White Aura

White Aura ☸️ 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗣𝗿𝗮𝗰𝘁𝗶𝘁𝗶𝗼𝗻𝗲𝗿


" 𝗪𝗵𝗶𝘁𝗲 𝗔𝘂𝗿𝗮 "နဲ့အတူသင့်စွမ်းအားကို မြှင့်တင်လိုက်ပါ👑

ကူညီပေးဖို့အဆင်သင့်ရှိနေပါတယ် 🤍

“မသိစိတ်ထဲက ဒဏ်ရာတစ်ချို့” 👁️မသိစိတ်ထဲက ဒဏ်ရာတွေဆိုတာ နေ့စဉ်ဘဝမှာ မသိမသာနဲ့ လှည့်စားပြီး ပိတ်လှောင်ထားတတ်တဲ့ အရာတွေပါ။ ဒ...
28/05/2026

“မသိစိတ်ထဲက ဒဏ်ရာတစ်ချို့” 👁️

မသိစိတ်ထဲက ဒဏ်ရာတွေဆိုတာ နေ့စဉ်ဘဝမှာ မသိမသာနဲ့ လှည့်စားပြီး ပိတ်လှောင်ထားတတ်တဲ့ အရာတွေပါ။
ဒီနေ့တော့ မသိစိတ်ရဲ့ ဒဏ်ရာတချို့ထဲက မင်းရဲ့ စိတ်ထဲမှာ ဘယ်အရာက အဓိက ဩဇာလွှမ်းမိုးနေလဲဆိုတာကို Pick a pile အနေနဲ့ ဆန်းစစ်ကြည့်ရအောင်။
​

စိတ်ကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပါ။
ပြီးရင် အောက်က သင်္ကေတ (၃) ခုထဲက မင်းရဲ့ မျက်စိထဲ ချက်ချင်း ဆွဲဆောင်သွားတဲ့ Pile တစ်ခုကို ရွေးလိုက်ပါနော်။

အဖြေတင်ပြီးပါပြီ။သက်ဆိုင်ရာပုံအောက်မှာ ဖတ်ရှူနိုင်ပါပြီ။ 📌

မသိစိတ်ထဲက ဒဏ်ရာကို "သတိပြုမိခြင်း" (Awareness) ဟာ ကုသခြင်းရဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းပဲ။🤘

​မင်းကော ဘယ် Pile ကို ရွေးမိလဲ?
ကိုယ့်ရဲ့ လက်ရှိစိတ်အခြေအနေနဲ့ ကိုက်ညီမှု ရှိရဲ့လားဆိုတာ Comment မှာ ရေးပေးခဲ့ဦးနော်။

Aura တက်ချင်ရင် လိုက်နာရမည့် အချက်များ 💫​Aura (အရှိန်အဝါ) ဆိုတာ အပေါ်ယံ လုပ်ယူလို့ရတဲ့ ဟန်ဆောင်မှုတစ်ခု မဟုတ်ပါဘူး။ ဒါဟာ...
28/05/2026

Aura တက်ချင်ရင် လိုက်နာရမည့် အချက်များ 💫

​Aura (အရှိန်အဝါ) ဆိုတာ အပေါ်ယံ လုပ်ယူလို့ရတဲ့ ဟန်ဆောင်မှုတစ်ခု မဟုတ်ပါဘူး။
ဒါဟာ သင့်အတွင်းစိတ်ရဲ့ Energy Frequency (စွမ်းအင်တုန်ခါမှု) ပြင်ပကို လျှံထွက်လာတာမျိုးပါ။ 🌟

​သင့်ရဲ့ Energy Field ကို ပိုမိုမြင့်မားပြီး ဆွဲဆောင်မှုရှိလာအောင်၊ လူတွေအလယ်မှာ ထူးခြားတဲ့ တုန်ခါမှုမျိုး ထွက်ပေါ်လာအောင် ဒီအချက်တွေကို ဂရုစိုက်ပေးပါ။~

​၁။ မိမိရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို လျှောက်မပြောပါနဲ့။ ဖန်တီးမှုစွမ်းအင်တွေက တိတ်ဆိတ်ခြင်းထဲမှာပဲ သန္ဓေတည်တာပါ။ တခြားသူတွေရဲ့ သံသယစွမ်းအင်တွေ မဝင်နိုင်အောင် ရလဒ်ထွက်ခါမှပဲ သက်သေပြလိုက်ပါ။
ကိုယ့်အကြောင်းကိုယ် အမြဲတမ်း အမွှန်းတင်ပြောဆိုတာက သင့်ရဲ့ အရှိန်အဝါကို ပေါ့ပျက်သွားစေတယ်။ သူများပြောတာကို နက်နက်နဲနဲ နားထောင်ပေးတတ်တဲ့ ဝိညာဉ်ဟာ ပိုပြီး တည်ငြိမ်တဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ရရှိပါတယ်။

​၂။ ကိုယ့်ရဲ့ စွမ်းအင်စည်းဝိုင်းကို သတ်မှတ်ရပါမယ်။လူတိုင်းအတွက် အမြဲရှိနေပေးတာမျိုးက သင့်ရဲ့ Life Force ကို ယိုစိမ့်စေပါတယ်။
​သင့်ရဲ့ အချိန်နဲ့ စွမ်းအင်ကို စည်းစနစ်တကျ သတ်မှတ်ထားပါ။ အရာရာကို အားနာလို့ လိုက်လျောနေမယ့်အစား ကိုယ့် Limit ကိုယ် ထိန်းသိမ်းတာက သင့် Aura ကို ပိုမို တွန်းအားကောင်းစေပါတယ်။

