Culture - Car Wash & Detailing Studio

Culture - Car Wash & Detailing Studio Car Coating & Detailing Service

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်းကိုယ့်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ လိုတိုင်းတရနိုင်တဲ့သူများ ဖြစ်ကြပါစေ
01/01/2026

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်းကိုယ့်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ လိုတိုင်းတရနိုင်တဲ့သူများ ဖြစ်ကြပါစေ

05/02/2024

🚘🚘🚘 အော်တိုဂီယာဂီယာကား‌တွေ ဘာကြောင့်ဂီယာစဆာင့်ရတာလဲ?

~~

ဒီပြစ်ချက်ကတော့ အော်တိုဂီယာကားတွေမှာ အမြဲတမ်းကြုံတွေ့နေကြပြစ်ချက်တခုဖြစ်ပါတယ်။

Manual ဂီယာကားမှာ ဂီယာဆောင့်တဲ့ပြစ်ချက်ကတော့ ကလပ်မနိုင်တာကြောင့် ဖြစ်ပေမယ့် အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တဲ့ပြစ်ချက်ကတော့ ဂီယာဘောက်ကြောင့်လည်းဖြစ်နိုင်သလို တခြားပြစ်ချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တိုင်း ဂီယာဘောက်ပြစ်ချက်လို့ ပုံသေ ဆုံးဖြတ်လို့မရပါဘူး။

ဒါ့အပြင် ဂီယာဆောင့်တဲ့ပြစ်ချက်ကို ကြုံတွေ့တဲ့အခါ စထွက်တဲ့အချိန် ဂီယာဆောင့်တာလား၊ မောင်းနေရင်းဂီယာဆောင့်တာလား၊ ဒါမှမဟုတ် ကီလို ၆၀၊ ကီလို ၈၀ လောက်မှ ဂီယာဆောင့်တာလားဆိုတာလည်း သိဖို့လိုပါတယ်။

ဒါဆိုရင် ဂီယာဆောင့်တဲ့ပြစ်ချက်ကို အပိုင်း (၄) ပိုင်းခွဲပြီး လေ့လာကြည့်ကြရအောင်။

၁) ဂီယာဘောက်ပြစ်ချက်၊

၂) အင်ဂျင်ပြစ်ချက်၊

၃) ဝါယာရိန်းပြစ်ချက်၊

၄) မောင်းတိန်းများနှင့် အခြားပြစ်ချက်တို့ဖြစ်ပါတယ်။

🔸၁) ဂီယာဘောက်ပြစ်ချက် –

ဂီယာဘောက်မှာအသုံးပြုတဲ့ အော်တိုဆီ မကောင်းတဲ့အခါ ဂီယာချိန်းနောက်ကျသလို ဂီယာဆောင့်တဲ့ပြစ်ချက်ကိုလည်းဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အော်တိုဆီပမာဏနည်းရင်လည်း ဖြစ်တတ်သလို ကလပ်ပြားများ၊ ဗားဘော်ဒီ၊ ဆိုလိုနှိုက်များပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်ပါတယ်။

ဒါ့အပြင် ဗားဘော်ဒီဆိုလိုနှိုက်များကို ဆက်သွယ်ထားတဲ့ ဝါယာကြိုးရဲ့ ဆော့ကဒ်အရင်းတွေ အက်နေတာ၊ နဲ့နေတာ၊ ဆားပေါက်နေတာဆိုရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။

🔸၂) အင်ဂျင်ပြစ်ချက် –

VVT-i ပါတဲ့ကားတွေမှာ အင်ဂျင်ဝိုင်ပုံမှန်မလဲခြင်းကြောင့် အင်ဂျင်ဝိုင်ဂျိုးများတတ်ကာ VVT စနစ်ရဲ့ OCV ဗားတွေကောင်းကောင်းအလုပ်မလုပ်ရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်သလို တိုင်မင်ချိန်းပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်နိုင်ပါတယ်။

ဒါ့အပြင် ဓါတ်ဆီအင်ဂျင်တွေမှာ ပလပ်၊ ပလပ်ကွိုင်တွေပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။

