Yangon Broom Office & Home Cleaning Service

Directions Contact the business

Yangon Broom Office & Home Cleaning Service We are here for you 7 days per week from 7.30 AM to 5.30 PM. Cleaning & Ironing services available.

Make a booking from messenger (or) just give us a call at 09 264 853 450. We provide day-to-day office cleaning services for companies to take care of janitorial & general cleaning needs. We have fullday & partime cleaning on both weekdays and weekends. Our office cleaners are well-trained & proactive service providers.

03/10/2026

သန့်ရှင်းရေး၊ မီးပူတိုက်ဝန်ဆောင်မှု

25/09/2026

Forthing Glory yangon show room မှာ သန့်ရှင်းရေးလေးလုပ်ပေးခဲ့ဖြစ်ပါတယ်။ လူကြီးမင်းတို့လဲ လုပ်ငန်းတွေ မဖွင့်ခင် သန့်ရှင်းရေးလိုရင် Yangon Broom ကိုသာသတိရလိုက်ပါ။

20/09/2026

နောက်ဆုံးလုပ်ဖြစ်ထားတဲ့ Project လေးရဲ့ Preview လေးပါ။ နောက်မှအသေးစိပ်တင်ပေးပါဦးမယ်။ အိမ်လေးကရှယ်ပြင်ထားတာ။

မိန်းမရေ မင်းပန်းကန်တွေဆေးပြီးပြီလားလင်မယားနှစ်ယောက် ညားခါစထဲက အရမ်းချစ်ကြတာပေါ့နော်င်္ယောကျားဖြစ်သူကနေ့တိုင်းဆိုသလို သူ...
20/09/2026

မိန်းမရေ မင်းပန်းကန်တွေဆေးပြီးပြီလား

လင်မယားနှစ်ယောက် ညားခါစထဲက အရမ်းချစ်ကြတာပေါ့နော်
င်္ယောကျားဖြစ်သူကနေ့တိုင်းဆိုသလို သူ့အမျိုးသမီးကို
"မိန်းမရေ မင်းပန်းကန်တွေဆေးပြီးသွားပြီလား" ဆိုပြီး ဂရုတစိုက်နဲ့မေးတယ်၊
မဆေးရသေးဘူးဆိုရင်လဲ သူကိုယ်တိုင်ပဲဝင်ပြီးဆေးကြောလိုက်တယ်တဲ့၊
ဆေးပြီးသွားပြီဆိုရင်လဲ "ကျေးဇူးပါ မိန်းမရာ၊ မင်းပင်ပန်းသွားပြီ၊ လာကိုယ့်ဘေးနားထိုင်ဆိုပြီး" ခေါ်လေ့ရှိတယ်တဲ့။

အဲ့အလေ့အကျင့်လေးက သားသမီးတွေရတဲ့အထိရှိနေသေးတယ်တဲ့။ ဒီလိုနဲ့သူတို့ရဲ့ အကြီးဆုံးသားဖြစ်သူက အရွယ်ရောက်ပြီး၊ အိမ်ထောင်ပြုဖို့အချိန်ရောက်လာတော့၊ သူ့အဖေကို "အဖေက အမေ့အပေါ်အတော်ချစ်တာပဲနော်၊ သားလူမှန်းသိထဲက အဖေက ဘယ်လောက်ပဲအလုပ်တွေပဲ ပင်ပန်းနေနေ နေ့တိုင်းဆိုသလို အမေ့ကို မင်းပန်းကန်တွေဆေးပြီးသွားပြီလားလို့မေးပြီး၊ မဆေးရသေးဘူးဆို အဖေကိုယ်တိုင်ပဲဝင်ဆေးလိုက်တယ်နော်တဲ့၊ သားလဲတစ်နေ့အဖေလိုမျိုး ချစ်နိုင်ဖို့ကြိုးစားပါမယ် အဖေတဲ့"

