01/07/2019
The importance of Bioflim and Mechanical plaque control” Yadanarbon daily page14
The purpose of this article is to implement the public health awareness of oral hygiene care by correct tooth brushing technique ( mechanical plaque control) which is very basic,affordable and reachable . It is more practical for the developing country like us in terms of cost effectiveness which is now overshadowed by some commercial advertising that highlig့ts chemical plaque control is more effective than mechanical that misleads the public to wrong concept and high cost .In addition ,to educate the people from the dangers of traditional unlicensed dental practitioners and some old believeings that brings un-towards complication including life threatening situation.
ဘိုင်အိုဖလင် (Bio-film)
ကျန်းမာရေးစောင့်ရှောက်မှု့များတွင်သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ခြင်းသည်နိုင်ငံတကာ တွင်တန်ကြေးမြင့်မားသောကျန်းမာရေးကုန်ကျစရိတ်အမျိုးအစားတွင်ပါဝင်ပါသည်။ကျန်းမာရေးအာမခံဝန်ဆောင်မှု့များတွင်လည်းသွားခံတွင်းကျန်းမာရေးအာမခံသည်ခြွင်းချက်(သို့)အတိုင်းအတာတခုအ ထိသာပေးနိုင်သည့်အနေအထားကိုတွေ့မြင်ရပါသည်။မြန်မာနိုင်ငံတွင်လည်းသွားခံတွင်းကျန်းမာရေး ဝန်ဆောင်မှု့ကုန်ကျစရိတ်များမှာကုသမှု့အမျိုးအစားအလိုက်ကွဲပြားသော်လည်းနိုင်ငံတကာနှင့်ယှဉ် လျှင်အလွန်ဈေးနှုံးသင့်တင့်သောအနေအထားတွင်ရပ်တည်လျက်ရှိပါသည်။ကုသမှု့စံနှုန်းများမှာလည်းနိုင်ငံတကာနှင့်ယှဉ်လျှင်တန်းတူယဉ်ဘောင်တန်းနိုင်ပါသည်။ထို့ကြောင့်နိုင်ငံတကာတွင်အလုပ်သွားလုပ်မည့်သူများ၊ရွှေပြောင်းအခြေချနေထိုင်သူများသာမကနိုင်ငံခြားသားများပါမြန်မာနိုင်ငံတွင်သွားနှင့်ခံတွင်းဆေးကုသမှု့လာရောက်ခံယူသည်ကိုတွေ့ရသည်မှာမြန်မာ့သွားဆေးလောကအတွက်ဂုဏ်ယူစရာပင်ဖြစ်ပါသည်။ထို့အတူကျန်းမာရေးတက္ကသိုလ်များတွင်ပညာသင်ကြားရသည့်စရိတ်မှာနိုင်ငံတ ကာနှင့်ယှဉ်လျှင်အလွန်သက်သာသောအနေအထားတွင်ရှိရုံမျှမကအခြေခံလူတန်းစားများအထိသွားခံတွင်းဆေးပညာသင်ကြားခွင့်လက်လှမ်းမှီအောင်ပံ့ပိုးပေးထားရာကျန်းမာရေးပညာရှင်များမွေးထုတ်ပေးနိုင်ရန်ပံ့ပိုးပေးသောနိုင်ငံတော်၏စေတနာမှာကျေးဇူးတင်အောက်မေ့ဘွယ်ဖြစ်ပါသည်။
