Myan Cool Aircon Sale & Service

Myan Cool Aircon Sale & Service Good Quality Aircon Sale & Services

😕 အခန်းထဲမှာ ရေကြီးနေတယ်‍‍‍‍‍‍ 💧အဲကွန်းခန်းထဲမှာ နံရံက ရေသီးနေတာ၊ အဲကွန်းရဲ့ လူဗာ (louver)တွေ အဲကွန်းရေခံဗန်းနဲ့ အဲကွန်း...
03/01/2020

😕 အခန်းထဲမှာ ရေကြီးနေတယ်
‍‍‍‍‍‍
💧အဲကွန်းခန်းထဲမှာ နံရံက ရေသီးနေတာ၊ အဲကွန်းရဲ့ လူဗာ (louver)တွေ အဲကွန်းရေခံဗန်းနဲ့ အဲကွန်းဘော်ဒီ ဘေးကနေ ရေကျတာတွေ ကြုံဖူးကြလားဗျ။
💧ဒါတွေက လေဝင်လေထွက်များတဲ့အခန်းတွေ
(အဲကွန်းကြီးဖွင့်ထားပြီး တံခါးတွေ၊ပြတင်းပေါက်တွေ ဖွင့်ထားတဲ့အခန်းတွေ၊ ဟနေတဲ့အခန်းတွေ)နဲ့ လေဝင်လေထွက်မများပေမဲ့ အခန်းရဲ့လေထုစိုထိုင်းဆ (Relative Humidity)ကိုက များနေတဲ့အခန်းတွေမှာ အဖြစ်များတာတွေ့ရပါတယ်။
💧မိုးတွင်းအခါမှာလည်း အဲကွန်းရေကျတာအဖြစ်များတယ်။ အပြင်မှာမိုးကလည်းရွာ ကိုယ့်အခန်းထဲမှာလည်း ရေကြီးနေတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။
‍‍‍‍‍‍ ‍‍‍‍‍‍
🤔ဒါတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့
‍‍‍‍‍‍ ‍‍‍‍‍‍
☔️မိုးတွင်းမှာ လေထုရဲ့သာမာန်အပူချိန်ကလည်း နိမ့်နေတယ်။ မိုးဆက်တိုက်ရွာရင် ပတ်ဝန်းကျင်ကလည်း အစိုဓာတ် များနေပါတယ်။ ရန်ကုန်ဆိုရင် မိုးရွာတဲ့နေ့တွေမှာ Relative humidity က 85% ထိရှိပါတယ်။
‍‍‍‍‍‍ ‍‍‍‍‍‍ ‍‍‍‍‍‍
💦အဲဒီအချိန်မှာ အခန်းရဲ့ ပြတင်းပေါက်တွေ တံခါးတွေကို ဖွင့်ထားရင်တော့ အဲကွန်းက အလုပ်ပိုလုပ်ရတဲ့အတွက် ရေကျတာမျိုး၊ အခန်းနံရံမှာအစိုပြန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
‍‍‍‍‍‍ ‍‍‍‍‍‍
💁‍♂️ဒီလိုဖြစ်လာရင်တော့
☝️ပထမဆုံးအခန်းကိုလုံအောင်ပိတ်ပါ။
✌️အဲကွန်း အခန်းအပူချိန် ကို ရီမုကနေနည်းနည်းမြှင့်ပါ။Dry mode နဲ့မောင်းပါ။
👍နည်းနည်းကြာမှ( အခန်းလုံတယ် ဆိုရင်)အပူချိန်ပြန်ချပါ။
‍‍‍‍‍‍
👉ရေကျတာများနေရင် Wet Vacuum Cleaner စက်နဲ့ ရေထွက်ပိုက်ထိပ်ကို မိနစ်၂၀ခန့် စုပ်ထုတ်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။(အိမ်သုံးဖုန်စုပ်စက်နဲ့တော့ မရပါဘူး)
‍‍‍‍‍‍
👨‍🔧ဒီလိုနည်းတွေနဲ့ အဆင်မပြေတာ ဒါမှမဟုတ် ခဏခဏရေလျှံနေရင်တော့ Service သမားခေါ်ပြီး သေချာပြုပြင်လိုက်ပါတော့နော်....
(Zawgyi Version)

‍‍‍‍‍‍
‍‍‍‍‍‍😕 အခန်းထဲမှာ ရေကြီးနေတယ်
‍‍‍‍‍‍
💧အဲကွန်းခန်းထဲမှာ နံရံက ရေသီးနေတာ၊ အဲကွန်းရဲ့ လူဗာ (louver)တွေ အဲကွန်းရေခံဗန်းနဲ့ အဲကွန်းဘော်ဒီ ဘေးကနေ ရေကျတာတွေ ကြုံဖူးကြလားဗျ။
💧ဒါတွေက လေဝင်လေထွက်များတဲ့အခန်းတွေ
(အဲကွန်းကြီးဖွင့်ထားပြီး တံခါးတွေ၊ပြတင်းပေါက်တွေ ဖွင့်ထားတဲ့အခန်းတွေ၊ ဟနေတဲ့အခန်းတွေ)နဲ့ လေဝင်လေထွက်မများပေမဲ့ အခန်းရဲ့လေထုစိုထိုင်းဆ (Relative Humidity)ကိုက များနေတဲ့အခန်းတွေမှာ အဖြစ်များတာတွေ့ရပါတယ်။
💧မိုးတွင်းအခါမှာလည်း အဲကွန်းရေကျတာအဖြစ်များတယ်။ အပြင်မှာမိုးကလည်းရွာ ကိုယ့်အခန်းထဲမှာလည်း ရေကြီးနေတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။
‍‍‍‍‍‍ ‍‍‍‍‍‍
🤔ဒါတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့
‍‍‍‍‍‍ ‍‍‍‍‍‍
☔️မိုးတွင်းမှာ လေထုရဲ့သာမာန်အပူချိန်ကလည်း နိမ့်နေတယ်။ မိုးဆက်တိုက်ရွာရင် ပတ်ဝန်းကျင်ကလည်း အစိုဓာတ် များနေပါတယ်။ ရန်ကုန်ဆိုရင် မိုးရွာတဲ့နေ့တွေမှာ Relative humidity က 85% ထိရှိပါတယ်။
‍‍‍‍‍‍ ‍‍‍‍‍‍ ‍‍‍‍‍‍
💦အဲဒီအချိန်မှာ အခန်းရဲ့ ပြတင်းပေါက်တွေ တံခါးတွေကို ဖွင့်ထားရင်တော့ အဲကွန်းက အလုပ်ပိုလုပ်ရတဲ့အတွက် ရေကျတာမျိုး၊ အခန်းနံရံမှာအစိုပြန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
‍‍‍‍‍‍ ‍‍‍‍‍‍
💁‍♂️ဒီလိုဖြစ်လာရင်တော့
☝️ပထမဆုံးအခန်းကိုလုံအောင်ပိတ်ပါ။
✌️အဲကွန်း အခန်းအပူချိန် ကို ရီမုကနေနည်းနည်းမြှင့်ပါ။Dry mode နဲ့မောင်းပါ။
👍နည်းနည်းကြာမှ( အခန်းလုံတယ် ဆိုရင်)အပူချိန်ပြန်ချပါ။
‍‍‍‍‍‍
👉ရေကျတာများနေရင် Wet Vacuum Cleaner စက်နဲ့ ရေထွက်ပိုက်ထိပ်ကို မိနစ်၂ဝခန့် စုပ်ထုတ်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။(အိမ်သုံးဖုန်စုပ်စက်နဲ့တော့ မရပါဘူး)
‍‍‍‍‍‍
👨‍🔧ဒီလိုနည်းတွေနဲ့ အဆင်မပြေတာ ဒါမှမဟုတ် ခဏခဏရေလျှံနေရင်တော့ Service သမားခေါ်ပြီး သေချာပြုပြင်လိုက်ပါတော့နော်....
(Unicode Version)

