SMART SHINE Car Wish & Spa

SMART SHINE Car Wish & Spa auto car detailing

❒ မြန်မာနိုင်ငံမှာ အသုံးအများဆုံးကားတွေရဲ့ အင်ဂျင်ပန်ကာကြိုးနံပါတ်များမိတ်ဆွေတို့အတွက် အင်ဂျင်ပန်ကာကြိုးဝယ်ယူတဲ့အခါ အထော...
27/05/2024

❒ မြန်မာနိုင်ငံမှာ အသုံးအများဆုံးကားတွေရဲ့ အင်ဂျင်ပန်ကာကြိုးနံပါတ်များ

မိတ်ဆွေတို့အတွက် အင်ဂျင်ပန်ကာကြိုးဝယ်ယူတဲ့အခါ အထောက်အကူဖြစ်အောင် အစီးများတဲ့ကားတွေရဲ့ ပန်ကာကြိုးနံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

👉 ကားများအတွက် အနီးစပ်ဆုံးကိုက်ညီနိုင်မယ့် ပန်ကာကြိုးများကိုဖော်ပြထားတာဖြစ်ပြီး ပူလီ (သို့) မော်တာလဲထားတဲ့ကားများအတွက်တော့ ကြိုးအရှည်နဲ့ နံပါတ်များ ကွာခြားနိုင်ပါတယ်။

👉 PK ကြိုးများကိုဖတ်ရှုတဲ့အခါ 6PK 1000 ကို ❝ 6 လိုင်းပူး 1,000 mm ❞ လို့ဖတ်ရှုနိုင်ပါတယ်။

👉 ပန်ကာကြိုးတွေကို မူလကြိုးနံပါတ်နဲ့ 10 mm အတွင်း အတိုးအလျှော့လုပ်ပြီးလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

အင်ဂျင်ပန်ကာကြိုးများ 🚘

Toyota - Belta (1300cc) 4PK 1210
Toyota - Belta (1000cc) 6PK 1210
Toyota - Voxy (2000cc) 7PK 1920
Toyota - Harrier (3000cc) 6PK 1050, 4PK 875
Toyota - Probox 4PK1210(Alt), 3PK (850)
Toyota- Vitz 4PK 1210
Toyota- CROWN Royal (3000CC) 7PK 1550
Toyota - WISH (1800CC) 6PK 1693, 6PK 1700
Toyota - RAV 4 5PK998, 5PK1090
Toyota - Passo 2011, (1300cc) 4PK1210
Toyota- Ractis 2009 6PK-1590
Toyota - Ractis (2011 & 2012) 4PK 878 4PK1155 4PK898 4PK1170
Toyota - Corolla Fielder (2010) 1500 cc- 4PK923/4PK1183
Toyota - Corolla Fielder (2010) 1800 cc- 6PK1873
Toyota - Hilux Surf (2000) RECMF 6390
Toyota - ALPHARD(2003) 2400cc 7PK1920
Toyota - Succeed 4PK1183/4PK1170
Toyota - Wish 2000cc 7PK1933
Toyota - Townace (2008) 1500cc 10x875, 10x950, 13x975
Toyota - Corolla (2002) 1500cc RECMF1390 RECMF 1420
Toyota- Fielder (2005) 1.5 4PK923 4PK1183
Toyota - Ipsum (2003) 7PK1920
Toyota - Alphard *G* (2003) 3000cc 6PK1043
Toyota - Premio (2002) 1800cc 6PK1880
Toyota - Mark 2 (1999) 4PK823 4PK833
Toyota - Fielder (2006) 1500cc 4PK923 ,4PK1183
Toyota - Caldina ပဲခြမ်း 4PK 820, 4PK 1080
Toyota - ရွှေငါး 2.04PK1070
Toyota - Rav4 (2000) 1800cc 6PK1540 6PK1888
Toyota - Mark X (2005) 7PK1550
Toyota - Kluger (2002) 7PK1933
Toyota - Corolla (2011) 1300cc 6PK1148 6PK1138
Toyota – Corolla Axio (2007) 1500cc 4PK 920, 4PK1180
Toyota - Premio (2002) 2000cc 7PK1933
Toyota – Hiace Super Custom (3000cc)1KZအင်ဂျင် RECMF 6390
Toyota – Brevis (3000cc) 6PK 1920

အင်ဂျင်ပန်ကာကြိုးများ 🚘

Nissan - Vanette (2000CC) 4PK 868(Alt), 3PK 828 (PS), 4PK 850 (AC)
Nissan – Vanette 2007 (ဓာတ်ဆီ) Recmf-6380
Nissan - X-trail (2000CC) 6PK 2245
Nissan- AD Van (1240cc) 5PK1070 3PK670
Nissan - Note (2009) 4PK833 4PK1070 (cr14de ) 7PK1043 7PK1140(hr16de)
Nissan - March (2011) 1200 CC 6PK995
Nissan - Wingroad 1800cc 6PK818 6PK1113
Nissan - Advan 3PK 670 Honda - Fit 5PK 1140

အင်ဂျင်ပန်ကာကြိုးများ 🚘

Honda - Civic 4PK 1600
Honda - Insight 4PK 1165
Honda - Fit Hybrid (2011) 4PK1165
Honda – Odyssey 2001 (2300cc) 6PK 930, 6PK 1080
Honda – Odyssey 2001 (3000cc) 6PK 1175

အင်ဂျင်ပန်ကာကြိုးများ 🚘

Mazda - Demio 6PK1840 Mitsubishi - RVR 4PK 773

အင်ဂျင်ပန်ကာကြိုးများ 🚘

Mitsubishi - Pajero (2500CC/diesel),(13x925), (17x113)
Mitsubishi - PAJERO (3200CC/DIESEL) RECMF1380

အင်ဂျင်ပန်ကာကြိုးများ 🚘

Forland402- RECMF 8420 / RECMF6610 ISUZU – BIGHON (1998) 4jb1 RECMF8410

အင်ဂျင်ပန်ကာကြိုးများ 🚘

Suzuki – Carry truck 4PK 868
Suzuki – Swift (1300cc) 4PK 835, 4PK 840

အင်ဂျင်ပန်ကာကြိုးများ 🚘

Daihatsu – Hijet (ပုံဟောင်း) 4PK 710, 4PK 705
Daihatsu – Hijet (ပုံသစ်) 4PK 760/765

✔️✔️✔️ အရည်အသွေးမြင့်မားတဲ့ TOYOPOWER ရဲ့ OEM ပန်ကာကြိုးတွေကိုတော့ မြန်မာတစ်နိုင်ငံလုံးရှိ ကားပစ္စည်းဆိုင်ပေါင်း (၆၀၀) ကျော်မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ.... 🤗



#ဘတ်ကြိုး #ပူလီကြိုး
#ပန်ကာကြိုး #အင်ဂျင်ပန်ကာကြိုး
#အာမခံ

#ပန်ကာကြိုးနံပါတ်
# # # # #

ဘာကြောင့် မီးကြီးအတွင်း ရေငွေ့ဝင်တာလဲမိုးရွာပြီးနောက် (သို့မဟုတ်) ကားရေဆေးပြီးနောက် ကားရှေ့မီးကြီးအိမ်အတွင်းမှာ ရေငွေ့မျ...
15/01/2024

ဘာကြောင့် မီးကြီးအတွင်း ရေငွေ့ဝင်တာလဲ

မိုးရွာပြီးနောက် (သို့မဟုတ်) ကားရေဆေးပြီးနောက် ကားရှေ့မီးကြီးအိမ်အတွင်းမှာ ရေငွေ့များဝင်ရောက်နေတတ်တာကို မိတ်ဆွေတို့ ကြုံဖူးကြမှာပါ။ ဒီပြစ်ချက်က ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြစ်ချက်တခုဖြစ်ပေမယ့် စစ်ဆေးပြုပြင်ဖို့လည်း လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာ မီးကြီးအတွင်း ရေငွေ့ဝင်နိုင်တဲ့ ပြစ်ချက်များနှင့် စစ်ဆေးပြုပြင်ခြင်းကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

ရာဘာဆီးလ်များ ပျက်စီးခြင်း – ရှေ့မီးကြီးအိမ်ကို ရာဘာဆီးလ်ကဲ့သို့ ဂတ်စကတ်များဖြင့် လေလုံအောင် ပြုလုပ်ထားပြီး အချိန်ကာလကြာသွားတဲ့အခါ ရာဘာဆီးလ်များမလုံခြင်းကြောင့် ရေငွေ့များ ဝင်စေပါတယ်။ ဒါဆိုရင်တော့ ရာဘာဆီးလ်တွေကို အသစ်လဲပေးသင့်တာဖြစ်ပါတယ်။ တချို့ Head Lamp မီးအိမ်တွေက ရာဘာဆီးလ် (သို့) ဂတ်စကတ်တွေကို အသစ်လဲဖို့ မဖြစ်နိုင်တဲ့အခါ Head Lamp ကို အသစ်လဲပေးရမှာဖြစ်ပါတယ်။

လေပေါက်များမှ ရေငွေ့များဝင်ရောက်ခြင်း – ကားမီးကြီးဖွင့်လိုက်တဲ့အခါ မီးသီး၏အပူကြောင့် မီးအိမ်အတွင်းရှိလေထုကလည်း ပူသွားပါတယ်။ အဲ့ဒီအပူကိုလျော့ချရန် မီးကြီးအိမ်မှာ လေဝင်လေတွေကို ပြုလုပ်ထားခြင်းကြောင့် အဲ့ဒီလေဝင်ပေါက်မှတဆင့် ရေငွေ့များဝင်ရောက်စေတာလည်း ဖြစ်နိုင်ပါတယ်။

ရှေ့မီးအိမ် ကွဲအက်ခြင်း – ထိခိုက်မှုတခုခုကြောင့် မီးအိမ်ကွဲအက်သွားတဲ့အခါ အတွင်းသို့ ရေငွေ့ဝင်ရောက်ရန် လွယ်ကူစေမှာဖြစ်ပါတယ်။ ဒီပြစ်ချက်အတွက် Head Lamp မီးအိမ်ကို အသစ်လဲပေးရမှာဖြစ်ပါတယ်။ အကယ်၍ အသစ်လဲတဲ့ကုန်ကျစရိတ်များတဲ့အခါ Head Lamp အိမ်ကို ဖာထေးပြီးလည်း ပြန်လည်အသုံးပြုလို့ ရပါတယ်။

ဒါ့အပြင် မီးလုံးတပ်ဆင်တဲ့အခါ မီးအိမ်နောက်ရှိကာဗာကို ဖြုတ်ကာ တပ်ဆင်ရင်း အဲ့ဒီကာဗာအထိုင်မကျတဲ့အခါမှာလည်း ရေငွေ့ဝင်ရောက်စေနိုင်ပါတယ်။ တခါတလေ မီးလုံးတပ်ဆင်ပြီး အဲ့ဒီကာဗာကို တပ်ဆင်ဖို့ မေ့သွားတဲ့အခါမှာလည်း ရေငွေ့များ ဝင်ရောက်စေနိုင်ပါတယ်။ အထူးသဖြင့် စိုစွတ်တဲ့ မိုးရာသီမှာ ဒီပြစ်ချက်ကို အများဆုံးကြုံတွေ့နိုင်တာဘဲ ဖြစ်ပါတယ်။

Head Lamp မီးအိမ်အတွင်း ရေငွေ့ဝင်ရောက်တဲ့အခါ အနည်းငယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အကယ်၍ ရေငွေ့ဝင်ရောက်မှုများပါက မီးအိမ်အတွင်း ချေးတတ်မှုကိုလည်း ဖြစ်စေနိုင်သလို မီးလင်းအားလည်း ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် Head Lamp အတွင်း ရေငွေ့ဝင်ရောက်မှုမရှိအောင် စစ်ဆေးပြုပြင်ပေးသင့်ပါတယ်။ (ကိုးကား – oards)

သင့်ကားဘထ္ထရီအိုးကို သက်တမ်းတိုစေတဲ့ အကြောင်းအရင်းများဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြ...
23/12/2023

