Perfect Car Suspension and Spa

Perfect Car Suspension and Spa Welcome!

ကားရေဆေး + အတွင်းခန်းလျှော်ခြင်းအား အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်🪸🫧   လိုအပ်လျှင် လာရောက်အားပေးလို့ရပါတယ်ဗျ 📩
21/07/2023

ကားရေဆေး + အတွင်းခန်းလျှော်ခြင်းအား အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်🪸🫧
လိုအပ်လျှင် လာရောက်အားပေးလို့ရပါတယ်ဗျ 📩

ယနေ့ ကားရေဆေး + လက်ပေါလစ်တိုက် ခြင်းကို customer စိတ်တိုင်းကျ ဆောင်ရွက်‌ပေးဖြစ်ပါတယ်ဗျ🌟✨      အားပေးသော customer များအား...
21/07/2023

ယနေ့ ကားရေဆေး + လက်ပေါလစ်တိုက် ခြင်းကို customer စိတ်တိုင်းကျ ဆောင်ရွက်‌ပေးဖြစ်ပါတယ်ဗျ🌟✨ အားပေးသော customer များအား ကျေးဇူးတင်ပါတယ်🪻

ယနေ့ ကားအတွင်းခန်း အသေးစိတ်လျှော်ခြင်းအား အားပေးကြသော customer များအား ကျေးဇူးတင်လျက်ပါ 🥳✨
20/07/2023

ယနေ့ ကားအတွင်းခန်း အသေးစိတ်လျှော်ခြင်းအား အားပေးကြသော customer များအား ကျေးဇူးတင်လျက်ပါ 🥳✨

နေပြည်တော်မြို့မှ မိတ်ဟောင်း မိတ်သစ်များ လာရောက် အားပေးလို့ ရပါပြီ🤩✨📌ကားရေဆေး📌ကားစက်ပေါလစ်၊ လက်ပေါလစ်၊ coating တင်ခြင်း📌...
10/05/2023

နေပြည်တော်မြို့မှ မိတ်ဟောင်း မိတ်သစ်များ လာရောက် အားပေးလို့ ရပါပြီ🤩✨

📌ကားရေဆေး
📌ကားစက်ပေါလစ်၊ လက်ပေါလစ်၊ coating တင်ခြင်း
📌ကားအတွင်းခန်းအား အသေးစိတ် သန့်ရှင်းရေးလုပ်ခြင်း
📌ကားအောက်ပိုင်းပြုပြင်ရေး
📌အင်ဂျင်ဝိုင် auto oil နှင့် ဆက်စပ် 7 မျိုး လုပ်ဆောင်ခြင်း
📌ကား ဘော်ဒီ နှင့် မှန် စကေတာ များ ကပ်ခြင်း
စသည့် ၀န်ဆောင်မှုများကို တစ်နေရာမှာထဲ မှာ ရယူနိုင်ပါပြီ

ကားရေဆေးရာတွင်_🧼💦
🚗ကားသေး 3500 / 4000
🚗ကားလတ် 5000
🚗ကားကြီး 6000

🏠လိပ်စာ_အမှတ် ၄၃၁၊ ပန်းလောင်လမ်း၊ ရွှေကြာပင် ရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးအရှေ့ ယခင် FELC ကျောင်းဘေးချင်းကပ် ၊ အထက-၁၄ ကျောင်းအရှေ့ မျက်စောင်းထိုး၊ နေပြည်တော်။

☎️Ph_ 09-968601115, 09-43015487

❗❗အဲယားကွန်း အန္တရာယ် သတိပြု ❗❗🔸ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်...
10/05/2023

❗❗အဲယားကွန်း အန္တရာယ် သတိပြု ❗❗
🔸ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
🔸နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဘူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်သို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။
🔸အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချို့လူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။
🔸ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။
အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။
Writer – Kyi Lwin Myint
#မူရင်းရေးသားသူအားလေးစားစွာဖြင့်Creditပေးပါသည်


🏠လိပ်စာ_အမှတ် ၄၃၁၊ ပန်းလောင်လမ်း၊ ရွှေကြာပင် ရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးအရှေ့ ယခင် FELC ကျောင်းဘေးချင်းကပ် ၊ အထက-၁၄ ကျောင်းအရှေ့ မျက်စောင်းထိုး၊ နေပြည်တော်။

☎️Ph_ 09-968601115, 09-43015487

သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ထက် ပိုထည့်မိရင် ဘာဖြစ်တတ်သလဲမော်တော်ကားအင်ဂျင်ရဲ့ ချောဆီစနစ်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်ပမာဏက...
06/05/2023

သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ထက် ပိုထည့်မိရင် ဘာဖြစ်တတ်သလဲ

မော်တော်ကားအင်ဂျင်ရဲ့ ချောဆီစနစ်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်ပမာဏက အင်ဂျင်အရွယ်အစား၊ အင်ဂျင် အမျိုးအစားပေါ်မူတည်ပြီး ပမာဏ ကွာခြားကြပါတယ်။ အင်ဂျင်ဝိုင်ပမာဏတွေမှာ 3 လီတာ၊ 3.5 လီတာ၊ 4 လီတာ၊ 4.5 လီတာ၊ 5 လီတာ၊ 6 လီတာ၊ 7 လီတာ စသည်ဖြင့် အသီးသီး ကွာခြားကြပါတယ်။ ဒါကြောင့် အင်ဂျင်အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်ပြီး သတ်မှတ်ချက် ပမာဏအတိုင်း ထည့်ပေးရတာ ဖြစ်ပါတယ်။

