Gold aluminium & glass fixation

Gold aluminium & glass fixation We serve for home detailing. Interior and exterior. etc..

20/02/2023

အလုပ်သင် 2ဦး ( ကျား)
၁၄ ထက်မငယ် ၂၀ ထက်မကြီးရ။

နယ်မှလာသူ ဦးစားပေးမည်။

ဆိုင်အကူ ၁ဦး (မ)
၁၈ ထက်မငယ်ရ ၂၅ထက်မကြီးရ။

ပညာအရေအချင်း ၈/၉/၁၀တန်း‌‌ေအာင်ရင်ရပြီ။

အတွေ့အကြုံ (မရှိသူ) ဦးစားပေးမည်။

ဖုန်းဆက်ပေးပါ အလုပ်လုပ်လိုလျင်
0941002356

ဆိုင်ကပေးတဲ့ ၀န်ဆောင်မှုတွေပါမှန် အလူမီနီယံကွန်ပို့စစ်ယင်းလိပ်တံခါးသံထည် (အိမ်သုံး /အဆောက်အဦး)သံတံခါးမျက်နှာကျက် (၂'*၂' ...
03/06/2022

ဆိုင်ကပေးတဲ့ ၀န်ဆောင်မှုတွေပါ
မှန်
အလူမီနီယံ
ကွန်ပို့စစ်
ယင်းလိပ်တံခါး
သံထည် (အိမ်သုံး /အဆောက်အဦး)
သံတံခါး
မျက်နှာကျက် (၂'*၂' )
SPC floor
ဆေးသုတ်ခြင်း
မီးတပ်ဆင်ခြင်း
PVC အခန်းကာခြင်း
Modern furniture ဖြင့်အလှဆင်ခြင်း
3D design ရေးဆွဲခြင်း ( ပုံသက်သက်မပြထားပါ )
ဆွဲပေးပြီးရင်လည်း ပြန်မသုံးပါ ပိုင်ရှင်ကို အပိုင်ပေးလိုက်တာပါ။( အခိုးခံရတာလည်း မနည်းတော့လို့ပါ)
🤬🤬🤬

သောင်းချီတဲ့ပုံတွေထဲက တွေ့ကရာလျှောက်ပြထားလို့
မိတ်ဆွေတို့ သိချင်တာရှိရင်
ဆက်သွယ်လိုက်ပါ ခင်ဗျ။

🔗🔗0941002356⛓️⛓️

မင်္ဂလာပါ ခင်ဗျအခုနောက်ပိုင်း ကျွန်တော်တို့pageကနေ Modern furniture ပုံတွေပဲ post တာများတော့မိတ်အသစ်တွေ အနေနဲ့ တခြား Mat...
24/05/2022

မင်္ဂလာပါ ခင်ဗျ
အခုနောက်ပိုင်း ကျွန်တော်တို့pageကနေ
Modern furniture ပုံတွေပဲ post တာများတော့
မိတ်အသစ်တွေ အနေနဲ့ တခြား Material တွေနဲ့
‌မှာလို့ရလား ဆိုတဲ့မေးခွန်းမျိုး မကြာခဏ မေးကြပါတယ် ခင်ဗျ။

ကျွန်တော်တို့ က One stock service ပါ ခင်ဗျ။
မိတ်ဆွေသိချင်တာ အကုန်မေးလို့ရပါတယ်။

အလုပ်တခါမှ မအပ်ဖူးပဲ ဒီတိုင်းသိချင်လို့ဖုန်းဆက်မေး
နေကြတဲ့သူတွေတောင် အများကြီးပါ။
‌အားမနာတမ်းမေးလို့ရပါတယ် ခင်ဗျ။
သိတဲ့အရာ ဆိုရင်‌ဖြေပေးပါ့မယ်နော်။
အောက်ကပုံတွေကတော့
Aluminum ကို outdoor လုပ်ထားတဲ့ပုံသီးသန့်ပါ ခင်ဗျ။
နောက် post တခုမှာတော့ ရနိုင်တဲ့ services တွေနဲ့ပုံလေးတွေကို လေ့လာလို့ရအောင်တွဲပြီး တင်ပေးပါမယ်ခင်ဗျာ။

Liquors ဆိုင်တွေ Bar တွေဖွင့်မယ်ဆိုရင် Gold ကိုသတိရနော်ဒီအပိုင်းကတော့ ကျတော်တို့ အထူးကျွမ်းကျင်တဲ့အပိုင်းလို့တောင်ပြောလိ...
20/04/2022

