10/07/2026
💯 အာမခံဝန်ဆောင်မှုတစ်ခုကိုတာဝန်ယူပေးတယ်ဆိုတာ တကယ်ကိုအပြည့်အဝတာဝန်ယူပေးရတာပါ။ 💯
📜ကျွန်တော်တို့ “ခြ” အတွက်နှစ်ရှည်အာမခံနဲ့ဝန်ဆောင်မှုပြုလုပ်ပေးတယ်ဆိုတာ “ခြ” ပြန်တွေ့လာရင် လိုအပ်မယ့်အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပြီးအခမဲ့ဝန်ဆောင်မှုပေးတာပါ။ 📜
🔆 ဆောက်လုပ်ပြီးသွားတဲ့အဆောက်အဦတစ်ခုမှာ”ခြ”ပြန်တက်လာခဲ့ပြီဆိုရင်ဖြေရှင်းရမယ့်နည်းလမ်းတွေရှိပါတယ်။ 🔆
=======================================
🔹 Surface spraying, Drilling & Injections (ဆေးဖျန်းခြင်း၊ အပေါက်ဖောက်ဆေးထိုးခြင်းနည်းလမ်း) 🔹
“ခြ”အရှင်တွေ active termites ရှိနေတဲ့အခါမျိုးမှာ အလွယ်တကူဆေးဖျန်း၊အပေါက်ဖောက်ဆေးထိုးလိုက်တာမျိုးဟာ လက်ရှိတွေ့မြင်နေရတဲ့ အကောင်တွေရှင်းလိုက်နိုင်တာမို့ “ခြ”တွေလုံးဝရှင်းသွားတဲ့ပုံပေါက်ပေမယ့် တကယ်တမ်းအမြစ်မပြတ်ပဲ အသိုက်လိုက်ကြီးကျန်နေသေးတဲ့ reproductive termites မျိုးပွါးခြတွေဟာ သင့်နေအိမ်ရဲ့အခြားနေရာတွေကို လမ်းကြောင်းပြောင်းသွားကြမှာဖြစ်ပြီးအချိန်မရွေးပြန်ပေါ်လာကြမှာဖြစ်ပါတယ်။
ဖျက်ဆီးနှုန်းပြင်းထန်တဲ့ Coptotermes sp. မျိုးစိတ်တွေကျရောက်နေတဲ့နေရာမှာ ဆေးဖျန်း၊ဆေးထိုးနည်းလမ်းကိုတန်းပြီးအသုံးပြုလိုက်လို့ထိရောက်မှုမရှိ၊ အမြစ်မပြတ်ပဲကျန်ခဲ့မယ်ဆိုရင် ရေရှည်မှာအချိန်မရွေးပြန်ရောက်လာနိုင်ပါတယ်။
သုံးစွဲတဲ့ဆေးမှန်ကန်မှု၊ သုံးစွဲတဲ့ဆေးအချိုးမှန်ကန်မှု၊ method statement နဲ့တိတိကျကျလုပ်ကိုင်မှု၊ technician များရဲ့ကျွမ်းကျင်မှု စသည်တို့အပေါ်မှာမူတည်ပြီး ထိရောက်မှုကွာခြားနိုင်ပါတယ်။
🔹Baiting Installation System (“ခြ”အစာကျွေးနှိမ်နင်းမှုနည်းလမ်း) 🔹
ဒီနည်းလမ်းက လူ့ပတ်ဝန်းကျင်နဲ့သဘာဝကြီးကိုလုံးဝမထိခိုက်ပဲ ကိုယ့်အိမ်ကိုဖျက်ဆီးနေတဲ့”ခြ” တွေကိုပဲပစ်မှတ်ထားပြီးအမြစ်ပြတ်နှိမ်နင်းရတဲ့နည်းလမ်းဖြစ်ပါတယ်။
Subterranean termites မြေအောင်းခြတွေရဲ့မျိုးစိတ်တော်တော်များများကိုထိရောက်အောင်နှိမ်နင်းနိုင်တာဖြစ်သလို technician တွေရဲ့”ခြ”မျိုးစိတ်တွေကိုIdentifyလုပ်နိုင်စွမ်း၊ “ခြ”တွေရဲ့နေထိုင်စားသောက်မှုနဲ့သဘာဝကိုနားလည်စွမ်း၊ baiting point တွေကိုသေချာရှာဖွေပြီး “ခြ”တွေအငမ်းမရဖြစ်အောင်စားစေနိုင်တဲ့ကျွမ်းကျင်မှုစတာတွေအပေါ်မူတည်ပြီး အသိုက်လုံးဝအမြစ်ပြတ်တဲ့အထိဆောင်ရွက်ပေးနိုင်ပါတယ်။
နည်းလမ်း(၂)မျိုးလုံးမှာအားသာချက်၊အားနည်းချက်ကိုယ်စီရှိကြပြီး ကျွန်တော်တို့”Friend” မှာတော့ လက်တွေ့မျက်စိနဲ့အသိုက်တစ်ခုလုံးကို စောင့်ကြည့်နိုင်တဲ့ baiting ကိုပိုပြီးသဘောကျကြတာဖြစ်လို့ ကျွန်တော်တို့ အာမခံတာဝန်ယူပေးထားတဲ့ အိမ်တွေမှာ “ခြ”ပြန်တွေ့လာပြီဆိုရင် active termites တွေကိုအရင်လိုက်ရှာ၊မျိုးစိတ်ခွဲပြီး baiting system လုပ်ပေးရတာကိုပိုသဘောကျပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် baiting ကပ်လို့မရနိုင်တာ၊ active point တွေခိုင်မာမှုမရှိတာမျိုးစတဲ့အခြေအနေတွေမှသာအခြားနည်းလမ်းကိုစဉ်းစားကြပါတယ်။
လူကြီးမင်းတို့အနေနဲ့လည်း မိမိအိမ်အတွက် “ခြ” အန္တရာယ်မှကာကွယ်ဖို့ အလုပ်အပ်နှံတော့မယ်ဆိုရင် တာဝန်အပြည့်အဝယူပြီး တကယ်လိုအပ်မယ့်နည်းပညာကိုသုံးပြီးတာဝန်ယူဆောင်ရွက်ပေးနိုင်မယ့် professional pest management တစ်ခုခုကိုသေချာစွာရွေးချယ်ဖို့အကြံပြုပါတယ်။
=======================================
“ ခြနှင့် ပိုးမွှားပြသနာများအတွက်အားထားယုံကြည်ရာ၊ Friend ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းပါ။ “
Yangon Office
☎️ 0️⃣9️⃣9️⃣7️⃣0️⃣1️⃣0️⃣0️⃣5️⃣5️⃣1️⃣
☎️ 0️⃣9️⃣9️⃣7️⃣0️⃣1️⃣0️⃣0️⃣5️⃣5️⃣2️⃣
📧 [email protected]
Mandalay office
☎️0️⃣9️⃣7️⃣5️⃣4️⃣4️⃣4️⃣0️⃣4️⃣4️⃣6️⃣
☎️0️⃣9️⃣9️⃣7️⃣2️⃣1️⃣9️⃣0️⃣7️⃣2️⃣0️⃣
☎️0️⃣9️⃣5️⃣0️⃣0️⃣9️⃣8️⃣2️⃣8️⃣
📧 [email protected]