇) စဉ့်ကူး MDY-7
(၈) ပြင်ဦးလွင် MDY-8
(၉) မိုးကုတ် MDY-9
(၁၀) မတ်တရာ MDY-10
(၁၁) သပိတ်ကျင်း MDY-11
(ဃ) မန္တလေး
(၁၂) ချမ်းမြသာစည် MDY-12
(၁၃) ချမ်းအေးသာဇံ MDY-13
(၁၄) ပြည်ကြီးတံခွန် MDY-14
(၁၅) မဟာအောင်မြေ MDY-15
(၁၆) အောင်မြေသာဇံ MDY-16
(၁၇) ပုသိမ်ကြီး MDY-17
(၁၈) အမရပူရ MDY-18
(င) မိတ်ထီလာ
(၁၉) မလှိုင် MDY-19
(၂၀) မိတ်ထီလာ MDY-20
(၂၁) ဝမ်းတွင်း MDY-21
(၂၂) သာစည် MDY-22
(စ) မြင်းခြံ
(၂၃) ငါန်းဇွန် MDY-23
(၂၄) တောင်သာ MDY-24
(၂၅) နွားထိုးကြီး MDY-25
(၂၆) မြင်းခြံ MDY-26
(ဆ) ရမည်းသင်း
(၂၇) ပျော်ဘွယ် MDY-27
(၂၈) ရမည်းသင်း MDY-28
မွန်ပြည်နယ်
(က) မော်လမြိုင်
(၁) ကျိုက်မရော MON-1
(၂) ချောင်းဆုံ MON-2
(၃) မုဒုံ MON-3
(၄) မော်လမြိုင် MON-4
(၅) ရေး MON-5
(၆) သံဖြူဇရပ် MON-6
(ခ) သထုံ
(၇) ကျိုက်ထို MON-7
(၈) ပေါင် MON-8
(၉) ဘီးလင်း MON-9
(၁၀) သထုံ MON-10
ရခိုင်ပြည်နယ်
(က) ကျောက်ဖြူ
(၁) ကျောက်ဖြူ RKE-1
(၂) မာန်အောင် RKE-2
(၃) ရမ်းဗြဲ RKE-3
(၄) အမ်း RKE-4
(ခ) စစ်တွေ
(၅) စစ်တွေ RKE-5
(၆) ပေါက်တော RKE-6
(၇) ပုဏ္ဏားကျွန်း RKE-7
(၈) ရသေ့တောင် RKE-8
(ဂ) မောင်တော
(၉) ဘူးသီးတောင် RKE-9
(၁၀) မောင်တော RKE-10
(ဃ) မြောက်ဦး
(၁၁) ကျောက်တော် RKE-11
(၁၂) မင်းပြား RKE-12
(၁၃) မြေပုံ RKE-13
(၁၄) မြောက်ဦး RKE-14
(င) သံတွဲ
(၁၅) ဂွ RKE-15
(၁၆) တောင်ကုတ် RKE-16
(၁၇) သံတွဲ RKE-17
ရန်ကုန်တိုင်းဒေသကြီး
(က) ရန်ကုန်(မြောက်ပိုင်း)
(၁) တိုက်ကြီး YGN-1
(၂) ထန်းတပင် YGN-2
(၃) မင်္ဂလာဒုံ YGN-3
(၄) မှော်ဘီ YGN-4
(၅) ရွှေပြည်သာ YGN-5
(၆) လှိုင်သာယာ YGN-6
(၇) လှည်းကူး YGN-7
(၈) အင်းစိန် YGN-8
(ခ) ရန်ကုန် (အရှေ့ပိုင်း)
(၉) တာမွေ YGN-9
(၁၀) တောင်ဥက္ကလာပ YGN-10
(၁၁) ဒဂုံမြို့သစ်(ဆိပ်ကမ်း) YGN-11
(၁၂) ဒဂုံမြို့သစ်(တောင်ပိုင်း) YGN-12