အင်ဂျင်ဝိုင် ပမာဏကို တိုင်းတာစစ်ဆေးဖို့ အတွက် အင်ဂျင်ဝိုင်ဂိတ်တံ ( ) မှာ () နှင့် () ဆိုတဲ့ အမှတ်ပါရှိပြီး () ဆိုတဲ့ အမှတ်ထိ အင်ဂျင်ဝိုင်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတဲ့ အမှတ်ထက်ကျော်အောင် မဖြည့်သင့်သလို ဆိုတဲ့ အမှတ်အောက်ရောက်အောင်လည်း မလျော့နည်းရပါဘူး။

ဆိုတဲ့ အမှတ်အောက် ကျသွားတဲ့အခါ အင်ဂျင်ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သလို () ဆိုတဲ့ အမှတ်ထက်ကျော်လွန်ပြီး ဖြည့်ပါကလည်း အင်ဂျင် ပျက်စီးစေနိုင်တာကြောင့် အင်ဂျင်ဝိုင် ပိုထည့်မိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

ကျောက်ဆန်ကာပိတ်ခြင်း အိတ်ဇောလိုင်းမှာ တပ်ဆင်ထားတဲ့ ကျောက်ဆန်ကာဆိုတာ အိတ်ဇောငွေ့ထဲက အန္တရာယ်ရှိစေနိုင်တဲ့ ဓါတ်ငွေ့များကို ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏ များသွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းကိုလည်း အင်ဂျင်ဝိုင်ရောက်စေတဲ့ အတွက် အိတ်ဇောငွေ့ထဲမှာ အင်ဂျင်ဝိုင်များပါဝင်လာကာ ကျောက်ဇကာကို ပိတ်စေနိုင်ပါတယ်။ ကျောက်ဆန်ကာပိတ်တဲ့အခါ ကျောက်ဆန်ကာအပူလွန်ကဲပြီး ကားမီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဆီးလ်နဲ့ ဂတ်စကက်များ ပျက်စီးခြင်း အင်ဂျင်ဝိုင်ပမာဏ များသွားတဲ့အခါ ကရိုင်းရှပ်လည်ပတ်မှုကြောင့် အင်ဂျင်ဝိုင်လိုင်း လေခိုမှုအပြင် အင်ဂျင်ဝိုင်ဖိအားလည်း တိုးလာစေပါတယ်။ အင်ဂျင်မှာ အသုံးပြုထားတဲ့ အင်ဂျင်ဝိုင် ဆီးလ်များ၊ ဂတ်စကက်များက အင်ဂျင်ဝိုင်ရဲ့ဖိအား သတ်မှတ်ချက်ထက် ကျော်လွန်လာတဲ့အခါ ယိုစိမ့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အင်ဂျင်ပူလီဝိုင်ဆီးလ် ( ) နဲ့ အင်ဂျင်နောက် မိန်းဝိုင်ဆီးလ် ( ) တို့ ဆီယိုစိမ့်ကာ ပျက်စီးစေနိုင်ပါတယ်။

အင်ဂျင်ပျက်စီးစေခြင်း အင်ဂျင်ဝိုင်ပမာဏနည်းရင် ချောဆီပေးအစိတ်အပိုင်းတွေ ပျက်စီးစေနိုင်တယ်ဆိုတာကို အားလုံးနားလည်ထားကြပေမယ့် အင်ဂျင်ဝိုင်ပမာဏ များရင် ပျက်စီးနိူင်တယ်လို့ ဆိုတဲ့အခါ အားလုံးအံ့သြသွားကြပါလိမ့်မယ်။ အင်ဂျင်ဝိုင်ပမာဏက သတ်မှတ်ချက်ထက် များနေတဲ့အခါ ကရိုင်းရှပ် () က အင်ဂျင်ဝိုင်ထဲ မြုပ်နေပါလိမ့်မယ်။ အင်ဂျင်နှိုးလို့ ကရိုင်းရှပ် လည်ပတ်တဲ့အခါ အင်ဂျင်ဝိုင်တွေကို လှုပ်ခါမွှေနှောက်နေတဲ့အတွက် အမြုပ်တွေထကာ အင်ဂျင်ဝိုင်လိုင်း လေခိုစေပြီး ချောဆီကောင်းစွာ မရောက်ရှိခြင်းကြောင့် အစိတ်အပိုင်းတွေ ပျက်စီးစေနိူင်ပါတယ်။

ပလပ်များ အင်ဂျင်ဝိုင်စိုခြင်း အင်ဂျင်ဝိုင်ပမာဏ များသွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းအတွင်း မီးပေးနေတဲ့ ပလပ် ( ) တွေကို အင်ဂျင်ဝိုင်စိုသွားကာ မီးကူးအား ကျသွားတဲ့အခါ အင်ဂျင်စလိုးမငြိမ်ခြင်း၊ အင်ဂျင်မစ်ဖိုင်းယားဖြစ်ခြင်းနှင့် အင်ဂျင်နှိုးမရတဲ့ အဆင့်ထိ ဖြစ်စေနိုင်ပါတယ်။