Crd- Tasaki Aircon - Myanmar

Tasaki Aircon #မီတာစားနှုန်းအသက်သာဆုံးတာဆာကီကိုသုံး
03/01/2020

Tasaki Aircon

#မီတာစားနှုန်းအသက်သာဆုံးတာဆာကီကိုသုံး

❄️Tasaki Air Con ဟာ ဆိုရင် မီတာစားနှုန်းသက်သာအောင် အထူးထုတ်လုပ်ထားတဲ့ Air Conပဲဖြစ်ပါတယ်..
ဒါ​ကြောင့် သာမန် Air Con တွေထက် အအေးနှုန်းများများပိုထုတ်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှုနည်းစေတယ်….

ပုံမှန် Air Con တွေမှာ တစ်ကောင်အား Btu 9000 လောက်ပါပါတယ်။ Tasaki Air Con ၁ကောင်အားမှာ 9554 Btu/hr နဲ့ ၁ကောင်ခွဲမှာဆို 13307 Btu/hr အထိပါဝင်လို့ သာမန် Air Con တွေထက် အအေးဓာတ်ပိုထုတ်ပေးနိုင်ပါတယ် ။ မီတာသုံးစွဲမှုကလည်း တစ်ကောင်အားကို 708Watt သာသုံးစွဲလို့ မီတာခအကုန်ကျများမှာလည်း မပူရဘူးပေါ့။

🍂Air Con ကို မဖြစ်မနေအသုံးပြုရတဲ့ အပူပိုင်းဒေသတွေမှာ အအေးနှုန်းများပြီး မီတာစားသက်သာတဲ့ Air Con မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်….

🏜ကန္တာရလိုပူလောင်နေတဲ့နေရာတောင် Tasaki ရှိရင် အေးချမ်းသွားမယ်….😎

#မီတာစားနှုန်းအသက်သာဆုံးTasakiကိုသုံး

နေ့စဉ်ဘဝထဲ ရယ်ရင်းမောရင်း....ဖိုတို - ခရက်ဒစ်
22/12/2019

နေ့စဉ်ဘဝထဲ ရယ်ရင်းမောရင်း....

ဖိုတို - ခရက်ဒစ်

အဲယားကွန်းservicingမလုပ်ရင်ဘာဖြစ်မလဲ?ကျနော်တို့်မြန်မာလူမျိုးအများစုက အဲယားကွန်းတင်မဟုတ် အဆောက်အဦး -ကား-လျှပ်စစ်ပစ္စည်း ...
26/11/2019

အဲယားကွန်းservicingမလုပ်ရင်ဘာဖြစ်မလဲ?

ကျနော်တို့်မြန်မာလူမျိုးအများစုက အဲယားကွန်းတင်မဟုတ် အဆောက်အဦး -
ကား-လျှပ်စစ်ပစ္စည်း စတဲ့အသုံးအဆောင်တွေကို
ပုံမှန် service လုပ် ထိန်းသိမ်းလေ့မရှိကြပါဘူး။

အဲဒီထဲကမှတချို့ အိမ်မှာတပ်ထားတဲ့ အဲယားကွန်း
တွေဆိုရင် တနှစ်တခါတောင် service မလုပ်ကြပါဘူး။

အဲကွန်းကိုပုံမှန်serviceမလုပ်ရင်

🌟အဲကွန်းအအေးကွိ ုင် ပိတ်ပြီးရေကျနိုင်ပါတယ်

🌟လေစစ်ဇကာ(filter) မှာရောဂါပိုးတွေ
ဖုန်တွေခိုအောင်းနိုင်လို့. ရောဂါပိုးနဲ့မှိုမွေးမြူရေးစခန်းဖြစ်နေပြီး အဲဒါတွေကအခန်းထဲမှာရှိတဲ့လူတွေကို
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
(လေစစ်ဇကာတွေ အအေးကွိုင်တွေပုံမှန်ဆေးရင် သန့်ရှင်းအေးမြတဲ့လေကို ရရှိပြီး
ပိုကျန်မာသန့်ရှင်းတဲ့လေထုကိုရနိုင်ပါတယ်)

🌟ဖုန်တွေကြောင့် အအေးကွိုင်ပန်ကာမော်တာပျက်စီးနိုင်ပါတယ်
အခန်းတွင်း လေအေးပေးနိုင်မှုလျော့ကျပါလိမ့်မယ်

🌟အခန်းထဲကို အေးမြသန့်ရှင်းတဲ့လေရောက်ဖို့ ပိတ်ဆို့ခံရပြီး အခန်းအပူချိန် လည်းမြင့်နေပါလိမ့်မယ်။
(အဲဒါရဲ့ အကျိုးဆက်က အဲကွန်းမောင်းပေမယ့်
အခန်းအပူချိန်မကျပဲ အပူချိန်က ပိုနေမြဲကျားနေမြဲရှိနေပြီး လျှပ်စစ်မီတာခသာကုန်တာအဖတ်တင်ပါလိမ့်မယ်)