​၃။ နှလုံးသားရဲ့ တည်ငြိမ်မှုကို ရှာဖွေပါ။အလောတကြီးနဲ့ အပေါ်ယံ ဟန်ဆောင်ပြုံးတာမျိုး မဟုတ်ဘဲ၊ အတွင်းစိတ်ရဲ့ တည်ငြိမ်မှုကနေ ထွက်လာတဲ့ အေးဆေးငြိမ်သက်တဲ့ အပြုံး (Calm Smile) ကို ပိုင်ဆိုင်ပါစေ။
စကားပြောရင်လည်း ဖြည်းဖြည်းမှန်မှန်နဲ့ နက်နဲတဲ့ တုန်ခါမှုကို ထုတ်လွှတ်ပါ။
အဲ့ဒီအပြုံးနဲ့ စကားလုံးတွေက သင့်ပတ်ဝန်းကျင်က စွမ်းအင်တွေကိုပါ အေးချမ်းသွားစေနိုင်တဲ့ အစွမ်းရှိပါတယ်။

၄။လူအများကြားထဲ ရောက်နေရင်တောင်မှ ပြင်ပလောကရဲ့ ဆူညံသံတွေထဲ မျောမပါသွားဘဲ၊ စစာအုပ်ဖတ်တာမျိုးလို ကိုယ့်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးမယ့်အရာတွေပေါ်မှာ စိတ်ကို စုစည်းထားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။

၅။ ဝတ်စားဆင်ယင်မှုကို ဂရုတစိုက်ရှိပါစေ။
အဝတ်အစားဆိုတာ သင့်စိတ်ရဲ့ အခြေအနေကို ဖော်ပြနေတာပါ။
သာမန်ရက်တွေမှာတောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အနေနဲ့ သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ပါ။

၆။ လမ်းလျှောက်တဲ့အခါ မာန်မာနကြောင့် မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ယုံကြည်တဲ့ စွမ်းအင်မျိုးနဲ့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းပါ။

​၇။ လောကကြီးရဲ့ ဆူညံသံတွေ၊ ဝေဖန်မှုတွေနဲ့ Drama တွေကို ချက်ချင်းလိုက်ပြီး တုံ့ပြန်တာ (React) မျိုး မလုပ်ပါနဲ့။
“Yes” လို့ လိုက်မပြောဘဲ ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာ စောင့်ကြည့်နေထိုင်ခြင်းက သင့်ရဲ့ Aura ကို ဘယ်သူမှ မဖောက်ထွင်းနိုင်တဲ့ အားကောင်းတဲ့ ဒိုင်းကာ (Shield) တစ်ခု ဖြစ်သွားစေပါတယ်။
ကိုယ်က စိတ်ခံစားချက်နောက် လိုက်မပါတဲ့အခါ အပြင်က အဆိပ်အတောက်တွေက သင့်စွမ်းအင်ကို မဖျက်ဆီးနိုင်တော့ပါဘူး။

၈။ အပေါ်ယံ အပြုအမူတွေကို လိုက်တုနေမယ့်အစား သင့်ရဲ့ အတွင်းစိတ် "စွမ်းအင်" ကိုပဲ ချိန်ညှိဖို့ အာရုံစိုက်ပါ။ အတွင်းက ပြောင်းလဲသွားတဲ့အခါ သင့်ရဲ့ Aura က အလိုလို ထွက်ပေါ်လာပါလိမ့်မယ်။ 🌤️

​

ဇာတာတော်ဆိုတာ... သင့်ရဲ့ 'Cosmic User Manual' ပါ 📖​ဘဝမှာ တစ်ခါလောက်တော့ "ငါက ဘာလို့ ဒီလိုဖြစ်နေတာလဲ" ဆိုတဲ့ မေးခွန်းကို ...
26/05/2026

ဇာတာတော်ဆိုတာ... သင့်ရဲ့ 'Cosmic User Manual' ပါ 📖

​ဘဝမှာ တစ်ခါလောက်တော့ "ငါက ဘာလို့ ဒီလိုဖြစ်နေတာလဲ" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးဖူးမှာပါ။
အချစ်ရေးမှာ အမှားတူတွေ ထပ်ဖြစ်တယ်၊ ကိုယ့်ရဲ့ အားသာချက်က ဘာလဲဆိုတာ ဝေခွဲမရဖြစ်နေတာ၊ ဘဝလမ်းကြောင်းမှာ ဘာလို့ အမြဲ Stuck ဖြစ်နေရတာလဲဆိုတာမျိုးပေါ့။

​ဇာတာတော် (Birth Chart) ဆိုတာ အနာဂတ်ဟောစာတမ်း မဟုတ်ပါဘူး။ သင် ဒီကမ္ဘာမြေပေါ်ကို ရောက်လာချိန်မှာ စကြဝဠာက သင့်လက်ထဲ ထည့်ပေးလိုက်တဲ့ ကိုယ်ပိုင်လမ်းညွှန်ချက်တစ်စောင်ပါ။

