ကားဝပ်ရှော့

ကားဝပ်ရှော့ ဒီဇယ်ကားကြီးဝပ်ရှော့

29/06/2026
18/02/2026

ဒီဇယ် ၆လုံးထိုး ၊ ၈လုံးထိုး ဗားနှင့်နော်ဇယ် (injector) အတွဲလိုက်ချိန်နည်း

ဒီဇယ်ကားတွေအတွက် သီးသန့် ဗားချိန်နည်းဖြစ်ပါသည်။ ဒီဇယ်ကားတွေမှာ ရိုးရိုး အထောင်ပန့် နှင့် ကွန်မွန်ရေးကားတွေအတွက် မဟုတ်ဘဲ။ ယူနစ် အင်ဂျက်တာနဲ့ လာတဲ့ ကားကြီးတွေ ၊ တွဲကားတွေဖြစ်တဲ့ SCANIA ၊ Volvo ၊ MAN ၊ Hyundai ၊ UD ၊ Cummins ၊ CAT တို့လို စက်ကြီးတွေရဲ့ ၆လုံးထိုးအင်ဂျင် ၊ ၈လုံးထိုးအင်ဂျင်တွေမှာ ဗားတွေ အင်ဂျက်တာတွေကို ဘယ်လိုချိန်ပေးရမလဲ စသဖြင့် သိချင်နေတဲ့ မဂ္ဂင်းနစ်တွေ အတွက် မျှဝေပေးပါ့မယ်ခင်ဗျာ။ သိပြီးသားလူတွေ ယခု post ကို ignorance လုပ်သွားကြပါဗျာ။

ယခုနောက်ပိုင်း သတိထားမိလာကြတာရှိပါတယ်။ အဲ့ဒါဘာလည်းဆိုရင် ဒီဇယ်ကားတွေမှာ အမ်ားစုက inline 6 cyclinder တွေကိုဘဲ တွင်တွင်ကြီးသုံးလာကြတယ်။ အင်ဂျင်ကို အရမ်းထုထည်ကြီးကြီးမားမား မသုံးကြတော့ဘဲ။ ပေါ့ပေါ့ပါးပါး ထုထည်သေးသေး နဲ့ hrose power (hp/kW) တို့ကို အကောင်ရေများအောင် ထုတ်လုပ်လာကြပါတယ်။ အရင်တုံးက Nissan ကားကြီးတွေမှာ V10 လို့ခေါ်တဲ့ ၁၀လုံးထိုး အင်ဂျင်ကြီးတွေ နောက်ပြီး Mitsubishi ရဲ့ 8DC9 တို့ 8DC9-T2 တို့ 8DC11 တို့လို heavy duty ၈လုံးထိုး အင်ဂျင်ကြီးတွေ အကောင်ရေများများနဲ့ သုံးခဲ့ကြပါတယ်။ အဆိုပါ အင်ဂျင်ကြီးတွေက သူတို့လိုထုထည်ကြီးမားတဲ့ အထောင်ပန့်တွေနဲ့ တွဲဖက်သုံးခဲ့ကြတယ်။ အင်ဂျင်ကြီးတိုင်း ရုံးအားကောင်းမယ်ဆိုတဲ့ အေတြးက ဒီဘက်ခေတ် unit injector တွေသုံးလာတဲ့ နောက်ပိုင်း အဆိုပါလောဂျစ်တွေ အမှားကြီးမှားသွားပါပြီ။ အင်ဂျင်ကြီးတာ သေးတာထက် hp နဲ့ Nm မ်ားမ်ား ထုတ်ပေးနိုင်ခြင်းသည်သာ ပဓာနဖြစ်ပါတယ်။ ဒါတွေကို unit injector တွေက လုပ်ပေးနိုင်ပါတယ်။ နောက် unit pump ဆိုတာလည်းရှိပါတယ်။ သူကလည်း unit injector နည်းတူ မြင့်မားတဲ့ အင်ဂျင်ပေါက်ကွဲအားကို လိုက်နိုင်လောက်တဲ့ ဆီပရက်ရှာကို ထုတ်ပေးနိုင်တယ်လို့ သိရတယ်။ အဆိုပါ စနစ် ၂ မျိုးလုံးကတော့ ECM လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးရဲ့ ထိန်းကြောင်းမှုနဲ့ သွားနေတာဖြစ်ပါတယ်။