သင့်ကားဘထ္ထရီအိုးကို သက်တမ်းတိုစေတဲ့ အကြောင်းအရင်းများ

ဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းတခုပါ ၊ ကားဘထ္ထရီအိုးနဲ. အားသွင်းစနစ်မကောင်းရင် လမ်းခရီးမှာ သွားရင်းလာရင်း ဘထ္ထရီအားကုန် ချက်မီးလင်း ကားစက်ထိုးရပ်တာတွေ ၊ ကားရပ်ထားပြီး ပြန်နှိုးမရတာတွေ ကြုံဖူးကြမှာပါ ။ ဒါပေမယ့် ကားဘထ္ထရီအိုးတလုံးကို ဘယ်လိုသက်တမ်းကြာရှည်အောင် သုံးစွဲရမယ် ၊ မထင်မှတ်ထားတဲ့ ဘယ်လိုအပြုအမူတွေက ကားဘထ္ထရီသက်တမ်း တိုစေတယ်ဆိုတာမျိုးတွေကို သိတဲ့သူနည်းပါလိမ့်မယ် ။

ဒီနေ.တော့ ကားဘထ္ထရီနဲ. ပတ်သတ်တဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို.ကို ဝေမျှချင်ပါတယ် ။
ကျနော်တို.လက်ရှိအိမ်စီးကား တက္ကစီအစရှိတဲ့ ကားလေးလောကမှာ ကားတိုင်းလိုလို မတူကွဲပြားတဲ့ ကားဘထ္ထရီ Brand တွေ အမျိုးအစားတွေကို အသုံးပြုနေကြပါတယ် ။ ဘထ္ထရီအိုးနာမည်တွေနဲ. ဘထ္ထရီအိုး အကြီးအသေး ဆိုက်အမျိုးမျိုးကွဲပြားပေမယ့် အဓိက အခြေခံတွေကတော့ တူညီပါတယ် ။

အဓိက တူညီတာတွေကတော့ 12 V DC အမျိုးအစားကို အသုံးပြုတာရယ် ၊ အိုးစို ( Destilled water -မိုးရေ နဲ. အက်ဆစ် ပြန်လည်ဖြည့်တင်းပေးရတဲ့ အမျိုးအစား) ၊ အိုးခြောက် (maintenance free) အမျိုးအစား သုံးတာရယ်ကတော့ ဘယ်ကားမဆိုတူညီပါတယ် ။

12V ကားဘထ္ထရီအိုးကို အခြေခံအားဖြင့် အပေါင်းငုတ် ( Positive Terminal ) ၊ အနှုတ်ငုတ် (Negative Terminal ) ရှိပြီး အခန်း 6 ခန်းနဲ.ဖွဲ.စည်းတည်ဆောက်ထားပါတယ် ။ အခန်း 1 ခန်းကို 2.1 V ရှိပါတယ် ၊ အဲဒီအခန်း 6 ခန်းကို အပေါင်း( + ) နဲ. အနှုတ် ( _ ) Series ချိတ်ဆက်ထားခြင်းဖြင့် 12 V ရအောင်ဖန်တီးထားတာပါ ၊ အတိအကျဆိုရင်တော့ 12.6 V ရှိရပါမယ် ။

ကားမှာပါတဲ့ ဘထ္ထရီအိုးကို မှီခိုနေတဲ့ ကားရဲ. အခြားအရေးပါတဲ့ စနစ်တွေကတော့
Starting System ဆိုတဲ့ Starter Motor ကိုလည်စေတဲ့ ကားစက်နှိုးစနစ်
Lighting System ဆိုတဲ့ ကားရှေ.နောက် အချက်ပြ ၊ အတွင်းခန်းမီးစတဲ့ စနစ်
Horn ဆိုတဲ့ ကားအချက်ပေး ဟွန်းစနစ်
Air-Conditioning System ဆိုတဲ့ ကား အအေးပေးစနစ်
Cooling System မှာပါတဲ့ Fan Motor တွေကို လည်စေတဲ့ စနစ်
Audio System ဖြစ်တဲ့ TV , Radio နဲ. Sound Box တွေအသုံးပြုတဲ့စနစ်
Security System ဖြစ်တဲ့ Power Window , Door Lock
ECU ( Engine Control Unit ) စတဲ့ ကားအတွက်အရေးကြီးတဲ့ စနစ်ပေါင်းများစွာ ကားဘထ္ထရီအိုးတလုံးပေါ်မှာ မှီခိုအသုံးပြုနေတာပါ ။

ဘထ္ထရီအိုးပေါ်မှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက ဘာတွေလဲ ?

ဟိုးအရင်ကားတွေမှာအသုံးပြုတဲ့ ဘထ္ထရီတွေကိုတော့ 60 အိုး 70 အိုး 100 အိုး အစရှိသဖြင့် ဘထ္ထရီအိုးရဲ. ဆိုက်အမျိုးအစားတွေကို ကားလောကထဲမှာ အရပ်ခေါ် ခေါ်ဝေါ်အသုံးပြုတတ်ကြပါတယ် ။ တကယ့်ဆိုလိုရင်းကတော့ 60 Ah , 70 Ah , 100 Ah ကိုဆိုလိုတာပါ ၊ Ah ဆိုတာ (Ampere-Hour) ဆိုလိုတာဖြစ်ပြီး တစ်နာရီအတွင်း ဘထ္ထရီအားကုန်သည်အထိ သုံးစွဲနိုင်တဲ့ (Current ) Ampere စီးဆင်းနိုင်မှုနှုန်းကို ဆိုလိုတာပါ ။ တနည်းအားဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်နိုင်စွမ်းအားကို ၀န်သုံးဆွဲနိုင်မှု ခံနိုင်ရည်အားကို ရည်ညွှန်းထားတာပါ ။

ဥပမာအားဖြင့် 60 Ah အိုးတလုံးဟာ 60 Ampere current ဆွဲတဲ့ ပစ္စည်းတခုခု (Load) တခုသုံးစွဲမယ်ဆိုရင် ဒီဘထ္ထရီအိုးကိုလုံး၀အားကုန်သည်အထိ 1 နာရီကြာအောင် သုံးစွဲနိုင်မယ်ဆိုလိုတဲ့ သဘောပါ ။ ဒီလိုိုဆိုရင် 70 Ah , 100 Ah အစရှိသဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်မှု စွမ်းအားမြင့်လေလေ ၀န်ထမ်းနိုင်မှု ပိုမြင့်လာလေလေပါပဲ ။

အခုနောက်ပိုင်း ဘထ္ထရီအိုးတွေကိုတော့
46B24L
70D23L
80D23R
90D31L
115D31R အစရှိတဲ့ ကုဒ်နံပါတ်တွေနဲ. ဖော်ပြလာကြပါပြီ ၊ အဲ့ဒါတွေကရော ဘာကိုဆိုလိုသလဲဆိုရင်တော့
ဥပမာ 46 B 24 L ကိုပဲ ကြည့်လိုက်ရင် ရှေ.ဆုံးမှာရှိတဲ့ 46 ဆိုတာက အဲ့ဘထ္ထရီအိုးရဲ. ဘထ္ထရီအားသိုလှောင်နိုင်စွမ်း Capacity ကိုဆိုလိုတာပါ ၊ B ဆိုတာကတော့ ဘထ္ထရီအိုးရဲ. အနံနဲ. အမြင့်အတွက် သတ်မှတ်ကုဒ်တခုပါ ၊ 24 ဆိုတာကတော့ အဲ့ဒီဘထ္ထရီအိုးရဲ. အလျားဖြစ်ပြီး Cm (စင်တီမီတာ) နဲ.ဖော်ပြထားတာပါ ၊ L ကတော့ ဘထ္ထရီအိုးမှာရှိတဲ့ Negative Terminal ( _ ) အနှုတ်ငုတ်ကို ဘယ်ဖက်ခြမ်း ( Left ) မှာရှိတယ်လို.ဖော်ပြထားတာပါ ။

ခုနောက်ပိုင်း ဘထ္ထရီအိုးတွေမှာ ဒီလို ကုဒ်နံပါတ်တွေနဲ. ဘထ္ထရီအိုးရဲ. ဆိုက်အရွယ်အစား ဘထ္ထရီအားသိုလှောင်နိုင်မှု ပမာဏ အပေါင်းအနှုတ်ခေါင်းတွေရဲ. တည်နေရာ တွေကို အတိအကျလာတာမို. တူညီတဲ့ ကုဒ်နံပါတ်အမျိုးအစားရှိတဲ့ ဘထ္ထရီအိုးမှသာ ကားမှာတပ်ဆင်အသုံးပြုလို. အဆင်ပြေမှာဖြစ်ပါတယ် ။

ကားဘထ္ထရီမကောင်းတော့ဘူးဆိုရင် သိသာစေတဲ့ အချက်တွေကတော့
ကားစက်စ နှိုးလိုက်ချိန်မှာ ဘထ္ထရီ၀ပ်ပြီး မှစက်နှိုးသွားမျိုး ၊ Starter Motor က အီပြီးမှ နှိုးသွားတာမျိုးတွေဟာ ကားဘထ္ထရီကျလာပြီ ၊ ဘထ္ထရီမကောင်းတော့ဘူးဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချက်ပါ ။

ကားကို မမောင်းဘဲ ရက်အတော်ကြာရပ်ထားပြီး ကားပြန်စက်နှိုးလို.မရတာမျိုးကလည်း ကားဘထ္ထရီသိပ်မကောင်းတော့ဘူးဆိုတာ ပြတဲ့အချက်ပါ ။

ကားမောင်းနေရင် အားလုံးအိုကေ ၊ ကားရပ်ပြီး ချက်ခြင်းပြန်နှိုးမရတော့ဘူး ၊ ဘထ္ထရီထောက်နှိုးမှရတယ်ဆိုတာမျိုးကလည်း ကားဘထ္ထရီမကောင်းတော့တဲ့ လက္ခဏာပါ ။

ဘထ္ထအိုးက ကားစက်နှိုးထားချိန် လိုအပ်တာထက် အပူချိန်မြင့်တာ ၊ ပူနေတာကလည်း ဘထ္ထရီအိုးမကောင်းတဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုး ဗိုက်ပူလာတာ ၊ ဖောင်းလာတာမျိုးကလည်း ဘထ္ထရီအိုးမကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတာပါ ။

နောက်တမျိုး ကားဘထ္ထရီကောင်းမကောင်း စစ်ဆေးနိုင်တာမျိုးကတော့

ပုံမှန် ဘထ္ထရီအိုးကောင်းတလုံး ရဲ. Voltage က 12.60 V လောက်ပျမ်းမျှရှိပြီး ၊ ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Voltage Drop က 11. V ကနေ 10. V ထိပဲဆင်းသွားပါတယ် ။ ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။ ဒါကို Digital Multimeter နဲ.တိုင်းတာကြည့်ရပါတယ် ။ 11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။ သင့်ကား လမ်းမှာ ဘထ္ထရီ၀ပ်စရာ မရှိနိုင်ပါ ။

အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျသွားတတ်ပါတယ် ။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ် ။ ပုံမှန်အားဖြင့် ဒီလောက်ဆို ဘထ္ထရီအိုးအားထိုးကျသွားတာ ဖြစ်ခဲပါတယ် ။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။
။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။ ကားစက်နှိုးထားပြီး ဘထ္ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ်တခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို.လို.နေပါပြီခမျာ ။