သွားနှင့်ခံတွင်းရောဂါအများစုကိုလေ့လာကြည့်လျှင်အများစုမှာလွယ်ကူပြီးအခြေခံကျသောကာကွယ် ခြင်းဖြင့်ထိရောက်စွာတားဆီးနိုင်မည်ကိုတွေ့ရမည်ဖြစ်ပါသည်။သွားရောဂါများတွင်အခြေခံအကျဆုံး ရောဂါအမျိုးအစား၂မျိုးရှိရာသွားပိုးစားခြင်းနှင့်သွားဖုံးရောဂါများဖြစ်ပါသည်။အဆိုပါရောဂါများ၏အခြေခံရေသောက်မြစ်မှာ( Dental Bio film )ဟု့ခေါ်သောဘက်တီးရီးယားအမြေးပါးလွှာဖြစ်ပါသည်။အဆိုပါ ဘက်တီးရီးယားအလွှာမှာသွားမျက်နှာပြင်ကြွှေလွှာပေါ်တွင်စေးကပ်တွယ်ညိနေပြီးအရောင်အဆင်းမရှိချေ။၎င်းအပြင်အဆိုပါအမြှေးပါးလွှာမှာပလုတ်ကျင်းရုံဆေးရုံဖြင့်မဖယ်ရှားနိုင်ပါ။အဆိုပါအမြှေးပါးလွှာ မှာသွားမျက်နှာပြင်ပေါ်တွင်ကပ်ညိပြီးသွားပိုးစားရောဂါဖြစ်စေနိုင်သည့်အပြင်သွားဖုံးနှင့်နီးပါကသွားဖုံးယောင်ယမ်းခြင်း၊ပြည်တည်ခြင်း၊သွားအခြေကျောက်တည်ခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။ထို့ကြောင့်ဘိုင်အိုဖလင်ဟု့ခေါ်သောသွားဂျီးအမြေးပါးလွှာသည်သွားနှင့်ခံတွင်းရောဂါတော်တော်များများ၏အဓိကကျသောအခန်းဏ္ဍမှပါဝင်နေပါသည်။
ဘိုင်အိုဖလင်ဖြစ်တည်မှု့ကိုလေ့လာကြည့်မည်ဆိုလျှင်ပါးစပ်အတွင်းအစားစားပြီးကျန်ရစ်သောစားကြွင်းစားကျန်များ(စားကြွင်းစားကျန်ဟုဆိုရာတွင်မျက်စိဖြင့်မမြင်ရသောတံတွေးတွင်ပျော်ဝင်နေသောအစာအရည်များလည်းပါဝင်ပါသည်-စာကြွင်း)နှင့်တံတွေး၊ဘက်တီးရီးယားအစုအဝေးများပါဝင်ပါသည်။အ စာအိမ်နှင့်အူလမ်းကြောင်းမှာကဲ့သို့ပင်ပါးစပ်ထဲတွင်လည်းလူ့ခန္ဓာကိုယ်ကိုမှီတည်နေသောဘက်တီးရီးယားများရှိရာအမျိုးအစားပေါင်း၇၀၀ကျော်ရှိသည်ဟု့အမေရိကန်နိုင်ငံခံတွင်းအဏုဇီဝဋ္ဌာနသုတေသန ပြု့ချက်များအရသိရပါသည်။အဆိုပါဘက်တီးရီးယားများမှတံတွေးတွင်ပျော်ဝင်နေသောကဆီဓါတ်ကို စားသုံးကာအက်ဆစ်ဓါတ်တမျိုးထုတ်လွှတ်ပါသည်။အဆိုပါအက်ဆစ်ဓါတ်မှသွားကြွေသွားလွှာများအားတဖြည်းဖြည်းချင်းပျက်စီးစေရာမှသွားပိုးစားရောဂါ (သို့) သွားနှင့်သွားဖုံးသားတွယ်ဆက် ပေးထားသောဖိုင်ဘာမျှင်များအားပျက်စီးစေခြင်းဖြင့်သွားဖုံးရောဂါများဖြစ်ပွားစေကာနောက်ဆုံးတွင် သွားများယိုင်နဲ့ဆုံးရှုံးစေသောရေစီးကမ်းပြိုရောဂါအထိဖြစ်စေနိုင်ပါသည်။