​ဒီ Manual ကို ဖတ်ကြည့်လိုက်ရင် ဘာတွေ သိလာမလဲကြည့်ရအောင် ~

​သင့်ရဲ့ Settingsတွေက ဘယ်လိုလဲ? - လူတစ်ယောက်နဲ့ တစ်ယောက် တွေးပုံ၊ မြင်ပုံ၊ ခံစားပုံချင်း မတူပါဘူး။
သင့်ရဲ့ စွမ်းအင်တွေကို ဘယ်လိုသုံးရမလဲဆိုတာ ပိုသဲကွဲသွားပါလိမ့်မယ်။

​သင့်ရဲ့ Shadow Side က ဘာတွေကို ဖုံးကွယ်ထားတာလဲ? - သင် ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင့်ကို ပိတ်လှောင်ထားတဲ့ မသိစိတ်ရဲ့ အတားအဆီးတွေကို ရှင်းပြပေးနိုင်ပါတယ်။

​သင့်ရဲ့ အကောင်းဆုံးအချိန် (Timing) - ဘယ်အချိန်မှာ သင်က အားအကောင်းဆုံးလဲ၊ ဘယ်အချိန်မှာ 'Pause' လုပ်ပြီး အရှိန်ယူရမလဲဆိုတာ ကြိုသိထားရင် ဘဝကို 'မျက်စိမှိတ်' ပြီး ဖြတ်သန်းစရာ မလိုတော့ပါဘူး။

​ဘဝကို လက်ကမ်းကြိုဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့... သင့်ရဲ့ 'Cosmic User Manual' ကို ဖတ်ကြည့်ဖို့ အချိန်တန်ပါပြီ။

​မိမိရဲ့ မွေးနေ့၊ မွေးချိန်၊ မွေးရာဇဝင်အတိုင်း အသေးစိတ် ဇာတာတော် စစ်ဆေးချင်တယ်ဆိုရင်တော့... Page Messenger မှာ "Birth Chart" လို့ စာပို့ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ်ရှင်။🤍

​

Transit အကြီးကြီးတွေ မရောက်ခင်လက်ရှိမှာ Planet တချို့ဟာ အရှိန်ယူနေကြပါတယ်။🪐အရာရာတိုင်း ရပ်တန့်နေသလို ခံစားရတိုင်းအရှုံးပ...
25/05/2026

Transit အကြီးကြီးတွေ မရောက်ခင်
လက်ရှိမှာ Planet တချို့ဟာ အရှိန်ယူနေကြပါတယ်။🪐

အရာရာတိုင်း ရပ်တန့်နေသလို ခံစားရတိုင်း
အရှုံးပေးဖို့ မစဉ်းစားပါနဲ့။
လေးမြားတစ်စင်းကို အဝေးဆုံး ပစ်လွှတ်နိုင်ဖို့
လေးညှို့ကို နောက်ဘက် အများဆုံး ဆွဲဆန့်ရသလိုပါပဲ။

အခုချိန်မှာ တော်တော်များများအတွက် ရပ်တန့်နေသလို ခံစားရနေနိုင်ပါတယ်။ဒါကယာယီပါ။

သင့်ဘဝရဲ့ အကြီးမားဆုံး Blessings တွေ
၊ကံကောင်းမှုတွေ ၊Breakthrough တွေ ရောက်လာဖို့အတွက်
Universe က စွမ်းအင်တွေ စုဆောင်းပေးနေတဲ့ အချိန်သာ ဖြစ်ပါတယ်။

ဒါဟာ လောကနိယာမ တစ်ခုမို့ Universe ကိုယုံကြည်ပါ။🤍

"သားသမီးရတနာကံ" ဆိုတာ ဘယ်လိုမျိုးလဲ? 👶တချို့ကျတော့ကလေးမွေးပြီးတာနဲ့ စီးပွားတွေ တဟုန်ထိုးတက်၊ အိမ်ထဲမှာ အေးချမ်းမှုတွေ အလ...
24/05/2026

"သားသမီးရတနာကံ" ဆိုတာ ဘယ်လိုမျိုးလဲ? 👶

တချို့ကျတော့ကလေးမွေးပြီးတာနဲ့ စီးပွားတွေ တဟုန်ထိုးတက်၊ အိမ်ထဲမှာ အေးချမ်းမှုတွေ အလိုလို သယ်လာပေးတာမျိုးကြုံရတာရှိသလို
တချို့ကျတော့လည်း သားသမီးကြောင့် နေ့တိုင်း သောကမီး တောက်နေရတတ်တယ်မလား?
အဲဒါ "သားသမီးကံ" ကြောင့်ပါ။

Spiritual ရှုထောင့်ကကြည့်ရင် သားသမီးနဲ့ မိဘဆိုတာ အမှတ်မထင်ဆုံကြတာမဟုတ်ပါဘူး။

အတိတ်က စွမ်းအင်လှိုင်း (Energy) ချင်း ဆွဲငင်ပြီးမှ ပြန်ဆုံကြတဲ့ "(Soul Connections)" တွေပါ။
ဒီတော့ ကိုယ့်ရဲ့ သားသမီးကံကို သေချာသိထားရင် ဘဝမှာ ဘာတွေ ထူးခြားသွားမလဲဆိုတော့...

