08/08/2020
✅Septic Tank. လား
✅Storage Tank လား
❇️အတူတူလေ့လာကြမယ် ။
******************
အတူတူ calculation လေးလုပ်ကြည့်မယ် ။
ကျနော်တို့ဟာ လေ့လာသင်ယူမှုတွေ အဆက်မပြတ်သင်ယူနေကြရပါတယ်။
စတင်လေ့လာသူများ နှင့် လုပ်ငန်းခွင်လုပ်နေပြီး နားမလည်သူများအတွက် ရည်ရွယ်ကာ ဖော်ပြလိုက်ပါတယ်။
✅Septic Tank ဆိုတာဘာလဲ ပေါ့ ။ ဆိုတော့ ကျနော်သိသလောက် ရိုးရိုးရှင်းရှင်း အဓိ ပ္ပါယ်ဖော်ပြရရင် Septic Tank ဆိုတာ sewage တွေကိုအချိန်ကာလတစ်ခုထိ ထိန်းသိမ်းထားပြီး အနည်းထိုင်ခြင်း နှင့် ခြေဖျက်ခြင်းလို့ ဖော်ပြချင်ပါတယ်။
✅ကာလဆိုတာကို ဒီနေရာမှာ Suspended solids တွေက အောက်ခြေကို အထိုင်ကျသွားစေမည့် အချိန် အတောအတွင်း Detention time period( 12hr - 36 hr (or) on day to two day )ကြာမြင့်ပါမည် ။
✅ထိုကဲ့သို့ အောက်ခြေရှိ အထိုင်ကျနေသည့် Settled solids (sludge ) and liquid တွေကို anaerobic digestion လုပ်လိုက်ခြင်းဖြင့် Sludge ရဲ့ ထုထည်ကို လျှော့ကျသွားမယ် ၊ 💦💦
💛carbon dioxide , methane and hyerogen sulphide ကဲ့သို့သော Gases တွေကို အပြင်ကိုသက်ရောက်မှု လျှော့နည်းသွားမယ် တနည်းအားဖြင့် smell အနံ့ကို ထိမ်းပြီးသားဖြစ်သွားပါမယ်။
❤️ကျနော်တို့ Septic Tank ရဲ့ volume capacity လေးတွက်ချက်ကြည့်ကြပါမယ်။
ဒီတွက်ချက်မှုမှာ IS 2470 (1985) , BS 6297 ပြီးတော့ လက်ရှိ Construction တွေမှာသုံးနေတာတွေ ကို reference ယူပြီး တွက်ချက်မှာဖြစ်ပါတယ်။
✅အခြေခံ အချက်နှစ်ချက်ဖြစ်တဲ့
(A) Only WC wastes go to septic tank. {Note..( a) 30% of water supply came as sewage and (b.) 40 lpcd of a man}
💚(B) All household wastes go to septic tank system {Note..( a) 80% of water supply came as sewage and (b.) 90% of water supply came as sewage}
💦နှစ်ခုအကြောင်း ယှဉ်တွဲ တွက်ချက်ကြည့်ကြပါမယ်။
(A) Only WC Wastes Go to Septic Tank
ဒီလို တွက်ချက်သည့်အခါ အချက်နှစ်ချက်ကို သိလျှင် ရပါပြီ ။
✅No.1 Quantity of sewage produced in the detention time သိဖို့လိုအပ်ပါတယ်။
No.2 The Volume of Sludge deposition ကိုနားလည်ဖို့ လိုပါမယ်။
✅No.1 Quantity of sewage produced in the detention time ကိုသိရဖို့က Water Supply Requirement ကို သိဖို့ လိုပါမယ် ။ Water Supply Requirement ကို ရရှိဖို့က Population Equivalence ကိုနားလည်ရင်အဆင်ပြေပါတယ်။
✅population equivalence အရ လူဦးရေ ၁၀၀ ဦးရေ ရှိသည်ဆိုပါစို့ ။
Rate of Water Supply = 40 gpcd (or) 40 * 3.78 =151.2 lpcd ( 150 lpcd)
❇️လူတစ်ဦးလျှင် 150 lpcd ရပါမယ်။ BS 6297 အရမှာ 180 lpcd ဖြင့်တွက်ချက်ပါသည်။
The Quantity of Water Supply = Rate of Water Supply * Population
= 150 * 100 =15000 liters / day
⛳အထက်ပါ သုံးစွဲ ရေပမာဏ ရပြီဆိုရင် Water Supply ကနေ Sewage အဖြစ်ပါသွားမည်ကို တွက်ချက်၇ပါမည်။
❇️IS Standard အရ Only WC go to Septic Tank ဆိုရင် စုစုပေါင်း၏ ၃၀% ( 15000*30% = 4500 L/D )ကိုယူနိုင်ပါသည်။
✅ဒီနေရာမှာ တခြားနည်းဖြစ်တဲ့ လူတစ်ဦးလျှင် တစ်နေ့ လေးကြိမ် သုံးပြီး ရေဆွဲအိုးထဲတွင် ရေပမာဏ ၁၀ လီတာရှိမည်ဟု ယူဆလျှင် 40 lpcd (100*40=4000)ရပါမည်။ ၃၀ % ဖြင့် ယူတွက်လိုက်ကြပါစို့။
✅(1) Assuming that 30% of the water supplied came as sewage.
