STPCar Spa, Car Workshop and Car Rental Services Naypyitaw

STPCar Spa, Car Workshop and  Car Rental Services Naypyitaw Car Spa, Car Engine , Auto Gear, 3D Alignment, ဆေးဘော်ဒီ နဲ့ပတ်သတ?

🔹 Interior Wash🔹 Engine Bay Wash
28/02/2022

🔹 Interior Wash

🔹 Engine Bay Wash

🔹 Interior Wash 🔹 အတွင်းခန်းလျှော်✅ ထိုင်ခုံ/ ကူရှင်✅ ကြမ်းခင်း✅ Headliner✅ Engine Bay ✅ Wax Polish✅ အောက်ပိုင်းစစ်လာရော...
07/12/2021

🔹 Interior Wash 🔹 အတွင်းခန်းလျှော်

✅ ထိုင်ခုံ/ ကူရှင်
✅ ကြမ်းခင်း
✅ Headliner
✅ Engine Bay
✅ Wax Polish
✅ အောက်ပိုင်းစစ်

လာရောက်အားပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်

01/12/2021

Free Service Giveaway ရရှိသွားတယ့် Winner လေးပါ 👏👏

✨အားလုံးပဲမင်္ဂလာပါရှင် STP Car Spa and Workshop မှပြန်လည်ကြိုဆိုလိုက်ပါတယ် ✨နေပြည်တော်မှ လူကြီးမင်းတို့အတွက် Page လေးပြ...
25/11/2021

✨အားလုံးပဲမင်္ဂလာပါရှင် STP Car Spa and Workshop မှပြန်လည်ကြိုဆိုလိုက်ပါတယ် ✨

နေပြည်တော်မှ လူကြီးမင်းတို့အတွက် Page လေးပြန် စတဲ့အနေနဲ့ Free Service Giveaway ကားတစ်စီးစာနှင့် Promotion Package အစီအစဉ်လေးပဲဖြစ်ပါတယ်

Free Service giveaway တွင်ပါဝင်မှာကတော့

✅ Premium Car Wash
✅ အတွင်းခန်းလျှော် (Interior Full Detailing)
✅ အင်ဂျင်ခန်းဆေး
✅ Wax Polishing
✅ တာယာ alloys များကို စနစ်တကျဆေးကြောပေးခြင်း တို့ အပြင်

✅ လူကြီးမင်းတို့ကားများ ကြံ့ခိုင်ရေးအတွက် ကားအောက်ပိုင်းနှင့် ဖြစ်လေ့ဖြစ်ထရှိသော Error များကို Computer နှင့်စမ်းသပ်စစ်ဆေးပေးမှာဖြစ်ပါတယ်ရှင်

Free Service giveaway လေးကို ကံစမ်းချင်တယ်ဆိုရင်

1. Page ကို like and follow လုပ်ရပါမယ်
2. ယခု Post ကို like လုပ်ပြီး လို့ရေးကာ Public Share ပြီးတော့ comment မှာ screenshot ရိုက် မန့်လိုက်ရုံနဲ့ ပါဝင်ကံစမ်းနိုင်ပါပြီ
3. Giveaway ကို လာမယ့် 30.11.21 (အင်္ဂါနေ့) ည 7:00 အချိန်တွင် random comment picker ဖြင့် ကံထူးရှင်ကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်

Promotion Package အစီအစဉ်လေးကတော့ အထက်ပါ Service များကို 35000ကျပ် ထဲနှင့် 6.12.2021 ထိ ပြုလုပ်နိုင်မာဖြစ်ပါတယ်ရှင်

ဒါ့အပြင်Promotion ကာလအတွင်းမှာလည်း တခြား Service တစ်ခုချင်းစီကို 20 % off နဲ့ Service ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်ရှင်

တခြားသော STP မှာရရှိနိုင်တဲ့ service တွေကတော့

Car Detailing

- အတွင်းခန်းလျှော်
(35000/40000/45000/50000)

- Polishing
(35000/45000/55000)

- Premium Car Wash
(6000/8000/10000/15000)

- Engine Bay Cleaning
(6000)

- မှန် ရေဂျိုး ရေကွက်ဖျောက်
(Windshield - 7000, Side-4000)

