Summer D. Scents

Call Directions

Summer D. Scents Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Summer D. Scents, Mawlamyine, Kalaw.

One Umbrella for Two က လက်ရှိမှာ တော်တော်မှ တော်တော်ကြီးကို ကြိုက်နေမိတဲ့ Tea Scent လေးပါ။ အနံ့လေးသိုးသိုးသဲ့သဲ့ရရုံလေးန...
01/10/2026

One Umbrella for Two က လက်ရှိမှာ တော်တော်မှ တော်တော်ကြီးကို ကြိုက်နေမိတဲ့ Tea Scent လေးပါ။ အနံ့လေးသိုးသိုးသဲ့သဲ့ရရုံလေးနဲ့တင် ကြိုက်ခဲ့ရတာ။ ☂️

သူ့ရဲ့ vibe က ကောက်ညှင်းမွှေးလက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ရသလို ခံစားချက်မျိုးကိုမှ ပိုပြီး complex ဖြစ်တဲ့ဘက်ရောက်တယ်။

Blackcurrant ရဲ့ ခပ်လေးလေးချိုမြမှုရယ်၊
ထမင်းနံ့သင်းသင်းလေးရယ်နဲ့အတူ Genmaicha Tea နံ့လေးရယ်ပေါင်းစပ်ထားတာပါ။ တအားလှတယ်။ အတင်းကပ်ရှူတာထက် သူပျံ့လာတဲ့အနံ့ကို တစိမ့်စိမ့်ခံစားရတာက ပိုပြီးအရသာရှိတယ်။

Rice Note ကအတော်ထင်းသလို Blackcurrant ရဲ့ ဘယ်ရီအချိုက ယိုထိုးထားသလို လေးလေးပင်ပင်ရှိတယ်။ Fresh တအားဖြစ်တဲ့အနံ့ဘက်ကိုတော့မရောက်ပါဘူး။ ဒါပေမဲ့ ပူလွန်းအားကြီးတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်ဆွတ်လို့တော့ အဆင်ပြေပါတယ်။ ဆောင်းတွင်းဆို လုံးဝကွက်တိပဲ။ ရာသီအေးအေးမှာ ကောက်ညှင်းမွှေးလက်ဖက်ရည်ကြမ်းလေး သောက်ရသလို cozy တအားဖြစ်မှာ။

အနံ့စွဲပါတယ်။ ဈေးလည်းကောင်းပါတယ်။ ကိုယ်ကတော့ Backup ကြိုဝယ်ထားဖို့ ပြင်နေပါပြီ။ Floraïku ထဲက အခြားရေမွှေးလေးတွေလည်း ထပ်ဝယ်ထားပါသေးတယ်။

Tea Scent ကောင်းကောင်းစမ်းချင်ရင် ဒီကောင်လေးကို ထည့်စဉ်းစားနိုင်ပါတယ်။ Dear Polly ကုန်နေပြီတည်းက ကိုယ့်မယ် Cozy and Comforting ဖြစ်တဲ့ Tea Scent ချိုနွေးနွေး ထပ်လိုချင်နေတာ အခုမှပဲ ဆန္ဒပြည့်သွားတော့တယ်။ Dear Polly လည်းရအောင်ပြန်ဝယ်ဦးမယ်ရှင်။ 💛

ဒီနေ့လည်း 3ml decant တွေချည်း ၅သိန်းဖိုးလောက်ဝယ်သွားတဲ့ customer တစ်ယောက်အတွက် decant ခွဲပေးရသေးတယ်။ 🤍ဒါတောင် ထပ်ယူချင်သ...
30/09/2026

ဒီနေ့လည်း 3ml decant တွေချည်း ၅သိန်းဖိုးလောက်ဝယ်သွားတဲ့ customer တစ်ယောက်အတွက် decant ခွဲပေးရသေးတယ်။ 🤍

ဒါတောင် ထပ်ယူချင်သေးတာကို တော်ပါတော့ နောက်များမှထပ်စမ်းပါဆိုပြီး တားယူရတယ်။ 😂

အန်းနီးဝေး ဖျားတာက သက်သာပါပြီနော်။ အကြွေးကျန်နေတဲ့ Delivery လေးတွေကို ဒီနေ့အကုန်အပ်ထားပေးပါတယ်။ အနံ့ကတော့ စမ်းလို့အဆင်မပြေသေးတာမို့ review တွေ လတ်တလော မရေးနိုင်လောက်သေးပါဘူး။

