18/08/2026
လူကြီးမင်းရဲ့ လက်ရှိ Auto Detailing ဆိုင်ကို အများနှင့် မတူထူးခြားတဲ့ ဆိုင်အဖြစ် အရည်အသွေးမြင့် High-end Detailing Service ကိုပေးတဲ့ ဆိုင်အဖြစ် အဆင့်မြှင့်တင်လိုရင်ဖြစ်ဖြစ် ယခုမှ ဆိုင်သစ် ဖွင့်လှစ်လိုရင်ဖြစ်ဖြစ်မြန်မာGlossWorks မှာ နိုင်ငံတကာအဆင့်မီ နည်းစနစ်များလေ့လာသင်ယူပြီး လူကြီးမင်းဆိုင်ရဲ့Detailing နည်းပညာကို အဆင့်မြှင့်တင်လိုက်ပါ။
စက်တင်ဘာလ (၇) ရက်နေ့ အတန်းသစ်စမည် ။
🚗 Auto Detailing လုပ်ငန်းမှာ ဆိုင်ဖွင့်ပြီးသားသူတွေရော၊ သင်တန်းတက်ပြီးသားသူတွေပါ Myanmar GlossWorks ရဲ့ သင်တန်းကိုရွေးချယ်ပြီး ထပ်မံ တက်ရောက်ကြရတဲ့ အဓိကအကြောင်းအရင်းကတော့ International Detailing Association (IDA) Certified Detailer စာတွေ့လက်တွေ့ ဖြေဆိုအောင်မြင်ထားတဲ့ ဆရာမှ နိုင်ငံတကာအဆင့်မှီ Detailing နည်းပညာများကို နည်းစနစ်ကျကျ advance level ထိရောက်အောင် သင်ကြားပေးလို့ပဲဖြစ်ပါတယ်။
💡ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့အတွက် ဆိုင်ဖွင့်ချင်သူများ၊ ဆိုင်ဖွင့်ပြီးသား အဆင့်မြှင့်တင်လိုသူများအတွက် မိမိမျှော်မှန်းထားတဲ့ စျေးကွက်နဲ့ ကိုက်ညီအောင် ပုံမှန် အဆင့်မှ High-end Detailing Service ထိပေးနိုင်အောင် စက်ပစ္စည်းနှင့် chemical ဆေးရည်များကို အလိုအပိုမရှိမှန်ကန်စွာ ရွေးချယ်ပြီး အများနဲ့မတူ ထူးခြားတဲ့ဆိုင်ဖြစ်အောင် set up နိုင်တဲ့အထိ ကျွမ်းကျင်တတ်မြောက်မည် ဖြစ်သည့်အပြင် သင်တန်းပြီးပါကလည်း ပိုမိုလက်တွေ့လုပ်ဆောင်နိုင်ရင် ဆရာနှင့်အတူ internship ဆက်လက်ဆင်းနိုင်ခွင့်ပါ ရရှိမှာဖြစ်ပါတယ်။
🥇Myanmar GlossWorks Detailing သင်တန်း
နိုင်ငံတကာအဆင့်မီ Detailing နည်းစနစ်တွေကို International Detailing Association (IDA) မှ ကျွမ်းကျင်လက်မှတ်ရဆရာ ကိုယ်တိုင် သင်ကြားပေးသည့် သင်တန်းဖြစ်ပါတယ်။
🗓️ အတန်းသစ်စမည့်ရက်: စက်တင်ဘာလ (၇) ရက်နေ့
💸 သင်တန်းကြေး: ၁၅ သိန်းကျပ် (တစ်ဦးလျှင်)
⏰ သင်တန်းအချိန်: မနက် ၉:၃၀ - ညနေ ၅:၃၀
📆 သင်တန်းကာလ: (၂၅) ရက်
📍 နေရာ: အမှတ် (၁၀၉၀)၊ ရာဇသူရလမ်း၊ (၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☀️ Myanmar GlossWorks ရဲ့ Detailing သင်တန်းမှာ
သင်ကြားပေးမည့် စာတွေ့ သီအိုရီ သင်ခန်းစာများ
✒️Detailing Industry မှ အခေါ်အဝေါ်များ (Detailing Terminology
✒️Detailing တွင်အသုံးပြုသော Chemicals ဆေးရည်များ၏အခြေခံသဘောတရားသင်ခန်းစာနှင့် အဘိဓါန် (Fundamental of Detailing Chemicals and Detailing Chemical Glossary)
✒️Detailer များကိုင်တွယ်အသုံးပြုရမည့် စက်ပစ္စည်းကိရိယာအစိတ်အပိုင်းများ၏ အသေးစိတ်လည်ပတ်အလုပ်လုပ်ပုံ သဘောတရားအကြောင်း သင်ခန်းစာများ (How Machines, Tools and Equipment Works)
✒️ကားအတွင်းခန်း အစွန်းအထင်းများကိုဖယ်ရှားခြင်းနှင့် အသေးစိတ်ဂျီးချွတ်သန့်ရှင်းရေပြုလုပ်ခြင်း နည်းစနစ်သင်ခန်းစာများ (Interior Stains Removal, Deep Cleaning and Details)