အင်ဂျင်ဝိုင်လဲတဲ့အခါ မိမိကားအင်ဂျင်နှင့် ကိုက်ညီတဲ့ အင်ဂျင်ဝိုင်ပမာဏ အတိကျကို ထည့်ပေးသင့်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏ အတိကျကို ကားပိုင်ရှင်လက်စွဲ ( ) မှာ ထည့်သွင်းရေးမှတ်ထားသလို ကျွမ်းကျင် စက်ပြင်ဆရာကိုလည်း မေးမြန်းနိုင်ပါတယ်။ အင်ဂျင်ဝိုင်လဲတဲ့အခါ သတ်မှတ်ပမာဏကို လဲပေးခြင်းဖြင့် မလိုလားအပ်တဲ့ ပြစ်ချက်များကို ရှောင်ရှားနိုင်စေရန် ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။

#မူရင်းရေးသားသူအားcreditပေးပါတယ်

06/05/2023

ကား အတွင်းခန်းလျှော် (Interior service) လုပ်ရာတွင် Aircon ပေါက်က အစ သေသေချာချာနဲ့ စနစ်တကျ လုပ်ပေးထားခြင်းဖြစ်ပါတယ်ဗျ 💫လာရောက်အားပေးတဲ့ customer များကို ကျေးဇူးတင်ပါတယ်✨

🏠လိပ်စာ_အမှတ် ၄၃၁၊ ပန်းလောင်လမ်း၊ ရွှေကြာပင် ရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးအရှေ့ ယခင် FELC ကျောင်းဘေးချင်းကပ် ၊ အထက-၁၄ ကျောင်းအရှေ့ မျက်စောင်းထိုး၊ နေပြည်တော်။

☎️Ph_ 09-968601115, 09-43015487

06/05/2023

ကားထိုင်ခုံတွက ညစ်ပတ်နေတယ်😣 ကူရှင်လဲ ၀ယ်မတပ်ချင်ဘူး 🤔 လျှော်လိုက်ရင်လဲ အသစ်တိုင်းပြန်ဖြစ်တာပဲ လိုချင်တယ်ဆိုတဲ့ ကားပိုင်ရှင်တွေ ရှိလားဗျ🧐

ဒါဆိုရင်တော့ ကျနော်တို့ ဆိုင်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်ဗျ🌟
အဆင့်မြင့်တဲ့ စက်ပစ္စည်း‌တွေနဲ့ကျွမ်းကျင်တဲ့ သူတွေက ၀န်ဆောင်မှုပေးတာကြောင့် စိတ်ကျေနပ်အားရမှာ ရှိစေမှာ အမှန်ပါပဲဗျ🤗🎊

🏠လိပ်စာ_အမှတ် ၄၃၁၊ ပန်းလောင်လမ်း၊ ရွှေကြာပင် ရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးအရှေ့ ယခင် FELC ကျောင်းဘေးချင်းကပ် ၊ အထက-၁၄ ကျောင်းအရှေ့ မျက်စောင်းထိုး၊ နေပြည်တော်။

☎️Ph_ 09-968601115, 09-43015487

Engine Check Light (အင်ဂျင်ချက်မီး)💥💥💥မိမိရဲ့ကား ဒက်ဘုတ် အတွင်းမှာ ကားမောင်းနေစဉ် အင်ဂျင်ချက်မီးလင်းလာပြီဆိုရင် အများစုက...
06/05/2023

Engine Check Light (အင်ဂျင်ချက်မီး)💥💥💥

မိမိရဲ့ကား ဒက်ဘုတ် အတွင်းမှာ ကားမောင်းနေစဉ် အင်ဂျင်ချက်မီးလင်းလာပြီဆိုရင် အများစုက တွေ့တာနဲ့ ဘရိတ်အုပ် ရပ်ဖို့ပဲစဉ်းစားနေတယ် အစိုးရိမ်မလွန်ပါနဲ့ ရပ်လို့ရမဲ့လမ်းဘေး အချက်ပြမီးပြပြီးရပ်လိုက်ပါ ပြီးမှ ကားအခြေအနေကိုကြည့်ပါ
အောက်ပါ အခြေအနေ တွေမှာ အင်ဂျင်ချက်မီးလင်းတက်ပါတယ်။