ရေမွှေးအသစ်တွေအများကြီးရောက်ထားကာမှ အခုလိုဖြစ်နေလို့ အိုင်အမ်နော့အိုကေပါရှင်။

အားပေးကြမ်းလွန်းလို့ နေပါဦး ဖြည်းဖြည်းချင်းပဲစမ်းပါဆိုပြီး ရောင်းတဲ့သူကတောင် ပြန်တားယူရတဲ့ အစ်ကိုတစ်ယောက်အတွက် Decant ခွဲဖို့ပြင်နေတာ 😂🤍
ရှယ်တွေချည်းရွေးထားတာ 🤍

ရေမွှေးအသစ်တွေရောက်ပါတယ်။ ကိုယ်ကြိုက်မဲ့အနံ့တွေအများကြီးပါလာတယ်ဆိုတာသိပေမဲ့ နေမကောင်းသေးလို့ အနံ့မစမ်းရသေးပါဘူး။ ဖျားတာက...
29/09/2026

ရေမွှေးအသစ်တွေရောက်ပါတယ်။
ကိုယ်ကြိုက်မဲ့အနံ့တွေအများကြီးပါလာတယ်ဆိုတာသိပေမဲ့ နေမကောင်းသေးလို့ အနံ့မစမ်းရသေးပါဘူး။

ဖျားတာကတော့ သုံးရက်ရှိပြီကို အဖျားက အခုထိမကျတာပါ။ ညနေကတစ်ခေါက်ဆေးခန်းထပ်သွားထားလို့ မနက်ဖြန်ဆိုရင်တော့ အိုကေလောက်မယ်ထင်တာပါပဲ။ မကေရင်လည်း အလုပ်ပျက်အကိုင်ပျက်နဲ့ အဆင်မပြေတော့ဘူး။ 🥴

💚
29/09/2026

💚

ဟိတ် 😉

Scent of the Day 🥴တကယ်တော့ ယူတို့ဆမ်းမား အခြေအနေမကောင်းပါ။ မနေ့ညတည်းက ဖျားတာ အခုထိအဖျားကမကျနေသေးဘူး။ ခေါင်းကလည်းလှုပ်လို...
27/09/2026

Scent of the Day 🥴
တကယ်တော့ ယူတို့ဆမ်းမား အခြေအနေမကောင်းပါ။ မနေ့ညတည်းက ဖျားတာ အခုထိအဖျားကမကျနေသေးဘူး။ ခေါင်းကလည်းလှုပ်လိုက်တိုင်းကိုက် အသက်ရှူတိုင်းကိုက်ပဲ။ အခုမှသာ ဆေးထိုးပြီးလို့ post တင်ဖို့ရာ ဖုန်းလေးဘာလေးထသုံးတာပါ။

စာအဝင်တွေကို မနက်ဖြန်မှ စုပြန်ပေးပါမယ်။ ဒီနေ့ delivery အပ်မဲ့ပါဆယ်လေးတွေကိုလည်း ဒီနေ့မအပ်ပေးလိုက်ရပါဘူး။ မနက်ဖြန်မဟုတ်ရင် သဘက်ခါအပ်ပေးပါမယ်ရှင်။ အဆင်မပြေဖြစ်သွားခဲ့ရင် အားနာပါတယ်နော်။

နာမည်နဲ့တင် အလန်းလွန် အလွန်လန်းဖြစ်နေပြီ 😂Princess လေးတွေ ဝယ်သင့်ပါကြောင်းနော်။ 👸Vanilla + Citrus + Green Tea + Marshmal...
26/09/2026

နာမည်နဲ့တင် အလန်းလွန် အလွန်လန်းဖြစ်နေပြီ 😂
Princess လေးတွေ ဝယ်သင့်ပါကြောင်းနော်။ 👸
Vanilla + Citrus + Green Tea + Marshmallow Combo တဲ့။ မအီဘဲ တော်တော်လေးလှပြီး unique ဖြစ်ပါတယ်။ သူက Discontinued သွားပြီဖြစ်တဲ့ အရင် version လေးပါ။ ‌ရှားသွားပြီဖြစ်လို့ ဝယ်ချင်တိုင်းဝယ်လို့မရတော့တာလေး။ 🖤