ကားဘထ္ထရီအိုးသက်တမ်းတိုစေတဲ့ အပြုအမူတွေကတော့

1. ဘထ္ထရီ အပေါင်းအနှုတ်ခေါင်း ( Terminal ) တွေကို သေချာမကြပ်ထားတာ
ဒီလို ဘထ္ထရီခေါင်းတွေကို သေချာမကြပ်တည်းထားဘဲ ကားမောင်းနေတဲ့ သူတွေကို မကြာခဏတွေ.ရပါတယ် ၊ ကားဘထ္ထရီခေါင်းတွေကို သေချာမကြပ်တဲ့အတွက် ကားမှာရှိတဲ့ Electronic နဲ. Electrical ပစ္စည်းတွေကနေ ၀န်အားဆွဲတဲ့အခါမှာ ကားဘထ္ထရီအားဆွဲတချက် လွတ်တချက်မို. ဘထ္ထရီအိုးကို နာစေပါတယ် ။ ဘထ္ထရီအိုးကို ဒိုင်နမို ( alternator) ကနေ အားသွင်းတဲ့အခါမှာလည်း မိလိုက် လွတ်လိုက်ဖြစ်စေပါတယ် ။ ဒီလိုနဲ.ရက်ပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဘထ္ထရီအိုး ရဲ. Voltage တွေ Current တွေ မတည်ငြိမ်စေတော့ဘဲ ဘထ္ထရီအိုးကိုသက်တမ်းတိုစေပါတယ် ။

2. ဘထ္ထရီအိုး အထိုင်သေချာမငြိမ်တာ
ကားဘထ္ထရီအိုး အထိုင်ကို တည်ငြိမ်အောင်မထားတာ ၊ ဘထ္ထရီအိုးကို ရှေ.နောက် ဘယ်ညာ ယိမ်းထိုးစေတာ မျိုးကလည်း ဘထ္ထရီအိုးရဲ. အတွင်းပိုင်းပစ္စည်းတွေ အက်စစ်တွေကို မတည်ငြိမ်ဘဲ လှုပ်ရှားစေမို. ကားဘထ္ထရီသက်တမ်းကို တိုစေပါတယ် ။ ဒါကြောင့် ခုနောက်ပိုင်းကားတွေမှာဆိုရင် ကားဘထ္ထရီအိုးတည်ငြိမ်ဖို. ဘထ္ထရီအိုးအထိုင်တွေကို ချုပ်တန်းလေးတွေနဲ.တည်ငြိမ်အောင် ဖမ်းထားတာဖြစ်ပါတယ် ။

3. ဘထ္ထရီအိုးကားကုန်အောင် ခဏခဏ သုံးမိတာ
တချို.ကားမောင်းတဲ့သူတွေရှိပါတယ် ၊ ကားရပ်ထားတဲ့အချိန် အတွင်းခန်းမီးတွေ ဖွင့်ထားခဲ့မိတာ ၊ Silent မီးတွေဖွင့်ထားခဲ့မိတာ ကားသော့ကို Acc မှာထားမိတာ ၊ တချို.ကားတွေမှာဆိုရင် Brake Switch တွေကပ်ပြီး ဘရိတ်မီးတွေလင်းနေတာမျိုးတွေကြောင့် ကားဘထ္ထရီကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ် ။ အဲ့လို ဘထ္ထရီ ခဏခဏကုန်အောင်သုံးမိတတ်တာတွေကြောင့်လည်း ကားဘထ္ထရီအိုးရဲ. သက်တမ်းကို တိုစေပါတယ် ။

4. Starter Motor အကြီးတွေသုံးတာ
တချို. ကားဆရာတွေက ကားစက်နှိုးလို. လွယ်အောင်ဆိုပြီး မူရင်းပါလာတဲ့ Starter Motor တွေအစား မော်တာအကြီးစားတွေ ပြောင်းလဲသုံးစွဲတတ်ပါတယ် ။ ကားစက်နှိုးရတာ ပိုမြန်တယ် ၊ ပိုကောင်းတယ်ဆိုပြီး Start Motor တွေပြောင်းသုံးတာကြောင့်လည်း ဘထ္ထရီသက်တမ်းကို လိုတာထက်ပိုတိုစေပါတယ် ။ ဘာကြောင့်ဆိုရင် မူရင်းမော်တာတွေက Current ဆွဲတာ နည်းပြီး ၊ မလိုဘဲ အပိုတပ်ဆင်လိုက်တဲ့ မော်တာအကြီးတွေက Current တွေကို ဆောင့်ဆောင့်ဆွဲတာကြောင့် ကားဘထ္ထရီမြန်မြန်ပျက်ပြီး သက်တမ်းတိုစေတာပါ ။

5. ကားစက်မနှိုးခင် မီးကြီးတွေဖွင့်တာ
တချို.ကားမောင်းတဲ့သူတွေမှာ အဲ့လိုအမူအကျင့်တွေရှိပါတယ် ၊ ကားပေါ်တက် စက်မနှိုးရသေးခင် ရှေ.မီးကြီးတွေဖွင့် တဲ့ အကျင့်တွေရှိပါတယ် ၊ အဲ့ဒါမျိုးက တခါတရံဆို ပြဿနာမရှိပေမယ့် အမြဲလိုလိုလုပ်တတ်တယ်ဆိုရင်တော့ ကားဘထ္ထရီကို ဒုက္ခပေးပြီး သက်တမ်းတိုစေပါတယ် ။
6. ကားစက်မနှိုးထားဘဲ AC တွေ Fan တွေဖွင့်သုံးတာ
ဒါကတော့ တော်တော်များများဖြစ်တတ်ကြပါတယ် ၊ ကားစက်မနှိုးခင် အတွင်းခန်း Blower Fan တွေကိုဖွင့်ထားမိတာ ၊ အတွင်းပိုင်း Audio ပိုင်းတွေ ၊ အတွင်းခန်းမီးတွေကို ဖွင့်ထားမိတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို တိုစေတတ်ပါတယ် ။

7. Alternator မကောင်းတာ
ဘထ္ထရီအားသွင်းစနစ်ဖြစ်တဲ့ Alternator တွေရဲ. ဘထ္ထရီအားသွင်းစနစ် Under Charge အားသွင်းဗိုစ့်အားနည်းတာ ၊ Over Charge အားသွင်းဗိုစ့်အားများတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို မြန်မြန်ကုန်ဆုံးစေပါတယ် ။

8. Short ကျပြီး Load ဆွဲတာ
ကားဝါယာရိန်းစနစ် ဒါမှမဟုတ် Electrical နဲ.သက်ဆိုင်တဲ့ ပစ္စည်းတခုခုပျက်စီးယိုယွင်းပြီး ကားစက်သတ်ရပ်ထားချိန် Amp ( Current) ဆွဲနေတာကြောင့် နာရီပိုင်းလောက်ကားရပ်ထားပြီး ကားဘထ္ထရီအားကုန်တာမျိုးတွေကလည်း ကားဘထ္ထရီကို သက်တမ်းတိုစေတတ်ပါတယ် ။ ဒါမျိုးဖြစ်တယ်ဆိုရင်တော့ ဘထ္ထရီအိုးအသစ်လဲရုံနဲ.မရဘဲ Load ဆွဲနေတဲ့ ပြစ်ချက်ကို ရှာမှ ဘထ္ထရီပျက်စီးတာ ရပ်တန်.မယ်ဖြစ်ပါတယ် ။

ဒီအချက်တွေက အမှတ်မထင်ပြုမူမိတတ်တဲ့ ကားဘထ္ထရီသက်တမ်းတိုစေတဲ့ အခြေခံအကြောင်းရင်းတွေပါ ။ ဒီအချက်တွေကို သတိထားမယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့ ကားဘထ္ထရီသက်တမ်း ၁နှစ် အထိ အပျက်အစီးအယိုအယွင်းမရှိဘဲ ကြာရှည်ထိန်းထားနိုင်ပြီး သက်တမ်းပြည့်သည်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခမျာ ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ ။
Lynn Za Nee (P.T.U)
စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/Prime125/posts/3056093228022744
ကားဝါယာရိန်း အွန်လိုင်း သင်တန်းများတက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/592592393064455
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U )
Crd..

🚙ကားနဲ့ပတ်သက်သည့် ဗဟုသုတရဖွယ်အကြောင်းအရာများ......■ Cruise Controlအဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့သက်မှတ်မ...
01/09/2023

🚙ကားနဲ့ပတ်သက်သည့် ဗဟုသုတရဖွယ်အကြောင်းအရာများ......

■ Cruise Control

အဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့သက်မှတ်မြန်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်ပေးနေတဲ့ အချိန်မျိုးမှာ အချက်ပြပေးမှာဖြစ်ပါတယ်။

မော်တော်ကားမောင်းနှင်ခြင်းကို သက်သက်သာသာရှိအောင် ကူညီထိန်းကျောင်းလုပ်ဆောင်ပေးမယ့် အကူစနစ်ဆိုရင် မမှားပါဘူး။

အချက်ပြနေတာကို ပိတ်ချင်ရင် ဘရိတ်ကိုအသုံးပြုရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချက်ပြစနစ်ပိတ်မသွားပဲဆက်ပြီး ပေါ်နေဦးမယ်ဆိုရင် ချွတ်ယွင်းချက်ရှိနေတာဖြစ်ပါတယ်။

အန္တရာယ်ရှိတာကြောင့် ဆက်မမောင်းပဲ ပြင်ဆင်ပြီးမှ ပြန်မောင်းပါလို့ အကြံပေးလိုပါတယ်။

■ Adaptive Cruise Control

သူက Cruise Control ရဲ့ နောက်ဆက်တွဲနည်းပညာဖြစ်ပြီး သူလည်းအလိုအလျောက်လုပ်ဆောင်ပေးမယ့် စနစ်ဖြစ်ပါတယ်။

ပုံပေါ်နေရင် အဆိုပါစနစ်လုပ်ဆောင်နေတာဖြစ်ပြီး မသုံးချင်ဘူးဆိုရင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

■ Engine Cooling System

အင်ဂျင်က အနားမရပဲ ဆက်တိုက်အလုပ်လုပ်ပေးနေရတာမျိုး၊ ပြင်းပြင်းထန်ထန်ရုန်းကန်ပေးနေရတဲ့အချိန်မျိုးမှာ အချက်ပြပေးတဲ့စနစ်ဖြစ်ပါတယ်။

အရေးကြီးပါတယ်။ အင်ဂျင်ရဲ့ ခံနိုင်ရည်အပူချိန်ထက်ပိုပြီး မြင့်မားနေပြီ၊ အမြင့်ဆုံးအပူချိန်ရောက်​နေပြီ ဆိုတာကို အချက်ပြတာဖြစ်တဲ့အတွက် အင်ဂျင်ကို အနားပေးပါ။ ဆက်ပြီး
မမောင်းသင့်ပါဘူး။

တဆက်တည်းမှာ ရေတိုင်ကီနဲ့ ရေပိုက်စနစ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။

■ Vehicle Charging System

သူကတော့ ကားရဲ့အားသွင်းစနစ်မှာ ချွတ်ယွင်းချက်ရှိနေတယ်လို့အချက်ပြပေးတာဖြစ်ပါတယ်။

ဘက်ထရီအားဝင်/မဝင်၊ ဘက်ထရီကောင်း/မကောင်း စစ်ဆေးရမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းက ကားမီးလောင်တာမျိုးကို ပိုဖြစ်စေနိုင်တဲ့အလားအလာရှိတာကြောင့် ဒီမီးလင်းလာရင် ဆက်မောင်းတာမျိုး မလုပ်ပါနဲ့။ ပြင်ဆင်ပါ။

■ Air Suspension

Suspension စနစ်ရဲ့ အဆင့်မြင့် စနစ်ပဲ ဖြစ်ပါတယ်။ Absorber တွေနဲ့ ဖန်တီး ထည့်သွင်းထားတဲ့စနစ် မဟုတ်တော့ပဲ ခရီးသည်တင်ကားတွေရဲ့ အောက်ဖက် လေအိတ်တွေလိုပဲ ကားကို သက်သောင့်သက်သာစီးနင်းနိုင်အောင် လေအိတ်ပုံစံ Suspension စနစ်နဲ့ သွားတာ ဖြစ်ပါတယ်။

အထက်ပါစနစ်ချွတ်ယွင်းနေတယ်ဆိုတာကို အချက်ပြတာဖြစ်ပြီး ပြန်လည်ပြုပြင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

■ Automatic Gearbox Box

အော်တိုဂီယာနဲ့ကားတွေမှာ ဒီမီးလင်းနေရင် ဂီယာကချွတ်ယွင်းချက်ရှိနေပြီလို့ပြောတာဖြစ်ပါတယ်။ အရေးကြီးပါတယ်။ စစ်ဆေးပြင်ဆင်ရမှာပါ။