- Car Wash
(3000/4000/5000/6000)

🧰 Car Workshop ပိုင်းမှာဆိုရင်

- ဆေးဘော်ဒီ (Body Repair & Body Paint)

- 3D Alignment

- Engine Oil Change

- ကားအင်ဂျင်/ အောက်ပိုင်း ဂီယာဘောက် ပြုပြင်ခြင်း တို့ကို Service ပြုလုပ်ပေးနေပါတယ်

🏚လိပ်စာ - ပျဉ်းမနား-တောင်ညိုလမ်း၊ နေပြည်တော်ကောင်စီမျက်စောင်းထိုး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

📲 အသေးစိတ်သိရှိလိုပါက ဖုန်း - 09400696656 နဲ့ Page Messenger မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

 အတွင်းခန်းလျှော်- ထိုင်ခုံနှင့်ကူရှင် အခြောက်လျှော်- အောက်ကြမ်းခင်း- တံခါးဘေးဘောင် - Dashboard- Headliner- တာယာ alloyS ...
07/11/2021



အတွင်းခန်းလျှော်

- ထိုင်ခုံနှင့်ကူရှင် အခြောက်လျှော်
- အောက်ကြမ်းခင်း
- တံခါးဘေးဘောင်
- Dashboard
- Headliner
- တာယာ alloy

S - 35000
M- 40000
L - 50000

☎️ - 09400696656

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”°°°°°°°°°°°°°°°°°°°🙏🙏🙏°°°°°°°°°°°°°°°°°°°°ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်...
28/11/2020

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
°°°°°°°°°°°°°°°°°°°🙏🙏🙏°°°°°°°°°°°°°°°°°°°°

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။

မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကေသကမ္ဗလဆရာကြီးက နတ္ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။

ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။

အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။

ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။


-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】

- မူရင်းပိုစ့်ပိုင်ရှင်အား လေးစားစွာဖြင့်

26/11/2020

ကားဘရိတ်ပြုပြင်ဖို့လိုအပ်လာရင် သိနိူင်တဲ့ ရှေ့ပြေးလက္ခဏာတွေ

ကားတစ်စီးမှာ ဘရ်ိတ်က အရေးကြီးပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ပွားကြတဲ့ အကြောင်းအရင်းတွေထဲမှာ ဘရိတ်ပျက်လို့ဖြစ်ရတာကလည်း အဓိကပါ၀င်နေတာတွေ့ရပါတယ်။

အဲဒါကြောင့် ကားတစ်စီးဘရိတ်စနစ်ကို အမြဲစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ ကားရဲ့ဘရိတ်ပြုပြင်ဖို့ လိုအပ်လာရင် သိရှိနိူင်တဲ့ ရှေ့ပြေးလက္ခဏာ(၇)မျိုးရှိပါတယ်။

"၁။ဆူညံသံ"

ဘိရိတ်ဖမ်းတဲ့အခါ ငှက်ဆိုးထိုးသံလို၊ ငြီးသံလို၊ တစ်စုံတစ်ခုကပ်ညှိနေတဲ့ အသံမျိုးထွက်ပေါ်လာရင်တော့ သင့်ကားရဲ့ဘရိတ်ကို ပြုပြင်သင့်ပြီ ဖြစ်ပါတယ်။

"၂။ပွတ်ဆွဲခြင်း"

ရုတ်တရက် ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာ ဘေးတစ်ဘက်ကို ဆွဲထွက်သွားခြင်းမျိုး ဖြစ်ပေါ်လာရင်တော့ ဘရိတ်က တခြမ်းစားနေလို့ အမြန်ဆုံးပြုပြင်သင့်ပြီဖြစ်ပါတယ်။

"၃။ဘရိတ်လျော့ခြင်း"

ကားဘရိတ်တန်ကို နင်းတဲ့အချိန်မှာ ပုံမှန်ထက် ပျော့လွန်းလျော့လွန်းနေပြီး ဘရိတ်ဖမ်းရတာ မတိကျရင်လည်း သင့်ကားဘရိတ်ကို ပြုပြင်သင့်ပြီ ဖြစ်ပါတယ်။

"၄။ဘရိတ်တင်းလွန်းခြင်း"

