PMH Swimming Pool Professor

PMH Swimming Pool Professor ရေကူးကန်နှင့်ပက်သက်သော အကြောင်းအရာများ

28/07/2026

သာသနာနှစ် ၂၅၇၀
မြန်မာသက္ကရာဇ် ၁၃၈၈
29/07/2026 (Wed)
ဒုတိယဝါဆိုလပြည့် ဥပုသ်နေ့
ဥပုသ်သီလ
ခံယူဆောက်တည်နိုင်ကြပါစေ🙏

28/07/2026

မနက်ဖြန်
သာသနာနှစ် ၂၅၇၀
မြန်မာသက္ကရာဇ် ၁၃၈၈
29/07/2026 (Wed)
ဒုတိယဝါဆိုလပြည့်
ဥပုသ်နေ့၌ဝယ်
ဥပုသ်သီလစောင့်ထိန်းဖြစ်ကြပါစေ။
🙏🙏🙏🙏🙏

19/06/2026
19/06/2026

သူမ ကြောင့် တခါမှ မရဖူးတဲ့ လွတ်လပ်ခြင်းတွေ ပိုင်ဆိုင်ခဲ့ကြရဖူးတယ်...
သူမ‌ ကြောင့် တခါမှ မရှိဖူးတဲ့ စီးပွါးအခွင့်အလမ်းတွေ ခံစားခဲ့ကြရဖူးတယ်...
သူမ ကြောင့် နိုင်ငံတော်သစ် အိမ်မက်တွေ မက်ခဲ့ကြဖူးတယ်....
သူမ‌ ကြောင့် မြန်မာပြည်ကို အလုအယက် ပြန်လာခဲ့ကြဖူးတယ်....
သူမ ကြောင့် တချို့တွေ ဆယ်လီအဖြစ် စင်ပေါ် ရောက်လာခဲ့ကြဖူးတယ်....
သူမ ကြောင့် လူလတ်တန်းစားတစ်ခု ပြည်တွင်းပြည်ပခရီးစဉ်တွေ ဥဒဟို သွားလာနိုင်ခဲ့ကြတယ်.....
သူမ ကြောင့် မြို့ကြီးတွေ မီးထိန်ထိန် ညီးခဲ့ဖူးတယ်....
သူမ ကြောင့် လူသန်းပေါင်းများစွာ ခေါင်းပြားအောင် အိပ်နိုင်ခဲ့ကြဖူးတယ်…
သူမ ကြောင့် လူငယ်တွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ အိပ်မက်တွေ မက်ခွင့်ရခဲ့ဖူးတယ်…

ခု…အဲ့ဒီ သူမ၊ အသက်ရှင်လျက် ရှိမရှိတောင် ခိုင်လုံတဲ့သက်သေ ရှိမနေဘူး....
ခု…အဲ့ဒီ သူမ၊ ဓါးစာခံသာသာ အဖမ်းခံထားရတာ ၆ နှစ် ရှိနေပြီ…
ခု…အဲ့ဒီ သူမ၊ ၈၁ နှစ်ပြည့်မွေးနေ့မှာ အသက်ရှင်လျက်၊ ကိုယ်စိတ်နှလုံး ကျန်းမာလျက် ရှိပါစေလို့ ဖြူဖြူ မဝံ့မရဲ ဆုတောင်းမိပါတယ်…

30/04/2026

ကဆုန်လပြည့် ဥပုသ်နေ့

27/04/2026

SHE ကို ဖြည်းဖြည်းခြင်း ဆုံမပါ။
SHE က အလိုလိုလိမ္မာလာပါလိမ့်မယ်။

088 517 0219
[Viber/Wechat/Tg/ Whatsapp]

ရေကူးကန် maintenance (ထိန်းသိမ်းမှု) ဆိုတာ ရေကန်ကို သန့်ရှင်း၊ ကြည်လင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထားရှိရန် ပုံမှန်လု...
21/04/2026

ရေကူးကန် maintenance (ထိန်းသိမ်းမှု) ဆိုတာ ရေကန်ကို သန့်ရှင်း၊ ကြည်လင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထားရှိရန် ပုံမှန်လုပ်ဆောင်ရတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ မထိန်းသိမ်းရင် ရေညစ်ညမ်း၊ ရေအရောင်မှိုင်း၊ ရေအစိမ်းရောင်ဖြစ်တာ၊ ရေကန်နှင့်ပက်သက်သောပစ္စည်းတွေ ပျက်စီးတာ ဖြစ်နိုင်ပါတယ်။
အဓိက အချက်ကြီး ၃ ချက် (Three C's) ရှိပါတယ်။

၁. Circulation (ရေလည်ပတ်မှု)
ရေကန်ရဲ့ pump နဲ့ filter (များသောအားဖြင့် Sand Filter) ကို နေ့စဉ် အနည်းဆုံး ၈-၁၂ နာရီ (အကောင်းဆုံး ၁၂-၂၄ နာရီ) ဖွင့်ထားပါ။
ကန်ရေက ကောင်းကောင်း လည်ပတ်မှ ကလိုရင်း(chlorine)က တစ်ကန်လုံး အညီအမျှ ရောက်နိုင်ပြီး ကျွန်တော်တို့ သာမန်မျက်လုံးတွေနှင့် မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ ပိုးမွှားလေးတွေကို သေစေမှာပဲ ဖြစ်ပါတယ်။ထိုပိုးမွှားလေးတွေသည် ရေညှိတက်ခြင်းရဲ့ အဓိကအကြောင်းအရာဖြစ်ပါတယ်။