အဲ့အချိန်မှာသူ့အဖေက မျက်လုံးပြူးသွားတယ်။ ပြီးတော့သူ့သားကိုပြောတယ် "ငါ့သား၊ အဖေက ပန်းကန်ကိုဆေးချင်လွန်းလို့တော့မဟုတ်ပါဘူးကွာတဲ့၊ မင်းအမေက သမီးရည်းစားဘဝထဲက အိမ်သာဝင်ပြီးလက်မဆေးတတ်တာသိထားလို့၊ ထမင်းတူတူစားပြီး၊ အစာကြေဆေးသောက်တဲ့အခါ သူ့လက်ပေါ်ကဟာသောက်သင့်လား၊ ငါ့ဟာငါယူသောက်ရမလားသိရအောင်မေးတာပါတဲ့၊ အနဲဆုံးသူပန်းကန်ဆေးထားတယ်ဆို လက်ဆေးထားပြီးသားဖြစ်တယ်လေတဲ့" 🤣

မိတ်ဆွေတို့မှာရော ဒီလိုညဏ်ကောင်းရတဲ့အချိန်လေးတွေရှိခဲ့ရင် မျှဝေခဲ့ပါဦး။

18/09/2026

သန့်ရှင်းရေးဆို ရန်ကုန်မှာ ရန်ကုန်ဘရွန်းရှိတယ်နော်။

16/09/2026

သန့်ရှင်းရေးအတွက် စိတ်ချမ်းသာဖို့ Yangon Broom!

တချိူ့လူတွေရဲ့ဘဝဟာရေစီးကြောင်းထဲမျောပါနေရတဲ့ အမှိုက်စလေးတွေလိုပါပဲ၊ မိတ်ဆွေတို့ပဲ စဉ်းစားကြည့်ကြပေါ့နော်ကျွန်တော်တို့ လေ...
15/09/2026

တချိူ့လူတွေရဲ့ဘဝဟာရေစီးကြောင်းထဲမျောပါနေရတဲ့ အမှိုက်စလေးတွေလိုပါပဲ၊ မိတ်ဆွေတို့ပဲ စဉ်းစားကြည့်ကြပေါ့နော်

ကျွန်တော်တို့ လောကကြီးမှာ ဆွဲငင်အားတွေများစွာရှိပါတယ်၊ ဒီအထဲမှာမှ လူတစ်ယောက်မှ တစ်ယောက်ရဲ့အပေါ် လွှမ်းမိုးမှုဟာလဲအကြီးမားဆုံး ဆွဲငင်အားတစ်ခုပါပဲ။ အထူးသဖြင့် အားနွဲ့တဲ့သူ၊ ချို့တဲ့နေသူတို့အပေါ် ငွေကြေး၊ ဂုဏ်၊ အသိုင်းအဝိုင်းကြီးသူတွေရဲ့ လွှမ်းမိုးမှု ဒဏ်ဟာဆိုလဲ နေ့စဉ်အမျှ ပတ်ဝန်းကျင်မှာမြင်တွေ့နေရတာပါပဲ။

ဘက်စ်ကား ဘယ်နှစ်စီးထွက်တယ်၊ ဆရာဝန်ပြ ဆေးဖိုးခဘယ်လောက်ထိကျတယ်၊ လုပ်ခဘယ်လောက်အထိရတယ် စသဖြင့် အစစ အရာရာမှာ၊ တန်ကြေးကိုဆုံးဖြတ်တဲ့သူတွေရဲ့ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး အဆုံးဖြတ်ခံရတဲ့သူတွေရဲ့ နေထိုင်မှုဘဝတွေမှာ ပိုပြီးခက်ခဲသွားတာတွေဖြစ်ရတာကိုလဲ သတိပြုမိကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ဗျာ...