(၁၃) ဒဂုံမြို့သစ်(မြောက်ပိုင်း) YGN-13
(၁၄) ဒဂုံမြို့သစ်(အရှေ့ပိုင်း) YGN-14
(၁၅) ဒေါပုံ YGN-15
(၁၆) ပုဇွန်တောင် YGN-16
(၁၇) ဗိုလ်တထောင် YGN-17
(၁၈) မင်္ဂလာတောင်ညွှန့် YGN-18
(၁၉) မြောက်ဥက္ကလာပ YGN-19
(၂၀) ရန်ကင်း YGN-20
(၂၁) သာကေတ YGN-21
(၂၂) သင်္ဃန်းကျွန်း YGN-22
(ဂ) ရန်ကုန် (တောင်ပိုင်း)
(၂၃) ကိုကိုးကျွန်း YGN-23
(၂၄) ကော့မှူး YGN-24
(၂၅) ကျောက်တန်း YGN-25
(၂၆) ကွမ်းခြံကုန်း YGN-26
(၂၇) ခရမ်း YGN-27
(၂၈) ဆိပ်ကြီး/ ခနောင်တို YGN-28
(၂၉) တွံတေး YGN-29
(၃၀) ဒလ YGN-30
(၃၁) သန်လျင် YGN-31
(၃၂) သုံးခြ YGN-32
(ဃ) ရန်ကုန်(အနောက်ပိုင်း)
(၃၃) ကမာရွတ် YGN-33
(၃၄) ကျောက်တံတား YGN-34
(၃၅) ကြည့်မြင်တိုင် YGN-35
(၃၆) စမ်းချောင်း YGN-36
(၃၇) ဆိပ်ကမ်း YGN-37
(၃၈) ဒဂုံ YGN-38
(၃၉) ပန်းဘဲတန်း YGN-39
(၄၀) ဗဟန်း YGN-40
(၄၁) မရမ်းကုန်း YGN-41
(၄၂) လသာ YGN-42
(၄၃) လမ်းမတော် YGN-43
(၄၄) လှိုင် YGN-44
(၄၅) အလုံ YGN-45
ရှမ်းပြည်နယ်
(က) ကျောက်မဲ
(၁) ကျောက်မဲ SHN-1
(၂) နမ္မတူ SHN-2
(၃) နမ့်ဆန် SHN-3
(၄) ခင်ချို SHN-4
(၅) မန်တုံ SHN-5
(၆) သီပေါ SHN-6
(ခ) ကျိုင်းတုံ
(၇) ကျိုင်းတုံ SHN-7
(၈) မိုင်းခတ် SHN-8
(၉) မိုင်းယန်း SHN-9
(၁၀) မိုင်းလား SHN-10
(၁၁) မိုင်းပျဉ်း SHN-11
(ဂ) တာချီလိတ်
(၁၂) တာချီလိတ် SHN-12
(၁၃) မိုင်းဖြတ် SHN-13
(၁၄) မိုင်းယောင်း SHN-14
(ဃ) တောင်ကြီး
(၁၅) ကေလာ SHN-15
(၁၆) ဆီဆိုင် SHN-16
(၁၇) ညောင်ရွှေ SHN-17
(၁၈) တောင်ကြီး SHN-18
(၁၉) ပင်းတယ SHN-19
(၂၀) ပင်လောင်း SHN-20
(၂၁) ဖယ်ခုံ SHN-21
(၂၂) ရွာငံ SHN-22
(၂၃) ရပ်စောက် SHN-23
(၂၄) ဟိုပုံး SHN-24
(င) မူဆယ်
(၂၅) ကွတ်ခိုင် SHN-25
(၂၆) နမ့်ခမ်း SHN-26
(၂၇) မူဆယ် SHN-27
(စ) မိုးမိတ်
(၂၈) မဘိမ်း SHN-28
(၂၉) မိုးမိတ် SHN-29