၁။အောက်ဆီဂျင်ဆင်ဆာ မကောင်းတော့ရင်
အောက်ဆီဂျင်ဆင်ဆာဆိုတာ အိတ်ဇောမှထွက်ရှိလာတဲ့လေထဲမှာ မလောင်ကျွမ်းပဲထွက်လာတဲ့အောက်ဆီဂျင်ကို တိုင်းတာပါတယ် ။
သင်ရဲ့ကား လိုအပ်တဲ့ အောက်ဆီဂျင် ကို မလောင်ကျွမ်းဘူးဆိုရင် ဆီ အနည်းငယ်ပိုစားပါလိမ့်မည် ။ဒါ့အပြင် ဆင်ဆာကြောင်ပြီဆိုရင် ပလပ် နှင့် catalytic converter များကိုလည်းပျက်စီးစေပါတယ်.။
၂။ဆီတိုင်ကီအဖုံး
မိမိကားဆီတိုင်ကီအဖုံး မေ့ပြီး ကားမောင်းနေရင်လည်း တိုင်ကီထဲကလေထုမငြိမ်မသက်ဖြစ်ကာ အင်ဂျင်ချက်မီး လင်းတက်ပါတယ် ။
ကားရဲ့ဆီတိုင်ကီအဖုံး ပြန်တပ်ရဲ့လား၊ သေချာ အဖုံးကို လုံအာင်ကြပ်ရဲ့လားဂရုစိုက်ပေးပါ၊။
၃။Catalytic Converter
ကက်တလစ်တစ် ကွန်ဗာတာ ဆိုတာ ကားကစွန့်ပစ်လိုက်တဲ့ ညစ်ညမ်းသောလေ ကာဗွန်မိုနောက်ဆိုက်ကို ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ်ပြေါင်းလဲပေးပါတယ် ။ နှစ်ကြာလာနှင့်အမျှဂျီးပိတ်နေပါကလည်း အင်ဂျင်ချက်မီးလင်းတက်သောကြောင့် ဝပ်လျှော့မှာ ဆေးရည်ဖြင့် ဆေးကြောပေးသင့်ပါတယ် ။
၄။Mass Air Flow Sensor
Scan ဖတ်လိုက်လို့ MAF ဆင်ဆာ ကြောင်နေလို့ပြနေရင်လည်း လဲပေးရပါမယ် ။MAF ဆင်ဆာမကောင်းရင် မိမိကား လီဘာနင်းပေမဲ့ အရှိန်တက်မလာတာတို့ နောက်ပြီးအရှိန်ရလို့သွားရင်လည်းဆီ ပိုစားပါတယ်။
၅။ပလပ်များ
မိမိကားမှာတပ်ထားသောပလပ်များ ပေါက်၍လည်းကောင်း ပလပ်ကိုသွားတဲ့ ကွိုင်များ ပေါက်ပြဲနေရင်လည်း အင်ဂျင်ချက်မီး မောင်းနေရင်း မမှိတ်ပဲလင်းနေတက်ပါတယ် ။
ဒါကြောင့်အင်ဂျင် ချက်မီးလင်းတာ ကတော့ obd2 scan ဖတ်ရပါမယ် အဲ့ဒါမှ အဖြေပေါ်မှာပါ ။အဓိက ချက်မီးလင်းရတဲ့အကြောင်းတွေက
Oxygen sensor မကောင်းတော့ရင်
တချို့ကားတွေက အိတ်ဇောခွဲပီး ကျောက်ဇကာထုတ်ထားရင်

MAF sensor မကောင်းတော့ရင်

Camshirt sensor /Crankshirt sensor /knock sensor မကောင်းတော့ရင်

Timeminbelt ပျက်ခါနီးရင်

အင်ဂျင် heat တက်တာမသိပဲ ပေမောင်းလို့ ဂတ်စကတ် ကြွ/ကြွခါနီးရင်

‌2ways ကားတွေ ဆီကား ကို cng ပြောင်းမောင်းလိုက် cng ကို ဆီပြောင်းမောင်းလိုက်ရင်လည်း ချက်မီးတောက်လျှောက်လင်းနေတက်ပါတယ်။
အတွေကြုံအနည်းငယ်ဖြည့်စွက်မျှဝေခြင်းဖြစ်ပါသည်။
#မူရင်းရေးသားသူအားလေးစားစွားဖြင့်creditပေးပါသည်

“ ကားသမားနှင့် ကားဘထ္ထရီ “💥💥💥ကားတစ်စီးစက်နှိုးပြီး အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့၊ ကားဘက်ထရီ အားအပြည့်အဝရှိဖို့ အရေးကြီး...
04/05/2023