🌟ပန်ကာ(Fan)မော်တာပျက်စီးနေလျက်နဲ့
အဲကွန်းဆက်အသုံးပြုနေရင်လျှပ်စစ်အန္တရယ်ကြောင့် အဲကွန်းပျက်စီးနိုင်ပြီး လူရောအိမ်ပါမီးဘေးအန္တရာယ်ရှိပါတယ်။

🌟Gas ယိုစိမ့်နေပြီး စက်ပုံမှန်အလုပ်မလုပ်နိုင်တဲ့အတွက် အခန်းလည်းအအေးဓာတ်မရ အပူချိန်လည်းမကျ နေရတာလည်းသက်တောင့်သက်သာမဖြစ်နိုင်ပါဘူး။
ရေရှည်ဆိုရင် #မီတာခကုန်ပိုကုန်ပါမယ်
အဲဒါတင်မကကြာရင် အဲကွန်းပါပျက်စီးလို့
ကုန်ကျစရိတ်ပိုနေပါလိမ့်မယ်။

တွေတပ်ဆင်ထားတယ်ဆိုရင် service မှန်
်မှန်လုပ် လေစစ်ဇာကာမှန်မှန်ဆေးပေးပါလို့
တိုက်တွန်းချင်ပါတယ်။

Crd - ကိုနန္ဒမိုး

ကိုယ်တိုင် Servicing လုပ်ချင်သူများအတွက်
ဘယ်လို လုပ်ရမယ်ဆိုတ ဒီမှာကြည့်လို့ရပါတယ်ခင်ဗျာ။
https://m.youtube.com/watch?v=GJNfqStyU9s

❄️❄️အဲကွန်းနဲ့ကျန်းမာရေး 👨🏼‍⚕️👩🏼‍⚕️( 🙏🏻Page ကိုLike လုပ်ပြီး share လုပ်ပေးပါနော်🙏🏻)အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပ...
24/11/2019

❄️❄️အဲကွန်းနဲ့ကျန်းမာရေး 👨🏼‍⚕️👩🏼‍⚕️

( 🙏🏻Page ကိုLike လုပ်ပြီး share လုပ်ပေးပါနော်🙏🏻)

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက်နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။

❗️ဘာတွေသတိထားသင့်သလဲ❓

လေအေးပေးစနစ်ကြောင့်ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။
လေအေးပေးစက်ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ်ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။
အိမ်တွင်းမှာ သန့်စင်တဲ့လေရရှိနိုင်စေဖို့လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီးတံခါးတွေနဲ့ပြတင်းပေါက်တွေကိုဖွင့်ထားပေးပါ။
အခန်းတွင်းမှာအဆိပ်ရှိတဲ့အရာတွေမပျံ့နှံ့စေဖို့ အခန်းထဲမှာတစ်ယောက်မှမရှိတဲ့အချိန်တွေနဲ့ညဘက်တွေ မှာ လေအေးပေးစနစ်ကိုပိတ်ထားပေးပါ။
အခန်းတွင်းအပူချိန်နဲ့ပြင်ပအပူချိန်တအားကွာဟအောင်မထားပါနဲ့။
မိမိသုံးတဲ့လေအေးပေးစက်ကရေကိုအသုံးပြုရတဲ့လေအေးပေးစက်ဖြစ်နေခဲ့ရင် လေကိုပုံမှန်လဲလှယ်ပေးပါ။

🥶လေအေးစနစ်တပ်ဆင်ထားတဲ့အခန်းထဲမှာနေတဲ့အခါရေသိပ်ငတ်လေ့မရှိတာကြောင့် ခန္ဓါကိုယ်မှာရေဓါတ် မခမ်းခြောက်စေဖို့သတိထားပြီးရေသောက်ပေးပါ။
လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုသွားလာမယ်ဆိုရင် ခန္ဓါကိုယ်ကို အပူချိန်ပြောင်းလဲမှုကိုပြင်းပြင်းထန်ထန်မခံစားရစေဖို့အတွက်အနွေးထည်ခပ်ပါးပါးတစ်ထည်ဝတ်ဆင်ပေးပါ။
လေအေးပေးစက်ကြောင့်အန္တရာယ်ရှိနိုင်တဲ့အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေပြန်ပြန်လာချင်း လေအေးပေးစက်ကိုချက်ချင်းမဖွင့်ပါနဲ့၊ ဖွင့်ခါစမှာ fan-only mode ကိုပဲစဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။
သန့်စင်မှုအားနည်းတဲ့အခန်းတွင်းလေနဲ့လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရားဖြစ်ပါတယ်။

⚠️ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ပတ်သက်တဲ့ သတိထားစရာလေးတွေကိုလည်း မမေ့သင့်ပါဘူး –

✅အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။
(ပြင်ပအပူချိန်နဲ့ အဝင်အထွက်မှာ ချက်ချင်းကြီး ပူလိုက်အေးလိုက် မဖြစ်စေဖို့ဂရုစိုက်ပါ)

✅မျက်လုံးကို ခဏအနားပေးပါ။
(မျက်စိကိုအသုံးပြုတာများလွန်းရင် မျက်လုံးခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်)

✅အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။
(ပြင်ပလေထုနဲ့အပူချိန်မှာလည်း အချိန်အတိုင်းအတာတစ်ခုလောက်နေပါ။ အိမ်မှာလည်း အဲယားကွန်းခန်းထဲကမထွက်၊ ကားပေါ်အဲယားကွန်း၊ တခြားနေရာသွားလည်း အဲယားကွန်း ဖြစ်နေသူတွေဟာ ပြင်ပအပူချိန်ကို မခံနိုင်ဘဲ ရုတ်တရက်အပြောင်းအလဲမှာ အန္တရာယ်ရှိတတ်ပါတယ်။)

✅ရေဓာတ်များတဲ့ အသီးအနှံများများစားပါ။
အသီးတွေထဲပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားခြောက်ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

✅အစိုဓာတ်ထိန်းခရင် တစ်မျိုးမျိုးလိမ်းပါ။
ဒါမှ လေအေးပေးစက်ကြောင့် အသားအရေခြောက်သွေ့တာ၊ ပျက်စီးတာမျိုး မဖြစ်စေမှာပါ။