တချို့ကားတွေက ပလပ်အမျိုးအစားညံ့တာထည့်မိရင် ဒီပြစ်ချက်ကို ကြုံတွေ့နိုင်တာဘဲ ဖြစ်ပါတယ်။

🔸၃) ဝါယာရိန်းပြစ်ချက် –

ဒီပြစ်ချက်ကတော့ အဖြစ်နည်းတဲ့ပြစ်ချက်တခုဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဂီယာဘောက်နှင့်ဆက်သွယ်ထားတဲ့ ဝါယာကြိုးတွေပြတ်နေတာ၊ ကြိုးလိုင်းတွေအပ်ကျနေတာ၊ အပ်ကြိုးတွေလွတ်နေတာ၊ ဝါယာရှော့ဖြစ်နေတာ၊ ဆော့ကတ်တွေလွတ်နေတာကြောင့်လည်း ဂီယာဆောင့်တဲ့ပြစ်ချက် ဖြစ်စေနိုင်သလို ကွန်ထရိုးဗူး (ECU) မကောင်းရင်လည်း ဒီပြစ်ချက်ကို ဖြစ်စေနိုင်ပါတယ်။

🔸၄) မောင်းတိန်းနှင့် အခြားပြစ်ချက်များ –

ကားရဲ့အင်ဂျင်နှင့် ဂီယာဘောက်မှာ တုန်ခါမှုကို လျော့ချပြီး ဝန်ကိုထမ်းဆောင်ထားတဲ့ မောင်းတိန်း (Mountain) တွေ ပါဝင်ပါတယ်။

အဲ့ဒီမောင်းတိန်းတွေမကောင်းရင်လည်း အင်ဂျင်တုန်ခါပြီး ဂီယာထိုးချိန်၊ ကားစထွက်ချိန်တွေမှာ ဂီယာဆောင့်သလို ခံစားရပါတယ်။

ဒါ့အပြင် ဒူးဆစ် (Drive Shaft) များမကောင်းခြင်း၊ ဟက်ဘောများမကောင်းခြင်း နှင့် Differential (ဒစ်ဖရန်ရှယ်) ခေါ် ကရောင်းအုံပြစ်ချက်ကြောင့်လည်း ဂီယာဆောင့်နိုင်ပါတယ်။

အထက်မှာရှင်းပြခဲ့တဲ့ အော်တိုဂီယာဆောင့်တဲ့ပြစ်ချက်တွေကတော့ အဖြစ်များတဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။

အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တိုင်း ဂီယာဘောက်ပြစ်ချက်တခုတည်းလို့ ဆုံးဖြတ်လို့မရသလို အခြားဖြစ်နိုင်တဲ့ ပြစ်ချက်များကိုလည်း သေချာစစ်ဆေးသင့်ပါကြောင်း ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာနဲ့ crd ပေးပါတယ်
🙏🙏🙏(ဗဟုသုတအဖြစ်ပြန်လည်ဝေမျှခြင်းသာ)

10/03/2023
ပုံမှန် ကားရေဆေးဆိုင်များတွင် ရေဆေးလျှင် 2000 , 3000 ကျပ်သာ ကျသင့်ပြီး Culture Car Wash & Detailing တွင် 5000 ကျပ် ဖြစ်န...
17/02/2023

ပုံမှန် ကားရေဆေးဆိုင်များတွင် ရေဆေးလျှင် 2000 , 3000 ကျပ်သာ ကျသင့်ပြီး Culture Car Wash & Detailing တွင် 5000 ကျပ် ဖြစ်နေရခြင်းမှာ -

