01/10/2021
ယနေ့ ဆိုင်ဖွင့်ပါပြီ ၊ Today Open!
၁- ၁၀ - ၂၀၂၁ ရက် သောကြာနေ့
🙏...ရေသန့်သုံး အ၀တ်လျှော်လုပ်ငန်းလာပါပြီ ...🙏
💦 Make It Shine Laundry Service Pyin Oo Lwin(အ၀တ်လျှော်လုပ်ငန်း၊ ပြင်ဦးလွင်)မှ ကြိုဆိုပါတယ်ခင်ဗျာ...
🚿 ရေသန့်စင်ပြီး ရေနွေးဖြင့် လျှော်ဖွတ်ခြင်း၊ စီးပွားဖြစ် စက်ပစ္စည်းကြီးများ အသုံးပြုခြင်း၊ နေပူလှမ်းရာတွင် ပြင်ပ ပတ်၀န်းကျင်မှ ပိုးမွှားများ၊ ဖုန်၊ သဲ အစရှိသည်များ ကပ်ညှိနိုင်ခြင်းကြောင့် အခြောက်ခံစက်ကို အသုံးပြုခြင်းဖြင့် ဖုန် သဲ ပိုးမွှား အန္တရာယ်များအား ကာကွယ်ပေးခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု အကောင်းဆုံး ဆပ်ပြာ၊ အမွှေးဆီများ အသုံးပြုခြင်း၊ ထုတ်ပိုးမှု စနစ်ကောင်းမွန်ခြင်းတို့ ကြောင့် မိတ်ဟောင်းမိတ်သစ်များ နေ့စဉ် တိုးပွား အားပေးနေမှုအား အထူးကျေးဇူးတင် ရှိပါတယ်ခင်ဗျာ...
📈 လက်ဖက်ကောင်းစား ချင်ရင် ပလောင် တောင်တက်နှေး ရသလို ကျွန်တော်တို့ လုပ်ငန်းမှ လုပ်ငန်းစဉ်များလည်း များပြားလှတဲ့ အတွက် လျင်မြန်မှုပိုင်း အားနည်းချက်ရှိပါတယ်။ အကောင်းဆုံး ရလဒ် ရရှိစေလိုသဖြင့် ခုအချက်ကို ပြင်ရန်ခက်ခဲမှု အတွက် နားလည်ပေးစေလိုပါတယ်။
------------------------------------------------------------------
🛀 အ၀တ်လျှော်ခြင်း အစီအစဉ်များ🛀
၁။ အ၀တ်အထည် လက်ခံပြီးပါက ဘောင်ချာဖွင့်ခြင်း။
၂။ အ၀တ်အထည်များ မှားယွင်းမှု မရှိစေရေး အ၀တ်လျှော်သုံး စက္ကူဖြင့် နာမည်၊ နံပါတ်များ မှတ်ခြင်း။
၃။ အ၀တ်အထည်များအား အစွန်းအထင်းများ၊ အပေါက်အပြဲများ စစ်ဆေးပြီး အစွန်းအထင်းများအား အခမဲ့ ချွတ်ပေးခြင်း၊ အစွန်းများပြားပြီး ဓာတု ပစ္စည်း ပိုမို အသုံးပြုရပါက အစွန်းချွတ်ခ ဖုန်းဆက် အတည်ပြု၍ ဆောင်ရွက်ပေးခြင်း။
၄။ အ၀တ်လျှော်စက်ထဲ မထည့်မီ အဖြူထည်များ၊ အရောင်ကျွတ်နိုင်သော အထည်များ၊ စက်ထဲ ထည့်မရသော အထည်များ၊ အညစ်အကြေးများသော အထည်များ၊ မ၀တ်၊ ကျား၀တ်များ ခွဲခြား၍ သတ်မှတ် စက်များသို့ ထည့်၍ လျှော်ဖွတ်ခြင်း။
၅။ လျှော်ဖွတ်ပြီး အ၀တ်များအား အမှားအယွင်းများ၊ ပြောင်စင်မှု ရှိမရှိ စစ်ဆေးပြီး၊ အခြောက်ခံစက်ဖြင့် ခွဲခြား အခြောက်ခံခြင်း။
၆။ အခြောက်ခံပြီး အ၀တ်များအား မီးပူတိုက်အဖွဲ့မှ စစ်ဆေးပြီး အပြစ်အနာအဆာ မရှိမှသာ ပြန့်ပြူးစေရေး ဘွိုင်လာ စနစ် မီးပူများဖြင့် တိုက်ခြင်း၊ စနစ်တကျ ခေါက်ခြင်း။
၇။ မီးပူတိုက်ပြီး အဂတ်အထည်များအား ထုတ်ပိုးရေးအဖွဲ့မှ ဘောင်ချာများဖြင့် အရေအတွက် မှန်ကန်စေရေး စစ်ဆေးပြီး ပလပ်စတစ် အကြည်စများဖြင့် ဖုန်၊ သဲ၊ သယ်ယူပို့ဆောင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ညစ်ပေမှု မရှိစေရေး ထုတ်ပိုးခြင်း။
၈။ ပို့ဆောင်ရေး အဖွဲ့မှ မြို့တွင်း လိုက်လံပို့ဆောင်ပေးခြင်းများ ဖြင့် အကောင်းဆုံး ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျာ...
မိတ်ဆွေများ အနေဖြင့် တစ်ကြိမ်တစ်ခါသာ အစမ်းသပ်ခံ အပ်နှံကြည့်ခြင်းဖြင့် အားပေးနိုင်ပါတယ်ခင်ဗျာ...
-------------------------------------------------------------------
✉ တ/၃၀၊ ပုန်းညက်လမ်း၊ ရတနာလမ်းနှင့် ပြည်သာယာလမ်းကြား၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်မြို့။
-------------------------------------------------------------------
📱 09785118740, 095118740.
-------------------------------------------------------------------