Perfect Laundry Service

Call Directions

Perfect Laundry Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Perfect Laundry Service, Launderette, Man Pyay 12th Street, 3/Quarter, Thaketa Township, Yangon.

24/09/2026

မင်မင့်ဆီလာမေးကြ၊အကြံဥာဏ်လာတောင်းကြတဲ့ အမ/ညီမတွေများလို့
ဒီရက်ထဲ post လေးတွေတင်ရင်းဖြေပေးပါမယ်နော်။
ပင်မင်းဆိုင်ဖွင့်ဖို့ အရင်းအနှိးဘယ်လောက်လိုလဲတဲ့..ခုခေတ်စျေးနှုန်းနဲ့တော့ မတွက်တတ်တော့ဘူးရှင်။
မင်မင့်ဆိုင်လေး စဖွင့်တုန်းက အခြေအနေလေးကိုပြောပြမယ်နော်။
ဒီပို့စ်ထဲမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်း မရှိပါဘူး။ကိုယ်တိုင်ရဲ့ အတွေ့အကြုံလေးတွေကိုပဲ မျှဝေပေးသွားမှာပါ။
ဒီဆိုင်မဖွင့်ခင်တုန်းက မင်မင့်မှာ တစ်ခြားကိုယ်ပိုင်စီးပွါးရေးရော၊ရုံးအလုပ်ရော ရှိပါတယ်။
ကိုဗစ်နဲ့ကိုစစ်အတွင်းမှာ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲသွားတာရော၊ရုံးလုပ်ငန်းက Boss ကနိူင်ငံခြားသားမို့ သူ့နိူင်ငံပြန်သွားတာကြောင့်ရော အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

စိတ်ဓာတ်တွေကျလုကျခင် အနေအထားမှာ
မင်မင့်ညီမလေးရဲ့ အကြံပေးမှု့နဲ့ ဒီဆိုင်လေးကို
စတင်လည်ပတ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုလုပ်ဖို့ စခဲ့တဲ့အချိန်မှာ မင်မင့်လက်ထဲမှာ
ငွေ(၄)သိန်းနဲ့အဝတ်လျှော်စက်တစ်လုံးပဲ
ရှိခဲ့ပါတယ်။ဒါက ၂၀၂၁ခုနှစ်မှာပါနော်။

ငွေ(၄)သိန်းနဲ့ အဝတ်ခြင်း၊အင်္ကျီချိတ်၊ဆပ်ပြာ၊အမွှေးဆီ…စတာတွေဝယ်၊မီးရိုက်ဖို့ မီတာခွဲဖို့ကိစ္စတွေလုပ်ရင်း…ကြော်ငြာစာရွက်လေးတွေလဲ
ရပ်ကွက်ထဲလိုက်ကပ်ခဲ့သလို Facebookမှာလဲ Page လုပ်ပြီး စတင်လည်ပတ်ခဲ့ပါတယ်။

အထည်အမှားအယွင်းတွေလဲရှိခဲ့သလို၊
အထည်တွေဆေးစွန်းတာ၊လှန်းနေတုန်း
အထည်တွေရောတာ၊မီးပူကပ်တာ
စသဖြင့် ပြဿနာပေါင်းများစွာနဲ့
ပင်ပန်းမှု့တွေအများကြီးကြုံခဲ့ရလို
အခက်အခဲတွေလဲ ရှိခဲ့ပါတယ်။
Customer Complain တွေလဲ အများကြီးကြုံခဲ့ရပါတယ်။တစ်ခါတစ်လေ စိတ်ဓာတ်တွေတောင် ကျလုနီးနီးဖြစ်ခဲ့ပါတယ်။

ကိုယ်တိုင်ရဲ့လိုအပ်ချက်ကြောင့်
ပြဿနာကြုံရတာကို သိပြီးတဲ့နောက်မှာ
လိုအပ်တဲ့ နည်းပညာတွေကို
YouTube နဲ့ Google မှာပဲ လေ့လာသင်ယူခဲ့ပါတယ်။
ခုချိန်ထိ ဒီလုပ်ငန်းကို လုပ်လာတာ
ဘယ်သင်တန်းမှ မတက်ခဲ့ဖူးသေးပါဘူး။

နောက်ဆုံးကျတော့ သေချာတွေးမိသွားတာက
ခိုင်မာတဲ့ Systemတစ်ခုတည်ဆောက်ဖို့
လိုလာပြီဆိုတာပါပဲ။
ဒါကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတဲ့
System ကို ကိုယ်တိုင်စဉ်းစားပြီး
တည်ဆောက်ခဲ့ပါတယ်။