■ Towing Hitch

ဝန်တင်ဆောင်ထားမယ်ဆိုရင် Mode ပြောင်းလဲ မောင်းနှင်နိုင်တဲ့ ကားတွေမှာ Tow Mode ပြောင်းလဲ မောင်းနှင်ဖို့ အချက်ပြခြင်း ဖြစ်တတ်သလို Mode ပြောင်းလဲ မောင်းနှင်နိုင်ခြင်းမရှိတဲ့ မော်ဒယ်တွေဆိုရင်လည်း ဝန်တင်ဆောင်ထားကြောင်းနဲ့ ပုံမှန်ထက် ဝန်များကြောင်း အချက်ပြပေးမှာ ဖြစ်ပါတယ်။

■ Electronic Stability Programme

သူက Stability စနစ်ကို လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်နေတယ် ဆိုတာ သိစေအောင် အချက်ပြပေးတာ ဖြစ်ပါတယ်။

ထည့်သွင်း Software ကနေ တဆင့် ထိန်းချုပ်ပေးတာဖြစ်ပြီး ဒီစနစ်က ပုံမှန် Stability စနစ်တွေထက် ကားကို လမ်းကြောင်းပေါ်မှာ ပိုမိုတည်ငြိမ်မှု ပေးနိုင်တာ တွေ့ရပါတယ်။

■ Stability Control Off

နောက်ပိုင်းထုတ်ကားတွေမှာ မော်တော်ယာဉ်မောင်းနှင်ချိန် တည်ငြိမ်မှုထိန်းချုပ်တဲ့စနစ်ကို ပိတ်ထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

■ Lane Assist

သူက မော်တော်ကားတိုင်းမှာတော့ မပါပါဘူး။ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေမှာ ပိုပြီးတွေ့ရပါတယ်။

ကားရဲ့ဘေးဘက်တွေကိုအာရုံခံပြီး အချက်ပြပေးတဲ့စနစ်မျိုးဖြစ်တာကြောင့် လမ်းကျဉ်းလိုနေရမျိုးတွေမှာဆို အသုံးတည့်ပါတယ်။ ဒီစနစ်ကလည်းမလိုဘူးဆို ပိတ်ထားလို့ရပါတယ်။

■ Airbag and Seat Belt System

သူကတော့ အသက်ကယ်လေအိတ်စနစ်မှာ အားနည်းချက်ရှိနေတာမျိုး၊ ထိုင်ခုံခါးပတ်မှာ ပြစ်ချက်ရှိနေတာမျိုးတွေကို အချက်ပြပေးတာဖြစ်ပါတယ်။

အချို့သောကားတွေမှာဆို ကားမောင်းတဲ့အချိန် ခါးပတ်ပတ်မထားရင်လည်း ဒီပုံစံနဲ့ပဲ အချက်ပြပေးတက်ပါတယ်။

■ Brake System

သူက ကနေဒါပုံစံအချက်ပြစနစ်ပါ။ အမေရိကန်စနစ်မှာတော့ Brake ဆိုတဲ့ စာသားနဲ့လာပါတယ်။

ဘရိတ်စနစ်မှာ အားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

လက်ကိုင်ဘရိတ်စနစ်ကို ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။

■ Engine Oil Pressure

သူက အင်ဂျင်အတွင်းက အင်ဂျင်ဝိုင်ဖိအားနဲ့ အနေအထားကို အချက်ပြပေးတာဖြစ်ပါတယ်။

စက်နှိုးဖို့သော့ထည့်လိုက်ရင် အချက်ပြပေးပြီး စက်နိုင်းသွားရင် ပြန်ပိတ်ပါတယ်။ ပြန်မပိတ်ဘူးဆိုရင်တော့ အင်ဂျင်ဝိုင်ကို စစ်ရမှာဖြစ်ပါတယ်။

Pressure နည်းလေလေ အင်ဂျင်ဝိုင်ရှိရမယ့်ပမာဏလျော့နည်းလေလေဖြစ်ပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပေးတာမျိုး၊ ထပ်ဖြည့်တာမျိုး လုပ်ပေးရမှာပါ။

■ Engine Oil Level

အင်ဂျင် ဖိအားတိုင်း အချက်ပြမီးစနစ်နဲ့ ဆင်တူပါတယ်။ ဒီစနစ်ကတော့ အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကို အာရုံခံ အချက်ပြပေးမှာ ဖြစ်ပြီး သူက ပမာဏ နည်းနေရင် ထပ်ထည့်နိုင်အောင် အချက်ပြပေးမယ့် စနစ် ဖြစ်ပါတယ်။

■ Ignition Switch

သူကထုတ်လုပ်တဲ့ ကားကုမ္ပဏီအလိုကျ
ပုံစံမျိုးစုံနဲ့လာပါတယ်။

မော်တော်ကားစက်နှိုးဖို့ အသင့်အနေအထားကို အချက်ပြတာပါ။

ဒီနေ့ခေတ်ကားတွေမှာ အခုစနစ်အတွက် အချက်ပြပုံစံ ၁၀ မျိုးကျော်လောက်အထိ
လာတာတွေ့ရပါတယ်။

■ Power Steering System

နောက်ပိုင်းထုတ်မော်ဒယ်တွေမှာ အများဆုံးတွေ့ရတဲ့စနစ်ဖြစ်ပါတယ်။

လက်ကိုင်ပိုင်းကို ပိုပြီးပေါ့ပါးအောင်၊ မောင်းနှင်ရသွက်အောင် ထည့်သွင်းပေးထားတဲ့စနစ်ဖြစ်ပြီး ဒီပုံပေါ်လာတာက အဲ့ဒီစနစ်မှာ အားနည်းချက်
ရှိနေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

ပါဝါစတီယာရင် အပိုင်းနဲ့ ပါဝါဆီ ရှိ/မရှိ
စစ်ဆေးရမှာဖြစ်ပါတယ်။

■ Bonnet

သူက ကားရဲ့ရှေ့ဘက် အင်ဂျင်ခန်းအဖုံးဖွင့်ထားတယ်/ပွင့်နေတယ်ဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

အင်ဂျင်စက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

■ Boot Lid

နောက်ဖက် ဝန်တင်ခန်း အဖုံးပွင့်နေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

နောက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

■ Doors

ကားရဲ့တံခါးတစ်ခုခုပွင့်နေမယ်ဆိုရင် အချက်​ပြပေးမှာဖြစ်ပါတယ်။

တံခါးတွေကိုစစ်ဆေးပါ။ Lock မကျသေးတဲ့တံခါးကို ပြန်ဖွင့်ပြီး ပြန်ပိတ်ပေးရမှာဖြစ်ပါတယ်။

■ Steering Lock

Steering ကို Lock ချထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

■ Anti-Lock Brake System

နောက်ပိုင်းထုတ်မော်ဒယ်အများစုမှာ တပ်ဆင်လာတဲ့စနစ်ဖြစ်ပါတယ်။
သူက ကားသော့ စဖွင့်တာနဲ့လင်းပါတယ်။ ခဏလောက်နေရင် ပြန်ပိတ်ရပါတယ်။ ဆက်ပြီးပေါ်နေသေးတယ်ဆိုရင်တော့ စနစ်မှာအားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

■ Windscreen Washer Fluid Level

ရှေ့မှန်၊ နောက်မှန်တွေကိုဆေးတဲ့ မှန်ဆေးရည်ပမာဏကို အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာတော့ မှန်ဆေးရည်စနစ်
မပါတတ်ပါဘူး။ ဒါ့အပြင် မှန်ဆေးရည်စနစ်ပါတဲ့ကားတချို့မှာလည်း ဒီအချက်ပြစနစ်ကို မထည့်ထားပါဘူး။

နောက်ဆုံးပေါ် အဆင့်မြင့်ကားတွေမှာပဲ
တွေ့ရများပါတယ်။

■ Emissions Control Lamp

သူကတော့ ဓာတ်ငွေ့ ထုတ်လွှတ်တဲ့အပိုင်းမှာ ပြစ်ချက်ရှိနေပြီလို့ အချက်ပြပေးတာ ဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာ ဒီအချက်ပြစနစ် မပါတတ်သလို အချို့ကားတွေမှာဆိုရင်လည်း ဒီလိုပြစ်ချက်မျိုးကို အင်ဂျင်ထိန်းချုပ်စနစ်အားနည်းချက်ပြသင်္ကေတနဲ့ရောပြီး အချက်ပြတတ်ပါတယ်။

■ Tyre Pressure Monitoring

သူက နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ ပါရှိတဲ့ အချက်ပြစနစ် ဖြစ်ပါတယ်။ တာယာရဲ့ လေပေါင်ချိန်ကို ခန့်မှန်း အာရုံခံပြီး အချက်ပြပေးမှာ ဖြစ်ပါတယ်။

ခရီးဝေး မောင်းနှင်မှုတွေ အတွက် တာယာ
လေပေါင်ချိန်ဟာ အရေးကြီးတဲ့ အတွက် နောက်ပိုင်းထုတ် မော်ဒယ် အများစုမှာ တပ်ဆင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

■ Rain and Light Sensor

မိုးရွာနေတဲ့အချိန် ပြင်ပအလင်းရောင် သိပ်မရှိတော့တဲ့ အချိန်မျိုးမှာ ဒီစနစ်က အာရုံခံပြီး အလိုအလျောက် လင်းပေးမှာဖြစ်ပါတယ်။

အပြင်ကမိုးကရွာ၊ မှောင်ကလည်း မှောင်နေပေမဲ့ ဒီမီးမလင်းဘူးဆိုရင်တော့ လျှပ်စစ်ပိုင်းနဲ့ အာရုံခံအပိုင်းကို စစ်ဆေးရမှာဖြစ်ပါတယ်။

■ Adaptive Lighting System

သူက အလိုအလျောက်လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပြီး ရှေ့မီးကြီးဖွင့်ထားချိန်မှာ မီးလုံးအနေအထားက သင့်တော်တဲ့ အခြေအနေမှာ
ရှိနေပြီဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

■ Convertible Roof

အမိုးဖွင့်ကားတွေမှာပါရှိမယ့် အချက်ပြမီးစနစ် ဖြစ်ပါတယ်။

အမိုးကို အဖွင့်၊ အပိတ် လုပ်နိုင်မယ် ဆိုတာကို အချက်ပြပေးမယ့် အပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်ကိုမူတည်ပြီး အမိုးဖွင့်ထားသလား၊ ပိတ်ထားသလားဆိုတာကိုပါ အချက်ပြပေးတာ တွေ့ရပါတယ်။

■ Engine Management Lamp

သူက အင်ဂျင်ကို စစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ အချက်ပြပေးတာ ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ကားကုမ္ပဏီ အပေါ်မှာမူတည်ပြီးတော့ Check ဆိုတဲ့ စာသားနဲ့ အချက်ပြမှု ပုံစံလည်း ရှိသလို၊ Service Engine Soon ပုံစံနဲ့လည်း သတိပေးတတ်တာ တွေ့ရပါတယ်။

■ Low Fuel Level

သူကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအပေါ်ကို မူတည်ပြီး အနည်းဆုံး ဆီပမာဏ လက်ကျန်ကို အခြေခံတွက်ချက်ကာ မကြာခင်မှာ စက်သုံးဆီ
ကုန်တော့မယ်ဆိုတဲ့ အကြောင်းကို အချက်ပြ
ပေးမှာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ ပျမ်းမျှ ဆီ ၂ ဂါလံဝန်းကျင် ကျန်ရှိချိန်မှာ အချက်ပြမီး လင်းလာတတ်ပြီး နောက်ထပ် ခရီး ၁၀ မိုင်ကျော် သွားလာနိုင်သည်ထိအောင် ဆီလက်ကျန် ရှိချိန် အချက်ပြပေးတတ်ပါတယ်။