ဒါနဲ့ရှေ့အပတ်ထဲ ရေမွှေးအသစ်တွေ အများကြီးထပ်ရောက်ဖို့ရှိပါတယ်။ လကုန်အမီပဲမို့ ယူတို့တွေပိုက်ဆံသာအများကြီးချန်ထားကြနော်။

ရှေ့ရက်တွေတည်းက ပစ္စည်းဝင်ထားပေမဲ့ Deli ကောင်းမှုအကြောင်းပြုပြီး လမ်းမှာကြာနေလို့ ငန်းဖြစ်လုနီးပါး လည်ပင်းတွေရှည်ပြီး မျှော်နေရတဲ့ ပုလင်းအချို့လည်း ဒီတစ်ခါတကယ်ရောက်ပါမယ်။ Promise! 🤜

Wild Rose ရဲ့နှင်းဆီကလေ တော်တော်လှတာမို့ သူ့ကို White Tea OG ထက် အလစ်တဲလေးပိုကြိုက်မိတယ်။ ဒါပေမဲ့ Tea Vibe စစ်စစ်ဆိုရင်တ...
25/09/2026

Wild Rose ရဲ့နှင်းဆီကလေ တော်တော်လှတာမို့ သူ့ကို White Tea OG ထက် အလစ်တဲလေးပိုကြိုက်မိတယ်။ ဒါပေမဲ့ Tea Vibe စစ်စစ်ဆိုရင်တော့ White Tea ကပိုကောင်းတယ်။

တကယ်တော့ ဒီလအတွက် Discount ပေးဖို့အစီအစဉ်မရှိဘူးရယ်။ ဒါပေမဲ့ Wild Rose ကိုတော့ ပေးချင်တယ်။ သူတစ်မျိုးတည်းဆိုရင်လည်း အဆင်မပြေတာနဲ့ ကျန်တာလေးတွေကိုပါ နည်းနည်းထည့်ဖြစ်သွားတာပဲ။

Wild Rose ကတော့ 40ml လောက်ပဲကျန်မယ်နော်။🩷🌹

ဟိတ် ဒီရေမွှေးလေးတွေကို 10% OFF Discount ပေးချင်လို့။ လကုန်အထိကိုမှ stock ရှိသလောက်ပါပဲနော်။ 💛
25/09/2026

ဟိတ် ဒီရေမွှေးလေးတွေကို 10% OFF Discount ပေးချင်လို့။ လကုန်အထိကိုမှ stock ရှိသလောက်ပါပဲနော်။ 💛

တူ‌ဒေးဟိုဟိုဒီဒီ 🤍အလုပ်ကိစ္စအတွက်မြို့ထဲသွား၊ ကမ်းနားလမ်းမှာမုန့်စား၊ စန္ဒာစာပေမှာစာအုပ်ငှားပြီးပြန်လာတာ။ ဒါနဲ့လေ Fleur ...
25/09/2026

တူ‌ဒေးဟိုဟိုဒီဒီ 🤍

အလုပ်ကိစ္စအတွက်မြို့ထဲသွား၊ ကမ်းနားလမ်းမှာမုန့်စား၊ စန္ဒာစာပေမှာစာအုပ်ငှားပြီးပြန်လာတာ။

ဒါနဲ့လေ Fleur Narcotique က ခဏခဏဆွတ်ဖြစ်တဲ့ ရေမွှေးထဲပါတယ်။ နေပူပူ မိုးရွာရွာ ဆွတ်ရအဆင်ပြေသလို ဘာဝတ်ဝတ် အနံ့နဲ့မလိုက်မှာလည်း စိတ်ပူစရာမလိုဘဲ ဘေးလူတွေဆီက ရေမွှေးနံ့လေးကကောင်းလိုက်တာဆိုတဲ့ compliment လည်းအလွန်အမင်းရစေတတ်တာမို့ သူမှသူပဲဖြစ်နေတာရယ်။ သူ့ရဲ့ Floral Fruity နံ့က ဘာနဲ့မှကိုမတူဘဲ unique ဖြစ်ပြီး သိပ်လှပါတယ်ရှင်။