နောက်တစ်ခုက ဝန်ထမ်းတွေကို ကိုင်တွယ်တတ်ဖို့
လဲလိုအပ်ပါတယ်။
မင်မင်က ရုံးဝန်ထမ်းဖြစ်ခဲ့တာကြောင့်
ဝန်ထမ်းအုပ်ချုပ်တာ၊လစာပေးစည်းမျည်း
အလုပ်ချိန်သတ်မှတ်မှု့၊စည်းကမ်းပိုင်းကအစ
ရုံးလုပ်ငန်းစဉ်အတိုင်းပဲ သွားပါတယ်။
ဆုပေး/ဒဏ်ပေး စနစ်လဲထားရှိပါတယ်။

တစ်ဖြည်းဖြည်းနဲ့ လျှော်စက်တစ်လုံးကနေ
နှစ်လုံးနဲ့ အဝတ်ခြောက်စက်တစ်လုံး ထပ်ဝယ်ပြီး
ထပ်တိုးချဲ့ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ တဖြည်းဖြည်းချင်း စက်တစ်လုံးစီတိုးရင်း တိုးရင်းနဲ့ပဲ လုပ်ငန်းလေး ပိုပြီးကြီးထွား
လာခဲ့တာပါ။

ခုဆိုရင် ရှေ့ကကြုံခဲ့သမျှ ပြဿနာအခက်အခဲတိုင်းကိုအရှုံးမပေးပဲ ဇွဲနဲ့လုပ်ခဲ့လို့ ခုဆို
ဆိုင်လေးရဲ့သက်တမ်းက (၅)နှစ်ပြည့်ပါတော့မယ်။

နောက်ဆုံး ပြောပြချင်တာက
ဒီလုပ်ငန်းလုပ်ဖို့ ငွေအရင်းအနှီး
သိန်း(၅၀)/သိန်း(၁၀၀) စသည်ဖြင့်
အများကြီးစုပြုံရှိဖို့မလိုပါဘူး။
အလုပ်လုပ်ချင်တဲ့စိတ်နဲ့ခိုင်မာတဲ့
ဇွဲရှိဖို့ရယ်၊လုပ်ရင်းကိုင်ရင်း စုရင်း တိုးချဲ့သွားလို့
ရတယ်ဆိုတာကို မင်မင့်ရဲ့ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ပြီး ပြောပြထားတာပါရှင်။

လိုအပ်တဲ့ အကြံဥာဏ်လေးများရှိရင်လဲ
မင်မင့်ဆီ လာမေးလို့ရပါတယ်။
မင်မင် အလုပ်အားတာနဲ့ ချက်ချင်း
အဖြေပြန်ပေးသွားပါမယ်နော်။

#ဒိုဘီ #ဒိုဘီပင်မင်း #ပင်မင်း #သာကေတ

မအိပ်မနေ ကြိုးစားခဲ့ရတဲ့ အချိန်ကာလတွေ💪
23/09/2026

မအိပ်မနေ ကြိုးစားခဲ့ရတဲ့ အချိန်ကာလတွေ💪

22/09/2026

❤️ယုံကြည်စွာလက်တွဲအားပေးနေတဲ့ Customer မိတ်ဟောင်းမိတ်သစ်များအားလုံး ကျေးဇူးအထူးပါရှင်❤️




#ပင်မင်း

#အစွန်းချွတ်
#ဒိုဘီ
#ရေနွေးငွေ့မီးပူ
#မာန်ပြေရပ်ကွက်



#ဒိုဘီပင်မင်း
#အဝတ်လျှော်
#သာကေတ
#အရုပ်လျှော်
#ဖိနပ်လျှော်
#အိတ်လျှော်

20/09/2026
14/09/2026

💓မင်မင်တို့ဆိုင်ရဲ့ အားကိုးရတဲ့
တပည့်ကျော်ကြီး မွေးနေ့အမှတ်တရ💓

❤️အမြဲတမ်း ယုံကြည်စွာလက်တွဲအားပေးနေတဲ့ Customer မိတ်ဟောင်းမိတ်သစ်များအားလုံး ကျေးဇူးအထူးပါရှင်❤️







#ပင်မင်း



#အစွန်းချွတ်

#ဒိုဘီ

#ရေနွေးငွေ့မီးပူ

#မာန်ပြေရပ်ကွက်







#ဒိုဘီပင်မင်း

#အဝတ်လျှော်

#သာကေတ

#အရုပ်လျှော်

#ဖိနပ်လျှော်

#အိတ်လျှော်

12/09/2026

ဆိုင်စဖွင့်ထဲက system တစ်ခုနဲ့သေချာ တည်ဆောက်ထားခဲ့လို့ ခုချိန်ထိ သေချာမှု့ရှိတဲ့ Perfect Laundry ရယ်လို့ နာမည်တစ်ခုဖြစ်လာအောင် အစဉ်တစိုက် အားပးခဲ့တဲ့ Customer များကို ကျေးဇူးအထူးတင်ရှိပါတယ်❤️

Address

Man Pyay 12th Street, 3/Quarter, Thaketa Township
Yangon
1123

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959254346236

Website

Alerts

Be the first to know and let us send you an email when Perfect Laundry Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category