ကားရေဆေးရာတွင် ကား shampoo တစ်မျိုးတည်းကိုသာ အသုံးပြုပေးပါသည်။ ကား shampoo ကို အသုံးပြုရခြင်းမှာ Acid ဓါတ်ပါဝင်မှု မရှိသည့် အတွက် ကားဆေးသားပေါ်တွင် အကွက်များ မဖြစ်စေခြင်း ကားအရောင်ကျဆင်းမှု မဖြစ်စေခြင်း စသည်တို့ကြောင့်ဖြစ်ပါသည်။ ပုံမှန် ကိုယ်တိုက်ဆပ်ပြာ ပန်ကန်ဆေး ဆပ်ပြာများသည် Acid ပါဝင်မှု မြင့်မားသောကြောင့် ကားရေဆေးရာတွင် မသုံးသင့်ပါ ကား အသစ်များတွင်တောင် ချက်ခြင်းမသိသာပေမယ့် လပိုင်းအနည်းငယ်ခန့် တွင် သိသာစေနိုင်ပါသည်။ ထို့အချိန်မှာ ပြန်လည်ပြုပြင်မည်ဆိုပါက လိုအပ်တာထပ်ကုန်ကျမှုများဖြစ်စေနိုင်သည့် အပြင် စိတ်တိုင်းမကျမှုကိုပါ ဖြစ်စေနိုင်ပါသည်။

ကားတာယာများကို ဆီလီကွန်ဖြင့် အရောင်တင်ခြင်းများ မပြုလုပ်ပေးပါ။ ဆီလီကွန်သည် အပူရှိန်ကြောင့် ခြောက်သွေ့သွားသည့် အခါတွင် မာကျောသွားစေပါသည်။ တစ်ခါတစ်လေ မို့ မသိသာပေမယ့် အချိန်ကာလ တစ်ခုကြာလျှင်ပဲ ဖြစ်ဖြစ် အခတ်မသင့်လို့ပဲ ဖြစ်ဖြစ် တာယာ၏ အပြင်ပန်းကို မာကျောစေသည့် အခါ လမ်းမနဲ့ ပွတ်တိုက်မှုများ ချိုင့်ဆောင့် မှုများ ဖြစ်သည့်အခါ တာယာကွဲခြင်း တာယာပွင့်ထွက်ခြင်းများ ဖြစ်နေနိုင်ပါသည့် အတွက် တာယာအား အရောင်တင်ရာတွင် တာယာသားကို ဆေးသွင်းခြင်း ( တာယာအား ပျော့ပြောင်းစေသည့်) တာယာအား ကြံခိုင်မှု ပိုမို လာစေပြီးမဲနက်စေသည့် Restoration ဆေးများကို အသုံးပြုပေးပါသည်။ ထို့အပြင် တစ်ခြားသော အသေးစိတ်ဂရုစိုက်မှု များစွာ ရှိပါသေးသည့်။

Detailing နှင့်ပတ်သတ်သော အကြောင်းအရာများသည် မြန်မာပြည်တွင် သိသူနည်းပါးသေးသည့် အပြင် ကားအသစ် ကီလို 0 ဖြင့် ကားထုတ်လုပ်မှုများမှာလဲ အချိန်ပိုင်းလောက်သာရှိသေသည့် အတွက် တွင်ကျယ်လာဖို့ အခွင့်အလမ်းနည်းပါးနေသေးတာဖြစ်ပါတယ်။ ခဏတာ အတွက် မဟုတ်ပဲ အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်နေသည်ကို သုံးစွဲသူ Customer များသိစေရန်နှင့် ကားတစ်စီးအားဝယ်ယူသည့် အချိန်မှ စတင်ပြီး ရေရှည်အတွက် စဉ်းစားဖို့ ရှိနေပါသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်အောင်ရေးသားခြင်းမဟုတ်ပါကြောင်း တောင်းပန်အပ်ပါသည်။

Culture Car Wash & Detailing Studio
Car Polish
Ceramic Coating
Car Interiors Cleaning

Premium Wash   ATHLETE 😍😍
16/02/2023

Premium Wash

ATHLETE 😍😍

16/02/2023

သင်က သန့်ရှင်းသပ်ရပ်ပြီး မွှေးရနံ့တွေကြိုင်နေတဲ့ ကားတစ်စီးကို အသုံးပြုမောင်းနှင်တာ (၆)လဆိုတဲ့ အချိန်ကာလာအတိုင်းအတာတစ်ခုအထိ ကြာပြီဆိုရင် သင့်ကားရဲ့ အတွင်းပိုင်းကိုတော့ မဖြစ်မနေ သန့်ရှင်းရေးလုပ်သင့်ပါပြီ။