✒️ကားအင်ဂျင်ခန်း အဆီအညစ်ကြေးနှင့် အသေးစိတ်ဂျီးချွတ်သန့်ရှင်းရေးပြုလုပ်ခြင်း နည်းစနစ်သင်ခန်းစာများ (Engine Bay Degreasing, Deep Cleaning and Details)
✒️ကားအလွိုင်းဘီး၊ တာယာနှင့် ဘီးခွင်များကို အသေးစိတ်ဂျီးချွတ်သန့်ရှင်းရေးပြုလုပ်ခြင်းနည်းစနစ်သင်ခန်းစာများ (Wheels, Tires and Wheel Wells Details)
✒️ကားပေါလစ်မတိုက်မှီ ပြုလုပ်ရမည့်ကားရေဆေးခြင်း နည်းစနစ်သင်ခန်းစာများ (Pre-Detail Wash / Strip Wash / Decontamination Wash)
✒️ကားအရှေ့မီးခွက် အရောင်တင်ပြုပြင်ခြင်းနှင့် အကာအကွယ်ပြုလုပ်ခြင်းနည်းစနစ်သင်ခန်းစာများ (Headlight Restoration and Protection)
✒️ကားအရှေ့လေကာမှန်နှင့် ဘေးမှန်များကြည်လင်လာစေရန် မှန်ပေါလစ်တိုက်ခြင်းနည်းစနစ်သင်ခန်းစာများ (Windshield and Glass Topical Polishing and Coating)
✒️ကားအပြင်ပိုင်းရှိ Plastic များအရောင်တင်ပြုပြင်ခြင်းနှင့် အကာကွယ်ပြုလုပ်ခြင်းနည်းစနစ်သင်ခန်းစာများ (Exterior Plastic Rejuvenation and Protection)
✒️သတ္တုသားများကို အရောင်တင်ပေါလစ်တိုက်ခြင်းနှင့် အကာအကွယ်ပြုလုပ်ခြင်းနည်းစနစ်သင်ခန်းစာများ (Metal Polishing and Protection)
✒️ကားဆေးသားများ၏အကြောင်းနှင့် ဆေးအလွှာများအကြောင်း (History of Automotive Paint and Paint Layers)
✒️ကားဆေးသားတွင်ဖြစ်ပေါ်နေသောပြစ်ချက်များအကြောင်း (Deep Dive into Paint Defects)
✒️ကားပေါလစ်တိုက်ရာတွင်အသုံးပြုသည့် Compound / Polish / Buffing Pad များအကြောင်း (A Deep Scientific Understanding of Paint Correction Chemicals and Buffing Pads)
✒️မှန်ကန်စနစ်ကျသည့် ပေါ်လစ်တိုက်သည့်နည်းစနစ်များ (Innovative Methods and Techniques of Paint Correction)
✒️နည်းစနစ်ကျနသည့် ကားထိန်းသိမ်းခြင်းရေဆေးနည်းစနစ်သင်ခန်းစာများ (Maintenance Wash)
✒️Microfiber သဘတ်များနှင့် Buffing Pad များဆေးကြေားသိမ်းဆည်းခြင်းနည်းစနစ်သင်ခန်းစာများ (How to Clean and Taking Care of Microfiber Towels and Buffing Pads)
တစ်ဦးစီ လက်တွေ့လေ့ကျင့်လုပ်ဆောင်ရမည့် သင်ခန်းစာများကတော့-
📌ကားအတွင်းခန်း အစွန်းအထင်းများချွတ်ခြင်းနှင့် အသေးစိတ်ဂျီးချွတ်သန့်ရှင်းရေးပြုလုပ်ခြင်း နည်းစနစ်များ (Interior Stains Removal, Deep Cleaning and Details)
📌Panels ပေါ်တွင် ပေါ်လစ်တိုက်လေ့ကျင့်ခြင်း Paint Correction (practice on panels)
📌ကားပေါ်တွင် ပေါ်လစ်တိုက်လေ့ကျင့်ခြင်း Paint Correction (practice on real cars)
📌ကားဆေးသားအကာအကွယ်ပြုလုပ်ခြင်း Wax နှင့် Sealant များ အသုံးပြုခြင်းနည်းစနစ် Paint Protection (layering sealant and wax)
📌ကားဆေးသားအကာအကွယ်ပြုလုပ်ခြင်း Nano Coating ပြုလုပ်ခြင်း Paint Protection (ceramic coating)
☎️ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက - 0943333555 သို့ မြန်မာ GlossWorks Page တွင်
လည်းလာရောက်မေးမြန်းနိုင်ပါသည်။
#ကားdetailingသင်တန်း #ကားပေါလစ်သင်တန်း