ခေတ်မီလူမှုဘဝမှာ သက်တောင့်သက်သာနေထိုင်ဖို့ အသုံးဝင်တဲ့ လေအေးပေးစက်ကို ဉာဏ်ရှိသလို အသုံးချနိုင်ရင် ဘေးလည်းကင်း၊ အဆင်လည်းပြေပါလိမ့်မယ်။ အပေါ်မှာအကြံပြုပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင် ရာသီဥတုအပူဒဏ်ကို ဘေးကင်းကင်းနဲ့ အံတုနိုင်မှာသေချာပါတယ်။👌👌👌

( 🙏🏻Page ကိုLike လုပ်ပြီး share လုပ်ပေးပါနော်🙏🏻)

Credit - hellosayarwon

👇Air Conditioner ဝယ်မယ်ဆို သိထားသင့်တဲ့ အချက်များ...‍‍‍‍‍‍Credit - Tasaki Myanmar🤷‍♂️air-con ဝယ်မယ်ဆိုရင် တံဆိပ်တွေအရမ်း...
24/11/2019

👇Air Conditioner ဝယ်မယ်ဆို သိထားသင့်တဲ့ အချက်များ...
‍‍‍‍‍‍
Credit - Tasaki Myanmar

🤷‍♂️air-con ဝယ်မယ်ဆိုရင် တံဆိပ်တွေအရမ်းများလို့ စိတ်ရှုပ်နေပြီလား?????
ဘယ်တံဆိပ်ကိုဝယ်ရမလဲ၊ ဘယ်လောက် ကြာရှည်ခံမလဲ၊ဘယ်အချက်တွေကို အဓိကထားကြည့်သင့်လဲ ဆိုတာလေးတွေ မျှဝေပေးချင်ပါတယ်။ ကိုယ့်အတွက် အဆင်ပြေစေဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး သေချာစီစစ်ရွေးချယ်ဖို့ လိုအပ်ပါတယ်။
‍‍‍‍‍‍
1️⃣Inverter Type ၀ယ်မှာလား Non-Inverter Type ၀ယ်မှာလား
‍‍‍‍‍‍
- Inverter Type Air Con က စဖွင့်ဖွင့်ခြင်း ကိုယ်လိုချင်တဲ့ အပူချိန်ကို ပိုမြန်မြန် ရရှိစေပြီး အခန်းတွင်းအပူချိန် အတက်အကျ နည်းစေပါတယ်။ Inverter Type Air Con ရဲ့ compressor က speed အမျိုးအမျိုးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ သူက Speed အတိုးအလျှော့တဲ့အချိန်မှာ compressor ကို ရပ်မပစ်ပဲ အခန်း အပူချိန်ကို ထိန်းပေးထားနိုင်ပါတယ်။
‍‍‍‍‍‍
- Non-Inverter type Air Con ရဲ့compressor က သူ့ရဲ့ maximum speed တစ်မျိုးတည်းနဲ့ အလုပ်လုပ်တာပါ။ အလုံပိတ်အခန်းမှာ ကိုယ်လိုချင်တဲ့ အပူချိန်ကို ရောက်ပြီဆိုရင် compressor ခဏ ရပ်သွားပါတယ်။ အပူချိန် အနည်းငယ်ပြန်တက်လာပြီဆိုရင် compressor က သူ့ရဲ့အများဆုံး speed တစ်မျိုးတည်း နဲ့ပဲ ပြန်အလုပ်လုပ်ခြင်းဖြင့် အခန်းအပူချိန်ကို ထိန်းပေးပါတယ်။ Non-Inverter မှာ compressor ရပ်လိုက် ဖွင့်လိုက် လုပ်တဲ့အတွက် အပူချိန် အတက်အကျ ပိုသိသာပါတယ်။
Inverter Type Air Con က Non-Inverter Type Air Con ထက် လျှပ်စစ်မီတာခ 30% ကနေ 50% ထိ (Brand နဲ့ Model ပေါ် မူတည်ပြီး) သက်သာစေပါတယ်။
‍‍‍‍‍‍
✅Non-inverter Type ,Inverter Type အမျိုးအစားအမျိုးမျိုးကိုမှ မီတာစားနှုန်းသက်သာပြီး စွမ်းအင်သုံးစွဲမှုနည်းတဲ့ AirCon တွေကို Tasaki မှာရရှိနိုင်ပါတယ်။
‍‍‍‍‍‍
2️⃣Cooling Capacity (Btu/hr or kW)
‍‍‍‍‍‍
Air Con တွေကို kilo Watt(kW) သို့မဟုတ် Btu/hr နဲ့ ဖော်ပြပြီး ရောင်းချကြပါတယ်။ Btu/hr (or) kilo Watt(kW) နဲ့ Air Con တစ်လုံးရဲ့ Cooling Capacity ကို တိုင်းတာပါတယ်။ Btu/hr များလာတဲ့အလျောက် Air Con ရဲ့စျေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။ Cooling Capacity များဖို့ဆိုရင် 1hp မှာအသုံးပြုထားတဲ့ Air Con ရဲ့နည်းပညာမြင့်ဖို့လိုပါတယ်။ hp က Air Con outdoor unit မှာ ရှိတဲ့ compressor ကို မောင်းတဲ့ electric motor ရဲ့ Rotational Power ကိုညွှန်းဆိုတာဖြစ်ပါတယ်။