သင့်ကားအတွင်းကို ပြင်ပလေ၀င်ရောက်မှုကြောင့် ဖုန်မှုန့်များနှင့် အနံ့အသက်ဆိုးများ၊ ချွေးများ၊ ရေခိုးရေငွေ့များနှင့် လေထုညစ်ညမ်းမှုများကြောင့် စွန်းထင်းမှုများနှင့်အတူ ဘက်တီရီယားပေါက်ဖွားမှုများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

နောက်ပြီး ကားအတွင်းပိုင်းရှိအရာ၀တ္ထုမှန်သမျှနှင့် ကားအဲကွန်း လေစစ်စကာများတွင် မကောင်းတဲ့အနံ့အသက်တွေ ကပ်ညှိနေနိုင်ပြီး မသန့်ရှင်းတဲ့ ပတ်၀န်းကျင်တစ်ခု အနံအသက်မကောင်းတဲ့ ပတ်၀န်းကျင်တစ်ခုဖြစ်လာစေခဲ့ပါတယ်။

ဒါကြောင့် သင့်ကားရဲ့အတွင်းပိုင်း အမြဲသန့်ရှင်းတောက်ပြောင်နေဖို့က ကျန်းမာရေးအရကြည့်မယ်ဆိုရင်တောင် တော်တော်ကို အရေးကြီးပါတယ်။

သန့်ရှင်းတောက်ပြောင်ပြီး မွေးရနံ့တွေလှိုင်နေမှ လိုက်ပါစီးနှင်းမယ့် ကိုယ်ကိုတိုင်ရော ကိုယ့်မိသားစုပါ ကျန်းမာရေးနှင့် ညီညွတ်ပြီး သက်တောင့်သက်သာနဲ့ ဇိမ်ရှိစေမှာပါ။

သင့်ကားအတွင်းအပြင်ကို ဆေးကြော သန့်စင်ပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပတ်၀န်းကျင်တစ်ခု ပြန်လည်ရရှိဖို့ ကျွန်တော်တို့ 𝑪𝒖𝒍𝒕𝒖𝒓𝒆 - 𝑪𝒂𝒓 𝑾𝒂𝒔𝒉 & 𝑫𝒆𝒕𝒂𝒊𝒍𝒊𝒏𝒈 𝑺𝒕𝒖𝒅𝒊𝒐 မှ ကူညီဆောင်ရွက်ပေးပါရစေ။

(𝑪𝒖𝒍𝒕𝒖𝒓𝒆 - 𝑪𝒂𝒓 𝑾𝒂𝒔𝒉 & 𝑫𝒆𝒕𝒂𝒊𝒍𝒊𝒏𝒈 𝑺𝒕𝒖𝒅𝒊𝒐 မှ အရည်အသွေးမြင့် စံချိန်စံနှုန်းမြင့် ပစ္စည်းများ ကိရိယာများကိုသာ အသုံးပြုထားပြီး ချိုသာတဲ့ စေျးနှုန်းများနဲ့ အမြဲ၀န်ဆောင်မှုပေးလျက်ရှိပါတယ်)

𝑪𝒖𝒍𝒕𝒖𝒓𝒆 - 𝑪𝒂𝒓 𝑾𝒂𝒔𝒉 & 𝑫𝒆𝒕𝒂𝒊𝒍𝒊𝒏𝒈 𝑺𝒕𝒖𝒅𝒊𝒐 နှင့်ပက်သက်သော အကြံညဏ်များ ဗဟုသုတများ လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ပါက ဆွေးနွေးတိုင်ပင်နိုင်ပါတယ် ခင်ဗျာ...