နင်းရတဲ့ကားဘရိတ်က ပုံမှန်ထက်တင်းမာလွန်းနေရင်လည်း အမြန်ဆုံးစစ်ဆေးပြုပြင်သင့်တဲ့ အခြေအနေဖြစ်ပါတယ်။

"၅။ရုတ်တရက်ဘရိတ်မိခြင်း"

ကားဘရိတ်တန်ကို ထိမိရုံဖြင့် ရုတ်တရက်ဘရိတ်မိနေခြင်းကလည်း သင့်ရဲ့ဘရိတ်ပြုပြင်ဖို့ လိုအပ်နေတဲ့ လက္ခဏာဖြစ်ပါတယ်။

"၆။တုန်ခါခြင်း"

ဘရိတ်ကိုသုံးပြီး အရှိန်လျော့တဲ့ အချိန်မှာ ကားကိုယ်ထည် တစ်ခုလုံးက တုန်ခါလာတဲ့ အခြေအနေမျိုးကြုံတွေ့နေရပြီဆိုရင်လည်း သင့်ကားရဲ့ဘရိတ်ပြုသင့်ပါတယ်။

"၇။အချက်ပြမီး"

နောက်ဆုံးတစ်ချက်ကတော့ သင့်ကားရဲ့ဒက်ရ်ှဘုတ်ခ်မှာ ဘရိတ်နဲ့ပတ်သက်တဲ့ အချက်ပြမီးတစ်ခုခု အချက်ပြ လာရင်လည်း ဘရိတ်ကို စစ်ဆေးပြုပြင်ပေးသင့်ပါတယ်။
Credit: 7 car

STPCar Spa, Car Workshop and Car Rental Services Naypyitaw

တာယာအသစ်ဝယ်တာပဲဖြစ်ဖြစ် / မိမိကားရဲ့တာယာကို လေ့လာချင်ရင်တောင် အလွယ်တကူမှတ်သားစရာလေး Sharing လုပ်ပေးလိုက်ပါမယ် ခင်ဗျာ ။တာ...
19/11/2020

တာယာအသစ်ဝယ်တာပဲဖြစ်ဖြစ် / မိမိကားရဲ့တာယာကို လေ့လာချင်ရင်တောင် အလွယ်တကူမှတ်သားစရာလေး Sharing လုပ်ပေးလိုက်ပါမယ် ခင်ဗျာ ။

တာယာ ပေါ်က စာတွေက ဘာအဓိပ္ပါယ်လဲ?
💠💠💠💠💠

✳တာယာတစ်ခု၀ယ်တော့မယ်ဆိုရင် သူ့အပေါ်မှာရေးထိုးထားတဲ့ သင်္ကေတရဲ့ အဓိပ္ပာယ်တွေကို သိထားဖို့ လိုအပ်တာမို့ ပုံနှင့်တကွ ဖြော်ပပေးလိုက်ပါတယ်။

📌A. အများဆုံးလေပေါင်ချိန်

📌B. တာယာ၏ ဗွကျ

📌C. တာယာဖြက်နှင့် အချိုး၊ ဘေးနံရံအမြင့်

📌D. တာယာတည်ဆောက်ပုံ အမျိုးအစား (ရေဒီယယ်အမျိုးအစား)

📌E. တာယာ၏ အတွင်းဘက်အချင်း

📌F. သယ်ဆောင်နိုင်သော အလေးချိန်ညွှန်ကိန်း

📌G. အမြန်နှုန်း ညွှန်ကိန်း

📌H. ထုတ်လုပ်သည့်ရက်စွဲ [ ၂၀၁၂၊ ၁၂ ပတ်မြောက် ( 31 ရက် 3 လ ပေါ့) ]
တာယာဘေးနံရံမှာ ထုတ်လုပ်တဲ့ရက်စွဲပါရှိပြီး
DOT နှင့်စပါတယ်။

• နောက်ဆုံးဂဏန်း လေးလုံးမှာ ထုတ်လုပ်သည့်နှစ်နှင့် ရက်သတ္တပတ်ကို ဖော်ပြပါတယ်။

• ဥပမာ -
DOT 1212 ဟုပါလျှင်
၂၀၁၂ ခုနှစ်၊
၁၂ ပတ်မြောက် ( 31.3.2012 ) မှာ ထုတ်လုပ်တယ်ဟု ဆိုလိုပါတယ် …