“ ကားသမားနှင့် ကားဘထ္ထရီ “💥💥💥

ကားတစ်စီးစက်နှိုးပြီး အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့၊ ကားဘက်ထရီ အားအပြည့်အဝရှိဖို့ အရေးကြီးပါတယ်။ ဘက်ထရီမကောင်းရင် ဘာမှမလုပ်နိုင်ပါဘူး။ ဘက်ထရီပြဿနာ တစ်ခုခုပေါ်တာနဲ့ စိတ်ညစ်ရတာ ကားသမား တွေပါပဲ။ ဘက်ထရီ Down သွားလို့ ကားစက်နှိုးမရရင် ဘက်ထရီထောက်နှိုးအိုး သွားရှာပြီး ငှားရတာမလွယ်ပါ ဘူး။ ဘက်ထရီကောင်းမှ ခွန်အားရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်။
ဘက်ထရီပြဿနာကြောင့် ယာဉ်မောင်းဆရာများ အခက်အခဲမရှိရလေအောင် ဘက်ထရီထိန်းသိမ်းဖို့ ဂရုစိုက် စစ်ဆေးဖို့လိုပါတယ်။ ဘက်ထရီကို ဘာမှလုပ်မပေးဘဲ ဒီအတိုင်း မေ့မေ့လျော့လျော့ပစ်ထားပြီး ဆက်တိုက်သုံး နေမယ်ဆိုရင် တစ်နေ့မှာ ဘက်ထရီအားမရှိတဲ့ ပြဿနာမျိုး၊ စက်နှိုးမရတဲ့ ဒုက္ခမျိုးကြုံရပါလိမ့်မယ်။ ဘက်ထရီ ခေါင်းချောင်နေတာ၊ ဘက်ထရီကြိုး အဆက်မကောင်းတာ၊ ဘက်ထရီငုတ်တွေမှာ အဖြူရောင်ဆားပွင့်နေတာ၊ ဘက်ထရီအက်ဆစ် မိုးရေခန်းခြောက်ကုန်တာ၊ ဘက်ထရီအိုးပူတာ၊ ဘက်ထရီခေါင်းပူပြီး မီးပွားထပွင့်တာမျိုး တွေ ဖြစ်လာနိုင်ပါတယ်
ဘက်ထရီအားမရှိတဲ့ ကားတစ်စီးဟာ လုပ်ငန်းဆောင်တာတွေကို ဘာမှမလုပ်နိုင်တော့ပါဘူး။ ကားအင်ဂျင်စက် နှိုးဖို့ ကားမီးတွေထွန်းဖို့၊ မီးပေးစနစ်အလုပ်လုပ်ဖို့၊ ကွန်ပျူတာထိန်းချုပ်ယူနစ်ကို ပါဝါထောက်ပံ့ဖို့၊ ကားဟွန်း၊ ပါဝါ ဝင်းဒိုး၊ ဝိုင်ဘာ၊ ပါဝါစတီယာရင်တွေ ကစားနိုင်ဖို့ ကား Air Con ဖွင့်ဖို့၊ TV , DVD, Player ရေဒီယိုတွေ အလုပ် လုပ်ဖို့၊ ကားဘက်ထရီမှ ပါဝါကိုအသုံးပြုပါတယ်။ ဘက်ထရီအားကုန်နေတဲ့ ကားတစ်စီးဟာ အသက်မရှိတဲ့ ကား တစ်စီးပါပဲ။
ဘက်ထရီအားကုန်နေရင် ပထမဆုံးအဆင်မပြေဖြစ်တာက မနက်ပိုင်းကားစက်နှိုးမရတဲ့ အခက်အခဲပါပဲ။ ဓာတ် ဆီကားဆိုရင် လူအားနဲ့ဝိုင်းတွန်းပြီး နှိုးလို့ရပါသေးတယ်။ ဒီဇယ်ကားဆိုရင်တော့ တွန်းနှိုးဖို့မလွယ်ပါဘူး။ Auto ဂီယာနဲ့ ကားဆိုရင် တွန်းနှိုးဖို့မဖြစ်နိုင်ပါဘူး။ မနက်ပိုင်း ကားစက်နှိုးမယ်ဆိုကာမှ ဘက်ထရီ Down နေတာ ဘာ ကြောင့်လဲ။
ဘက်ထရီတစ်လုံး အားပြန်ပြည့်နေဖို့ ဒိုင်နမိုခေါ် Alternator က ချာဂျင်အားသွင်းပေးနေရပါတယ်။ ချာဂျင်အား သွင်းစနစ်ကောင်းမှ ဘက်ထရီကို ချာဂျင်ပြန်သွင်းနိုင်ပါတယ်။ အင်ဂျင်လည်အားကြောင့် ဒိုင်နမိုလည်ပတ်ပြီး D.C လျှပ်စစ်စီးကြောင်းက ဘက်ထရီကို အားသွင်းပေးပါတယ်။
ဘက်ထရီဆိုတာ လျှပ်စစ်စွမ်းအားပါဝါတွေကို ဓာတုစွမ်းအင်အဖြစ် သိုလှောင်ထိန်းသိမ်းထားနိုင်တဲ့အရာဖြစ်ပါတယ်။ ဒီလိုမျိုးစွမ်းအင်ပါဝါတွေ ထိန်းသိမ်းထား နိုင်ဖို့ ဘက်ထရီပလိပ်ပြားတွေကောင်းရပါတယ်။ ဘက်ထရီအိုးထဲမှာရှိတဲ့ အက်ဆစ်လျှပ်လိုက်ရည်ရဲ့ သိပ်သည်း ဆဒီဂရီမှန်ရပါတယ်။ ဘက်ထရီတစ်လုံးက ပါဝါစွမ်းအင်တွေ ထုတ်ယူသုံးတာကို Discharging လုပ်တယ်လို့ ခေါ်ပြီး အားပြန်သွင်းတာကို ချာဂျင် Charging လုပ်တယ်လို့ခေါ်ပါတယ်။
ကားတစ်စီးမှာရှိတဲ့ ဘက်ထရီတစ်လုံး ဟာ လည်ပတ်အလုပ်လုပ်နေရင် Charging ဖြစ်စဉ်နဲ့ Discharging ဖြစ်စဉ်ဟာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေ တတ်ပါတယ်။ ဓာတုပြောင်းလဲမှုဖြစ်စဉ်တွေ အဆက်ပြတ်ဖြစ်နေပေါ်နေတဲ့ ကားဘက်ထရီတစ်လုံးရဲ့ လျှပ်စစ်ပါဝါစွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေဟာ ဘက်ထရီထဲမှာရှိတဲ့ ခဲပလိပ်ပြားတွေနဲ့ ဆာလ်ဖြူရစ်အက်ဆစ် ပြင်းအား အပေါ်မှာပဲ မူတည်နေပါတယ်။ အားပြည့်နေတဲ့ ဘက်ထရီတစ် လုံးရဲ့ အက်ဆစ်သိပ်သည်းဆပြင်းအားပမာဏ ဟာ (1.180 ) လောက်ရှိပါတယ်။ အခန်း ၆ ခန်းပါတဲ့ ဘက်ထရီတစ်လုံးဟာ ဗို့အား 12Volt ပဲ ထွက်ပါတယ်။