‍‍‍‍‍‍
✅Tasaki Air Con ၁ကောင်မှာ 9554Btu/hr၊ ၁ကောင်ခွဲမှာ 13307Btu/hr နှုန်းနဲ့ ပုံမှန် Air Con တွေထက် အအေးဓာတ်ပိုထုတ်ပေးနိုင်ပါတယ်။ Tasaki တစ်ကောင် အဲကွန်းကို မီးအား 708 Watt သာသုံးစွဲပြီး တစ်ကောင်ခွဲ အဲကွန်းကို မီးအား 998 Watt ပဲသုံးစွဲလို့ မီတာခကို 20-30% သက်သာစေပါတယ်။
‍‍‍‍‍‍
3️⃣ Energy Efficiency Ratio (EER)
‍‍‍‍‍‍
EER ဆိုတာ Cooling Capacity(Btu/hr) ကို သုံးစွဲတဲ့ မီးအား Power Consumption(Watt) နဲ့ စားထားတဲ့ အချိုးပါ။EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။EER များလာရင် Air Con စျေးလဲ လိုက်များလာပါတယ်။Air Con အများစုကတော့ EER 9 ကနေ 11 ကြားမှာ ရှိကြပါတယ်။Inverter type တွေမှာဆို EER 11 ကနေ 20 ဝန်းကျင် ရှိကြပါတယ်။24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။
‍‍‍‍‍‍
✅Tasaki တစ်ကောင်အားမှာ SEER 14.33 အထိရှိပြီး Tasaki တစ်ကောင်ခွဲအားမှာတော့ SEER 14.16 ရှိလို့ ရေရှည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
‍‍‍‍‍‍
4️⃣Air Flow Rate
‍‍‍‍‍‍
Indoor unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (m³/h) သို့မဟုတ် cubic feet per minute(CFM) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။
‍‍‍‍‍‍
✅Tasaki မှာ 318CFM(CMH 540) ,CFM 444(CMH 755)စသဖြင့် အမျိုးမျိုး ထွက်ရှိပါတယ်။
‍‍‍‍‍‍
5️⃣ဆူညံသံများ (Noise)
‍‍‍‍‍‍
indoor unit နဲ့ outdoor unit ရဲ့ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။Indoor unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။ Outdoor unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အခန်းထဲကနေတောင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။ အေးဆေးအနားယူချင်တဲ့အချိန်မှာလည်း ဆူညံသံကြောင့် သက်တောင့်သက်တာမဖြစ်စေပါဘူး။ အသံဆူတဲ့ Air Con ကို ဝယ်မိရင်တော့ ဒုက္ခများဖို့သေချာသွားပါပြီ။
‍‍‍‍‍‍
✅ Tasaki မှာဆိုရင်တော့ indoor unit 40dBA , outdoor unit 50dBA ဝန်းကျင်သာရှိလို့ ဆူညံသံတွေကင်းဝေးပြီး စိတ်အေးချမ်းသာမှုကိုရရှိမှာ အသေအချာပါပဲ။
‍‍‍‍‍‍
🙋‍♂️Tasaki Myanmar မှ အရည်းသွေးပြည့်ဝပြီး စွမ်းအင်သုံးစွဲမှုနည်းသော အဆင့်မြင့်နည်းပညာသုံး Aircon များကိုသာ ထုတ်လုပ်၊တပ်ဆင်၊ရောင်းချပေးလျက်ရှိပါတယ်။ အဲကွန်းနဲ့ပတ်သက်တဲ့အကြံပေးချက်လေးတွေ အသေးစိတ်သိရှိလိုပါက Comment ပေး၍ဖြစ်စေ Chat Box မှဖြစ်စေ မေးမြန်းနိုင်ပါတယ်။
‍‍‍‍‍‍
#မီတာစားနှုန်းအသက်သာဆုံးTasakiကိုသုံး