👉𝑷𝒍𝒆𝒂𝒔𝒆 𝑪𝒐𝒏𝒕𝒂𝒄𝒕: 𝑪𝒉𝒂𝒕 𝑩𝒐𝒙 / 𝟬𝟵 𝟵𝟳𝟳 𝟵𝟳𝟭𝟭𝟭𝟳, 𝟬𝟵𝟰𝟮𝟬𝟮𝟰𝟱𝟬𝟳𝟲

𝗖𝗨𝗟𝗧𝗨𝗥𝗘 - 𝗖𝗮𝗿 𝗪𝗮𝘀𝗵 𝗔𝗻𝗱 𝗗𝗲𝘁𝗮𝗶𝗹𝗶𝗻𝗴 𝗦𝘁𝘂𝗱𝗶𝗼
🏪𝗕𝗲𝘁𝘄𝗲𝗲𝗻 𝗡𝗮𝘁 𝗦𝗶𝗻 & 𝗧𝗵𝗶𝗱𝗮 𝗢𝗼 𝗕𝘂𝘀 𝗦𝘁𝗼𝗽, 𝗠𝗮𝘂𝗻𝗴 𝗠𝗮 𝗞𝗮𝗻 𝗧𝗵𝗮𝗿 𝗥𝗼𝗮𝗱, 𝗦𝗼𝘂𝘁𝗵 𝗗𝗮𝗴𝗼𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻 𝗖𝗶𝘁𝘆

Google Map
https://goo.gl/maps/TwEP3r9rk7KPsHuo8



မစီးတာကြာလို့ မှိုတက်နေတဲ့ လူကြီးမင်းတို့ရဲ့ ကားအတွင်းခန်းလေးကို အသစ်အတိုင်းပြန်လည်တောက်ပြောင်ဖို့ရာ Culture Car Wash an...
15/02/2023

မစီးတာကြာလို့ မှိုတက်နေတဲ့ လူကြီးမင်းတို့ရဲ့ ကားအတွင်းခန်းလေးကို အသစ်အတိုင်းပြန်လည်တောက်ပြောင်ဖို့ရာ Culture Car Wash and Detailing Studio မှာပြုလုပ်လို့ရနေပါပြီနော်။

- ကားအတွင်းခန်းရှိ မှိုပိုးများ၊ အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါသည်။
- ရေဝင်ကားများအား စနစ်တကျ ခွာလျှော်၊ဖြုတ်လျှော်ပေးနိုင်ပါသည်။
- အတွင်းခန်းလျော်ြပီးနောက် ပိုးသတ်စက်အသုံးပြုတဲ့အတွက် ရောဂါပိုးမွှားများ၊ မှို နှင့် ဘတ်တီးရီးယားပိုးများ သေစေပါသည်။
- ပုရွက်ဆိတ် နှင့် ပိုးဟပ်များ ဝင်ရောက်နေပါက အမြစ်ပြတ် ရှင်းလင်းပေးနိုင်ပါသည်။
- ဘယ်လောက်ပင်ညစ်ပတ်သော ကားဖြစ်ပါစေ၊ ဖြူဖွေးတောက်ပြောင်ပြီး အနံ့အသက်ပါ ကင်းစင်စေရပါမည်။

ပေးရတဲ့ဈေးထက် သာလွန်တဲ့ဝန်ဆောင်မှု၊ စိတ်ကျေနပ်မှုအပြည့်ရရှိစေဖို့်အတွက်ကို Culture မှ အကောင်းဆုံး တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

Booking ယူရန် နှင့် ဈေးနှုန်းမေးမြန်းရန် 09420245076

Daily Open: 8:00AM - 6:00PM

Address – Maung Makhan thar Road, Near Nat sin point and Thidar Oo Bus stop, Southdagon township.

27/01/2023

ကြွားကြမယ်ကွာ ……..

Normal Polish လေး customer စိတ်တိုင်းကျ လုပ်ပေးလိုက်ပါပြီ ။ အခုလို လာရောက်အားပေးတဲ့ အကို စီးပွါးရေးတွေ ဒီထက်မက အောင်မြင်...
27/01/2023

Normal Polish လေး
customer စိတ်တိုင်းကျ လုပ်ပေးလိုက်ပါပြီ ။

အခုလို လာရောက်အားပေးတဲ့ အကို
စီးပွါးရေးတွေ ဒီထက်မက အောင်မြင်ပါစေဗျ🥰🥰🥰

Address

Between Nat Sin & Thida Oo Bus Stop, Maung Ma Kan Thar Road, South Dagon Tsp
Yangon
11111

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 18:30

Telephone

+959977971117

Website

Alerts

Be the first to know and let us send you an email when Culture - Car Wash & Detailing Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Culture - Car Wash & Detailing Studio:

Share