ဤနေရာတွင်အဓိကထား၍ရှင်းလိုသည်မှာနယ်များတွင်ခေတ်စားနေသောသွားပိုးချခြင်းအလေ့အထ ပင်ဖြစ်ပါသည်။သွားနှင့်ခံတွင်းရောဂါများကိုဖြစ်စေသောဘက်တီးရီးယားများမှာသာမန်မျက်စိဖြင့်မမြင်နိုင်ပေ။အလွန်အားကောင်းသောအဏုဇီဝကြည့်မှန်ဘီလူးဖြင့်ကြည့်မှသာတွေ့နိုင်မည်ဖြစ်ပြီးသွားပိုးချသည်ဟုဆိုကာပိုးကောင်လေးများပြခြင်းသည်ခြွင်းချက်မရှိမှားယွင်းနေသောလှည့်စားမှု့တခုသာဖြစ် ကြောင်းမိဘပြည်သူများသတိချပ်မိရန်အထူးလိုအပ်လှပေသည်။ထိုမှတဖန်သွားနှင့်ခံတွင်းရောဂါများကိုလည်းနီးစပ်ရာဆေးမြီးတိုများနှင့်မကုရန်အထူးအရေးကြီးလှပါသည်။သွားနှင့်ခံတွင်းရောဂါများဖြစ် စေတတ်သောဘက်တီးရီးယားအများစုမှာအောက်ဆီဂျင်မရှိသောပတ်ဝန်းကျင်တွင်ပွားသောအမျိုးအစားဖြစ်သဖြင့်ဆေးမြီးတိုများထည့်ခြင်းသိပ်ခြင်းဖြင့်ငုပ်လျှိုးသွားလျှင် အလွန်နက်သောကြွက်သားများ၊ သွေားပြန်ကြောများအထိပျံ့နှံသွားတတ်ပြီးအခန့်မသင့်ပါကမျက်နှာတခြမ်းယောင်ခြင်း၊ယင်းမှပိုဆိုးလာပါကမျက်စိကွယ်ခြင်း၊အသက်ရှူလမ်းကြောင်းပိတ်၍သေဆုံးသည်အထိဖြစ်နိုင်ပါသည်။ထို့ကြောင့် သွားနှင့်ခံတွင်းရောဂါသည်အသက်အန္တရာယ်မပေးနိုင်ပါဟု့ထင်မှတ်မှား၍မပေါ့ဆသင့်ပေ။ဤနေရာ တွင်ထပ်မံရှင်းလိုသည်မှာသွားနှုတ်လျှင်မျက်ကြောထိတတ်သည်ဆိုသောရှေးရိုးစွဲအယူအဆပင်ဖြစ်ပါသည်။ဆိုလိုရင်းမှာသွားရောဂါများစနစ်တကျကုသမှု့ခံယူခြင်းမရှိပဲဥပမာလွန်မင်းစွာဆိုးရွားပျက်စီးနေသောသွားများမနှုတ်ပဲထားမှသာလျှင်ပိုမိုဆိုးရွားသောအဆင့်ရောက်ကာအခန့်မသင့်ပါကပါးတခြမ်း ယောင်ခြင်းယင်းနောက်မျက်စိကိုထိခိုက်စေနိုင်ခြင်းဖြစ်ပါသည်။ထို့ကြောင့်သွားကြောနှင့်မျက်ကြောမလွတ်(သို့)သွားနှုတ်လျှင်မျက်ကြောထိတတ်သည်ဆိုသည်မှာလည်းအလွန်လွဲမှားသောအယူအဆဖြစ်ကြောင်းသတိချပ်သင့်ပါသည်။
သွား/ခံတွင်းရောဂါများကိုစနစ်တကျကုသရမည်ဆိုရာတွင်လည်းသက်ဆိုင်ရာအသိအမှတ်ပြု့သွား ဆေးတက္ကသိုလ်များမှ၆နှစ်ခန့်ပညာဆည်းပူးလေ့လာအောင်မြင်လာသောသွားဆရာဝန်များအားဆိုလို ခြင်းဖြစ်ပြီးမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းသွားတုပညာသင်ကြား၍အနည်းငယ်သောဗဟု့သုတဖြင့်သွားရောဂါများကုသနေခြင်းကိုဆိုလိုခြင်းမဟုတ်ပါ။အဘယ်ကြောင့်ဆိုသော်အနည်းငယ်မျှသောဗဟုသု့တ ဖြင့်မကျွမ်းကျင်သောပညာရပ်နယ်ပယ်ကိုကိုင်တွယ်ခြင်းသည်ကြီးလှစွာသောဒုက္ခကိုဖြစ်စေနိုင်သောအကြောင်းတရားဖြစ်ခြင်းကြောင့်ဖြစ်ပေသည်။ထို့ကြောင့်သွားခံတွင်းရောဂါများပြသမည်ဆိုပါကမိမိပြ မည့်သွားဆေးခန်းထိုင်သောသူသည်သက်ဆိုင်ရာအသိအမှတ်ပြု့ရန်ကုန်/မန္တလေးသွားဆေးတက္က သိုလ်များမှ (B.D.S) Bachelor of Dental Surgery ဘွဲ့ယူထားသူအမှန်တကယ်ဟုတ်မဟုတ် သေချာစိစစ်သင့်ရန် လိုအပ်လှပေသည်။