The Quantity of Sewage Produced = 15000 x 0.3 = 4500 Liters / day
✅The Detention Time Period to be 24 Hours
Quantity of Sewage Produced in the Detention Time = 4500 x 24/24 = 4500 Liters ( 4500/3.785 =1188.9 Gallons)
💦(2) The Volume of Sludge deposition
ကိုရရှိဖို့ the rate of sludge deposition and period of cleaning year ကိုသိရှိနားလည်ဖို့ လိုပါမယ်။
💦Assume,
ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြားသိနေသော တွက်ချက်ျမှုက 15 gallons /person /year
The Rate of Sludge Deposition = 15 x 3.785 =56.775 liters / person/year
( ကျနော်တို့ ပြောပြောနေသော တစ်ဦးလျှင် ၁၅ ဂါလံ နှုန်းသည် Sludge Deposition အတွက်ပါ )
💦IS standard မှာက The Rate of Sludge Deposition = 30 liters /person / year ကိုသုံးပါတယ်
BS and American Standard တွေမှာ The Rate of Sludge Deposition = 40 liters/persons/year
✅ဒီတော့ ကျနော်နားလည်သလို Sludge Deposition ကိုဖော်ပြရလျှင် လူတစ်ယောက်၏ စွန့်ပစ်အညစ်အကြေးမှ Septic Tank အတွင်း Anaerobic Action ဖြင့် လုပ်ဆောင်ခဲ့ပြီး တစ်နှစ်လျှင် စုပေါင်းကျန်ရှိနေမည့် ပမာဏ ပါ။
Rate of Sludge Deposition = 60 liters/person /year
, The Volume of Sludge Deposited = 60 x 100 x 2 =12000 liters
Capacity of Tank = (1) + (2) = 4500 + 12000 = 16500 liters ( 16.5 m3 )
Chamber System
Total Capacity of Tank = 16.5 m3
of Tank = L x W x D
Take the Depth = 1.5 m
, length of first = 2W
Length of second = W
Volume of Tank = (2W + W) x W x 1.5
= 4.5 W^2
16.5 m3 = 4.5 W^2
W = 1.91 m
Therefore,Width of Tank=1.91 m
Length of first chamber = 3.82 m
Length of Second chamber = 1.91 m
Depth of Tank = 1.5 m+ 0.5m (the free board) = 2m
( BS 6297 - အရဆိုလျှင် Total Volume Capacity of Tank( 16.5 m³ )ကို
2000 liters ( 2 m³ ) ပေါင်းပြီးတွက်ချက်ပါတယ်။)
Soak Pit ကိုတွက်ချက်ရမည်ဆိုလျှင်
Percolating Capacity = 1250L/m³/ day. တစ်ရက်တွင် စုက်ယူပြီး pit ကျင်းမှ စွန့်ထုက်ပေးနိုင်မည့် ပမာနကို ဖော်ပြပါရှိပါသည် ။
ရှေ့တွင် ကျနော်တွက်ခဲ့သည့် sewage outflow = 4500 l/day
Volume required for soak pit well = (4500/1250)=3.6 m³
(πr²)* h =3.6 m³
Let us take the depth of the soak pit is 1.8 m
Therefore, r= 0.79
အချိန်ပေးပြီး လေ့လာဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
Design တို့မည်သည် design ရေးဆွဲသူ၏အတွေးအေခါ် အတွေ့အကြုံနှင့် တိုက်ရိုက်ပတ်သက်နေပြီး ယူဆချက်များ စဥ်းစားဖန်တီးရာတွင် reference book တွေဖြင့်လည်း ကွာခြားနေတတ်လို့ ဘယ်အရာကိုမဆို constant မှတ်ခြင်းမှ ရှောင်ရှားရပေလိမ့်မည် ။
Crd::Myat Min Soe