Liquors ဆိုင်တွေ Bar တွေ
ဖွင့်မယ်ဆိုရင် Gold ကိုသတိရနော်

ဒီအပိုင်းကတော့ ကျတော်တို့ အထူးကျွမ်းကျင်တဲ့
အပိုင်းလို့တောင်ပြောလို့ရပါတယ်

အလုပ်အပ်ပြီး အိမ်မှာ အေးဆေးနှပ်နေလို့ရတယ်
အစအဆုံး ကျတော်တို့ကပဲ တာ၀န်ယူဆောင်ရွက်ပေးနေတာမလို့
ဘာမှပူစရာမလိုဘူး

သားကြီးတို့အေးဆေး

Sky Vision မျက်မှန် တဆိုင်လုံး စိတ်ကြိုက်ဖန်တီးခွင့်ပေးတဲ့သဘောကောင်းတဲ့ဆိုင်ရှင်အလုပ်ရှိလာရင် အမြဲGold ကို လမ်းညွန်တဲ့ ရ...
29/03/2022

Sky Vision မျက်မှန်

တဆိုင်လုံး စိတ်ကြိုက်ဖန်တီးခွင့်ပေးတဲ့
သဘောကောင်းတဲ့ဆိုင်ရှင်

အလုပ်ရှိလာရင် အမြဲGold ကို လမ်းညွန်တဲ့
ရွှေလက်ချောင်းပိုင်ရှင် ကိုအေးမင်း (ဆိုင်းဘုတ်လုပ်တဲ့ငအေး ) 🙏🙏🙏

အမြဲတမ်း အသစ်သစ်တွေပဲ ဗျင်းချင်နေတဲ့
Gold အဖွဲ့သားတွေနဲ့ တွေ့တော့

အဲ့မှာ အကောင်းဆုံးတွေဖြစ်ကုန်တာပဲ

🤩ဈေးလည်းသက်သက်သာသာ🤩

💪နေရာအလေအလွင့်မရှိ ကွက်တိ💪

💗ဆိုင်ရှင်လည်းပျော် ကျွန်တော်တို့လည်းပျော််💗

ကြာပြီဆိုပေမယ့်စာအုပ်ဆိုတာ မဖတ်ရသေးရင် အသစ်ပဲလေGold ရဲ့ လက်ရာနဲ့ Design ကတော့အမြဲတမ်းဖတ်လို့ကောင်းတဲ့ စာအုပ်လိုပဲပေါ့ဗျာ...
25/02/2022

ကြာပြီဆိုပေမယ့်
စာအုပ်ဆိုတာ မဖတ်ရသေးရင် အသစ်ပဲလေ
Gold ရဲ့ လက်ရာနဲ့ Design ကတော့
အမြဲတမ်းဖတ်လို့ကောင်းတဲ့ စာအုပ်လိုပဲပေါ့ဗျာ ။

နှစ်တွေကြာလာတာနဲ့အမျှ ငါတော့
Gold မှာအပ်လိုက်တာ တော်တော်မှန်သွားတယ်လို့
ခံစားရမှာပါ ။

ဒီနေရာမှာ တခုလောက်တော့ကြွားပါရစေခင်ဗျ
အခုချိန်ထိ Modern furniture နဲ့ပတ်သတ်လို့
တခါမှ complain တက်ခံရတာ ကျွန်တော်တို့မှာမရှိသေးဘူးဆိုတာပဲ ။

စိတ်ချမ်းသာချင်ရင် ကျွန်တော်တို့ကိုသတိရလိုက်ပါ။

***ပုံယူရင် မန့်ခဲ့ပါ***
***ပေးလို့ယူတာပဲ ဖြစ်ပါစေခင်ဗျ***
***သူခိုးကျင့် သူခိုးကြံ မလုပ်စေချင်ပါ***
***Design တခုရဲ့ တန်ဖိုးက ကိုယ်တိုင်ဆွဲမှ သိတာပါ***

90's BAR သောက်တတ်တဲ့သူတွေ ကတော့သိနေပြီးလောက်ပါပြီမသိသေးတာက GOLD ရဲ့ လက်ရာ ဆိုတာပဲဖြစ်မယ်ထင်တယ် ဟုတ်ပါတယ် ကျွန်တော်တို့လက...
22/02/2022

90's BAR
သောက်တတ်တဲ့သူတွေ ကတော့သိနေပြီးလောက်ပါပြီ

မသိသေးတာက GOLD ရဲ့ လက်ရာ ဆိုတာပဲဖြစ်မယ်ထင်တယ်
ဟုတ်ပါတယ် ကျွန်တော်တို့လက်ရာ စစ်စစ်ပါ