....................
👇Air Conditioner ဝယ်မယ်ဆို သိထားသင့်တဲ့ အချက်များ...
‍‍‍‍‍‍
🤷‍♂️air-con ဝယ်မယ်ဆိုရင် တံဆိပ်တွေအရမ်းများလို့ စိတ်ရှုပ်နေပြီလား?????
ဘယ်တံဆိပ်ကိုဝယ်ရမလဲ၊ဘယ်လောက် ကြာရှည်ခံမလဲ၊ဘယ်အချက်တွေကို အဓိကထားကြည့်သင့်လဲ ဆိုတာလေးတွေ မျှဝေပေးချင်ပါတယ်။ ကိုယ့်အတွက် အဆင်ပြေစေဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး သေချာစီစစ်ရွေးချယ်ဖို့ လိုအပ်ပါတယ်။
‍‍‍‍‍‍
1️⃣Inverter Type ၀ယ်မှာလား Non-Inverter Type ၀ယ်မှာလား
‍‍‍‍‍‍
- Inverter Type Air Con က စဖွင့်ဖွင့်ခြင်း ကိုယ်လိုချင်တဲ့ အပူချိန်ကို ပိုမြန်မြန် ရရှိစေပြီး အခန်းတွင်းအပူချိန် အတက်အကျ နည်းစေပါတယ်။ Inverter Type Air Con ရဲ့ compressor က speed အမျိုးအမျိုးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ သူက Speed အတိုးအလျှော့တဲ့အချိန်မှာ compressor ကို ရပ်မပစ်ပဲ အခန်း အပူချိန်ကို ထိန်းပေးထားနိုင်ပါတယ်။
‍‍‍‍‍‍
- Non-Inverter type Air Con ရဲ့compressor က သူ့ရဲ့ maximum speed တစ်မျိုးတည်းနဲ့ အလုပ်လုပ်တာပါ။ အလုံပိတ်အခန်းမှာ ကိုယ်လိုချင်တဲ့ အပူချိန်ကို ရောက်ပြီဆိုရင် compressor ခဏ ရပ်သွားပါတယ်။ အပူချိန် အနည်းငယ်ပြန်တက်လာပြီဆိုရင် compressor က သူ့ရဲ့အများဆုံး speed တစ်မျိုးတည်း နဲ့ပဲ ပြန်အလုပ်လုပ်ခြင်းဖြင့် အခန်းအပူချိန်ကို ထိန်းပေးပါတယ်။ Non-Inverter မှာ compressor ရပ်လိုက် ဖွင့်လိုက် လုပ်တဲ့အတွက် အပူချိန် အတက်အကျ ပိုသိသာပါတယ်။
Inverter Type Air Con က Non-Inverter Type Air Con ထက် လျှပ်စစ်မီတာခ 30% ကနေ 50% ထိ (Brand နဲ့ Model ပေါ် မူတည်ပြီး) သက်သာစေပါတယ်။
‍‍‍‍‍‍
✅Non-inverter Type ,Inverter Type အမျိုးအစားအမျိုးမျိုးကိုမှ မီတာစားနှုန်းသက်သာပြီး စွမ်းအင်သုံးစွဲမှုနည်းတဲ့ AirCon တွေကို Tasaki မှာရရှိနိုင်ပါတယ်။
‍‍‍‍‍‍
2️⃣Cooling Capacity (Btu/hr or kW)
‍‍‍‍‍‍
Air Con တွေကို kilo Watt(kW) သို့မဟုတ် Btu/hr နဲ့ ဖော်ပြပြီး ရောင်းချကြပါတယ်။ Btu/hr (or) kilo Watt(kW) နဲ့ Air Con တစ်လုံးရဲ့ Cooling Capacity ကို တိုင်းတာပါတယ်။ Btu/hr များလာတဲ့အလျောက် Air Con ရဲ့စျေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။ Cooling Capacity များဖို့ဆိုရင် 1hp မှာအသုံးပြုထားတဲ့ Air Con ရဲ့နည်းပညာမြင့်ဖို့လိုပါတယ်။ hp က Air Con outdoor unit မှာ ရှိတဲ့ compressor ကို မောင်းတဲ့ electric motor ရဲ့ Rotational Power ကိုညွှန်းဆိုတာဖြစ်ပါတယ်။
‍‍‍‍‍‍
✅Tasaki Air Con ၁ကောင်မှာ 9554Btu/hr၊ ၁ကောင်ခွဲမှာ 13307Btu/hr နှုန်းနဲ့ ပုံမှန် Air Con တွေထက် အအေးဓာတ်ပိုထုတ်ပေးနိုင်ပါတယ်။ Tasaki တစ်ကောင် အဲကွန်းကို မီးအား 708 Watt သာသုံးစွဲပြီး Tasaki တစ်ကောင်ခွဲ အဲကွန်းကို မီးအား 998 Watt ပဲသုံးစွဲလို့ မီတာခကို 20-30% သက်သာစေပါတယ်။
‍‍‍‍‍‍
3️⃣ Energy Efficiency Ratio (EER)
‍‍‍‍‍‍
EER ဆိုတာ Cooling Capacity(Btu/hr) ကို သုံးစွဲတဲ့ မီးအား Power Consumption(Watt) နဲ့ စားထားတဲ့ အချိုးပါ။EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။EER များလာရင် Air Con စျေးလဲ လိုက်များလာပါတယ်။Air Con အများစုကတော့ EER 9 ကနေ 11 ကြားမှာ ရှိကြပါတယ်။Inverter type တွေမှာဆို EER 11 ကနေ 20 ဝန်းကျင် ရှိကြပါတယ်။24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။
‍‍‍‍‍‍
✅Tasaki တစ်ကောင်အားမှာ SEER 14.33 အထိရှိပြီး Tasaki တစ်ကောင်ခွဲအားမှာတော့ SEER 14.16 ရှိလို့ ရေရှည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
‍‍‍‍‍‍
4️⃣Air Flow Rate
‍‍‍‍‍‍
Indoor unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (m³/h) သို့မဟုတ် cubic feet per minute(CFM) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။
‍‍‍‍‍‍
✅Tasaki မှာ 318CFM(CMH 540) ,CFM 444(CMH 755)စသဖြင့် အမျိုးမျိုး ထွက်ရှိပါတယ်။
‍‍‍‍‍‍
5️⃣ဆူညံသံများ (Noise)
‍‍‍‍‍‍
indoor unit နဲ့ outdoor unit ရဲ့ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။Indoor unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။ Outdoor unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အခန်းထဲကနေတောင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။ အေးဆေးအနားယူချင်တဲ့အချိန်မှာလည်း ဆူညံသံကြောင့် သက်တောင့်သက်တာမဖြစ်စေပါဘူး။ အသံဆူတဲ့ Air Con ကို ဝယ်မိရင်တော့ ဒုက္ခများဖို့သေချာသွားပါပြီ။
‍‍‍‍‍‍
✅ Tasaki မှာဆိုရင်တော့ indoor unit 40dBA , outdoor unit 50dBA ဝန်းကျင်သာရှိလို့ ဆူညံသံတွေကင်းဝေးပြီး စိတ်အေးချမ်းသာမှုကိုရရှိမှာ အသေအချာပါပဲ။
‍‍‍‍‍‍
🙋‍♂️Tasaki Myanmar မှ အရည်းသွေးပြည့်ဝပြီး စွမ်းအင်သုံးစွဲမှုနည်းသော အဆင့်မြင့်နည်းပညာသုံး Aircon များကိုသာ ထုတ်လုပ်၊တပ်ဆင်၊ရောင်းချပေးလျက်ရှိပါတယ်။ အဲကွန်းနဲ့ပတ်သက်တဲ့အကြံပေးချက်လေးတွေ အသေးစိတ်သိရှိလိုပါက Comment ပေး၍ဖြစ်စေ Chat Box မှဖြစ်စေ မေးမြန်းနိုင်ပါတယ်။
‍‍‍‍‍‍
#မီတာစားနှုန်းအသက်သာဆုံးTasakiကိုသုံး