📌I. အပူချိန်သင်္ကေတ (အပူချိန်နှင့် ဆားငန်ရေကို ခံနိုင်၊မခံနိုင် ပြသည်)
🚘🚘

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အဘိဓမ္မာအကြောင်း သိကောင်းစရာများ”°°°°°°°°°°°°°°°°°🌝🌷🌝°°°°°°°°°°°°°°°°°°(၁)။အဘိဓမ္မာ...
30/10/2020

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာအကြောင်း သိကောင်းစရာများ”
°°°°°°°°°°°°°°°°°🌝🌷🌝°°°°°°°°°°°°°°°°°°

(၁)။အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည်
၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင်
တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

(၂)။မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။

(၃)။မယ်တော်မိနတ် အမှူးပြုသော
နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

(၄)။ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ
ဟောကြားတော်မူခဲ့ပါသည်။

(၅)။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား
အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား
အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော
ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
ဟောကြားတော်မူပါသည်။

(၆)။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရား
ဖြစ်၍ “အဘိဓမ္မာ” ခေါ်ပါသည်။

(၇)။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊
ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍
အရေအတွက် ၇ ကျမ်း ရှိပါသည်။

(၈)။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို
အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို
“ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။

(၉)။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊
အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန်
ဟောကြားသောကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။

(၁၀)။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို
“ဓာတုကထာ” ကျမ်းဟု ခေါ်ပါသည်။

(၁၁)။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍
ဟောကြားသောကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း”
ဟုခေါ်သည်။

(၁၂)။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍
အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို
“ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။

(၁၃)။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊သန္နိဋ္ဌာန် နှင့်
သံသယ အစုံစုံပြု၍ ဟောကြားတော်မူသော
ကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။

(၁၄)။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊
ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း၊သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ
ဖြစ်သောကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

(၁၅)။“အဘိဓမ္မာတရားတော်၏ ထူးခြားချက်”
အဘိဓမ္မာတရားသည်…
-အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
-နတ်ပြည်၌ ဟောကြားခြင်း၊
-သုံးလကြာမျှဟောရခြင်း၊
-ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်း
ဟု “ထူးခြားချက်လေးမျိုး”နှင့် ပြည့်စုံသောတရားဖြစ်သည်။

(၁၆)။ အဘိဓမ္မာတရားသည်
ပါဠိ၏ နက်နဲခြင်း၊
သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊
ဉာဏ်တော်၏ နက်နဲခြင်း ဟူသော
“ဂမ္ဘီရလေးမျိုး” နှင့် ပြည့်စုံသော တရားဖြစ်သည်။

(၁၇)။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း
သင်ယူကြားနာခြင်း ကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့
နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊
မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်းအထောက်အပံ့ကောင်းဖြစ်ခြင်း၊
ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း
ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။

“အဘိဓမ္မာအမေးအဖြေ”
°°°°°°°°°°°°°°°°°°°°°°°°
(မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ
ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အား
ဟောကြားတော်မူခဲ့ပါသနည်း။

(ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ ဝါအရောက် မဟာသက္ကရာဇ်
၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း
ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကို
ကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား
ဟောကြားတော်မူခဲ့ပါသည်။

(မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည်
အဘိဓမ္မာတရားတော်ကို
အချိန် မည်မျှကြာအောင် ဟောတော်မူပါသနည်း။

(ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀
ကြာအောင် ဟောတော်မူပါသည်။

(မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကို
လူ့ပြည်၌ မဟောကြားဘဲ၊အဘယ်ကြောင့်
နတ်ပြည်မှာသာ ဟောကြားပါသနည်း။

(ဖြေ)။ ။ အဘိဓမ္မာတရားတော်သည်
သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏
အချိန်ကာလတစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင်
ဟောကြား၍မဖြစ်ပါ။
အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို
လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင်
နားယူနိုင်သောစွမ်းရည်လည်း မရှိပါ။လူတို့၏
အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏
အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။
ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာ
တရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊
နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။
အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။

ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။
လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊
လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

(မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။
တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ
ဆောင်ရွက်တော်မူပါသနည်း။

(ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။
ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့်
ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍
ဟောကြားတော်မူပါသည်။

(မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ ၊ ဟောကြား
နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

(ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ဟောကြား
နည်းမှာ သုံးမျိုး ရှိပါသည်။
(က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌
နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့်
ဟောကြားတော်မူပါသည်။
(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့်
ဟောကြားတော်မူပါသည်။
(ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကို
အရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊
လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀ဝ တို့အား
မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
ဟောကြားတော်မူပါသည်။

(မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့
အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

(ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့
အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
“အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌
မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။

(ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို
ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ်
လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ
သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။
နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
✤နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
✤ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
✤မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ
သက်ဆင်းတော်မူပါသည်။
✤မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
✤ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
✤သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊
✤သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။
အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့
လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက
များပါသတဲ့။ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့
ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။
မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်
အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍
နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်
မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။

(မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ
အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။

(ဖြေ)။ ။(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို
အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့။
(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်း
ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
(ဂ)။အရှင်သာရိပုတ္တရာ မထေရ်ကတပည့်ရဟန်း
၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်
လပြည့်နေ့ ဖြစ်ပါသည်။

ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။

-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】

Credit ►
www.facebook.com/youngbuddhistassociation.mm

မိတ်ဟောင်း မိတ်သစ်များ မင်္ဂလာပါခင်ဗျာSTP မိသားစုမှ COVIT-19 ဝူဟန်ဗိုင်းရပ်စ် စိုးရိမ်ဖွယ်ဖြစ်နေရချိန်မှာ သွားလာရေး အဆင်...
01/10/2020

မိတ်ဟောင်း မိတ်သစ်များ မင်္ဂလာပါခင်ဗျာ

STP မိသားစုမှ COVIT-19 ဝူဟန်ဗိုင်းရပ်စ် စိုးရိမ်ဖွယ်ဖြစ်နေရချိန်မှာ သွားလာရေး အဆင်ပြေစေတဲ့ မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိလှတဲ့ကားတွေကို အန္တရာယ်သယ်ယူပေးတဲ့ ကားတွေ မဖြစ်စေဖို့အတွက် ကားအတွင်းခန်းပိုးသတ်ဆေးဖြန်းခြင်းအား တစ်စီးကို ၂၀၀၀ ကျပ်ဖြင့် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ...

ဆေးမှာယူရရှိမှုအနေအထား နှင့် လူစု လူဝေး မဖြစ်စေရန် ကျန်းမာရေး လမ်းညွှန်ချက်များအရ အစီးရေကန့်သတ်ချက်ရှိပါ၍ ကြိုတင် ဖုန်းဆက် စားရင်းပေးထားနိုင်ပါတယ်

ဆေးအနံ့အသက်လည်း မဆိုးပါဘူး ဖြန်းဖြန်းပြီးချင်း မှာ အရက်ပျံအနံ့ကနေ ခဏကြာလာတော့ မွှေးမွှေးလေးဖြစ်သွားမှာပါ

အားလုံး ကျန်းမာချမ်းသာ
ရောဂါများကင်းဝေးကြပါစေဗျာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

STPCar Spa, Car Workshop and Car Rental Services Naypyitaw

အမှတ် (၈၁/၁) ပျဉ်းမနား- တောင်ညိုလမ်းမကြီးဘေး နေပြည်တော် ကောင်စီရှေ့
ဖုန်း 0932666632 သို့ ဆက်သွယ် စားရင်းပေးသွင်းနိုင်ပါတယ် ခင်ဗျာ 🙏

"Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ"🤔Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက👇👇👇💁‍♂️ သင့်ကား အောက်ဘက်ထော...
05/08/2020

"Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ"

🤔Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက👇👇👇

💁‍♂️ သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။

💁‍♂️ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။

💁‍♂️ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။

💁‍♂️ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။

💁‍♂️ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။

****နောက်ထပ် ကားနဲ့ပက်သတ်တဲ့ ဗဟုသုတလေးတွေ သိရဖို့အတွက် Page ကို Like & Share လုပ်ထားအုံးနော်။****


Address

Taungnyo Street
Naypyidaw
15011

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Website

Alerts

Be the first to know and let us send you an email when STPCar Spa, Car Workshop and Car Rental Services Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share