အချိန်နဲ့တပြေးညီ ကြေငြာသင့်တယ် ဆိုတဲ့ အစွဲမျိုး မထားတတ်တော့ စိတ်ပါရင် post လိုက်တာပါပဲ ။

Page ကနေ ဖုန်းနံပါတ် ယူပြီးဆက်သွယ်လာကြတဲ့
Customer တွေလည်း အမြဲရှိနေတော့ GOLD ဆိုတာ
လူမှုရေးကွန်ယက် ပေါ်မှာထင်ရှားတာထက်
မိတ်ဆွေတို့ ရင်ထဲမှာ နေရာယူထားပြီးသားပါ။

အဲ့တော့ ကျွန်တော်တို့က အပိုတွေ လျှောက်ပြောနေလို့
အချိန်ကုန်တာပဲရှိမယ် အကျိုးမရှိနိုင်ဘူး။
ကုန်သွားမယ့်အချိန်တွေကို customer တွေအတွက်ပဲအမြဲပေးခဲ့လို့ ဆိုင်မှာတောင် ထိုင်စရာကောင်းကောင်းမရှိဘူးဗျ😁😁😁 clients တွေကောင်းကောင်းသိတယ်။

ဒါပေမယ့် အားပေးတော့ကြမ်းကြတယ်😎😎😎
အဲ့တော့ ကျွန်တော်တို့အနေနဲ့ ကလည်း နေ့နေ့ညညကြိုးစားပေးခဲ့ပါတယ် ။ လာအားပေးတဲ့ customer တွေကလည်း တကယ် စားတဲ့ ဟာတွေပဲ လာအပ်ကြတာပါ။
တကယ့် ငစားတွေပဲများတယ် ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကလည်း ငစားတွေပဲမို့လို့ပါ။ လူဆိုတာ တူရာပေါင်းတတ်ကြတာပဲ ။
ထားပါတော့ စားချင်ရင်လာခဲ့ကြပါ။ စားပေးပါ့မယ်။

👂👂👂Modern furniture အပ်မယ်ဆိုရင်သိထားသင့်တဲ့ အရာများ👀👀👀(သိသလောက် မျှဝေခြင်း )*** ကိုယ်အသုံးပြုမယ့် နေရာ ကိုယ် ထည့်မယ့် အ...
20/02/2022

👂👂👂Modern furniture အပ်မယ်ဆိုရင်
သိထားသင့်တဲ့ အရာများ👀👀👀
(သိသလောက် မျှဝေခြင်း )

*** ကိုယ်အသုံးပြုမယ့် နေရာ
ကိုယ် ထည့်မယ့် အရာတွေ ကို သိထားပါ***

ဆိုင်သုံးလား အိမ်သုံးလား ဘာကြောင့်သုံးမှာလဲ
ဘယ်လောက်သုံးမှာလဲ စသည်ဖြင့် အကြမ်းဖျင်းသိထားရပါမယ်။
ဒါမှလည်း အ‌‌ခြေခံ လူသုံးကုန် တွေရဲ့အရွယ်အစားအလိုက် Design ကိုဆုံးဖြတ်လို့ရမှာပါ။
Design လှပြီးဘာမှ မယ်မယ်ရရ သုံးလို့မရဘူးဆိုတာမျိုးဖြစ်တတ်လို့ပါ။