အချုပ်အားဖြင့်ဆိုသော်သွားနှင့်ခံတွင်းရောဂါများကာကွယ်ခြင်းသည်အလွန်ရိုးစင်း၍အခြေခံကျသောစနစ်မှန်သွားတိုက်ခြင်းဖြစ်ပေရာလူတိုင်းသွားတိုက်ခြင်းအလေ့အထကိုအထူးဂရု့ပြု့၍စနစ်တကျလေ့လာသင့်ပါသည်။တနေ့လျှင်သွား၂ကြိမ်ပုံမှန်တိုက်ပေးရန်လိုအပ်ပြီးမနက်အိပ်ယာထချိန်နှင့်ညအိပ်ရာဝင် ချိန်တွင်ဖြစ်ပါသည်။နံနက်နှင့်ညကိုနှိုင်းယှဉ်ကြည့်လျှင်ညအိပ်ယာဝင်ခါနီးသွားတိုက်ခြင်းသည်မနက် အိပ်ယာထသွားတိုက်ခြင်းထက်ပိုအရေးကြီးပါသည်။အဘယ်ကြောင့်ဆိုသော်နေ့ပိုင်းတွင်လျှာနှင့်ခံ တွင်းတို့လှုပ်ရှားမှု့ရှိ၍ဘက်တီး၇ီးယားများ၏ဂေဟစနစ်ကိုအတိုင်းအတာတခုအထိတားဆီးနိုင်ခြင်း ကြောင့် ဖြစ်ပါသည်။
စနစ်မှန်သွားတိုက်နည်းဆိုသည်မှာနု့ညံ့ပျော့ပြောင်းသောသွားပွတ်တံအသုံးပြု့၍သွားမျက်နှာပြင်မှ၄၅ဒီဂရီခန့်စောင်းကာသွားဖုံးအစပ်မှတံမြက်စည်းလှည်းသကဲ့သို့သွားအခြေမှဝါးသည့်စားသည့်မျက်နှာပြင်သို့စက်ဝိုင်းသဏ္ဌန်တိုက်ပေးရပါမည်။အံသွားများတွင်ဝါးသည့်စားသည့်မျက်နှာပြင်၃ခုနှင့်ရှေ့ သွားနှင့်စွယ်သွားများတွင်မျက်နှာပြင်၂ခုရှိရာမျက်နှာပြင်တခုလျှင်အနည်းဆုံး၎/၅ခါနှုံးဖြင့်အထက်ပါနည်းအတိုင်းတိုက်ရပါမည်။ထို့ကြောင့်အံသွားတချောင်းလျှင်အပြင်၊အလယ်၊အတွင်းစုစုပေါင်း၁၅ခါ နှင့်ရှေ့သွားဆိုလျှင်အတွင်းအပြင်စုစုပေါင်း၁၀ခါစီတိုက်ပေးရပါမည်။စတိုက်သည့်အခါတွင်အပေါ်သို့အောက်.ဘယ်ဘက်သို့ညာဘက်မိမိကြိုက်သည်အစွန်ဆုံးမှစတိုက်ပါ။သွားပွတ်တံတချောင်လျှင်သွား မျက်နှာပြင်၂ခုခန့်အထိထိထိမိမိတိုက်၍ရပါသည်။တနေရာကိုအထက်ဖော်ပြပါနည်းအတိုင်းတိုက်ပြီးပါကကပ်လျက်ရှေ့၂ချောင်းရွှေ့၍တိုက်ပါ။အထက်ပါနည်းအတိုင်းအောက်မေးရိုးတလျှောက်အပေါ်မေးရိုးတလျှောက်စနစ်တကျနောက်မှရှေ့သို့တဖြည်းဖြည်းရွှေ့၍တိုက်ပါ။သွားတခါတိုက်လျှင်အနည်းဆုံး၂မိ နစ်ခန့်အချိန်ပေး၍တိုက်သင့်ပါသည်။တိုက်သည့်အခါတွင်လည်းစနစ်တကျနောက်မှရှေ့သို့ရွေ့လျားခြင်းဖြင့်ဝါးသည့်စားသည့်မျက်နှာပြင်များအားလုံးမကျန်စေရန်သတိပြု့ရပေမည်။သွားတိုက်ပြီးလျှင်သွား ပွတ်တံဖြင့်လျှာကိုခြစ်၍ဆေးကြောခြင်းသည်ခံတွင်းအနံ့အသက်ကောင်းစေပါသည်။အချို့သောသူများတွင်ပုံမှန်မဟုတ်သောသွားထပ်ခြင်းများရှိပါကသွားပွတ်ကြိုးထပ်ဆောင်းအသုံးပြု့နိုင်ပါသည်။ (Dental Floss)ခေါ်သွားပွတ်ကြိုးအသုံးပြု့ပုံမှာသွားပွတ်ကြိုးကိုအလော်တော်ဖြတ်၍လက်ခလယ်နှစ်ဘက်တွင်ရစ်ပါ။ထို့နောက်လက်ညှိုးဖြင့်ထိန်း၍သွား၂ချောင်းကြားအခြေထိရောက်အောင်ဆွဲချပါ။အခြေထိ ရောက်ပါက“ဂ”ငယ်ပုံသဏ္ဌန်(သို့)အင်္ဂလိပ်စာလုံး“C”ပုံသဏ္ဌန်တဘက်သွားမျက်နှာပြင်သို့ကွေး၍သွားဖုံးစပ်မှအပေါ်ဝါးသည့်စားသည့်မျက်နှာပြင်သို့ပွတ်ဆွဲပါ။အထက်ပါနည်းအတိုင်းအခြားကပ်လျက်သွား မျက်နှာပြင်တခြမ်းကိုလည်းလုပ်ရပါမည်။သွားထပ်သောသူများတွင်သွားတိုက်ခြင်းတခုတည်းဖြင့်မလုံ လောက်သောကြောင့်သွားပွတ်ကြိုးသုံးခြင်းသည်ထိရောက်သောကာကွယ်မှု့ဖြစ်ပါသည်။ထပ်ဆောင်းအနေဖြင့်သွားကြားပွတ်တံ(Interdental brush ) အမျိုးအစားသည်လည်းသွားကြဲသောသူများ ၊သွား၂ခုကြားထိစပ်မှု့အောက်တွင်နေရာကျယ်သောသူများတွင်လည်းထိရောက်သောသန့်ရှင်းမှု့ပေး နိုင်ပါသည်။။အာဟာရပြည့်ဝသောအစားအစာများစားသုံးခြင်းသည်လည်းသွားနှင့်ခံတွင်းကျန်းမာရေး ကိုအထောက်အကူဖြစ်စေပါသည်။ သန့်ရှင်းလတ်ဆတ်သောအသီးအနှံဟင်းသီးဟင်းရွက်များ ဥပမာခါကြက်ဥ၊ပန်းသီးစသည်..အစေ့ပါသောအခွံပါအသီးများ..အသားနှင့်နို့ထွက်ပစ္စည်းများ ကိုလည်းစားသုံးပေးခြင်းဖြင့်အထောက်အကူဖြစ်စေပါသည်။ "ဆေးလိပ် ၊ အရက် နှင့် ကွမ်း" များစားသုံးခြင်းသည်သွားကြွေလွှာများစွန်းထင်းစေခြင်း၊ပျက်စီးစေခြင်း၊သွားဖုံးရောဂါနှင့်ခံတွင်းကင် ဆာရောဂါများဖြစ်ပွားစေနိုင်သဖြင့်အထူးရှောင်ကျဉ်သင့်ပါသည်။ချို၍စေးကပ်သောအစားအစာများမ ကြာခဏစားသုံးခြင်း၊အလွန်အမင်းစားသုံးခြင်းသည်သွားပိုးစားရောဂါဖြစ်စေနိုင်ပါသည်။ထို့ကြောင့်အစာစားပြီးတိုင်းပလုတ်ကျင်းသည့်အလေ့အထကိုမွေးမြူသင့်သည်။ခံတွင်းသန့်ပလုတ်ကျင်းဆေးရည် သုံးစွဲခြင်းသည်လည်းအထောက်အကူဖြစ်စေပါသည်။သက်ဆိုင်ရာသွားနှင့်ခံတွင်းဆရာဝန်များ နှင့်လည်း၆လတကြိမ်တွေ့ဆုံ၍စစ်ဆေးမှု့ပုံမှန်ပြု့လုပ်ရန်လိုအပ်ပါသည်။အချုပ်အားဖြင့် ဆိုသော် ဂျပန်နိုင်ငံမှ “၈၀၂၀ ပရောဂျက်” “ 8020 program in Japan” (အသက်၈၀အရွယ်တွင်လူတိုင်းသွားအချောင်း၂၀ရှိနေရမည်)ဟူသောရည်မှန်းချက်အတိုင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းသည်လည်းအသက်"၈၀"အရွယ်တွင်သွားအချောင်း"၂၀" မကကျန်ပါစေ ကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါသည်။