Unit injector နဲ့ တွဲဖက် အလုပ်လုပ်လေ့ရှိတဲ့ အင်ဂျင်တွေက Double valve လို့ခေါ်တဲ့ အင်းလက် ၂ဗား ၊ အိပ်ဇော ၂ဗား နဲ့ လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ပါ ဗားတွေကို ချိန်တဲ့ အခါမွာ မီးပေါက်စဉ်ကို ထည့်မစဉ်းစားလို့ မရဘူး။ ကိုယ်ချိန်ချင်သလို ချိန်ရင် အခက်မသင့်ပါက သင်စဦး စက်ဆရာများအဖို့ မှားနိုင်ခြေ အတော်လေးရှိပါတယ်။ ဒါ့ကြောင့် Fire order အရ 1-5-3-6-2-4 နဲ့ သွားလိုက်ပါ့မယ်ခင်ဗျ။

TDC (down) 0 = 6 (ဗားချိန်) / 2 (နော်ဇယ်ချိန်) .... 1 (အိုဗာလတ်)
TDC (down) 120 = 2(ဗားချိန်) / 4(နော်ဇယ်ချိန်) ..... 5 (အိုဗာလက်)
TDC (down) 240 = 4(ဗားချိန်) / 1(နော်ဇယ်ချိန်) ..... 3 (အိုဗာတ်)
TDC (down) 360 = 1(ဗားချိန်) / 5(နော်ဇယ်ချိန်) ..... 6 (အိုဗာလတ်)
TDC (down) 480 = 5(ဗားချိန်) / 3(နော်ဇယ်ချိန်) ..... 2 (အိုဗာလတ်)
TDC (down) 600 = 3(ဗားချိန်) / 6(နော်ဇယ်ချိန်) ..... 4 (အိုဗာလတ်)

မှတ်ချက် = အထက်ပါ နည်းသည် firing order နည်းအပေါ်မှာ (ဗားအိုဗာလတ် = valve overlap) ဖမ်းပြီး ဆလင်ဒါ တစ်လုံးချင်းစီ 120 စီလှည့်ကာ ဗား နဲ့ နော်ဇယ် (အင်ဂျက်တာ) ၂ မျိုးတွဲချိန်သွားတာဖြစ်ပါတယ်။ firing order မသြားလိုသူမွာ ဤနည်းအဆင်မပြေပါ။

Firing order မသြားလိုသူမ်ား အတွက် CA (360) ကရိုင်း တစ်ပတ်လှည့်ရုံဖြင့် နော်ဇယ်မချိန်ဘဲ ဗားချိန်နည်း သက်သက်ဖြင့် သွားလိုပါကလည်း အဆင်ပြေပါသည်။ သတိပြုစရာကတော့ အင်းလက် ၂ဗား ၊ အိပ်ဇော ၂ ဗားသွားတာဖြစ်ကာ ဆလင်ဒါ တစ်လုံးချင်းစီမှာ 1 နဲ့ 6 ကလွဲဲလို့ ကျန် ဆလင်ဒါတွေ အတွက် အင်လက် နဲ့ အိပ်ဇော ၂ မျိုးလုံး တွဲချိန်လို့ မရတာကို သတိပြုစေလိုပါတယ်။

၈ လုံးထိုး Firing order မွာ 1-5-4-2-6-3-7-8
TDC (down) 0 = 7နဲ့8 (အင်းလက်ချိန်) ၊ 4နဲ့5 (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
TDC (up) 180 = 1နဲ့5 (အင်းလက်ချိန်) ၊ 2နဲ့6 (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
TDC (down) 360 = 2နဲ့4 (အင်းလက်ချိန်) ၊ 3နဲ့7 (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
TDC (up) 540 = 3နဲ့6 (အင်းလက်ချိန်) ၊ 1နဲ့8 ကို (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)

မှတ်ချက် = အထက်ပါနည်းမှာဆိုရင် ၈ လုံးထိုး V8 ဖြစ်တာမို့ 1-4-6-7 သည် အိုဗာလတ်ဖြစ်နေချိန် မွာ ကျန်တဲ့ အလုံးတွေရဲ့ အင်းလက် ၊ အိပ်ဇော ၊ နော်ဇယ်တို့ကို ၂လုံး တစ္တြဲ နော်ဇယ် အပါဝင် ၆မျိုးချိန်သွားတာဖြစ်ပြီး နော်ဇယ်ဖယ်လိုက်တဲ့အတွက်အခါမှာ တစ်ခါချိန်ရင် ၄မျိုးပြီးသည့်အတွက် ၄ခါချိန်တဲ့အခါ တစ္ဖတ္ကို ၈လုံးနဲ့ အင်းလက် နဲ့ အိပ်ဇော ၁၆မျိုး (၈လုံးထိုး) ဗားချိန်နည်းပြီး၏။

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️16000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️17000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️15000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

Address

62B. Street 130. St
Mandalay
MESSENGER

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Alerts

Be the first to know and let us send you an email when ကားဝပ်ရှော့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share