💨Outdoor Unit ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ‍‍‍‍‍‍ Credit - Tasaki Myanmar🛠Air Con တစ်လုံးကို တပ်ဆင်တဲ့အခါ လူအမျာ...
24/11/2019

💨Outdoor Unit ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ
‍‍‍‍‍‍
Credit - Tasaki Myanmar

🛠Air Con တစ်လုံးကို တပ်ဆင်တဲ့အခါ လူအများစုက အိမ်ထဲမှာတပ်တဲ့ Indoor Unit ကိုပဲဦးစားပေးစဉ်းစားကြတာများပါတယ်။ Outdoor Unit ထားဖို့နေရာကိုတော့ အဆင်ပြေသလိုတပ်လိုက်ကြတာများပါတယ်။
‍‍‍‍‍‍
❄️တကယ်တော့ Air Con တစ်လုံးသေချာလည်ပတ်ဖို့နဲ့ ပတ်ဝန်းကျင်က သက်ရှိ သက်မဲ့တွေကို အထိခိုက်နည်းစေဖို့က Outdoor Unit ကို ဘယ်လိုတပ်ဆင်ထားပေးတယ်ဆိုတာပေါ်လည်း မူတည်နေပါသေးတယ်။
ပထမဆုံး Outdoor Unit အတွက် လေဝင်လေထွက်ကောင်းတဲ့နေရာတစ်ခုလိုအပ်ပါတယ်။ အဲ့တာမှ အခန်းထဲကလေပူတွေကောင်းကောင်းအပြင်ရောက်နိုင်ပြီး အခန်းတွင်းအေးမြဖို့ ပိုပြီးကူညီရာရောက်ပါတယ်။
‍‍‍‍‍‍
☂️Outdoor unit ကိုလည်း အရိပ်အောက်မှာထားရင် ပိုကောင်းပါတယ်
နေရောင်တိုက်ရိုက်ထိတဲ့နေရာမှာထားရင် အပူခံရတာပိုများတယ်။ အဲ့တာကြောင့် အခန်းတွင်းကိုအအေးဓာတ်ပေးဖို့ အလုပ်ပိုလုပ်ပေးရသလိုဖြစ်ပါလိမ့်မယ်။ Outdoor Unit အလုပ်ပိုလုပ်ရတဲ့အခါ မီတာလည်းပိုစားလို့ မီတာခကိုလည်းထိခိုက်နိုင်ပါတယ်။
စက်ကအလုပ်ပိုလုပ်ရတဲ့အခါ Errorအဖြစ်များလာပြီး ပုံမှန်ထက် AirCon Service ကိုခေါ်ရတာများလာပါတယ်။ ဒါကြောင့် Outdoor Unit နေရာကိုလည်း အရိပ်ရအောင်လုပ်ဆောင်ပေးထားမယ်ဆိုရင် ပိုကောင်းမွန်ပါလိမ့်မယ်။
‍‍‍‍‍‍
🌐နိုင်ငံတကာမှာလည်း အပြင်ထုတ်ထားရတဲ့ အဲကွန်း အစိတ်အပိုင်းတွေကို ပိုဂရုစိုက်လာတာတွေ့ရမှာပါ။ အရိပ်ရအောင်သေချာထားထားတာအပြင် အဲကွန်း တစ်စုံတစ်ခုဖြစ်တဲ့အခါ ပြင်တဲ့ Service သမားတွေအဆင်ပြေအောင် Outdoor Unit အနားမှာ ဝရန်တာအသေးလေးတွေအထိ လုပ်ထားပေးကြပါတယ်။အဲကွန်းက အခန်းတွင်းလေထုထဲကအပူကိုစုပ်ယူပြီး Outdoor Unit ကနေတစ်ဆင့် အပြင်ကိုထုတ်လွှတ်ပါတယ်။ဒီ Outdoor တွေကို လူတစ်ရပ်မလွှတ်တဲ့ လူသွားလမ်းဘေးမှာထုတ်ထားတာက ရန်ကုန်မှာဆိုရင် နေကလည်းပူ ပတ်ဝန်းကျင်ကလည်းပူ ဒီ အဲကွန်းကထုတ်တဲ့အပူတွေကလည်း လူတွေကိုတိုက်ရိုက်ထိတွေ့နေမယ်ဆိုရင် ပတ်ဝန်းကျင်အတွက် အထူးအလေးထားရှောင်ကြဉ်ပေးသင့်ပါတယ်။
‍‍‍‍‍‍
🌎 ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးစိမ်းလန်းလှပဖို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ စွမ်းအင်သုံးစွဲမှုနည်းပါးပြီး ကမ္ဘာမြေအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံး လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုခြင်းဖြင့်အထောက်အကူဖြစ်စေနိုင်ပါတယ်။
‍‍‍‍‍‍
Tasaki က ထိုင်းနိုင်ငံအစိုးရလက်အောက်ရှိ EGAT ရဲ့ အသိအမှတ်ပြုလက်မှတ်ကိုရရှိထားလို့ Energy Saving Air Con တွေ ထဲမှာတော့ ရွေးချယ်ဖို့အသင့်ဆုံးပါပဲ။
‍‍‍‍‍‍
ကျွန်တော်တို့Tasaki Myanmar မှ အရည်အသွေးပြည့်ဝပြီး စွမ်းအင်သုံးစွဲမှုနည်းတဲ့ အဆင့်မြင့်နည်းပညာသုံး Air Con များကို ထုတ်လုပ်၊ တပ်ဆင်၊ ရောင်းချခြင်းဖြင့် ကျွန်တော်တို့ နေထိုင်ရာကမ္ဘာမြေအတွက် အထောက်အကူပြုလျက် ရှိပါတယ်ခင်ဗျ။
‍‍‍‍‍‍
#မီတာစားနှုန်းအသက်သာဆုံးTasakiကိုသုံး

......................................

ဆောင်းရာသီရောက်လာတဲ့အခါ ကျနော်တို့အသားအရေတွေဟာ ပုံမှန်ထက်ကို ခြောက်သွေ့ အက်ကွဲလွယ်ပါတယ်။ အထူးသဖြင့် အဲကွန်းခန်းတွေထဲမှာ...
24/11/2019

ဆောင်းရာသီရောက်လာတဲ့အခါ ကျနော်တို့အသားအရေတွေဟာ ပုံမှန်ထက်ကို ခြောက်သွေ့ အက်ကွဲလွယ်ပါတယ်။
အထူးသဖြင့် အဲကွန်းခန်းတွေထဲမှာနေတဲ့ အခါ ပိုလို့တောင် ခြောက်သွေ့တတ်ပါသေးတယ်။

ဒါပေမဲ့လည်း အဲကွန်းတွေက ဒီနေ့ခေတ်မှာတော့ ရေတို့ မီးတို့လိုပဲ၊ မရှိလို့ မဖြစ်ဆိုသလို ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ဒီတစ်ပါတ်မှာတော့ အဲကွန်းခန်းထဲမှာ နေပေမဲ့ကိုယ့်အသားအရေကို သိပ်မပျက်စီးအောင် လုပ်လို့ရမဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရေဘူးဆောင်ထားပါ။

နာရီဝက်ခြားတစ်ခါ ရေသောက်ပါ။ လူက အေးနေတယ်လို့ခံစားရရင် ရေသောက်ဖို့ကို မေ့နေတတ်ပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးမှုဖြစ်နေပြီး ကိုယ်မသိလိုက်ခင်မှာပဲ အရေပြားက ရေဓာတ်ခမ်းခြောက်နေပါပြီ။ ဒါကြောင့် ရေသောက်ဖို့ကို မမေ့နဲ့နော်။

၂။ နေ့လည်နေ့ခင်း ဗိုက်ဆာရင် သစ်သီးတွေ လှီးစိတ်ပြီး စားလိုက်ပါ။ အဆီများတဲ့ မုန့်တွေ၊ အကြော်အလှော်တွေကို ရှောင်ပါ။

၃။ ဘယ်သူမဆို အဲကွန်းခန်းထဲ အေးစိမ့်နေတဲ့အချိန် ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတယ်မလား။ ဒါပေမယ့် ဒီကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အသားခြောက်စေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးနော်။ ဒါကြောင့် နေ့တိုင်းလိုလို ကော်ဖီသောက်တာထက် တစ်ရက်ခြား တစ်ခွက်လောက် သောက်ပေးတာ ပိုအဆင်ပြေမှာပါ။

၎။ မျက်နှာကို စပရေးအမြဲဖျန်းပေးပါ။ မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အမွှေးနံ့သိပ်မပြင်းတဲ့ အစိုဓာတ်ထိန်း စပရေးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။