🌟သားသမီးကံ ကောင်းခြင်း (Blessed Souls)
သူတို့က သင့်ဘဝထဲကို ကောင်းချီးပေးဖို့ သီးသန့်ဆင်းသက်လာတဲ့ မေတ္တာရှင် ဝိညာဉ်လေးတွေပါ။

✅ ကလေးမွေးပြီး စီးပွားပွင့်လာမယ်။ချမ်းသာကြွယ်ဝလာကြတယ်။
✅ အိမ်ထောင်ရေးမှာ ပိုအဆင်ပြေလာမယ်။
✅ ကလေးမျက်နှာလေး ကြည့်လိုက်ရုံနဲ့တင် တစ်နေ့တာ အမောတွေ အလိုလို ပြေပျောက်သွားတတ်ပါတယ်။
အတိတ်က ကောင်းမှုကံချင်း မျှဝေခံစားဖို့ လာဆုံကြတာမျိုးပေါ့။

⚡ သားသမီးကံ မကောင်းခြင်း (Karmic Lessons)
သားသမီးကြောင့် ခဏခဏ စိတ်ညစ်ရတာ၊ သောကများရတာမျိုးပါ။ ဒါက ကံကြမ္မာက သင့်ကို နှိပ်စက်နေတာ မဟုတ်ပါဘူးနော်။

❌ အတိတ်ဘဝက မပြတ်သေးတဲ့ "အကြွေးဟောင်း (Karmic Debt)" တွေ လာဆပ်တာ ဖြစ်နိုင်သလို၊
သင့်ရဲ့ အတ္တနဲ့ စိတ်ရှည်မှုကို စမ်းသပ်ပြီး သင့်ရဲ့ ဝိညာဉ်အဆင့်အတန်း (Soul Growth) ပိုမြင့်လာအောင် သင်ခန်းစာ လာပေးတာလည်း ဖြစ်ပါတယ်။

အဓိက သော့ချက်ကတော့
သားသမီးကံဆိုတာ အသေမှတ်ကြီး မဟုတ်ပါဘူး။

မိဘရဲ့ လက်ရှိ Energy နဲ့ ပြင်လို့ရပါတယ်။ မိဘကိုယ်တိုင်က မေတ္တာလှိုင်း မြင့်မားပြီး စိတ်စွမ်းအင် အေးချမ်းနေအောင် နေထိုင်မယ်ဆိုရင် ရှိပြီးသား သားသမီးကံဆိုးကိုတောင် ကောင်းတဲ့ဘက်ကို အလိုလို လွှဲပြောင်းပစ်နိုင်ပါတယ်။

အချုပ်ကတော့... သားသမီးဆိုတာ သင့်ရဲ့ လက်ရှိစွမ်းအင်ကို ထင်ဟပ်ပြနေတဲ့ မှန်တစ်ချပ်ပါပဲ။ 🪞

ကဲ... သင့်ရဲ့ သားသမီးကံကော ဘယ်လိုစွမ်းအင်မျိုး ဖြစ်နေမလဲ?

ကိုယ်ဖိတ်ခေါ်ချင်တဲ့ ရင်သွေးလေးတွေရဲ့ ဗီဇစွမ်းအင်၊ ကံဇာတာနဲ့ မိဘတွေဘက်က ကြိုတင်ပြင်ဆင်ထားရမယ့် Energy တွေအကြောင်း အသေးစိတ် သိရှိနိုင်ဖို့အတွက်...

👼 ရင်သွေးလေးတွေနဲ့ ပတ်သတ်တဲ့ Package တခုကျွန်မဆီက မကြာမီ လာပါ့မယ်ရှင့်
Coming Soon မလို့ Page ကို အမြဲမျက်ခြေမပြတ် စောင့်မျှော်ပေးကြပါဦးနော် 🤍


#သားသမီးကံ

နက္ခတ်ဗေဒင်လောကရဲ့ အကြီးမားဆုံးသော လာဘ်ကောင်ကြီးဖြစ်တဲ့ ဂြိုလ်ကြီးတစ်ခု အပြောင်းအလဲ ဖြစ်ပါတော့မယ်။ 🪐အိမ်ထောင်ရေး၊စီးပွါး...
22/05/2026

နက္ခတ်ဗေဒင်လောကရဲ့ အကြီးမားဆုံးသော လာဘ်ကောင်ကြီးဖြစ်တဲ့ ဂြိုလ်ကြီးတစ်ခု အပြောင်းအလဲ ဖြစ်ပါတော့မယ်။ 🪐

အိမ်ထောင်ရေး၊စီးပွါးရေးနဲ့ စိတ်အေးချမ်းသာမှုအပိုင်းတွေမှာ အဓိကအကျုံးဝင်ပါမယ်။

ဘယ်ဂြိုလ်ဆိုတာ အသေးစိပ်ထပ်ပြောပြပါ့မယ်။

အဓိက'က ကောင်းသောအရာတွေဝင်လာဖို့အတွက် ကောင်းကောင်းလက်ခံတတ်ပါစေ။

“ကိုယ်ဟာ Gemini တစ်ယောက်ပါ” 😎လူတွေပြောကြတယ်... "Gemini တွေက စိတ်နှစ်ခွရှိတယ်" တဲ့။တကယ်တော့ ငါတို့က နှစ်ယောက်နေနေတာမဟုတ်ဘ...
21/05/2026