ဘက်ထရီအိုး Size ကြီးကြီး၊ သေးသေးအားလုံး 12Volt ပဲ ထွက်ပါတယ်။ ဘက်ထရီတစ်လုံးရဲ့ စွမ်းအင်ပမာဏ ကို အမ်ပီယာနာရီ နဲ့ဖော်ပြပါတယ်။ ဥပမာ 60 Amh, 70Amh,100Amh,120Amh ဆိုပြီး ဖော်ပြတဲ့ နေရာမှာ ဘက်ထရီအိုးကြီးတဲ့ အလုံးကပလိပ်ပြားအရွယ်အစားကြီးပြီး အချပ်ရေများတဲ့အတွက် အမ်ပီယာများများ ထုတ် ပေးနိုင်ပါတယ်။ ဒီဇယ် အင်ဂျင်သုံးကားတွေမှာ အမ်ပီယာများများထွက်တဲ့ ဘက်ထရီအိုးအကြီး ကိုသုံးရပါ တယ်။
ဒီဇယ်အင်ဂျင်ကို လှည့်ပေးရတဲ့မော်တာက အားကောင်းဖို့အတွက် အမ်ပီယာများများလိုပါတယ်။
ကားဘက်ထရီတစ်လုံး အားအပြည့်ရှိနေဖို့ ဒိုင်နမိုချာဂျင် အားသွင်း စနစ်ကောင်းရပါတယ်။ Alternator တစ်လုံး ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းရပါတယ်။ ပန်ကာကြိုးချောင်တာ၊ ပန်ကာကြိုးမကောင်းတာ၊ ကြိုးတင်းအား လျော့နေလျှင်လည်း အင်ဂျင်လည်သလောက် ဒိုင်နမိုမူလီ လိုက်မလည်နိုင်တာကြောင့် အားအဝင်နည်းတတ် ပါတယ်။ အင်ဂျင်လည် အားနဲ့ လည်ပတ်တဲ့ Alternator က D.C လျှပ်စစ်ထုတ်လုပ်ပေးပြီး၊ ဘက်ထရီကို ချာဂျင် သွင်းပေးပါတယ်။ ကားတစ်စီးလည်ပတ် အလုပ်လုပ်နေစဉ်မှာ လိုအပ်တဲ့ လျှပ်စစ်ပါဝါများကိုလည်း Alternator က ထုတ်လုပ်ပေးပါတယ်။
အင်ဂျင်လည်ပတ် Speed အမျိုးမျိုးနဲ့ ကားတစ်စီးလုံးမှာလိုအပ်တဲ့ လျှပ်စစ်ပမာဏ ကို လိုသလောက်သာထုတ်ပေးနိုင်ဖို့ ကတ်တောက် Regulator သို့မဟုတ် I.C က ထိန်းကျောင်းပေးပါတယ်။ အားပြည့်နေတဲ့ ဘက်ထရီကို Over Charging မဖြစ်အောင်လည်း I.C Regulator က ထိန်းကျောင်းပေးပါ တယ်။
ဒိုင်နမို(သို့မဟုတ်) Alternator မှာ ချွတ်ယွင်းအားနည်းချက်အပြစ် တစ်ခုခုရှိနေလို့ လျှပ်စစ်ပါဝါထုတ်လုပ်ပေး တာ နည်းသွားပါတယ်။
ကားစက်ရပ်လိုက်တဲ့အချိန်မှာ ဘက်ထရီမှာ အားပြန်မပြည့်သေးပါဘူး။ နောက်တစ်နေ့ မနက်မှာ ကားစက်နှိုးမယ်လုပ်တော့ ဘက်ထရီထဲမှာ အားမရှိဖြစ်နေတက်ပါတယ်။ ဘက်ထရီကောင်းနေပါ လျက် အားမရှိတာ ချာဂျင်မဝင်လို့ ဖြစ်ပါလိမ့်မယ်။ ဒိုင်နမိုမော်တာပြင်တဲ့ ဆိုင်မှာစစ်ဆေးကြည့်ပါ။ ဒိုင်နမိုကို ဖြုတ်ပြီး ဆားဗစ်ဝင်လုပ်ပါ။ မကောင်းတဲ့အပိုင်းပြင်ပါ။ ပစ္စည်းလဲပေးပါ။ ဒိုင်နမိုချာဂျင်သွင်းပေးတဲ့ အမ်ပီယာမှန် နေဖို့လိုပါတယ်။ Over Charging ဖြစ်နေလျှင် ဘက်ထရီအိုးပွတ်ပွတ်ဆူလာပြီး သက်တမ်းတိုစေပါတယ်။
မနက်စောစော ကားစက်နှိုးလို့မကောင်းတာ ဘက်ထရီကြောင့်လား၊ မော်တာကြောင့်လား ခွဲခြားနိုင်ဖို့လိုပါ တယ်။ ဘက်ထရီကောင်းနေပါလျက် မော်တာမကောင်းလျှင်လည်း မော်တာဆွဲအားကျပြီး စက်နှိုးရထိုင်းနေ တက်ပါတယ်။
မော်တာကာဗွန်တိုနေသလား။ ဘက်ထရီခေါင်းလွတ်နေသလား။ ဘက်ထရီကြိုး ချောင်နေသ လား။ မော်တာထဲက အာမေချာကြေးစိတ်ခေါင်းတွေစားနေတာတို့ မော်တာဆားဗစ် စင်မလုပ်ဖြစ်တာ ၁ နှစ် ကျော်ပြီဆိုရင်တော့ စစ်ဆေးကြည့်ပါ။
ဘက်ထရီဘာကြောင့် ဒေါင်း(Down) သွားရတာလဲ။ ချာဂျင်ဝင်အား မကောင်းတာလား။ ချာဂျင်အမ်ပီယာ တိုင်း ကြည့်ပါ။ Altenotor မှာ ဒိုင်နမိုတွေမကောင်းလား။ ကာဗွန်တိုပြီး ရိုတာမှာ သံလိုက်အားနည်းနေတာလား။ Altenotor မီးထွက်အားနည်းတတ်ပါတယ်။
ဘက်ထရီမကောင်းတာလား။ သက်တမ်းကြာနေပြီလား။ မိုးရေအက်ဆစ်ခန်းပြီး ဘက်ထရီပလိပ်ပြား အဆက် အသွယ် ကောင်းကောင်းထိမိသလား။ စစ်ဆေးပါ။ ညဘက်၊ ကားပြန်သိမ်းပြီး ကားမီးတွေမေ့ပြီး ဖွင့်ထားခဲ့သ လား။