(ဆ) မက်မန်း
(၃၀) နားဖန်း SHN-30
(၃၁) ပန်ဆန်း(ပန်ခမ်း) SHN-31
(၃၂) မက်မန်း SHN-32
(ဇ) မိုင်းဆတ်
(၃၃) မိုင်းဆတ် SHN-33
(၃၄) မိုင်းတုံ SHN-34
(ဈ) လားရှိုး
(၃၅) ကြမ္လုံ SHN-35
(၃၆) တန့်ယန်း SHN-36
(၃၇) မိုင်းရယ် SHN-37
(၃၈) လားရှိုး SHN-38
(၃၉) သိန်နီ SHN-39
(ည) လင်းခေး
(၄၀) မိုးနဲ့ SHN-40
(၄၁) မိုင်းပန် SHN-41
(၄၂) မောက်မယ်SHN-42
(၄၃) လင်းခေး SHN-43
(ဋ) လောက်ကိုင်
(၄၄) ကုန်းကြမ်း SHN-44
(၄၅) လောက်ကိုင် SHN-45
(ဎ) လွိုင်လင်
(၄၆) ကျေးသီး SHN-46
(၄၇) ကွန်ဟိန်း SHN-47
(၄၈) နမ့်စန် SHN-48
(၄၉) မိုင်းကိုင် SHN-49
(၅၀) မိုင်းရှူး SHN-50
(၅၁) လဲချား SHN-51
(၅၂) လွိုင်လင် SHN-52
(ဍ) ဟိုပန်
(၅၃) ပန်ဝိုင် SHN-53
(၅၄) မိုင်းမော SHN-54
(၅၅) ဟိုပန် SHN-55
ဧရာဝတီတိုင်းဒေသကြီး
(က) ပုသိမ်
(၁) ကန်ကြီးထောင့် AYY-1
(၂) ကျောင်းကုန်း AYY-2
(၃) ကျုံပျော် AYY-3
(၄) ငပုတော AYY-4
(၅) ပုသိမ် AYY-5
(၆) ရေကြည် AYY-6
(၇) သာပေါင်း AYY-7
(ခ) ဖျာပုံ
(၈) ကျိုက်လတ် AYY-8
(၉) ဒေးဒရဲ AYY-9
(၁၀) ဖျာပုံ AYY-10
(၁၁) ဘိုကလေး AYY-11
(ဂ) မအူပင်
(၁၂) ညောင်တုန်း AYY-12
(၁၃) ဓနုဖြူ AYY-13
(၁၄) ပန်းတနော် AYY-14
(၁၅) မအူပင် AYY-15
(ဃ) မြောင်းမြ
(၁၆) မြောင်းမြ AYY-16
(၁၇) ဝါးခယ်မ AYY-17
(၁၈) အိမ်မဲ AYY-18
(င) လပ်ပတ်တာ
(၁၉) မော်လမြိုင်ကျွန်း AYY-19
(၂၀) လပ်ပတ်တာ AYY-20
(စ) ဟင်္သာတ
(၂၁) ကြံခင်း AYY-21
(၂၂) ဇလွန် AYY-22
(၂၃) မြန်အောင် AYY32
(၂၄) လေးမျက်နှာ AYY-24
(၂၅) ဟင်္သာတ AYY-25
(၂၆) အင်္ဂပူ AYY-26
နေပြည်တော်
(က) ဒက္ခိဏ (တောင်ပိုင်း)
(၁) ဇမ်ဗူသီရိ NPW-1
(၂) ဒက်ခိဏသီရိ NPW-2
(၃) ပျဉ်းမနား NPW-3
(၄) လယ်ဝေး NPW-4
(ခ) ဥတ္တရ (မြောက်ပိုင်း)
(၅) ဇေယျာသီရိ NPW-5
(၆) တပ်ကုန်း NPW-6
(၇) ပုဗ္ဗသီရိ NPW-7
(၈) ဥတ်တရသီရိ NPW-8