အဲ့လိုခက်ခဲသွားတဲ့ဘဝထပ်ဆိုးတာကတော့ အစော်ကားခံရခြင်းတွေပါပဲ။ ဘာကိုအစော်ကားခံရတယ်လို့ဆိုလိုတာလဲဆို၊ ကောင်းမွန်စွာလျှောက်လှန်းနေတဲ့ ဘဝသမားတွေကို ငွေတွေ၊ မက်လုံးတွေပေးပြီး အသုံးချချင်သလို အသုံးချနေကြတာပါပဲ။ ဟုတ်တယ်မလား...

သန့်ရှင်းရေးဝန်ထမ်းစျေးကွက်မှာဆို လုပ်ငန်းတချို့တွေမှာရော၊ အိမ်ရှင်တချို့တွေမှာရော အခုလိုမျိုး ကိစ္စတွေကို မကြာခဏတွေ့ရပါတယ်။ ဝန်ထမ်းတွေကို စည်းမရှိအောင်၊ စာရိတ္တပျက်အောင် သူတို့တွေပဲမက်လုံးတွေပေးခေါ်သွားကြတယ်၊ ပြီးတော့ပဲသူတို့ပဲအပြစ်တင်ပြောဆိုပြီး ပြန်ထုတ်ပစ်ကြတယ်။ ခံလိုက်ရသူတွေက ပြန်နလန်ထူဖို့မပြောနဲ့ လမ်းစတွေပါပျောက်ကုန်ရော။

သန့်ရှင်းရေးအလုပ်ဆိုတာ တစ်သက်လုံး ဘယ်သူမှ မလုပ်နိုင်ဘူး၊ အရွယ်ရလာတယ်ဆို လုပ်အားဟာလျော့သွားမှာပဲ။ မည်သူမှ အလုပ်မပျက်၊ နာမကျန်းမဖြစ်ဘူးဆိုတာ မရှိဘူး။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ စားသုံးတဲ့ အကျင့်တွေ၊ စားသောက်ကုန်တွေရဲ့ အရည်အသွေးတွေ၊ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်ကြောင့် ရှောင်လွှဲလို့မရပဲ အသက်ဆက်ဖို့ စားရတယ်၊ နေရတယ်ဆိုတဲ့သူတွေမှအများကြီးပဲ။ ဒီတော့နာမကျန်းဖြစ်တာဆိုသည်မှာလဲ မကြာခဏပဲ။ အလုပ်ဆိုလဲပျက်နေကြတာပဲ။ အသက်တွေလဲတိုကြရတယ်။

ဒါတွေကို နားလည်မပေးနိုင်ဘူးဆို အစထဲက ဝန်ထမ်းတွေကို လာပြီးတိုက်ရိုက်လုပ်ဖို့မခေါ်ပါနဲ့။ ဝန်ထမ်းရဲ့ စေတနာနဲ့ လုပ်ရည်ကိုင်ရည်သဘောကျတယ်ဆို ဆုချပါ၊ ဘဝကိုမဖျက်စီးပါနဲ့။ ဝန်ထမ်းတွေလဲ မှာထားတယ်၊ အရမ်းပိုပေးပါမယ်ဆို သွားလုပ်ချင်ပါ့ဆို သွားလုပ်ပါ။ ဒါပေမယ့် ရလာတဲ့ငွေကိုတော့စုပါ။ မဟုတ်ရင် မလုပ်နိုင်တဲ့တစ်နေ့ ဒုက္ခရောက်မယ်။ အလုပ်နားတော့မည့်အခါ ကောင်းမွန်စွာနှုတ်ဆက်ပြီးထွက်ပါ၊ ဒါမှပြန်လာလုပ်ချင်တဲ့အခါ မန်နေဂျာတွေကပြန်လက်ခံချင်မယ်။ သို့သော်လဲ စောနက ဩဇာအာဏာပါဝါ ကြီးမားတဲ့ သူဌေးကြီးများက မှိုင်းတွေတိုက်၊ ငွေတွေနဲ့ ညိုမျှတွေလုပ်ပြီး လူမိုက်လုပ်ခိုင်းကြတာတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။