“ကိုယ်ဟာ Gemini တစ်ယောက်ပါ” 😎

လူတွေပြောကြတယ်... "Gemini တွေက စိတ်နှစ်ခွရှိတယ်" တဲ့။
တကယ်တော့ ငါတို့က နှစ်ယောက်နေနေတာမဟုတ်ဘူး၊ တစ်ပြိုင်နက်တည်းမှာ ရှုထောင့်ပေါင်းစုံကနေ ကြည့်နေတာပါ။
ငါ့ရဲ့ ဦးနှောက်က 🧠 စက္ကန့်တိုင်းမှာ အိုင်ဒီယာအသစ်တွေနဲ့ ပြည့်နေတယ်။

​ငါ့အတွက် ဖက်ရှင် ဆိုတာလည်း ပုံသေမဟုတ်ဘူး။ ဒီနေ့တော့ တစ်မျိုး၊ မနက်ဖြန်ကျရင် လုံးဝကို စတိုင်လ်ပြောင်းသွားမယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ စွမ်းအင်က တန့်မနေတတ်လို့လေ။

👠ဒို့တွေအတွက် Fashion ဆိုတာက ကိုယ့်ရဲ့ Mood ကို ဖော်ပြတဲ့ "Mask" လေးတွေပဲပေါ့။

​❤️အချစ် နဲ့ ပတ်သက်ရင်လည်း အဲ့အတိုင်းပဲ... "Mental Connection" မရှိတဲ့သူဆိုရင် ငါ့ဘက်က ချက်ချင်း 'Next' လုပ်ပစ်လိုက်မှာ။

ငါ့ရဲ့ ကမ္ဘာထဲကို လိုက်မမီတဲ့သူ၊ စိတ်ဝင်စားစရာ စကားမပြောနိုင်တဲ့သူနဲ့ဆိုရင် ငါ့ရဲ့ စွမ်းအင်တွေက 'Energy Leak' ဖြစ်ကုန်ရော။

​ငါက လွတ်လပ်မှုကို အရမ်းချစ်တယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တစ်ယောက်ယောက်နဲ့ အိုင်ဒီယာတွေ ဖလှယ်ရတာကိုလည်း သဘောကျတယ်။

ပြီးတော့... ငါ့ကို လာစီမံခိုင်းတာ၊ လာဆရာလုပ်တာမျိုးဆိုရင်တော့ လုံးဝ သဘောမကျဘူး။
ငါက ငါ့လမ်းကြောင်းကို ငါဖောက်နေတဲ့သူပါ။

​တချို့က ငါ့ကို နားမလည်ကြဘူး၊ ဒါပေမဲ့ ငါက ငါ့ရဲ့ "လျှို့ဝှက်ချက်" လေးတွေကိုတော့ အရမ်းတန်ဖိုးထားတယ်။

​ကဲ... ငါ့လိုပဲ Gemini ဗီဇအပြည့်နဲ့ အမြဲတမ်း ပြောင်းလဲနေပြီး စူးစမ်းတတ်တဲ့သူတွေ ရှိလား? 😄
ရှိရင်ပြောသွားပေးအုံးနော် 🤟🏻


Intuition (သို့) Ego - သင့်ရဲ့ အတွေးတွေက ဘယ်ကလာတာလဲ? 🧠​ဘဝလမ်းကြောင်းမှာ ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင်... "ငါ့စိတ်က ပ...
20/05/2026

Intuition (သို့) Ego - သင့်ရဲ့ အတွေးတွေက ဘယ်ကလာတာလဲ? 🧠

​ဘဝလမ်းကြောင်းမှာ ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင်... "ငါ့စိတ်က ပြောနေတာလား၊ ငါ့ရဲ့ ကြောက်စိတ် (သို့မဟုတ်) Ego က ပြောနေတာလား" ဆိုတာ ဝေခွဲမရ ဖြစ်ဖူးကြပါသလား?🤔

​ဒါက ကျွန်မရဲ့ Premium Reading မှာ မေးခွန်းထုတ်မှု အများဆုံး အကြောင်းအရာတစ်ခုပါ။
မသိစိတ်ထဲက လာတဲ့ Intuition (အလိုလိုသိစိတ်) နဲ့ Ego တို့ရဲ့ ကွာခြားချက်ကို သိထားမှသာ သင့်ရဲ့ Aura ကို အကာအကွယ်ပေးနိုင်ပြီး လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်မှာပါ။

​ဒီနှစ်ခုကို ခွဲခြားနိုင်ဖို့ ဒီအချက်လေးတွေကို မှတ်ထားပေးပါ -

​၁။ အသံနေအသံထား (The Tone)
​Intuition ➡️ ငြိမ်သက်ပြီး တည်ငြိမ်ပါတယ်။ အမိန့်ပေးတာမျိုး မဟုတ်ဘဲ လမ်းညွှန်ပေးနေသလို ခံစားရပါတယ်။
​Ego ➡️ အရေးတကြီးဖြစ်နေတတ်ပါတယ်။ "ချက်ချင်းလုပ်၊ မလုပ်ရင် ဒုက္ခရောက်မယ်" ဆိုတဲ့ စိုးရိမ်စိတ် (Panic) တွေနဲ့ ရောထွေးနေတတ်ပါတယ်။