■ Rear Fog Lights

နောက်ဖက် Fog မီးလင်းလာချိန်မှာမှ အချက်ပြမယ့် မီးစနစ်ပါ။ ပြသမှု ပုံစံ နှစ်ခု ရှိတတ်ပါတယ်။

ပထမ တစ်ခုက Fog မီးဖွင့်လိုက်တာနဲ့ လင်းလာတာက Fog မီးလင်းကြောင်း အချက်ပြမီးနဲ့ နောက်ထပ် ပုံစံတစ်ခုက နောက်ဖက်ကနေ အနီးကပ် ကားမီးကြီး တစ်ခုခု လင်းနေတယ်၊ ကပ်ပါတယ်ဆိုတာ အာရုံခံ အချက်ပြတာဖြစ်ပါတယ်။

ဒုတိယအချက်ပြမီးစနစ်ကို ထည့်ထားတဲ့
ကားတွေက ရှားပါတယ်။ ဇိမ်ခံကားတွေမှာပဲ
ပါရှိ တတ်ပါတယ်။

ဗဟုသုတရရှိစေရန် ပြန်လည်မျှ​​ဝေ​ခြင်းသာ
ဖြစ်ပါသည်။

🚙Mr.Jetကားမောင်းသင်တန်းနှင့်
RTAD General Services
☎️09254330345
Crd

အင်ဂျက်တာ ပြစ်ချက်များမော်တော်ကားဓါတ်ဆီအင်ဂျင်မှာ အသုံးပြုတဲ့ အင်ဂျက်တာတွေ မကောင်းတဲ့အခါ အင်ဂျင်စလိုးမငြိမ်ခြင်း၊ လီဗာနင...
04/08/2023

အင်ဂျက်တာ ပြစ်ချက်များ

မော်တော်ကားဓါတ်ဆီအင်ဂျင်မှာ အသုံးပြုတဲ့ အင်ဂျက်တာတွေ မကောင်းတဲ့အခါ အင်ဂျင်စလိုးမငြိမ်ခြင်း၊ လီဗာနင်းမရခြင်း၊ အင်ဂျင်တုန်ခါခြင်း၊ အနှိုးခက်ခြင်း စတဲ့ ပြဿာနာတွေကြုံတွေ့နိူင်သလို ဆီကျမမှန်ခြင်း၊ အင်ဂျက်တာပိတ်ခြင်းတွေကြောင့်လည်း အင်ဂျင်ပါဝါဆုံးရှုံးပြီး အဆွဲအရုန်းကျခြင်းနှင့် ဆီစားများခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒီဆောင်းပါးလေးမှာ အင်ဂျက်တာမကောင်းဘူးဆိုတာကို အလွယ်တကူသိနိူင်တဲ့အချက်တွေနဲ့ ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

၁) စလိုးမငြိမ်ခြင်း (Rough Idle) – အင်ဂျက်တာတွေ မကောင်းတဲ့အခါ အင်ဂျင်စလိုး တည်ငြိမ်မှုမရှိဘဲ အင်ဂျင်တုန်ခါနေမှာဖြစ်ပါတယ်။ အင်ဂျက်တာပိတ်ခြင်း (သို့မဟုတ်) ဆီကျမမှန်ခြင်းကြောင့် ဆီလေအချိုး မှားယွင်းကာ အင်ဂျင်ပါဝါကို ဆုံးရှုံးစေသလို စလိုးမငြိမ်ဘဲ အင်ဂျင်ခါနေမှာဖြစ်ပါတယ်။ အင်ဂျင်စလိုးမငြိမ်ရတဲ့ တခြားပြစ်ချက်များစွာရှိနိူင်ပေမယ့် အင်ဂျက်တာကိုလည်း စစ်ဆေးသင့်ပါတယ်။

၂) အင်ဂျင်ချက်မီးလင်းခြင်း (Check Engine Lamp) – အင်ဂျက်တာတွေ မကောင်းတဲ့အခါ အင်ဂျင်မစ်ဖိုင်းယား ( လောင်ကွျှမ်းမှု မှားယွင်းခြင်း (သို့) လွဲမှားခြင်း) ကို ဖြစ်ပေါ်စေပြီး အင်ဂျင်ချက်မီးလင်းစေမှာ ဖြစ်ပါတယ်။ အင်ဂျင်မစ်ဖိုင်းယားပြစ်ချက်ကုဒ်က ပလပ် (Spark Plug) တွေကြောင့် အဖြစ်များပေမယ့် အင်ဂျင်တာတွေ ဆီကျမမှန်ရင်လည်း မစ်ဖိုင်းယားကုဒ်တက်ကာ အင်ဂျင်ချက်မီးလင်းစေပါတယ်။

၃) စက်အနှိုးခက်ခြင်း (Trouble Starting) – အင်ဂျက်တာတွေမကောင်းတဲ့အခါ အင်ဂျင်နှိုးရခက်ခဲစေပါတယ်။ အင်ဂျင်မီးလောင်ပေါက်ကွဲဖို့အတွက် လောင်စာဆီ၊ လေ နှင့် မီး လိုအပ်တဲ့အတွက် အင်ဂျက်တာတွေမှ လောင်စာဆီမဖြန်းပေးတဲ့အခါ စက်နှိုးဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်နှိုးရခက်တဲ့အခါ အင်ဂျက်တာတွေကိုလည်း စစ်ဆေးသင့်ပါတယ်။

၄) ဆီစားများခြင်း (သို့) ဆီနံ့မွှန်ခြင်း – အင်ဂျက်တာတွေ ဆီကျမမှန်တဲ့အခါ ကောင်းမွန်တဲ့ ဆီလေအချိုးကိုမရရှိဘဲ အင်ဂျင်ပါဝါဆုံးရှုံးစေကာ ဆီစားများခြင်း၊ အိတ်ဇောမှ ဆီနံ့မွှန်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဆီနံ့မွှန်တာက ပလပ်တွေကြောင့်လည်း ဖြစ်နိူင်ပေမယ့် ဆီစားများနေပြီဆိုရင်တော့ အင်ဂျက်တာတွေကိုလည်း စစ်ဆေးသင့်ပါတယ်။

၅) အဆွဲအရုန်းကျခြင်း (Sluggish Performance) – ကားအဆွဲအရုန်းကျစေတဲ့ အချက်တွေက များစွာရှိပါတယ်။ ပလပ်တွေမကောင်းခြင်း၊ MAF ဆင်ဆာ ချေးပိတ်ခြင်း၊ ပလပ်ကွိုင်မကောင်းခြင်း၊ ကျောက်ဇကာပိတ်ခြင်း၊ အောက်ဆီဂျင်ဆင်ဆာ မကောင်းခြင်းစတဲ့ ပြစ်ချက်များစွာကြောင့် ကားအဆွဲအရုန်းကျနိူင်သလို အင်ဂျက်တာတွေမကောင်းရင်လည်း အဆွဲအရုန်းကျစေနိူင်ပါတယ်။

၆) အင်ဂျက်တာ ဆီယိုစိမ့်ခြင်း (Fuel Leak) – အင်ဂျက်တာတပ်ဆင်ထားတဲ့ အင်းလပ်မဂနီဖိုး (သို့) ဆလင်ဒါဟက်မှာ လောင်စာဆီယိုစိမ့်မှုတွေ့နေရပြီး လောင်စာဆီညှော်နံ့ရနေတယ်ဆိုရင်တော့ အင်ဂျက်တွေမှာ ပြစ်ချက်ရှိနေပြီဆိုတာကို အလွယ်တကူသိရှိနိူင်ပါတယ်။ အင်ဂျက်တာတွေရဲ့ ဆီးလ် (O ring) တွေမလုံတဲ့အခါ လောင်စာဆီယိုစိမ့်မှုဖြစ်ပွားနိူင်တာ ဖြစ်ပါတယ်။ အထက်ပါဖော်ပြခဲ့တဲ့အချက်တွေကတော့ အင်ဂျက်တာ မကောင်းတဲ့အခါ အလွယ်တကူသိနိူင်တဲ့ ပြစ်ချက်တွေဘဲ ဖြစ်ပါတယ်။ (ကိုးကား – https://oards.com/)

ပလပ်ကွိုင် ပြစ်ချက်တချို့ဓါတ်ဆီအင်ဂျင်ရဲ့ အင်ဂျင်မီးပေးစနစ်( Ignition System) မှာ အသုံးပြုတဲ့ ပလပ်ကွိုင် (Ignition Coil)...
19/07/2023

ပလပ်ကွိုင် ပြစ်ချက်တချို့

ဓါတ်ဆီအင်ဂျင်ရဲ့ အင်ဂျင်မီးပေးစနစ်( Ignition System) မှာ အသုံးပြုတဲ့ ပလပ်ကွိုင် (Ignition Coil) ဆိုတာ ပလပ်တွေကို မီးကူးပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ပလပ်ကွိုင်က ကားဘက်ထရီရဲ့ 12V အားကို ဗို့အားမြှင့်တင် (10000 V အထက်) ပေးပြီး ပလပ်တွေကို မီးကူးပေးကာ လောင်စာအရောကို လောင်ကျွမ်းစေတာဖြစ်ပါတယ်။ ပလပ်ကွိုင်တွေ မီးကူးအားကျဆင်းသွားတဲ့အခါ ပြစ်ချက်များစွာဖြစ်စေနိုင်တာကြောင့် ဒီဆောင်းပါးလေးမှာ ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

၁) စက်နှိုးရခက်ခြင်းနှင့် စက်သေခြင်း – ပလပ်ကွိုင်တွေမကောင်းတဲ့အခါ ပလပ်တွေကို မီးကောင်းကောင်းမကူးပေးနိုင်တဲ့အတွက် အင်ဂျင်နှိုးရခက်ခဲစေပါတယ်။ ကားမောင်းနေရင်လည်း စက်ထိုးရပ်တဲ့ ပြဿနာကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် ဝန်မပါတဲ့အချိန် ပြဿနာမရှိပေမယ့် ဝန်တင်တဲ့အချိန် (သို့) ကုန်းတက်တဲ့အချိန်မှာ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ခြင်း၊ စက်သေခြင်း၊ လီဗာနင်းမရခြင်း စတဲ့ပြစ်ချက်တွေကိုလည်း ကြုံတွေ့နေရပြီဆိုရင်တော့ ပလပ်ကွိုင်တွေကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။

၂) မစ်ဖိုင်းယားပြစ်ချက် (Misfire) ဖြစ်စေခြင်း – မစ်ဖိုင်းယားပြစ်ချက်ဆိုတာကတော့ ပလပ်ကွိုင်တွေက ပလပ်တွေကို မီးကူးပေးတဲ့အခါ မီးထွက်အားနည်းခြင်း၊ မီးမထွက်ခြင်း၊ မီးပေးတဲ့တိုင်မင်လွဲခြင်းစတဲ့ပြစ်ချက်တွေကြောင့် မစ်ဖိုင်းယားပြစ်ချက်ဖြစ်စေတာ ဖြစ်ပါတယ်။ မစ်ဖိုင်းယားပြစ်ချက်ရဲ့ အဓိကတရားခံက ပလပ်ကွိုင်တွေဖြစ်တာကြောင့် သေချာစစ်ဆေးသင့်ပါတယ်။

၃) အင်ဂျင်ချက်မီးလင်းခြင်း – ပလပ်ကွိုင်တွေမီးကူးအားကျဆင်းသွားတဲ့အခါ (သို့မဟုတ်) ပလပ်ကွိုင်မကောင်းတဲ့အခါ မစ်ဖိုင်းယားပြစ်ချက်ဖြစ်စေခြင်း၊ ဆီလေအချိုးများခြင်း (Rich Mixture) ပြစ်ချက်တွေကိုဖြစ်စေနိုင်သလို ကားမောင်းသူကို အသိပေးဖို့ အင်ဂျင်ချက်မီးကိုလည်း လင်းစေပါတယ်။ အင်ဂျင်ချက်မီးလင်းတဲ့အခါ ဖြစ်နိုင်တဲ့ ပြစ်ချက်များစွာရှိနိုင်သလို ပလပ်ကွိုင်ကြောင့်လည်း လင်းစေနိုင်ပါတယ်။

