Amazing - Termite & Pest Management

  • Home
  • Amazing - Termite & Pest Management

Amazing - Termite & Pest Management AMAZING specializes in termite solutions, general pest management and the design of sustainable pest

17/04/2026

မြန်မာနှစ်သစ်ကူးအခါသမယတွင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကာ
ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေ။🙏

၂၀၂၆ နှစ်သစ်မှ စ၍ဘေးရန် ကင်းကွာ၊ ကောင်းကျိုးဖြာပြီးလိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ 🙏     #2026    𝗔𝗺𝗮𝘇𝗶𝗻𝗴 - 𝗧𝗲𝗿𝗺𝗶𝘁𝗲 & 𝗣...
01/01/2026

၂၀၂၆ နှစ်သစ်မှ စ၍

ဘေးရန် ကင်းကွာ၊ ကောင်းကျိုးဖြာပြီး

လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ 🙏

#2026
𝗔𝗺𝗮𝘇𝗶𝗻𝗴 - 𝗧𝗲𝗿𝗺𝗶𝘁𝗲 & 𝗣𝗲𝘀𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ရောဂါဘယ ကင်းဝေးပြီးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါသည်  🙏...
06/10/2025

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ

ရောဂါဘယ ကင်းဝေးပြီး
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါသည် 🙏🙏🙏


#2025

"World Mosquito Day"သြဂုတ်လ ၂၀ ရက်ကို World Mosquito Day (ကမ္ဘ့ာ ခြင် နေ့) အဖြစ် သတ်မှတ်ရခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ...
20/08/2025

"World Mosquito Day"

သြဂုတ်လ ၂၀ ရက်ကို World Mosquito Day (ကမ္ဘ့ာ ခြင် နေ့) အဖြစ် သတ်မှတ်ရခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ ကျော်က အိန္ဒိယနိုင်ငံမှာ ဗြိတိသျှဆရာဝန် Ronald Ross က ငှက်ဖျားရောဂါသည် ခြင်အမ တွေမှတဆင့် ကူးစက်စေခြင်းကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းရှာဖွေတွေ့ရှိမှုဟာ ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပေါ်လာသည့် ရောဂါများဟာ ဘယ်လောက်အန္တရာယ်ကြီးလဲဆိုတာကို ကမ္ဘာကိုစတင်သတိပြုမိစေခဲ့ပါတယ်။

World Mosquito Day နေ့ဟာ ခြင်တွေကြောင့်ဖြစ်တဲ့ ရောဂါဘယတွေကို သတိထားမိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။




⚠️မြေငလျင်ဘေးသင့်ဒေသများအတွက် မြွေအန္တရာယ်⚠️မြွေအန္တရာယ်ကို တဖက်တလမ်းမှကာကွယ်နိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။Credit t...
04/04/2025

⚠️မြေငလျင်ဘေးသင့်ဒေသများအတွက် မြွေအန္တရာယ်⚠️

မြွေအန္တရာယ်ကို တဖက်တလမ်းမှကာကွယ်နိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit to Original Uploader




❝သာမညဖလ အခါတော်နေ့ ❞သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်ပါသည်။ရဟန်းပြုခြင်းဖြင့်-🔘မင်းခစားဘဝနှင့် မင်...
15/11/2024

❝သာမညဖလ အခါတော်နေ့ ❞

သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်ပါသည်။

ရဟန်းပြုခြင်းဖြင့်-

🔘မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
🔘အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
🔘ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
🔘ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
🔘ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
🔘နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
🔘ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
🔘သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
🔘သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
🔘နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
🔘ဈာန်တရား ရနိုင်ခြင်း။
🔘ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။

ဤ သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော် နေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါသည်။

Credit
══════════════

တန်ဆောင်မုန်းလပြည့်နေ့
(သာမညဖလ အခါတော်နေ့)
အချိန်အခါသမယတွင်
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများဖြင့်
ပြည့်စုံပါစေကြောင်း
Amazing အဖွဲ့သားများမှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့

"ကာလဝမ်းရောဂါ ကြိုတင်ကာကွယ်ပါ"ကာလဝမ်းရောဂါ(Cholera )သည် “Vibrio cholerae” ဘက်တီးရီးယားပိုးကြောင့် အူသိမ်ထဲတွင်ရောဂါကူးစက...
07/07/2024

"ကာလဝမ်းရောဂါ ကြိုတင်ကာကွယ်ပါ"

ကာလဝမ်းရောဂါ(Cholera )သည် “Vibrio cholerae” ဘက်တီးရီးယားပိုးကြောင့် အူသိမ်ထဲတွင်ရောဂါကူးစက်မှုဖြစ်ပွားခြင်း ဖြစ်ပါတယ်။