​၂။ ရလဒ်ဆီသွားတဲ့ လမ်းကြောင်း (The Path)
​Intuition ➡️ သင် ဘာဖြစ်လာမလဲဆိုတာ မသိပေမဲ့ စိတ်ထဲမှာ "အဆင်ပြေသွားမှာပါ" ဆိုတဲ့ ယုံကြည်မှု (Inner Peace) ရှိနေတတ်ပါတယ်။
​Ego ➡️ ရလဒ်ကိုပဲ အာရုံစိုက်ပြီး "ငါ အရှုံးမပေးသင့်ဘူး၊ ဒါမှမဟုတ် ငါ သူများထက် သာအောင်လုပ်ရမယ်" ဆိုတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကြောက်စိတ်တွေ အခြေခံထားပါတယ်။
​

၃။ ရေရှည်အကျိုး (The Long-term Effect)
​Intuition ➡️ သင့်ရဲ့ စွမ်းအင်တွေကို တိုးပွားစေပြီး Aura ကို တောက်ပစေပါတယ်။
​Ego ➡️ သင့်ကို ပင်ပန်းနွမ်းနယ်စေပြီး စွမ်းအင်တွေကို ယိုစိမ့်စေပါတယ်။ (Energy Leak ဖြစ်စေတာ Ego ပဲ ဖြစ်တတ်ပါတယ်)

ကျွန်မတို့ရဲ့ Intuition ကို ဘယ်လိုဖော်ထုတ်မလဲ?
​ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင် စိတ်ထဲမှာ "ဒီအသံက အေးချမ်းလား၊ ဒါမှမဟုတ် တုန်လှုပ်နေလား" ဆိုတာ ခဏလေး ရပ်ပြီး ကိုယ့်ကိုယ်ကိုဆန်းစစ်ပါ။

အေးချမ်းမှုမရှိရင် အဲ့ဒါ Intuition မဟုတ်ဘဲ Ego သာ ဖြစ်ပါတယ်။🚮

​သင့်ရဲ့ Intuition လမ်းကြောင်းကို ပိုပြီး ထက်မြက်လာအောင်၊
ကိုယ့်ရဲ့ မသိစိတ်ထဲက လိုအင်ဆန္ဒအစစ်အမှန်ကို သိရှိနားလည်ချင်ရင်...
ဇာတာခွင် (Natal Chart) နဲ့ Aura လမ်းကြောင်းကို အခြေခံပြီး One-on-One ဆွေးနွေးတဲ့ ကျွန်မ ရဲ့ Premium Private Reading မှာ အဖြေရှာနိုင်ပါတယ်ရှင့်။ 🤍

​သင့်ရဲ့ အတွေးတွေထဲမှာ ဘယ်အသံက အများဆုံး ဖြစ်နေလဲ?
ကွန့်မန့်မှာ ပြောသွားပေးအုံးနော်။

​

သင့်ရဲ့ အဖိုးတန်စွမ်းအင်တွေကို ခိုးယူနေတဲ့ 'Energy Leak' အကြောင်း 🧿​တခါတလေ ဘာမှကြီးကြီးမားမား မလုပ်လိုက်ရဘဲနဲ့ ကိုယ့်ကို...
19/05/2026

သင့်ရဲ့ အဖိုးတန်စွမ်းအင်တွေကို ခိုးယူနေတဲ့ 'Energy Leak' အကြောင်း 🧿
​
တခါတလေ ဘာမှကြီးကြီးမားမား မလုပ်လိုက်ရဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းနွမ်းနယ်နေသလို ခံစားနေရသလား? 🤔
ဒါကို "Energy Leak" လို့ ခေါ်ပါတယ်။

သင့်ဖုန်းမှာ Battery ၅၀% ပဲကျန်တော့တဲ့အချိန်မှာ Background ကနေ App တွေ အကုန်ဖွင့်ထားရင် ဘက်ထရီက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသလိုပါပဲ။
သင့်ရဲ့ Aura စွမ်းအင်တွေကလည်း အဲ့ဒီလိုပါပဲ။
ဒီ Leak တွေကို မပိတ်နိုင်သရွေ့ ဘယ်လောက်ပဲ ကြိုးစားပါစေ... သင့်ရဲ့ ပင်ကိုယ်အရည်အချင်းကို အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။

​သင်ကော ဘယ်အမျိုးအစားထဲမှာ ပါနေလဲဆိုတာ ကြည့်ရအောင်နော် ~

​၁။ The Overthinker (အလွန်အကျွံ တွေးတောသူ)
အနာဂတ်အတွက် ကြိုပူပန်တာ၊ မဖြစ်လာသေးတဲ့ ကိစ္စတွေကို ဇာတ်လမ်းဆင်ပြီး စိတ်ညစ်နေတာမျိုးပါ။ (ဒါဟာ စွမ်းအင်အကုန်ဆုံးဆုံး Leak ပါ)

​၂။ The People Pleaser (သူများအလိုလိုက်လွန်းသူ)
ကိုယ့်ဆန္ဒထက် သူများအမြင်၊ သူများကျေနပ်မှုကို အရင်ဦးစားပေးပြီး စွမ်းအင်ကုန်ခံနေရသူပါ။

​၃။ The Past Dweller (အတိတ်မှာပဲ နေသူ)

ဖြစ်ခဲ့ပြီးသား အမှားတွေ၊ နာကျင်မှုတွေကို ပြန်ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်နေသူပါ။
​သင်ကော အခု ဘယ်နံပါတ် (၁၊ ၂၊ ၃) မျိုးနဲ့ အများဆုံး ဓာတ်ပြုနေလဲ? ကွန့်မန့်မှာ ရေးခဲ့ပေးပါဦး။ 💬

_____________________________________

​Energy Leak တွေကို ပိတ်ပြီး ကိုယ့်စွမ်းအင်ကို ပြန်သိမ်းဆည်းမယ့် နည်းလမ်း (၄) ချက် 📌 (ဒီစာလေးကို သိမ်းထားလိုက်ပါ!)