ဘက်ထရီအခြေအနေ ကောင်း/မကောင်း ဘယ်လိုစမ်းသပ်မလဲ။ ကားမီးကြီးဖွင့်ကြည့်ပါ ဟွန်းတီးကြည့်ပါ။ ကားဟွန်းသံကျယ်လောင်ရမယ်။ မီးရောင်တွေ လင်းထိန်ပြီး အားကောင်းရမယ်။ ဝိုင်ဘာမော်တာပါ ဖွင့်ကြည့် နိုင်ပါတယ်။
ဘက်ထရီအားမထိန်းလို့ အခြေအနေမကောင်းရင် မော်တာတစ်ချက်ဆွဲကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒစ်ဂျစ်တယ်မီတာရှိလျှင် တိုင်းကြည့်ပါက ပိုပြီးတိကျပါတယ်။ အားပြည့်တဲ့ ဘက်ထရီဆိုရင် 12.66V ရှိပါတယ်။ 12.40V လာက်ရှိတယ်ဆိုရင်တော့ ဘက်ထရီအားလျော့နေပါပြီ။ 12.24V ပဲပြတယ်ဆိုရင်တော့ ဘက်ထရီ အား ထက်ဝက်လောက်ပဲကျန်ပါတယ်။ 12V လာက်ပဲ ပြနေရင်တော့ အားမရှိတော့ပါဘူး။ အားမရှိတဲ့ ဘက် ထရီကို ကိုယ်ပိုင်အားသွင်းစက်ရှိလျှင် သွင်းပါ။ (သို့မဟုတ်) ဘက်ထရီအားသွင်းဆိုင်ကို ပို့ပြီး ၅ နာရီခန့် အား သွင်းပါ။ ဘက်ထရီအခန်းတိုင်း အက်ဆစ် Level ညီပါစေ။
ဘက်ထရီဆိုင်မှာ Load Tester နဲ့ ထောက်တိုင်းကြည့်လျှင်လည်း ဘက်ထရီအားရှိမရှိ သိနိုင်ပါတယ်။
ကာတစ်စီးမှာရှိတဲ့ ဘက်ထရီကိုထိန်းသိမ်းဖို့ တာဝန်ကယာဉ်မောင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဘက်ထရီနဲ့ပတ် သက်ပြီး ဒါတွေကိုဂရုစိုက် လုပ်ဆောင်ပေးပါ။
- ဘက်ထရီကြိုး၊ ဘက်ထရီကေဘယ်ကြိုး Lug ခေါင်းတွေ တင်းကျပ်နေပါစေ။ ဘက်ထရီခေါင်းတွေ မချောင်ပါ စေနဲ့။ နတ်ခေါင်းတွေ တင်းကျပ်ပေးပါ။ ခေါင်းချောင်နေလျှင် မထိတထိဖြစ်ပြီး မီးပွား(Spank) ပွင့်ရာကနေ မီးလောင်တက်ပါတယ်။
- ဘက်ထရီအိုးကိုဖမ်းထားတဲ့ ဘရတ်ကက်နဲ့ Nut တွေ တင်းကြပ်နေပါစေ။
- မိုးရေအက်စစ် Level ကို ဂရုစိုက်ပါ။
ပလိပ်ပြားပေါ်နေအောင်အထိ အက်ဆစ် Level ကို မကျပါစေနှင့်။ မိုးရေ ထပ်ဖြည့်ပေးပါ။
- ဘက်ထရီငုတ်တွေ၊ ဘက်ထရီခေါင်းတွေကြားမှာ ဆားပေါက်နေခဲ့လျှင် ဆေးကြောသန့်ရှင်းပေးပါ။
- ဘက်ထရီအိုး ပွတ်ပွတ်ဆူသည်အထိ Over-Charging မဖြစ်ပါစေနှင့်။ အိုးနာပါတယ်။ ပလိပ်ပြားတွေ ခဏ လေးနဲ့သက်တမ်းကုန်စေပါတယ်။
- ချာဂျင်အားဝင်တာ မှန်ပါစေ။ အားဝင်နေတဲ့ဗို့အားက 13.8V ကနေ 14.3V လောက်ပဲ ရှိသင့်ပါတယ်။
- ဘက်ထရီအခန်း ၆ ခန်းစလုံး အက်ဆစ်ပြင်းဒီဂရီ ညီညာနေဖို့ လိုပါတယ်။ ဘက်ထရီဆိုင်မှာ စစ်ဆေးပါ။
- ဘက်ထရီများအားပြည့်၊ မပြည့် မီးခတ်ပြီးမစမ်းပါနှင့် ဘက်ထရီ အိုးပေါက်ကွဲတက်ပါတယ်။ အားသွင်းထားတဲ့ ဘက်ထရီအခန်းတွေထဲမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နှင့် အောက်ဆီဂျင်ဓာတ်ငွေ့တွေထွက်နေပါတယ်။ မီးခတ်လိုက် တာနဲ့ ဟိုက်ဒရိုဂျင်ပေါက်ကွဲပြီး ဘက်ထရီအိုးပါ ပွင့်ထွက်သွားတက်ပါတယ်။
- ဘက်ထရီခေါင်းတွေ၊ ကြိုးတွေဆက်သွယ်တဲ့အခါမှာပဲဖြစ်စေ၊ ဘက်ထရီအိုး နောက်တစ်လုံးနဲ့ထောက်ကူပြီး စက်နှိုးတဲ့အခါမှာပဲဖြစ်စေ အပေါင်းငုတ်၊ အနှုတ်ငုတ်မှန်အောင်ဂရုစိုက်ပါ။
- ဘက်ထရီထဲက အက်ဆစ်ရည်ဟာ အသားအရေတွေကို လောင်စားတတ်ပါတယ်။ ပလပ်စတစ်အိတ်နဲ့ ကိုင် တွယ်ပါ။
- ဘက်ထရီကို အားသွင်းထားလျှင် မလပ်ခေါင်းအဖုံးများ ဖွင့်ထား ပါ။ လေဝင်လေထွက် ကောင်းပါစေ။
- မိမိအိမ်မှာ အင်ဗာတာရှိလျှင် ဘက်ထရီအားသွင်းထားနိုင်ပါ တယ်။ ကလေးငယ်များရှိပါက ဘက်ထရီနဲ့ အင် ဗာတာများကို လုံခြုံအောင် ကလေးလက်လှမ်းမမီအောင်ထားပါ။ ကလေးများအတွက် အန္တရာယ်ကြိုတင်ကာ ကွယ်ပါ။ မိုးရေပုလင်း၊ အက်ဆစ်ပုလင်းများကို လည်း ကလေးငယ်များ လုံးဝမကိုင် မထိရအောင်ထားပါ။
ဘက်ထရီကောင်းလျှင် ကားသမားစိတ်ချမ်းသာပါတယ်။ ဘက်ထရီဟာ ကားတစ်စီးရဲ့ အသက်ပါပဲ။
#မူရင်းရေးသားသူအားလေးစားစွားဖြင့်Creditပေးပါသည်