✔️ကာလဝမ်းရောဂါ ကို ကြိုတင်ကာကွယ်နိုင်ရန်

✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတိုင်းမှာ လက်ကို သေချာဆေးကြောရပါမယ်။
✅အသီးအရွက်များကို သေချာစွာဆေးကြောပါ၊ အစားအစာများကို သေချာစွာကျက်အောင်ချက်ပြီးမှ ပူပူနွေးနွေးစားပါ။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့် သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

🔘🔘🔘🔘🔘🔘🔘🔘🔘🔘

👉 ရောဂါလက္ခဏာများမှာ
၁။ ဝမ်းအရည်များသွားခြင်း
၂။ ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
၃။ အော့အန်ခြင်း
၄။ ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

👉 ရောဂါလက္ခဏာများ ခံစားရသူများတွင် အများစုမှာ အပျော့စား သို့မဟုတ် အလယ်အလတ် လက္ခဏာများရှိတတ်ပါတယ်။ လူတစ်ဦးတွင် ရောဂါလက္ခဏာပြရန် ၁၂ နာရီမှ ၅ ရက်ကြား ကြာသည်။ မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုတွေဖြစ်လာတတ်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

👉 ရောဂါလက္ခဏာများဖြစ်ပွားလာပါက
၁။ ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။
၂။ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)ကို ဆေးပတ်လည်အောင် သောက်ရပါမယ်။
၃။ ကလေးငယ်နှင့် သက်ကြီးသူတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

Credit


၎င်း Social Media Platform များမှလည်းAmazing အဖွဲ့သားများအားဆက်သွယ်နိုင်ပါတယ်ရှင့်🙏👉Telegram:  https://t.me/amazing_term...
05/06/2024

၎င်း Social Media Platform များမှလည်း
Amazing အဖွဲ့သားများအား
ဆက်သွယ်နိုင်ပါတယ်ရှင့်🙏



👉Telegram:
https://t.me/amazing_termite_pestmanagement

👉Website:
https://www.amazing-pestcontrol.com

👉Viber:
https://invite.viber.com/?g2=AQB6oWt7RlHwuFL49XfXiVidl%2BhnHgFMZomLnKoeVcAX%2F5vbv2A6OBea9qQij62X

👉Tiktok:
https://www.tiktok.com/?_t=8mvD8p6Hgp7&_r=1
Hotline: +95 98899 890 70 ~ 71




မြန်မာ့ ရိုးရာ နှစ်ကူးအခါသမယတွင် မြန်မာပြည်သူ ပြည်သားအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်းAmazing အဖွဲ့သားများမှ ဆုတောင်...
16/04/2024

မြန်မာ့ ရိုးရာ နှစ်ကူးအခါသမယတွင်
မြန်မာပြည်သူ ပြည်သားအားလုံး
ကျန်းမာရွှင်လန်းကြပါစေကြောင်း

Amazing အဖွဲ့သားများမှ
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

#သင်္ကြန်ဆုတောင်း
#မြန်မာနှစ်သစ်

ပိုးဟပ်တွေက ပုတ်သိုးဆွေးမြည့်တဲ့ အရာတွေကို စားသုံးပြီး တခြား တွားသွားသတ္တဝါတွေကို အာဟာရ ပြန်ပေးပါတယ်။•••••••••••••••••••...
23/01/2024

ပိုးဟပ်တွေက

ပုတ်သိုးဆွေးမြည့်တဲ့

အရာတွေကို စားသုံးပြီး

တခြား တွားသွားသတ္တဝါတွေကို

အာဟာရ ပြန်ပေးပါတယ်။

••••••••••••••••••••••••••••

𝗔𝗺𝗮𝘇𝗶𝗻𝗴 - 𝗧𝗲𝗿𝗺𝗶𝘁𝗲 & 𝗣𝗲𝘀𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁

📞 𝟬𝟵 𝟴𝟴𝟵𝟵 𝟴𝟵𝟬 𝟳𝟬 | 𝟬𝟵 𝟴𝟴𝟵𝟵 𝟴𝟵𝟬 𝟳𝟭
🌐 www.amazing-pestcontrol.com
📩 [email protected]

#ပိုးဟပ် #နှိမ်နင်းခြင်း #ဝန်ဆောင်မှု

Address

No. 465, Myittar Street, 82 Ward

Alerts

Be the first to know and let us send you an email when Amazing - Termite & Pest Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amazing - Termite & Pest Management:

  • Want your business to be the top-listed Cleaning Service?

Share