၄) ဆီနံ့မွှန်ခြင်း နှင့် ဆီစားများခြင်း – ပလပ်ကွိုင်တွေမကောင်းတဲ့အခါ ကားအင်ဂျင်ဆီစားများတဲ့ ပြစ်ချက်ကို ဖြစ်စေနိုင်သလို အိတ်ဇောအထွက်မှာ ဆီနံ့ကိုလည်း မွှန်စေပါတယ်။ ဒါအပြင် ကားစက် စတင်နှိုးလိုက်တဲ့အချိန်မှာ ဖုန်း၊ ဖုန်း ဆိုတဲ့အသံနှင့်အတူ အိတ်ဇောပေါက်သံ (Backfire) ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ ပလပ်ကွိုင်ပြစ်ချက်ရှိတဲ့အခါ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေဘဲဖြစ်ပါတယ်။ ဒါ့အပြင် ပလပ်ကွိုင်မကောင်းတဲ့အခါ အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်ခြင်း၊ ဂီယာချိန်းနောက်ကျခြင်း၊ ဂီယာမချိန်းခြင်း စတဲ့ပြစ်ချက်များကိုလည်း ဖြစ်စေနိုင်သလို ကားအရှိန်တင်မရခြင်း၊ လီဗာနင်းမရခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ (ကိုးကား – https://oards.com/)

သိသူကျော်သွား မသိသူဖော်စား (8)ကားဝယ်တော့မယ်ဆိုရင် ချက်မီး ကျော်ခွထားတဲ့ ဂျင်း ကားတွေကို သတိထားစေဖို့အခုတလော ချက်မီးတွေ က...
06/05/2023

သိသူကျော်သွား မသိသူဖော်စား (8)

ကားဝယ်တော့မယ်ဆိုရင် ချက်မီး ကျော်ခွထားတဲ့ ဂျင်း ကားတွေကို သတိထားစေဖို့

အခုတလော ချက်မီးတွေ ကျော်ခွထားခံရတဲ့ ကားတွေ ကားမောင်းရတာ အဆင်မပြေလို့ဆိုပြီး တော်တော်များများရုံကို ရောက်လာတယ်ဗျ ။ ကားကို သော့ဖွင့် စက်နှိုးကြည့်လိုက်တော့ ဒိုင်ခွက်ထဲမှာ ဘာချက်မီးမှ လင်းမနေဘူး ၊ အဲ့ဒါနဲ. မသင်္ကာလို. ကားစက်သတ် ၊ သော့ဖွင့်ကြည့်တော့ ကားရဲ. ဒိုင်ခွက်ထဲက ချက်မီးတွေ ပေါင်းထားတာ သွားသတိထားမိတယ် ၊ သေချာအောင် Diagnostic စက်နဲ.ယူထိုးကြည့်တော့ Error Code တွေ Fault Code တွေ တသီကြီးတက်လာတယ် ၊ အဲ့ဒါနဲ. ကားပိုင်ရှင်ကို ဘာတွေလုပ်ထားလည်းမေးကြည့်တော့ သူလည်း ဒီကားဝယ်ထားတာ မကြာသေးဘူးတဲ့ ။

အဲ့ဒါနဲ. ကျနော်လည်း

“ အကို.ကားက ချက်မီးတွေ ကျော်ထား ခွထားတယ် ၊ လွယ်လွယ်ပြောရရင် ကားမှာပျက်နေတဲ့ ပြင်ဖို.လိုတဲ့ အစိတ်အပိုင်းတွေ ပစ္စည်းတွေကို မပြင်ဘဲ ၊ ဒီ ရောဂါတွေ ဖြစ်နေတာကို ပြတဲ့ ချက်မီးတွေကို ဘာမှမဖြစ်သလို ၊ ဘာရောဂါမှ မရှိသလို ကျော်ခွထားတယ် “ ဆိုပြီး ရှင်းပြရတယ် ။

ပုိသေချာအောင် ဒိုင်ခွက်ဖြုတ်ပြီးစစ်ကြည့်လိုက်တော့ ၊ ဒိုင်ခွက်ထဲက ချက်မီးနေရာတွေကို ကျော်ထား ခွထားတာတွေ မွစာကြဲနေအောင်တွေ့ရတော့တာပါပဲ ။ ဒါမျိုး ကျော်ခွထားတဲ့ ကားတွေဝယ်မိတယ်ဆို ၊ ကားဝယ်သူ ကားပိုင်ရှင်တွေအတွက် ရောဂါဗရပွနဲ့ကားကို စျေးကြီးပေးဝယ်မိတာဖြစ်လို့ အများကြီးနစ်နာပါတယ် ။ ကျော်ထား,ခွထားတဲ့ Error တွေက လွယ်လွယ်ကူကူ ဖြေရှင်းရတဲ့ ပြဿနာတွေဆို တော်ပါသေးတယ် ။ ငွေကုန်ကြေးကျ များတဲ့ ပစ္စည်းတွေ အစားထိုးလဲလှယ်ရမယ့် ချက်မီးတွေဆို ကားဝယ်သူတွေအတွက် ဆင်ဖိုးထက် ချွန်းဖိုးကြီး ၊ ထမ်းပိုးထက် လက်ခကြီးဖြစ်ရတော့မယ့် အခြေအနေပါ ။ ဒီလို အခြေအနေတွေကို ကားဝယ်သူတွေ မကြုံတွေ့ရစေဖို့ရယ် ၊ ဒီလို ကျော်ခွထားတဲ့ ကားတွေကို အလွယ်တကူ သိရှိစေနိုင်ဖို့ချက်မီးတွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတ အကြောင်းလေးတွေ တင်ပြပေးလိုက်ရပါတယ် ။

Check Light ဆိုတာ ဘာလဲ ?

Check Light ဆိုတာက အခု လက်ရှိကျနော်တို့ အသုံးပြုနေတဲ့ ခေတ်ပေါ် EFI (Electronic Fuel Injection) နည်းပညာသုံး ECU (Engine Control Unit ) ဆိုတဲ့ ကွန်ပျူတာ စနစ်နဲ့ ထိန်းချုပ်ထားတဲ့ ကားတွေမှာ အသုံးပြုနေတဲ့ ကားနဲ့ပတ်သတ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ စနစ်တွေပျက်စီးချို့ယွင်းလာတဲ့အခါမှာ ကားမောင်းသူကို အချက်ပေး သတိပေးတဲ့ မီးလေးတွေပါ ။ ဒီ Check Light တွေက ကားရဲ. Instrument Panel (ဒိုင်ခွက်) ထဲမှာ ဖော်ပြထားလေ့ရှိပြီး ၊ ကားစက်မနှိုးသေးဘဲ ကားသော့ဖွင့် ( On) လိုက်တာနဲ့ ၊ ဒိုင်ခွက်ထဲမှာ ဒီကားမှာပါ၀င်တဲ့ စနစ်ပေါင်းစုံနဲ့ ပတ်သတ်တဲ့ Check Light တွေပေါ်လာမှာဖြစ်ပြီး ၊ ကားစက်နှိုးလိုက်ပြီး စက်နှိုးသွားတယ်ဆိုတာနဲ့ ဒီမီးတွေ အကုန်ငြိမ်းသွားရမှာဖြစ်ပါတယ် ၊ အဲ့လိုမဟုတ်ဘဲ ဒိုင်ခွက်ထဲမှာ Check Light တခုခု ကျန်နေခဲ့တယ်ဆိုရင်တော့ Check Light ရဲ့ သင်္ကေတကို ကြည့်ပြီး ဘယ်စနစ်ချို့ယွင်းနေတယ်ဆိုတာ အလွယ်တကူသိရှိအောင် ဖန်တီးထားတဲ့ စနစ်တခုဖြစ်ပါတယ် ။

ကားဒိုင်ခွက်တိုင်းလိုလိုမှာပါတဲ့ Check Light တွေက

Engine Check Light ( အင်ဂျင်ချက်မီး )

Engine Check Light ဆိုတာက ဒိုင်ခွက်ထဲမှာ အင်ဂျင်တုံးပုံစံ အဝါရောင်မီးလေးကို ခေါ်တာပါ ၊ (ပုံမှာ ကြည့်နိုင်ပါတယ် ) တချို့ကားတွေမှာတော့ (Check Engine) ဆိုပြီးစာသားနဲ့ရေးထားတာမျိုးလည်းရှိပါတယ် ။ ဒီအင်ဂျင်ချက်မီးလေးကတော့ ဘယ်ကားရဲ့ ဒိုင်ခွက်မှာမဆို ပါပြီး ၊ သော့ကို On အနေအထားကိုလှည့်လိုက်တာနဲ့ ပေါ်လာရမှာဖြစ်ပြီး ၊သော့ကို Start ကို လှည့် စက်နှိုးသွားတာနဲ့ဒီချက်မီးလေးက ပျောက်သွားရမှာဖြစ်ပါတယ် ။
စက်နှိုးသွားတဲ့ အချိန် ဒါမှမဟုတ် ကားမောင်းနေတဲ့အချိန် အဲ့ဒီမီးလေးက လင်းလာမယ် ၊ မှိတ်တုတ် မှိတ်တုတ်ဖြစ်လာမယ် ဆိုရင်တော့ သင့်ကားအင်ဂျင်နဲ. ပတ်သတ်တဲ့ စနစ်တခုခု ချို့ယွင်းလာပြီဆိုတာ သိရမှာဖြစ်ပြီး Diagnostic Scanner Tool တွေနဲ့ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ် ။
Engine Check Light လင်းစေတဲ့ အကြောင်းရင်းများစွာရှိပြီး ၊ အဖြစ်များလေ့ရှိတဲ့ အကြောင်းရာတွေကတော့
1. Oxygen Sensor မကောင်းတာ
2. Spark Plug (or) Ignition Coil တွေမကောင်းတာ
3. Mass Air Flow Sensor တွေမကောင်းတာ
4. EGR Valve မကောင်းတာ
5. Catalytic Converter (ကျောက်ဇကာ) မကောင်းတာ အစရှိတဲ့ ပြဿနာတွေ အဖြစ်များလေ့ရှိပါတယ် ။

Engine Oil Pressure Warning Light (အင်ဂျင်ဝိုင် သတိပေးအချက်ပြမီး)

အင်ဂျင်ဝိုင် သတိပေး အချက်ပြမီးဆိုတာက ဆီခွက်လေးပုံစံ မီးခွက်လေးပုံစံမှာ ဆီအစက်လေးကျနေတဲ့ပုံဖြစ်ပါတယ် ။ ကားစက်စနှိုးဖို့ သော့ဖွင့်လိုက်ရင် ပေါ်လာရမှာဖြစ်ပြီး ၊ စက်နှိုးပြီးနောက်ပိုင်း ပျောက်သွားရမှာဖြစ်ပါတယ် ။ ဒီလိုသော့ဖွင့်ပေါ် ၊ စက်နှိုးပျောက်ဆိုရင် ပုံမှန်ဖြစ်စဉ်ဖြစ်ပြီး ဘာပြဿနာမှ မရှိပါဘူး ။ အဲ့လိုမဟုတ်ဘဲ ကား စက်နှိုးပြီးလည်း ပုံမှာပြထားတဲ့မီးက ဆက်လင်းနေတယ် ဒါမှမဟုတ် ကားမောင်းနေရင်း ဒီမီးလင်းလာတယ်ဆိုရင် သင်ကား အင်ဂျင်ထဲမှာရှိတဲ့ အင်ဂျင်ဝိုင်နဲ့ပတ်သတ်တဲ့ ပြဿနာတခုခုရှိနေပါပြီ ။
ဖြစ်လေ့ဖြစ်ထရှိတာက အင်ဂျင်အောက်မှာရှိတဲ့ Crank Case ထဲက ဆီစစ်မှာ ဂျိုးတွေပိတ်ပြီး အင်ဂျင်ထဲက အင်ဂျင်ဝိုင်လမ်းကြောင်းတွေမှာ အင်ဂျင်ဝိုင်မတက်တာ ၊ Engine Oil Filter ကြေးပိတ်ပြီး အင်ဂျင်ဝိုင်မတက်တာ ၊ အင်ဂျင်ဝိုင်လျော့နေတာ ၊ လမ်းသွားရင် Crank Case ပေါက်ပြီး အင်ဂျင်ဝိုင်တွေမရှိတော့တာ ၊ Engine Oil Pump ပျက်တာ အစရှိတဲ့ ပြဿနာတွေ အဖြစ်များပါတယ် ။
မိတ်ဆွေလုပ်သင့်တာက ဒီမီးပေါ်လာတယ်ဆို အင်ဂျင်စက်သတ်ပါ ၊ အင်ဂျင်ဝိုင်တိုင်းတာကြည့်ပါ ၊ လျော့နေတယ်ဆို ဖြည့်ပါ ။ အင်ဂျင်ဝိုင် Level ပြည့်အောင်ဖြည့်ပြီး စက်ပြန်နှိုးကြည့်ပါ ၊ ဒီမီးမပျောက်ဘူးဆိုရင်တော့ ကျွမ်းကျင်ဝပ်ရှော့ဆရာခေါ်ပြီး စစ်ဆေးရမှာဖြစ်ပါတယ် ။