***Design‌ တောင်းပါ ***
ဒါကတော့ရှင်းပါတယ် Modern furniture လုပ်တဲ့သူရဲ့
Skillကို ဒီနည်းနဲ့ စမ်းသပ်ကြည့်တာပါ။
Newbie လား
Pro လား
Legend လား သိရတာပေါ့။
Design ကတော့ carpenter တွေဆီမှာ အစုံမရှိကြပါဘူး အဲတော့ဘာလုပ်ကြလဲဆိုတော့ ထုံးစံအတိုင်း ‌
Pinterest , Google , Facebook နဲ့ သူတို့သိတဲ့
နေရာတွေမှာ လိုက်ရှာပါလိမ့်မယ် ။ ပြီးရင် ပို့ပေးပါလိမ့်မယ် ။ မိတ်ဆွေသာ လူလည်တစ်ယောက်ဆိုရင်တော့
ပုံကိုကြည့်ပြီးခွဲခြားနိုင်ပါလိမ့်မယ် ။ဒါက လုပ်ထားတာ။
ဒါက 3D ကြီး ဆိုပြီး။ဒါက နိုင်ငံခြားကဟာကြီး။
Newbieနဲ့ လူလိမ်တွေကတော့ သူတို့လုပ်ထားတာပါလို့ပြောပြီး ထည့်ကြလိမ့်မယ်။
Pro ဆိုရင်တော့ ဒါက ကျွန်တော်လုပ်ထားတာမဟုတ်ပါဘူး ကြိုက်လို့ သူများဆီက မ လာတာပါလို့ပြောလိမ့်မယ်။ အဲလိုလူတွေ့ခဲ့ရင် ဈေးနှုန်းမေးပြီး အဆင်ပြေရင်အပ်လိုက်ပါ(ရိုးသားတဲ့သူဆိုတာသိသာပါတယ်)။အဲထပ်ပိုပြီးသေချာချင်ရင်တော့ servey ကောက်ခိုင်းပြီးမှ
ကောက်ထားတဲ့အတိုင်းတိုင်း 3D ပုံတောင်းလိုက်ပါ။
အရောင်အသွေးက အစ အတိအကျဆွဲခိုင်းပါ ။ သတ်မှထားတဲ့ရက်ချိန်း (လိုနည်းနည်း ပိုနည်းနည်း)အတွင်း
ပုံပေးနိုင်ခဲ့ရင် ဈေးလည်းသင့်ရင် အပ်လိုက်ပါ။
တရစ်ထပ်ကြပ်ခိုင်းတာပါ ။

🤔🤔🤔ဘာလို့လဲဆိုတော့ အခုတလော လူတွေ Modern furniture ကိုစိတ်၀င်စားလာကြတာကို သိတဲ့ လူလိမ် တချို့လုပ်စားနေကြလို့ပါ ။🤔🤔🤔

***ဈေးနှုန်း range ***
Furniture ကို ထုံးလိုမွှေ ရေလို‌ေနှာက် နေတဲ့သူတွေမှန်ရင် ဈေးနှုန်းrange တွေချိန်ပေးတတ်ကြပါတယ်။
Material တခုချင်းစီရဲ့ အားနည်းချက်နဲ့ အားသာချက်ကို
ကောင်းကောင်းသိကြပြီး ဘယ်နားတော့ ဘာသုံး
ဘယ်နားတော့ ဒါသုံးဆိုပြီးညွှန်းနိုင်ပါတယ် ။
လူလိမ်တွေ မတတ်နိုင်ပါ။
ဒါမှမဟုတ်ကိုယ်တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ဘယ်အမျိုးအစားရနိုင်မလဲ ဘယ် design ရနိုင်မလဲ ဆိုတာမေးနိုင်ပါတယ်။ အနည်းဆုံး range သုံးမျိုးလောက်ချပြနိုင်ပြီး
ဘာသုံးရင် ဘယ်အရည်အသွေး။ ဘာသုံးရင် အဆင်ပြေမယ်။ဘာသုံးရင် တော့မကောင်းဘူး ။
ဒီလောက်တော့သုံးစေချင်တယ် ဆိုတာမျိုးပြနိုင်တဲ့သူကို
ရွေးပါ။

*** ၀ယ်ဖူးတဲ့သူတွေကိုမေးပါ ***
သူတို့ကတော့အသေချာဆုံး သမားတွေပါပဲ
သူတို့စိတ်တိုင်းကျတဲ့ furniture သမားတွေ အကြောင်း
ဆိုင်တွေအကြောင်း ဖောင်ဖွဲ့ပြီးပြောပြကျပါလိမ့်မယ်။
သူတို့ကို ဆော်သွားတဲ့ကောင်တွေကိုလည်း မအပ်ဖို့တိုက်တွန်းပါလိမ့်မယ် ။ ( ပေါချောင်ကောင်းရှာမိတာလည်း အပါပေါ့)။🤗🤗🤗

ဘယ်သူကတော့ဘယ်လိုလုပ်ပေးတာ ကောင်းတယ် ဘာညာပေါ့ ။ ဘယ်ကောင်ကတော့ ပိုက်ဆံယူပြီး လစ်သွားတယ်တို့ဘာတို့ပေါ့။ သူတို့ရဲ့အကြံကိုယူပါ။