📵​(Mental Silence )တစ်နေ့ကို ၁၅ မိနစ်လောက် ဖုန်းမကြည့်ဘဲ လုံးဝ တိတ်ဆိတ်အောင်နေပါ။

🧘🏻‍♀️​(Boundary) သင့်စွမ်းအင်ကို စုပ်ယူနေတဲ့သူတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ အကြောင်းအရာတွေကို အချိန် (သို့မဟုတ်) နေရာပေးပြီး ဖြတ်တောက်ပါ။

🌱​(Grounding) အပင်လေးတွေနဲ့ ထိတွေ့တာ၊ ရေချိုးတာ ဒါမှမဟုတ် သဘာဝအလင်းရောင်အောက်မှာ လမ်းလျှောက်တာက စွမ်းအင်တွေကို ပြန်ဖြည့်ပေးပါတယ်။

🕰️​(Private Time)တစ်နေ့တာရဲ့ တစ်ချိန်ချိန်မှာ ဖုန်း၊ လူ၊ အလုပ်အားလုံးနဲ့ အဆက်ဖြတ်ပြီး 'တစ်ယောက်တည်း' ဖြစ်နေပေးပါ။ ဒါဟာ သင့်စွမ်းအင်တွေကို ပင်ရင်းဆီ ပြန်ခေါ်ယူတဲ့ အခိုက်အတန့်ပါပဲ။အရမ်းအရေးကြီးပါတယ်နော်*
ကိုယ့်ကိုယ်ကိုယ် Private Time ပေးခြင်းက သင့်စွမ်းအင်ယိုစိမ့်မှုတွေကို ရပ်တန့်ပေးတဲ့ အထိရောက်ဆုံး 'Energy Shield' ပါပဲ။

​ကိုယ့်ရဲ့ Aura စွမ်းအင်တွေက ပေါက်ပြဲနေသလို ခံစားနေရပြီဆိုရင်တော့...
အပြင်ကနေ ကြိုးစားရုံနဲ့ မလုံလောက်တော့ပါဘူး။
ကိုယ့်ရဲ့ မသိစိတ်နဲ့ Energy အလွှာတွေကို ပြန်လည် Cleansing လုပ်ပြီး "Leak" တွေကို အမြစ်ကနေ ပိတ်ဆို့ဖို့ လိုအပ်နေပါပြီ။

​ကိုယ့်ရဲ့ လက်ရှိ Energy အခြေအနေကို အသေးစိတ် စစ်ဆေးပြီး ဘဝလမ်းကြောင်းအတွက် အဖြေရှာချင်ရင် White ရဲ့ Premium Private Reading အတွက် စာပို့ပြီး Booking တင်နိုင်ပါတယ်ရှင့်။ 🤍

​

သင့်ရဲ့ မသိစိတ်က တောင့်တနေတဲ့အချစ်❤️​ဒီနေ့  ကိုယ့်ရဲ့မသိစိတ်ထဲမှာကိုယ်တိုင်တောင် သတိမထားမိဘဲ အငတ်မွတ်ဆုံး ဖြစ်နေရတဲ့ အချ...
19/05/2026

သင့်ရဲ့ မသိစိတ်က တောင့်တနေတဲ့အချစ်❤️

​ဒီနေ့ ကိုယ့်ရဲ့မသိစိတ်ထဲမှာကိုယ်တိုင်တောင် သတိမထားမိဘဲ အငတ်မွတ်ဆုံး ဖြစ်နေရတဲ့ အချစ်မျိုးကို ရှာကြည့်ကြရအောင်နော်။

​သင့်ရဲ့ မသိစိတ်ထဲက အချစ်ကို ရှာဖွေဖို့... စိတ်ကို အေးအေးထားပြီး (၃) စက္ကန့်အတွင်း အောက်က Pile (၃) ခုထဲက သင့်ကို အဆွဲဆောင်နိုင်ဆုံး တစ်ခုကို ရွေးချယ်ပေးပါ။

1.Key
2.Sand clock
3.Sky

📌 အဖြေကို သက်ဆိုင်ရာပုံအောက်မှာ ဖတ်ရှူပေးပါ။

📜 ကိုယ့်အကြောင်းကိုယ် သေသေချာချာ သိရှိနားလည်ခြင်းက ဘဝရဲ့ User Manual ကို အမှန်ကန်ဆုံး ဖတ်ရှုလိုက်ရသလိုပါပဲ။
​
အချစ်ရေးမှာ ဓာတ်မတည့်တဲ့ Wrong Person တွေနဲ့ပဲ လည်ထွက်နေပြီး တကယ့် Right Person နဲ့ ဘာလို့ လွဲနေရလဲဆိုတာ သိချင်ရင်... ကိုယ့်ရဲ့ မသိစိတ်၊ Natal Chart (ဇာတာခွင်) နဲ့ စွမ်းအင်လမ်းကြောင်းတွေကို အမြစ်ကနေ လှန်ထုတ်ပြီး ကွက်တိအဖြေရှာဖို့ White ရဲ့ Premium Private Reading မှာ One-on-One တိုက်ရိုက် စစ်ဆေးဆွေးနွေးနိုင်ပါတယ်ရှင့် ။🤍