၂. Cleaning (သန့်ရှင်းရေး)
နေ့စဉ်/တစ်ပတ်တစ်ခါ လုပ်ရမယ့်အလုပ်တွေ။
နေ့စဉ် (Daily):
ရေမျက်နှာပြင်ကို skimmer net နဲ့ အညစ်အကြေး၊ အရွက်၊ အင်းဆက်တွေ သယ်ယူပါ။
Skimmer basket နဲ့ pump basket ကို ရှင်းလင်းနေအောင် ရှင်းပါ။
ရေအဆင့် (water level) ကို စစ်ပါ (ပုံမှန်အဆင့်မှာ ထားပါ)။
တစ်ပတ်တစ်ခါ (Weekly):
ကန်နံရံ၊ အောက်ခြေ ကို brush နဲ့ ပွတ်တိုက်သန့်ပါ (မှိုမဖြစ်အောင်)။
ရေကန်ကြမ်းခင်းမှာအညစ်အကြေးတွေများနေရင် Vacuum စုပ်ယူပါ။
Filter pressure ကို စစ်ပြီး လိုအပ်ရင် backwash လုပ်ပါ။

၃. Chemistry (ရေဓာတုပစ္စည်း ဟန်ချက်ညှိခြင်း)
ရေကို စမ်းသပ်(Water Test)ပြီး ဓာတုပစ္စည်း မျှတအောင် ထားရပါတယ်။ တစ်ပတ်တစ်ခါ အနည်းဆုံး စမ်းပါ (နေ့စဉ်လုပ်ရင် ပိုကောင်း)။ Test Kit သို့မဟုတ် Test Strip သုံးပါ။

အဓိက ပမာဏများ (Ideal Range):
pH — ၇.၂ မှ ၇.၈ (အကောင်းဆုံး ၇.၄-၇.၆)
နိမ့်ရင် pH Up (Soda Ash) ထည့်၊
မြင့်ရင် pH Down (Muriatic Acid) သုံးပါ။

Total Alkalinity (TA) — ၈၀-၁၂၀ ppm
pH ကို တည်ငြိမ်အောင် ကူညီပါတယ်။ နိမ့်ရင် Baking Soda ထည့်ပါ။

Free Chlorine — ၁-၃ ppm (အကောင်းဆုံး ၁.၅-၂.၅ ppm)
ပိုးသတ်ဆေး အဓိက။ နေရောင်ခြည်ကြောင့် လျော့တတ်လို့ Stabilizer (Cyanuric Acid) ထည့်ပါ။
နိမ့်ရင် Chlorine (Calcium Hypochlorite ၆၅-၇၀%) ထည့်ပါ။
တစ်ပတ်တစ်ခါ Shock (Super Chlorination) လုပ်ရင် ကောင်းပါတယ်။

Calcium Hardness — ၂၀၀-၄၀၀ ppm (များသောအားဖြင့်)
နိမ့်ရင် ကန်ပျက်စီး လွယ်၊
မြင့်ရင် ခဲတွေ ဖြစ်နိုင်။

စမ်းသပ်ပြီး ဓာတုပစ္စည်း ထည့်တဲ့အခါ ရေကို ကောင်းကောင်း လည်ပတ်အောင် လုပ်ပြီး နည်းနည်း ခွဲ၍ ထည့်ပါ။ ရေကူးသူများရဲ့ မျက်စိနဲ့ အသားအရေကို မထိခိုက်အောင် ဂရုစိုက်ပါ။

အခြား အကြံပြုချက်များ
ရေကန်ကြီးဆိုရင် ပရော်ဖက်ရှင်နယ် ကုမ္ပဏီ (Pool Doctor စသဖြင့်) ကို ပုံမှန် ခေါ်ပြီး စစ်ဆေးခိုင်းပါ။
မိုးရာသီ သို့မဟုတ် အပူချိန်မြင့်တဲ့အခါ ပိုဂရုစိုက်ပါ (မှိုဖြစ်လွယ်လို့)။
ကန်ဖွင့်ချိန် (Opening) နဲ့ ပိတ်ချိန် (Closing) မှာ အထူး ထိန်းသိမ်းမှု လိုအပ်ပါတယ်။

ဒီလို ပုံမှန်လုပ်ရင် ရေကူးကန်ကို နှစ်ရှည် ကောင်းကောင်း သုံးနိုင်ပါတယ်။ 🏊‍♂️

Viber / WhatApp / WeChat
+855885170219

02/04/2026

သူမကို မလွမ်းဘူး😂
SHE ကိုပဲ သတိရတယ်😩

01/04/2026

နှောင်းတန်ခူး လပြည့်🌕
ဥပုသ်နေ့ဝယ် ၈ပါးသီလ
ခံယူဆောက်တည်ပါသည်။
🙏🙏🙏🙏🙏

Address

Sihanoukville (city)
18000

Telephone

+855885170219

Website

Alerts

Be the first to know and let us send you an email when PMH Swimming Pool Professor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PMH Swimming Pool Professor:

Shortcuts

Share