ပြီးရင် ဒီဝန်ထမ်းတွေကပဲ သစ္စာမရှိပါဘူးတို့၊ အပြင်မှာခိုးလုပ်တာပါပဲတို့ လာမပြောကြပါနဲ့။ သူတို့တွေမှာက ဘဝချို့တဲ့နေသူတွေမို့ အမှားဆိုတာလုပ်မိမှာပဲ။ ပြည့်စုံနေတဲ့သူတွေတောင် အတ္တဆိုတဲ့ အဆိပ်ကို စေတနာဆိုတဲ့သကြားလေးသုပ်ပြီး ကျွေးချင်ကြသေးတာပဲ။ လုပ်ငန်းလိုင်စင်မရှိ၊ အွန်လိုင်းမှာပဲ လုပ်စားနေတဲ့ ဝန်ဆောင်မှုတွေဆိုတာလဲ ပုံနေရောပဲ၊ တကယ်တမ်းဝန်ထမ်း ဒုက္ခရောက်ပြီ၊ အိမ်ရှင် ဒုက္ခရောက်ပြီဆိုကျ မျက်နှာလွဲခဲပြစ်တွေလုပ်ကုန်ရော။ ဒါမျိုးစိတ်ဓာတ်တွေကို တကယ်တမ်းပြင်သင့်ပါတယ်။ ငွေရှိယုံတစ်ခုထဲနဲ့ လူဖြစ်ရကျိုးမနပ်သေးဘူးလေ။

ရေဘေးသင့်လို့၊ စစ်ဘေးသင့်လို့နဲ့ ကလေးတွေခေါ်ပြီးကူတယ်တဲ့၊ ကျောင်းထားပေးတာလား မဟုတ်ဘူး ခေါ်ခိုင်းတာ လစာအနဲဆုံးနဲ့ အဲ့တာတွေက စေတနာမှ မဟုတ်တာ၊ ဒါ သူတော်ကောင်း အယောင်ဆောင်တွေလုပ်နေကြတာပါ။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာလဲ မြင်တွေ့ကြုံဖူးကြမယ်လို့ထင်ပါတယ်။

တကယ်တမ်း သူတော်ကောင်းလုပ်ဖို့ ဆိုတာ ထင်သလောက်တကယ်မလွယ်ပါဘူး။

အိမ်သန့်ရှင်းရေး၊ မီးပူတိုက်ဖို့လိုတယ်ဆို Yangon Broom မှာ ဝန်ထမ်းကောင်းတွေအများကြီးရှိပါတယ်။ ကောင်းမွန်တဲ့ဝန်ထမ်းတွေနဲ့၊ ကောင်းမွန်တဲ့ အိမ်ရှင်တို့ကိုတွေ့စေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

30/08/2026

Spring Cleaning ဝန်ဆောင်မှု။ လူအင်အား၊ ပစ္စည်းအင်အား အပြီးအစီး အိမ်မတတ်ခင်၊ မငှားခင်၊ အရောင်းမပြခင်၊ နေ့ကြီးနေ့မြတ်မရောက်ခင် သန့်ရှင်းရေးလေး လုပ်ချင်တယ်ဆိုရင်တော့ ရန်ကုန်မှာဆို Yangon Broom!

18/08/2026

Spring Cleaning
အိမ်မတတ်ခင်သန့်ရှင်းရေးလိုနေပြီဆို ရန်ကုန်ဘရွန်းကိုသတိရလိုက်နော်။

05/08/2026

အရမ်းတွေအားကိုးနေရပြီ 🤔

Address

No. 37/39, 6th Floor, 28th Street Lower Block, Pabaedan Tsp
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Yangon Broom Office & Home Cleaning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Broom Office & Home Cleaning Service:

Shortcuts

Share