ကညန ဝန်ဆောင်မှု့
Minkha -09455344714

Crd

Jazz GD
02/04/2022

Jazz GD

အင်ဂျင် အအေးခံရည် တွေကို ရေရောသုံးရမှာလား၊ ဒီအတိုင်းသုံးရမှာလားအင်ဂျင် အအေးခံရည်မှာ Concentrated Type နဲ့ Pre-Mixed ဆိုပ...
25/03/2022

အင်ဂျင် အအေးခံရည် တွေကို ရေရောသုံးရမှာလား၊ ဒီအတိုင်းသုံးရမှာလား

အင်ဂျင် အအေးခံရည်မှာ Concentrated Type နဲ့ Pre-Mixed ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။

Concentrated Type (အဆီရည်)
Concentrate Type ဆိုတာကိုတော့ အဆီရည်လို့ခေါ်ပြီး ဒီအတိုင်းအသုံးပြုလို့မရပါဘူး ရေရောပြီး အသုံးပြုရမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ 50:50 အချိုးဖြစ်တဲ့ အဆီ ၁ ဆ၊ ရေ ၁ ဆ ရောနှောအသုံးပြုရမှာ ဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ အအေးခံရည် ဘူးမှာ Concentrate လို့ရေးထားရင် ရေရောသုံးရမှာဖြစ်ပြီး ထုတ်လုပ်တဲ့ကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ အချိုးအစားအတိုင်း (40:60, 30:70, 50:50) အစရှိသဖြင့် ရေသန့်နဲ့ ရောနှောအသုံးပြုရမှာဖြစ်ပါတယ်။ Concentrate တွေကို ရေမရောဘဲ အသုံးပြုမိရင် အဆီရည်ရဲ့ပြင်းအားကြောင့် ရေတိုင်ကီတွေပေါက်တာ၊ ရေလည်အုံတွေပျက်တာ အင်ဂျင်တွေကိုပျက်စီးစေနိုင်ပါတယ်။

Pre-Mixed (ရေရောပြီးသား)
ဒီ Pre-Mix Type ကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီတွေက သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရေရောနှောပြီးသား အသင့်သုံးပြုရန် ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ အအေးခံရည် ဘူးမှာ Pre-Mix လို့ပါရင် ရေရောစရာမလိုဘဲ အသင့်သုံးစွဲနိုင်တာဖြစ်လို့ ထပ်မံရေရောလို့မရပါဘူး။ ထပ်မံရေရောလိုက်ရင် အအေးခံရည်တွေရဲ့ အရည်အသွေးမပြည့်မီတော့ဘဲ စံချိန်စံညွှန်းအတိုင်းအလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါ။

အအေးခံအရည် (Coolant) ဆိုတာဘာလဲ
အအေးခံရည်ဆိုတာ အင်ဂျင်အတွက်မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးတဲ့ အရည်တစ်ခုဖြစ်ပါတယ်။ ဘာအတွက်လိုအပ်တာလဲဆိုရင်တော့ အင်ဂျင်အပူချိန်လွန်ကဲပြီး အင်ဂျင်နဲ့ဆက်စပ် အစိတ်အပိုင်းတွေ ပျက်စီးမှုကနေ ကာကွယ်ပေးထားတဲ့အအေးခံရည် ဖြစ်ပါတယ်။ အအေးခံရည်တွေရဲ့ အားသာချက်တွေကတော့ ရေခဲမှတ် မြင့်ပါတယ်။

ရိုးရိုးရေတွေဟာ 0°C မှာ ရေခဲပေမဲ့ အအေးခံရည် တွေဟာ 0 °C မှာရေမခဲနိုင်ပါဘူး။ ရေခဲနိုင်တဲ့ အအေးပိုင်းဒေသတွေအတွက် ရေအစား အအေးခံရည်ကို မဖြစ်မနေသုံးစွဲရပါတယ်။ အအေးခံရည်တွေဟာ -37°C အထိ ရေမခဲနိုင်ပါဘူး။ ရေဆူမှတ်လည်း မြင့်ပါတယ်။ ရိုးရိုးရေတွေဟာ 100°C မှာရေဆူပေမဲ့ အအေးခံရည်တွေရဲ့ ရေဆူမှတ်ဟာ 100°C အထက်မှာရှိပါတယ်။ စံသတ်မှတ်ချက်အရ 129°C အထိ ရေမဆူနိုင်ပါဘူး။ ဒါကြောင့် တော်ရုံနဲ့ ရေမဆူ Heat မတက်နိုင်ပါဘူး။

သံချေးတက်စေခြင်း မရှိပါဘူး။ ရိုးရိုးရေတွေဟာ သတ္တုချေးတက်ခြင်းတွေ ဖြစ်စေနိုင်ပေမဲ့ အအေးခံအရည်တွေ ကတော့ သတ္တုချေးတက်ခြင်းမှ ကင်းဝေးစေပါတယ်။အမြှုပ်ထခြင်းမှ ကင်းဝေးစေပါတယ်။ Heat Transfer လို့ခေါ်တဲ့ အပူကူးပြောင်းသယ်ဆောင်မှု ကောင်းလို့ အင်ဂျင်အပူချိန်ကို သက်သာစေပါတယ်။

Crd Original Writer

24/03/2022
GE8
18/03/2022

GE8

Address

East Yankin
Yangon
11081

Website

Alerts

Be the first to know and let us send you an email when MilkyWay - Online ကားအလှဆင်ပစ္စည်းအရောင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MilkyWay - Online ကားအလှဆင်ပစ္စည်းအရောင်းဆိုင်:

Share