Physical Store ဖွင့်ဖို့ကလေ တော်တော်များများကလာမေးကြလို့။ လောလောဆယ်တော့ ကိုယ့်မယ် ဆိုင်ဖွင့်ဖို့ အစီအစဉ်မရှိသေးပါဘူး။ အစ...
24/09/2026

Physical Store ဖွင့်ဖို့ကလေ တော်တော်များများကလာမေးကြလို့။ လောလောဆယ်တော့ ကိုယ့်မယ် ဆိုင်ဖွင့်ဖို့ အစီအစဉ်မရှိသေးပါဘူး။
အစကတော့ ရှေ့နှစ်ကျ မော်လမြိုင်က အမေ့ရဲ့မြေကွက်လေးမှာ အိမ်လေးနဲ့ဆိုင်လေးတွဲဖွင့်မယ်ဆိုပြီး ပလန်တာ။ ဒါပေမဲ့ တကယ့်တကယ်ကျ အဲ့လောက်မလွယ်နေသေးဘူး။ မြေနေရာအနေအထားအရရော၊ ဖွင့်ချင်တဲ့ဆိုင်ပုံစံနဲ့ ထားချင်တဲ့ရေမွှေးအရေအတွက်ကြောင့်ရော အားမရသေးတာမို့ မဖွင့်ဖြစ်သေးပါဘူး။

ကလောမှာတုန်းကတော့ အိမ်ဆိုင်လေးလုပ်ပေးဖြစ်တယ်။ ဟိုတယ်မှာငှားနေတော့လည်း ရေမွှေးအနံ့စမ်းချင်တဲ့သူအချို့ကို လာစမ်းခိုင်းပါတယ်။ အဲ့တော့ ဆိုင်ကြီးမဖွင့်နိုင်သေးရင်တောင် မော်လမြိုင်က သူတွေအတွက် လာစမ်းလို့ အဆင်ပြေအောင်လုပ်ပေးရမလားပေါ့နော်။ အဲ့လိုလည်းတွေးပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ နားအေးပါးအေးနေချင်လို့ မြို့ပြင်မှာနေနေတာကြောင့် စမ်းချင်သူတွေ လာဖို့ရာကျ သိပ်အဆင်မပြေလောက်သေးပါဘူး။

နောက်ပြီး ဆိုင်မဖွင့်နိုင်သေးတဲ့ အဓိကအကြောင်းအရင်းတစ်ခုလည်းရှိပါတယ်။ ဘာလဲဆိုတော့ လေနှင်ရာလွင့်ချင်တဲ့ ကိုယ့်သဘောသဘာဝကြောင့်ပါ။ တစ်နေရာတည်းမှာအကြာကြီးနေရရင် ငြီးငွေ့တတ်လွန်းလို့ ခဏခဏမြို့ပြောင်းပြီးနေတတ်တဲ့သူဆိုတော့ ဆိုင်ဖွင့်ကာမှ ခြေချုပ်မိသွားမှာကိုလည်း တအားကြောက်ပါတယ်။ 😂

ဒါပေမဲ့လည်း full size ပုလင်းတွေကိုတော့ စပြီးစုနေပါပြီ။ ကိုယ့်ထုံးစံအတိုင်း ကိုယ်ကြိုက်တာပဲ ရောင်းချင်တာမို့ တအားကြိုက်တဲ့ ပုလင်းတွေပေါ့လေ။ ဆိုင်မဖွင့်နိုင်သေးခင်တော့ online ကနေပဲဝယ်ကြပေါ့။ ကိုယ်ကလည်း အွန်လိုင်းကနေအာလူးဖုတ်ရတာကို ပိုသဘောကျပါတယ်။ အပြင်မှာဆိုရင် နည်းနည်းအိုးတိုးအမ်းတမ်းဖြစ်နေ‌သေးတာ။ 😂

Address

Mawlamyine
Kalaw

Telephone

+959253062303

Website

Alerts

Be the first to know and let us send you an email when Summer D. Scents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share