ပြောရရင်တော့ တော်တော်များမယ်။ အဲ့တော့မပြောတော့ပါဘူး ။ အထက်ပါ အချက်တွေအားလုံးကို
မေ့ပစ်လိုက်ပြီး furniture အပ်မယ်ဆိုရင်
တခုပဲ လုပ်စရာလိုတယ် ။ လူရိပ်လူကဲ သာကြည့်ပါ။
လူလိမ်တွေက သိသာပါတယ် ။ သင်သာသေချာကြည့်ရင် သိပါတယ်။

Post လေးတွေပုံမှန်တင်ပြီးကျွန်တော်တို့ရဲ့ ထူးခြားတဲ့လက်ရာလေးတွေကို ၀ယ်ယူသူတွေမ၀ယ်ယူသူတွေ လုပ်ငန်းတူ မိတ်‌ေဆွတွေ အတွက် နဲ...
16/02/2022

Post လေးတွေပုံမှန်တင်ပြီး
ကျွန်တော်တို့ရဲ့ ထူးခြားတဲ့လက်ရာလေးတွေကို
၀ယ်ယူသူတွေ
မ၀ယ်ယူသူတွေ
လုပ်ငန်းတူ မိတ်‌ေဆွတွေ အတွက် နဲ့
Decorations လုပ်မယ့် client အသစ်တွေရော
အားလုံးအတွက်
ဗဟုသုတ ဖြစ်စေမယ့် အကြောင်းအရာလေးတွေကို
အလျဉ်းသင့်သလို မကြာခဏ တင်ဆက်ပေးသွားပါ့မယ်

အချိန်အတိုင်းအတာ တခုထိ post မတင်ဖြစ်တဲ့အကြောင်းကတော့
Design တွေကိုတိုက်ရိုက်ကူးချနေကြလို့ပါ ခင်ဗျ🤔🤔🤔

Finger Joint တလိုင်းကုန်ဈေးနှုန်းတွေ ကြောက်စရာကောင်းလောက်အောင်တက်သွားချိန်မှာ customerတွေ modern furnitureကိုအလှမ်းဝေးသွ...
14/11/2021

Finger Joint တလိုင်း

ကုန်ဈေးနှုန်းတွေ ကြောက်စရာကောင်းလောက်အောင်
တက်သွားချိန်မှာ customerတွေ modern furnitureကို
အလှမ်းဝေးသွားတာတော့ပြောစရာမရှိပါဘူး

ဒါပေမယ့်

ဒီတလိုင်းကတော့ ချွင်းချက် (အားသာချက်)
တခုဖြစ်ရှိနေပါတယ်

Finger joint ဆိုပြည်တွင်းဖြစ် Material ပါ
အဲတော့ အရင်ဈေးနဲ့အရမ်း မကွာပဲရပ်တည်နေပါတယ်
( ထုတ်လုပ်ရောင်းချသူများကိုကျေးဇူးတင်ပါတယ်)

အရင်ထက်နည်းနည်းတော့တက်ပါတယ်
အရမ်းတော့လည်းမကွာပါဘူး ခင်ဗျာ
နိုင်ခြားဖြစ်လို ၁ ဆ ၂ဆ ဆိုတာမျိုးမဟုတ်ပဲ
သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့်အနည်းငယ်တက်တယ်လို့ယူဆရပါတယ်

Modern furnitureလုပ်မယ်ဆိုရင် အခုချိန်မှာတော့ ပြည်တွင်းဖြစ် Finger Joint ကို recommend ပေးပါတယ်။

သံနဲ့တွဲသုံးမယ်ဆိုရင်တော့ သံက နိုင်ငံခြားက လာတာဖြစ်တာမလို့ ဈေးတော့ပြောင်းသွားနိုင်ပါတယ်ဆိုပေမယ့်
Customer တွေရဲ့ Budget range နဲ့တော့ ကိုက်နေဦးမှာပါပဲ

# # # Gold innovative decorations # # #

ရွှေ အိမ်အတွင်းအပြင် အပေါ် အောက် ထောင့်မကျန် အလှဆင်သည်။
07/11/2021

ရွှေ
အိမ်အတွင်းအပြင် အပေါ် အောက်
ထောင့်မကျန် အလှဆင်သည်။

10/10/2021

🤗 Covid 19 Disinfection Booth🤗

HOTEL LASHIO #
မှာ ကျွန်တော်တို့ GOLD Decorations မှတပ်ဆင်ပေးထားတဲ့ ပိုးသတ်ခန်း video လေးပါခင်ဗျ။

Address

Railway Road
Lashio

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

0941002356

Website

Alerts

Be the first to know and let us send you an email when Gold aluminium & glass fixation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold aluminium & glass fixation:

Share