"ပြီးပြည့်စုံခြင်းရဲ့ နောက်ကွယ်က... အထီးကျန်ဆန်မှု 🥀​မကြာခင်ကမှ ကျွန်မရဲ့ Premium Private Reading မှာ Client တစ်ဦး မေးလာ...
17/05/2026

"ပြီးပြည့်စုံခြင်းရဲ့ နောက်ကွယ်က... အထီးကျန်ဆန်မှု 🥀

​မကြာခင်ကမှ ကျွန်မရဲ့ Premium Private Reading မှာ Client တစ်ဦး မေးလာခဲ့တဲ့ မေးခွန်းတစ်ခုပါ။
​
သူမက အပြင်ပန်းကြည့်ရင် လှပကျော့ရှင်းပြီး ငွေကြေးကြွယ်ဝ ချမ်းသာသလောက်... ထူးဆန်းစွာပဲ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အမြဲတမ်း အားနည်းရသူတစ်ဦး ဖြစ်ပါတယ်။
သူမရဲ့ ဘဝထဲကို ဓာတ်မတည့်တဲ့သူတွေ၊ အဆိပ်အတောက် ဖြစ်စေမယ့်သူတွေပဲ အကြိမ်ကြိမ် ရောက်လာတတ်ပြီး... ဘာလို့ စစ်မှန်တဲ့ "Right Person" နဲ့ မဆုံတွေ့နိုင်သေးတာလဲဆိုတာ သူမကိုယ်တိုင်လည်း အဖြေရှာမရ ဖြစ်နေခဲ့တာပါ။

​ကျွန်မနဲ့အတူ One-on-One တိုက်ရိုက်ဆွေးနွေးရင်း သူမရဲ့ Aura နဲ့ Natal Chart (ဇာတာခွင်) ကိုပါ အသေးစိတ် ပေါင်းစပ်ဆန်းစစ်ကြည့်တဲ့အခါ...
ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ အတိတ်က ဒဏ်ရာတွေနဲ့ Negative စွမ်းအင်ဟောင်းတွေက သူမရဲ့ စိတ်ဝိဉာဉ်ကို ပိတ်ဆို့မှိုင်းအုံနေစေတာ တွေ့ရပါတယ်။

ကိုယ့်ရဲ့ Inner Energy လမ်းကြောင်း ပိတ်ဆို့ပြီး မှိုင်းနေတဲ့အခါ ကိုယ်နဲ့ ဓာတ်မတည့်တဲ့သူတွေကိုပဲ သံလိုက်လို ထပ်ခါထပ်ခါ ဆွဲငင်မိတတ်ပြီး တကယ့် Right Person က ကိုယ့်ဆီ ချဉ်းကပ်လာဖို့ လမ်းစ ပျောက်ကွယ်သွားတတ်တာ သဘာဝပါပဲ။🧲

​ကျွန်မက သူမရဲ့ Natal Chart အသွားအလာအရ မသိစိတ်ထဲက အပိတ်အဆို့တွေကို ရှင်းထုတ်ပြီး Aura ပြန်လည်တောက်ပလာစေမယ့် သီးသန့်နည်းလမ်းတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

​အခုဆိုရင်တော့ သူမရဲ့ စွမ်းအင်တွေဟာ တဖြည်းဖြည်း တည်ငြိမ်ကြည်လင်စပြုနေပြီမို့... သူမ အမြဲတောင့်တခဲ့ရတဲ့၊ စွမ်းအင်တွေတူညီမယ့် Right Person နဲ့ ဆုံတွေ့ဖို့ကလည်း မလိုတော့ပါဘူးကွယ်။ 💞

​ကိုယ့်အကြောင်းကိုယ် သေသေချာချာ သိရှိနားလည်ခြင်းက ဘဝရဲ့ User Manual ကို အမှန်ကန်ဆုံး ဖတ်ရှုလိုက်ရသလိုပါပဲ။ ဒါမှသာ လမ်းကြောင်းမှန်ပေါ် ရောက်ပြီး စိတ်ချမ်းသာမှုအစစ်အမှန်ကို ပိုင်ဆိုင်နိုင်မှာပါ။

​အချစ်ရေးတင်မကဘဲ မိသားစုအရေး၊ ငွေကြေးအရေးတွေမှာပါ အမြဲ သောကများပြီး လည်ထွက်နေသလို ခံစားနေရရင်... ကိုယ့်ရဲ့ မသိစိတ်၊ ဇာတာခွင်နဲ့ စွမ်းအင်လမ်းကြောင်းတွေကို ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။🤍

Premium Private Reading အကြောင်း ဖတ်ရှု့ရန်

https://www.facebook.com/61559490377982/posts/122208498938316345/

​
​

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when White Aura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share