Battery Charge Warning Light ( ဘထ္ထရီ အားသွင်းစနစ် အချက်ပြမီး )

ဒီ ဘထ္ထရီအိုးပုံမီးလေးကတော့ ကားမှာရှိတဲ့ ဘထ္ထရီအားသွင်းစနစ်နဲ.ဆိုင်တဲ့မီးလေးပါ ၊ ဒီမီးလေးကလည်း အပေါ်က အင်ဂျင်ဝိုင်မီးလေးလိုပဲ ၊ သော့ဖွင့်တဲ့အချိန်လင်းနေရမှာဖြစ်ပြီး ၊ ကားစက်နှိုးလိုက်တဲ့အချိန် ၊ စက်နှိုးသွားတဲ့အချိန်ဆို ပိတ်သွားရမှာဖြစ်ပါတယ် ။ ဒီလိုစက်နှိုးနေတဲ့အချိန် မပိတ်သွားဘူး ဒါမှမဟုတ် ကားမောင်းနေတဲ့အချိန်လင်းလာတယ်ဆိုရင် ဒါဟာ ကားမှာရှိတဲ့ အားသွင်းစနစ် ချို.ယွင်းနေတယ်ဆိုတာကို ဖော်ပြတာပါ ။ ဒီမီးလင်းလာစေတဲ့အကြောင်းတွေကတော့
1. ဒိုင်နမို ( Alternator ပျက်စီးချို.ယွင်းတာ)
2. ဘထ္ထရီအိုးမကောင်းတာ
3. ဒိုင်နမို Belt ကြိုးပျက်တာ တို့ဖြစ်တတ်ပါတယ် ။
ကားမောင်းနေရင်း ပေါ်လာတာဆိုရင်တော့ စက်သတ်ပြီး Belt ကြိုးတွေ ပျက်မပျက်စစ်ဆေးသင့်ပါတယ် ။ Belt ကြိုးတွေမပြတ်ဘူးဆိုရင်တော့ ၊ Alternator ပိုင်းဆိုင်ရာ တခုခုချို.ယွင်းတာဖြစ်နိုင်ပြီး ၊ ကားမှာအသုံးပြုနေတဲ့ Electronic System တွေ ( TV , Radio , DVD , CD player , Air Con ) အစရှိတဲ့ ဘထ္ထရီအားကုန်နိုင်တဲ့ ပစ္စည်းတွေအကုန်ပိတ်ပြီး အနီးဆုံးဝပ်ရှော့မှာ သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ် ။ သတိမပြုဘဲ ဆက်လက်မောင်းမယ်ဆိုရင်တော့ ဘထ္ထရီအားကုန်ပြီး လမ်းမှာစက်ထိုးရပ်သွားနိုင်ပါတယ် ။

ABS Warning Light ( ABS အချက်ပြမီး )

ABS ဆိုတာ Anti-lock Braking System ဆိုတဲ့ ဘရိတ်စနစ်တမျိုးပါ ၊ အခုခေတ်ပေါ်ကားတိုင်လိုလိုရဲ. ဒိုင်ခွက်ထဲမှာ ဒီ ABS ဆိုတဲ့ မီးလေးထည့်သွင်းပေးထားပါတယ် ၊ ဒီမီးလေးကလည်း အပေါ်က ချက်မီးတွေလိုပဲ ကားသော့ဖွင့်လိုက်တဲ့အချိန်လင်းနေရမှာဖြစ်ပြီး စက္ကန်.ပိုင်း ခဏကြာရင် အလိုလိုပျောက်သွားရမှာပါ။ အဲ့လိုမဟုတ်ဘဲ သော့ဖွင့်စက်နှိုးပြီးချိန်လင်းနေမယ် ၊ ကားမောင်းနေရင်း လင်းနေမယ်ဆိုရင်တော့ ကားမှာရှိတဲ့ ABS ဘရိတ်စနစ်တခုခု ချို့ယွင်းနေပါပြီ ၊ ဒီ မီးက ရုတ်တရက် အန္တရာယ်ပေးနိုင်တဲ့ အချက်ပြမီးမျိုးမဟုတ်ပါဘူး ၊ ဒီ ABS ဘရိတ်စနစ် ချို့ယွင်းနေပြီဆိုရင်တောင် ပုံမှန်ဘရိတ်စနစ်တွေက အလုပ်လုပ်နေဆဲပါ ။ သို့သော်လည်း ဟိုင်းဝေးတွေမှာ အရှိန်နဲ့မောင်းနေချိန် ရုတ်တရက် ဘရိတ်ဆောင့်အုပ်လိုက်တဲ့အချိန်မှာ အလုပ်လုပ်ရမယ့် ABS System တွေတော့ အလုပ်လုပ်မှာ မဟုတ်လို့ အမြန်ဆုံးစစ်ဆေးပြုပြင်တာတော့ အကောင်းဆုံးပါ ။
ABS ဘရိတ်စနစ်မှာ အဖြစ်များတဲ့ ပြဿနာတွေကတော့
1. Wheel Speed Sensor တွေပျက်စီးတာ
2. ABS ဘရိတ်ဆုံတွေ , Accumulator တွေပျက်စီးတာ
3. Wire Line တွေပျက်တာ တွေအဖြစ်များပါတယ် ။
ဒီမီးလေးလင်းလာပြီဆိုရင်တော့ ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြုပြင်ရမှာပါ ။

SRS Warning Light (Air Bag အချက်ပြပြီး )

ဒါကတော့ အသက်ကယ်လေအိတ် Air Bag နဲ့ဆိုင်တဲ့ အချက်ပြမီးပါ ပုံစံကတော့ ပုံမှာပြထားတဲ့အတိုင်း လူလေးရယ် ပွင့်ထွက်နေတဲ့ လေအိတ်လေးရယ်ပုံစံပါ ၊ ဒီမီးလေးကလည်း သော့ဖွင့်လိုက်တယ်ဆိုရင် ပေါ်လာမှဖြစ်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာ အလိုလို ပျောက်သွားရမှာဖြစ်ပါတယ် ။ အဲ့လိုမဟုတ်ဘဲ စက်နှိုးလိုက်သည့်တိုင် မပျောက်သေးဘူး ၊ ဒါမှမဟုတ် ကားမောင်းနေစဉ်ပေါ်လာတယ်ဆိုရင်တော့ အသက်ကယ်လေအိတ်နဲ့ဆိုင်တဲ့ ချို.ယွင်းချက်တခုခုရှိနေလို့ဖြစ်ပါတယ် ။
ဒီ SRS Warning Light က ချက်ခြင်းအရေးကြီးတဲ့ ပြဿနာမဟုတ်ပေမယ့် အရေးပါတဲ့ ပြဿနာတခုပါ ။ ဘာဖြစ်လို့ဆိုရင် ဒီမီးပေါ်နေလျှက် မပြုပြင် မစစ်ဆေးဘဲ ဆက်မောင်းနေမယ်ဆိုရင် SRS Air Bag System တခုခု ချို.ယွင်းနေတာမို့ မတော်တဆ ယာဉ်တိုက်မှုတွေဖြစ်လာတဲ့အခါ အသက်ကယ်လေအိတ် စနစ်အလုပ်လုပ်မှာ မဟုတ်ပါဘူး ၊ လေအိတ်တွေလည်း ပွင့်ထွက်လာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် သေချာစစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ် ။
ဒီစနစ်မှာ အပျက်များတာတွေကတော့
1. Air Bag Clock Spring လို.ခေါ်တဲ့ Air Bag ခွေပျက်တာ ( အောက်ပိုင်း စတီယာရင်ဂန်းဖြုတ်တပ်ပြုပြင်ပြီးရင် အဖြစ်များပါတယ် )
2. Air Bag Control Box ချို.ယွင်းတာ
3. Socket တွေပျက်စီးတာ အစရှိတာတွေအဖြစ်များပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီး လေအိတ်တွေပွင့်ထွက်သွားပြီးတဲ့ အချိန်မှာ အဲ့မီးလေးလင်းနေမှာပါ ။ ဒီလိုဆိုရင်တော့ Air Bag တွေရယ် ၊ ထိုင်ခုံခါးပတ်တွေရယ် ၊ Air Bag Control Box ရယ် အသစ်လဲလှယ်ပြီးမှ ဒီ Check မီးပျောက်မယ်ဖြစ်ပါတယ် ။

IMA Warning Light (Integrated Motor Assist) အချက်ပြမီး

ဒီမီးလေးကတော့ ကားတိုင်းမပါပါဘူး ၊ Hybrid System ဆိုတဲ့ ကားရဲ.အင်ဂျင်နဲ့ IMA Battery တွဲဖက်ထားတဲ့ကားတွေမှာပဲ ပါတတ်တဲ့ မီးလေးပါ ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ အသုံးများတဲ့ Honda အုပ်စုထဲက Civic တို. Insight တို့မှာပါပါတယ် ။ နောက်ပိုင်း မော်ဒယ်မြင့် Honda Fit နဲ. Fit Shuttle တို့မှာလည်း ဒီမီးလေးပါ၀င်ပါတယ် ။ ဒီမီးလေးက ပုံမှန်သော့ဖွင့်လိုက်ရင် လင်းရမှာဖြစ်ပြီး စက္ကန့်ပိုင်းကြာရင် အလိုလိုပျောက်သွားရမှာပါ ၊ အဲ့လိုမဟုတ်ဘဲ စက်နှိုးပြီးသည့်တိုင် ဒီမီးကလင်းနေတယ် ၊ ဒါမှ မဟုတ် ကားမောင်းရင်း ဒီမီးကလင်းနေတယ်ဆိုရင်တော့ IMA နဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းတခုခု ချို့ယွင်းနေပြီလို့ သိရမှာဖြစ်ပါတယ် ။
အဖြစ်များတဲ့ ပြဿနာတွေကတော့ Hybrid Battery နဲ့ IPU Fan ၊ Wiring Error ၊ Control Unit Error တွေကြောင့်လည်းဖြစ်တတ်ပါတယ် ။ယေဘူယျအားဖြင့် Hybrid Battery တွေရဲ့ သက်တမ်းက ၇ နှစ် ၀န်းကျင်ရှိပြီး စျေးနှုန်းက ၁၀ သိန်းအထက်မှာပဲ ရှိပါတယ် ။ နောက်ထပ် ဒီ Battery တွေက အသစ်ဝယ်ယူလို့ မရနိုင်ဘဲ Used တွေသာ ၀ယ်လို့ရပါတယ် ။ အာမခံလည်း တပတ်လောက်ပဲပေးပါတယ် ။

(Edited အခုတော့ အသစ်ဝယ်ရနိုင်ပါတယ် )

ဒီမီးလေးအကြောင်း ဘာလို့ထည့်ပြောရတာလဲဆိုရင် အပေါ်က ခေါင်းစဉ်မှာပါတဲ့ အကျော်အခွတွေက ဒီကားတွေမှာ အဖြစ်များလို.ပါ ။ ဒီကားတွေမှာပါတဲ့ IMA Battery နဲ့ ဆက်စပ်တဲ့ ပြဿနာတွေဖြစ်လာရင် သိန်း ဆယ်ဂဏန်းဝန်းကျင် ကုန်ကျနိုင်တာမို့ ၊ ကားဝယ်ရောင်းလောကမှာ ဒီကားတွေရဲ့ မီးတွေကို အကျော်အခွတွေလုပ်ပြီး မသိနားမလည်တဲ့သူတွေကို ဂျင်းထည့်လေ့ရှိတတ်ပါတယ် ။

Check မီးပေါင်းတယ် ၊ Check မီးကျော်တယ်ဆိုတာ ဘယ်လိုလုပ်ကြတာလဲ ?