#ကားအကြောင်း

ဆပ်ပြာမှုန့်အားကောင်းကောင်း🧽ဆပ်ပြာ အရောင် လှလှလေးတွေနဲ့🧼 ကိုယ့်ရဲ့ အဖိုးတန်ကားလေးကို သန့်ရှင်း‌၊ ဆေးကြောချင်ရင်တော့ ကျနေ...
03/05/2023

ဆပ်ပြာမှုန့်အားကောင်းကောင်း🧽ဆပ်ပြာ အရောင် လှလှလေးတွေနဲ့🧼 ကိုယ့်ရဲ့ အဖိုးတန်ကားလေးကို သန့်ရှင်း‌၊ ဆေးကြောချင်ရင်တော့ ကျနော်တို့ရဲ့ Perfect Car Suspension and Spa ကို လာရောက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ဗျ 🤗

🏠လိပ်စာ_အမှတ် ၄၃၁၊ ပန်းလောင်လမ်း၊ ရွှေကြာပင် ရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးအရှေ့ ယခင် FELC ကျောင်းဘေးချင်းကပ် ၊ အထက-၁၄ ကျောင်းအရှေ့ မျက်စောင်းထိုး၊ နေပြည်တော်။

☎️Ph_ 09-968601115, 09-43015487

ကား အတွင်းခန်းလျှော် ၀န်ဆောင်မှုလေးကို Perfect Car Suspension and Spa မှာ ရယူနိုင်ပါတယ်ဗျ 📌🌟✨လာရောက်အားပေးသော customer မ...
03/05/2023

ကား အတွင်းခန်းလျှော် ၀န်ဆောင်မှုလေးကို Perfect Car Suspension and Spa မှာ ရယူနိုင်ပါတယ်ဗျ 📌🌟✨လာရောက်အားပေးသော customer များအား ကျေးဇူးတင်ရှိလျက်ပါ

🏠လိပ်စာ_အမှတ် ၄၃၁၊ ပန်းလောင်လမ်း၊ ရွှေကြာပင် ရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးအရှေ့ ယခင် FELC ကျောင်းဘေးချင်းကပ် ၊ အထက-၁၄ ကျောင်းအရှေ့ မျက်စောင်းထိုး၊ နေပြည်တော်။

☎️Ph_ 09-968601115, 09-43015487

Address

Naypyidaw

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+95943015487

Website

Alerts

Be the first to know and let us send you an email when Perfect Car Suspension and Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Perfect Car Suspension and Spa:

Share