၅။ အစိုဓာတ်ထိန်းခရင်မ်ကို အိမ်ကနေ မထွက်ခင်ကတည်းက တစ်ကိုယ်လုံး လိမ်းထားပါ။

၆။ ရုံးမှာလည်း နို့ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆောင်ထားပါ။ လက်ဖဝါး၊ လည်ပင်း၊ တံတောင်ဆစ်၊ ပေါင်တံ၊ ခြေသလုံးတွေကို ၂နာရီ တစ်ခါလောက် လိမ်းပေးရပါမယ်။

၇။ အဲကွန်းခန်းထဲမှာ အချိန်ပြည့်နေတာထက် ခဏတစ်ဖြုတ် အပြင်ထွက်ပြီး အိမ်သာသွားတာ၊ လမ်းလျှောက်ထွက်တာ၊ အပြင်က လေကောင်းလေသန့်ရှူရှိုက်တာမျိုး လုပ်ပေးပါ။

၈။ အပြင်ကနေ အဲကွန်းခန်းထဲ မဝင်ခင် ခဏလောက်စောင့်ပေးပါ။ ချွေးတိတ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်ငြိမ်သွားပြီဆိုမှ ဝင်ပါ။ အဲကွန်းခန်းကနေ အပြင်ထွက်တော့မယ်ဆိုရင်လည်း တန်းမထွက်လိုက်ပါနဲ့။ ခဏလောက်တော့ ကိုယ်ထဲကို အအေးဓာတ်တွေ လျော့သွားအောင် စောင့်သင့်ပါတယ်။

၉။ အဲကွန်းကို အေးစိမ့်နေအောင် အအေးမမြှင့်ထားပါနဲ့။

၁၀။ အိမ်မှာ ရေချိုးပြီးသွားပြီဆိုရင် တစ်ကိုယ်လုံးကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ မျက်နှာ၊ လက်၊ ခြေထောက်တွေကို သေချာလေး လိမ်းပြီးမှ အိပ်ပါ။

ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် အဲကွန်းထဲမှာ အမြဲရှိနေလည်း အသားအရေပျက်စီးမှာကို ပူစရာမလိုတော့ဘူးနော်. . .။

Credit - York

23/11/2019

မီတာခတွေဈေးတက်ပြီဆိုတော့ မီတာခ သက်သာအောင်
အဲယားကွန်းဖွင့်နည်း....

✅အဲကွန်းကို ဖွင့်တဲ့အခါမှာ ၂၅ ဒီဂရီမှာ
အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ
မီတာခ အရမ်းသက်သာသွားသလို
ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။

✅နောက်တစ်ချက်အနေနဲ့ အဲကွန်းဝယ်တဲ့အခါ အအေးနှုန်း Btu များပြီး compressor watt နည်းတဲ့အမျိုးအစားများ သေချာရွေးချယ်သုံးစွဲပါ
ဈေးအနည်းငယ်များနိုင်ပေမယ့် ရေရှည်မီတာခနဲ့ဆို အင်မတန်သင့်တော်ပါတယ်

အဲကွန်း Remote Control ကနေ အပူချိန်ကို
အနိမ့်ဆုံး ဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက်
ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့
လေတွေ ထွက်လာမယ်၊ အခန်းလည်း
မြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။

အမှန်က လုံးဝ မဟုတ်ပါဘူး။

အဲကွန်းက ထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။

ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။

လူအများနားလည်အောင် Technical Terms တွေ
ကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။

ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့
Split Type Air Conditioner တွေမှာ
Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်းပါဝင်ပါတယ်။

အဓိက အနေနဲ့ Indoor Unit မှာ Evaporator
နဲ့ Outdoor Unit မှာ Compressor နဲ့
Condenser တွေ ပါဝင်ပါတယ်။

Evaporator ဟာ လေထုထဲက ရေငွေ့တွေကို
ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက
လေထဲက အပူတွေကို ဖယ်ရှားပြီး လေကိုေ
အးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။

အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက
လေကို စုပ်ယူလိုက်ပါတယ်။
အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို
Evaporator လို့ခေါ်တဲ့ ကိရိယာနဲ့ ဖယ်ရှားပြီး
အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ
အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက
ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို
Compressor နဲ့ Condenser တွေကို
ဖြတ်သန်စေပြီး အေးမြခြောက်သွေ့တဲ့ လေကို
ပြန်မှုတ်သွင်းလိုက်ပါတယ်။

ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ
အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင်
၂၅ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာ
ရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့
အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို
ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို
တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။

ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ
သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို
အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့
အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။

စက်ရပ်တာ ကြာလာလို့ အခန်းတွင်း အပူချိန်က
၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက
အလုပ် ပြန်လုပ်ပါတယ်။

ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို
ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင်
၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ
ဓာတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။

အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ
ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။

အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း
အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက်
မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး
သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ
(ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။

ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့
ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့
ပြန်သုံးသပ်သင့်ပါတယ်။

လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့်သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို
၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ ကိုယ့်အိမ်ခန်းထဲ
ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို...

ပြင်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ
အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက်
ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင်
အတွင်း အပြင် အပူ အအေး ကွာခြားလွန်းလို့
အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး
ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း
အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။

လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း
များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။

ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့
စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး
အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန်ချထားခြင်းဟာလည်း
ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော
အထောက်အကူ ဖြစ်စေပါတယ်။

ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊
အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ
အလွန်အေးတဲ့ နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ
အပူကို အရမ်းကြောက်ပါတယ်။
ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊
ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင်
အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ
ချိန်ထား လုပ်ထားပါတယ်။

ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ
အနိမ့်ဆုံးထားပြီး တောင်ကြီး ကလော ရာသီဥတုမျိုးကို
ဖန်တီးထားကြပါတယ်။

အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က
လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့
ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို
ချွေတာကြတယ်တဲ့။

ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့
ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။
သူတို့မှာလည်း သူတို့ရတဲ့ လခနဲ့
လူနေမှု စရိတ်ကြီးမြင့်ခြင်း ဒဏ်ကို ခံနိုင်အောင်
စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။

အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ်
ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။

Credit - org post

အဲကွန်း ရှိသူတွေ တပ်ဖို့စဉ်းစားနေသူတွေ ဖတ်ဖို့...Photo- Credit
23/11/2019

အဲကွန်း ရှိသူတွေ တပ်ဖို့စဉ်းစားနေသူတွေ ဖတ်ဖို့...

Photo- Credit

Address

726
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959968307191

Website

Alerts

Be the first to know and let us send you an email when Myan Cool Aircon Sale & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share