ကားတစီးရဲ့ ဒိုင်ခွက်တွေထဲမှာ အဲ့ဒီကားနဲ့ သက်ဆိုင်တဲ့ မီးတွေ အစုံပါပါတယ် ၊ အပေါ်မှာ ပြောခဲ့တဲ့ Check မီးတွေကတော့ ကားတိုင်လိုလိုမှာပါတဲ့ အများဆုံး အသုံးပြုတဲ့ Check မီးတွေဖြစ်ပါတယ် ၊ အဲဒီမီးတွေဟာ အပေါ်မှာ ရှင်းပြခဲ့သလို ကားသော့ On အနေအထားမှာ လှည့်လိုက်တာနဲ့ ပျောက်ရမယ့် မီးတွေရှိသလို ၊ ကားစက်နှိုးလိုက်တာနဲ့ ပျောက်ရမယ့် မီးတွေလည်းရှိပါတယ် ။ သေချာတာကတော့ ကားစက်နှိုးနေတဲ့အချိန် ကားရဲ့( Instrument Panel ) ဒိုင်ခွက်ထဲမှာ ဘာချက်မီးမှ လင်းမနေရပါဘူး ၊ အဲ့လို မဟုတ်ဘဲ လင်းနေမယ်ဆိုရင် ကားမှာ Error တခုခုရှိနေတာဖြစ်ပါတယ် ။ အဲ့လို ဖြစ်နေမယ်ဆိုရင် ဖြစ်နေတဲ့ Error ကို Diagnostic Scanner တွေနဲ. စစ်ဆေးပြီး ပြုပြင်လဲလှယ်တာတွေလုပ်ရမှာဖြစ်ပါတယ် ၊ အဲ့ဒါမှသာ ဒိုင်ခွက်ထဲမှာ လင်းနေတဲ့ သက်ဆိုင်ရာ check မီးတွေ ငြိမ်းသွားမှာဖြစ်ပါတယ် ။
ဒါပေမယ့် ကားလောကဟာ ကျနော်တို. ပြောသလောက် မရိုးရှင်းပါဘူး ၊ ဂျင်းထည့်မယ့်သူတွေ အပုံအပင်ရှိနေပါတယ် ၊ အဲဒီလူတွေက အဲ့လို check မီးတွေလင်းနေတဲ့ကားကို ခေတ်မီ ၀ပ်ရှော့တွေသွား ပြစ်ချက်ကိုရှာ ငွေကုန်ကြေးကျခံ မပြုပြင်ဘဲ အကျော်အခွတွေလုပ် Check မီးတွေ ဖျောက်လိုက်ကြပါတယ် ။ ဒိုင်ခွက်ထဲမှာ ချက်မီးတွေ ဖျောက်လိုက် ကျော်လိုက် ခွလိုက်လို့ မရှိတော့ပေမယ့် ကားမှာတော့ Error တွေ ပျောက်မသွားဘဲ ကျီးအာသီးလို အပြင်က လှတပတနဲ့ အတွင်းပုတ်တဲ့ ကားတွေဖြစ်ကုန်ပါတယ် ။

ကားချက်မီးတွေ ဘယ်လို ကျော်ခွလဲဆိုရင်

အများဆုံးက Check မီးတွေကို ပေါင်းလိုက်တာပါ ၊ သေချာနားလည်အောင်ရှင်းပြရရင် ။ ဒိုင်ခွက်ထဲမှာ Error ကြောင့်ပေါ်နေတဲ့ မီးပေါ့ ၊ ဥပမာ ကားတိုက်ထားလို. လေအိတ်တွေပွင့်ထားတယ် ။ သေချာ ပြန်လည် မပြုပြင်ထားတော့ SRS ဆိုတဲ့ လေအိတ်မီးလေးကပေါ်နေတယ် ။ ကားရောင်းမယ့်သူက အဲ့မီးကို ပျောက်ချင်တယ် ပိုက်ဆံ အကုန်ခံပြီး မပြင်ချင်ဘူး ၊ လွယ်လွယ် ဒီမီးကို ပျောက်အောင် မီးသီးဖြုတ်လိုက် မရဘူးလား ဆိုတော့ ။ မရပါဘူး ၊ ဘာဖြစ်လို.ဆို ကားသော့ဖွင့်လိုက်တာနဲ့ ဒိုင်ခွက်ထဲမှာ မီးအစုံလင်းနေမှဖြစ်မယ်မဟုတ်လား ။ ဒီတော့
ဒီမီးလင်းနေတဲ့ ဆားကစ်က ကြိုးလိုင်းကို ဖြတ်တောက်လိုက်မယ် ၊ ပြီးတော့ အခြား ကောင်းနေတဲ့မီး ဘာ Error မှ မရှိတဲ့ မီး ၊ သော့ဖွင့် စက်နှိုးလိုက်တာနဲ. ပျောက်သွားတဲ့ Check မီးလိုင်းက (ဥပမာ - ABS ) မီးနဲ. Parallel သဘော ခွတွဲလိုက်မယ် ၊ ဒီတော့ SRS မီးဟာ မူလ Error ရှိနေတဲ့ လိုင်းမှာမဟုတ်တော့ဘဲ ABS မီးနဲ. တွဲနေတာမို့ ABS မီးလင်းရင် လိုက်လင်းမယ် ၊ ABS မီးမှိတ်သွားတာနဲ့ သူလည်း လိုက်မှိတ်သွားပါတယ် ။
အဲ့ဒီလိုပဲ အင်ဂျင်ပိုင်းဆိုင်ရာ Engine Check Light တွေရဲ. ပြဿနာတွေကို မဖြေရှင်းဘဲ ၊စက်နှိုးရင် ပျောက်သွားမယ့် Engine Oil Pressure မီးနဲ့ တွဲတယ် ၊ Battery Charging မီးနဲ့တွဲတယ် ။ အဲ့လိုနည်းတွေနဲ့ အကျော်အခွတွေလုပ် ညာရောင်းကြတာပါ ။ အဲ့ဒီလိုနဲ့Battery Charging မီးတကယ်လိုအပ်လို့ လင်းလာတဲ့အခါကျမှ သူနဲ့တွဲဖျောက်ထားတဲ့ Check မီးပါလင်း ၊ စက်ထိုးစစ်တော့ error တွေပေါ်လာ ၊ အဲ့လို အဖြစ်တွေအများကြီးရှိပါတယ် ။
ကားဝယ်တဲ့သူကတော့ ကားသော့ဖွင့်လိုက်တော့လည်း မီးတွေ အကုန်စုံတယ် ၊ စက်နှိုးလိုက်တော့လည်း မီးတွေ အကုန်ပျောက်တယ် ၊ ဘာ Error မှမရှိဘူး အထင်နဲ့ ၀ယ်လိုက်ပြီးမှ နောက်ပိုင်း ကားမောင်းရတာ အဆင်မပြေတွေဖြစ်ပြီး ငွေကုန်ကြေးကျခံ ပြုပြင်စရာတွေ ပေါ်လာတာ ဒုနဲဒေးပါ ။
ဒီလိုမျိုး လူလိမ်လူလည်တွေရယ် ၊ Ethic မရှိတဲ့ ၀ပ်ရှော့ဆရာတွေရယ် ပေါင်းပြီး ကားတွေကို ချက်မီးတွေ ကျော်ခွ ညာရောင်းတာတွေ အများကြီးရှိပါတယ် ။ ဒီလိုမျိုးကားတွေကို မသိနားမလည်လို့ ၀ယ်လိုက်မိပြီး ၊ လက်ထဲရောက်ပိုက်ဘောမိ ပြင်မယ်ဆိုမှ ငွေ သောင်းဂဏန်းကနေ ၊ သိန်းဆယ်ဂဏန်းအထိ အကုန်အကျခံ ပြုပြင်လိုက်ရတဲ့ ကားဝယ်မှားသူတွေ အများကြီးရှိပါတယ် ။ အပေါ်မှာ ပြောထားတဲ့ Honda IMA နဲ.ပတ်သတ်ပြီး အကျော်အခွတွေများလွန်းလို့ အဝယ်မှားတဲ့သူတွေ အများကြီးရှိပါတယ် ။

အကျော်အခွ အများဆုံးလုပ်တတ်ကြတဲ့ မီးတွေကတော့
1. Engine Check မီး
2. Air Bag (SRS) လေအိတ်မီး
3. ABS မီး
4. IMA မီး အစရှိတဲ့ မီးတွေကို အခြား ပြဿနာဖြစ်လေ့နည်းတဲ့ မီးတွေနဲ့ ရောပေါင်း အကျော်အခွ လုပ်တာများပါတယ် ။
ဒါကြောင့် ဒီလို အဖြစ်မျိုးတွေနဲ့ မကြုံရလေအောင် ကား Check မီးတွေနဲ့ ပတ်သတ်တဲ့ အကျော်အခွ ဇယားတွေကို ကားဝယ်သူတွေသိအောင် သတိထားနိုင်အောင် ပြောပြတာပါ ။

Check မီးတွေ ကျော်ထားမထား ဘယ်လိုသိနိုင်မလဲ ?

ကားဝပ်ရှော့ပိုင်း ၀ါယာရိန်းပိုင်းမှာ အတွေ.အကြုံ များ ကျွမ်းကျင်သူတွေကတော့ ကားဒိုင်ခွက်ထဲက မီးတွေ အပိတ်အဖွင့်တွေကြည့်ပြီး ကျော်ထားခွထားတာတွေ ခန့်မှန်းနိုင်ပါတယ် ။ ဒါ့ထက်သေချာတာကတော့ ကားဝယ်တော့မယ်ဆို ခေတ်မီ Diagnostic Scan Tool တွေနဲ. ထိုးပြီး Engine ပိုင်း Body ပိုင်း Chassis ပိုင်း အစရှိသဖြင့် Error တွေကို စစ်ဆေးကြည့်ရှုပြီး အကျော်အခွတွေ Trouble Code တွေ ရှိမရှိ သိနိုင်ပါတယ် ။

ဒါကြောင့် စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမတွေလည်း ကားတစီးဝယ်တော့မယ်ဆိုရင် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ကားရောင်းဝယ်ရေး ဌာနတွေ မှာ သေချာစစ်ဆေးဝယ်ယူသင့်သလို ၊ အပြင်မှာ ၀ယ်ယူမယ်ဆိုရင်လည်း ခေတ်မီ Diagnostic Scan Tool တွေရှိတဲ့ ကားဝပ်ရှော့တွေမှာ ကားရောဂါတွေကို သွားရောက်စစ်ဆေးပြီးမှ ၀ယ်ယူသင့်ပါတယ်လို. အကြံပြုတင်ပြလိုက်ရပါတယ် ။

စာဖတ်သူ မိတ်ဆွေ ညီကိုမောင်နှမအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝပြီး ကားလောက ဂျင်းများမှ ကင်းဝေးနိုင်ကြပါစေ ။

သိသူတွေ ကျော်သွားပြီး ၊ မသိသေးသူတွေ ဖော်စားနိုင်ကြပါစေ ။

ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။

Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက

https://www.facebook.com/Prime125/posts/3056093228022744

ကားဝါယာရိန်း အွန်လိုင်း သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=539748465015515&id=100069410996200

Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။

https://t.me/Primeautotechnology
Lynn Za Nee ( P.T.U)

Address

Kyaukpadaung

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when SMART SHINE Car Wish & Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share