White Aura

White Aura ☸️ 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗣𝗿𝗮𝗰𝘁𝗶𝘁𝗶𝗼𝗻𝗲𝗿


" 𝗪𝗵𝗶𝘁𝗲 𝗔𝘂𝗿𝗮 "နဲ့အတူသင့်စွမ်းအားကို မြှင့်တင်လိုက်ပါ👑

ကူညီပေးဖို့အဆင်သင့်ရှိနေပါတယ် 🤍

🔆 Welcome October ✨​ဒီအောက်တိုဘာလသစ်လေးမှာ ကလိုဗာရွက်လေးရဲ့ "အထွတ်အထိပ် ကံကောင်းခြင်း (Luck)" တွေနဲ့အတူ၊ အဆိုးအညစ်တွေကို...
01/10/2026

🔆 Welcome October ✨

​ဒီအောက်တိုဘာလသစ်လေးမှာ ကလိုဗာရွက်လေးရဲ့ "အထွတ်အထိပ် ကံကောင်းခြင်း (Luck)" တွေနဲ့အတူ၊ အဆိုးအညစ်တွေကို ဖယ်ရှားပေးမယ့် "အပြည့်အဝ ကာကွယ်ခြင်း (Protection)" စွမ်းအင်တွေ သင့်ဆီကို ရောက်ရှိလာပါစေ။ 🍀🧿

​ဒီလထဲမှာ အကောင်းဆုံးသော အခွင့်အရေးတွေနဲ့ အံ့ဖွယ်တိုက်ဆိုင်မှုတွေကို လက်ခံရယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Comment မှာ "Claim" လို့ ရေးပြီး စွမ်းအင်တွေကို ဆွဲယူလိုက်ပါ။ 🤍

🔮 Mercury in Scorpio - စကားပြောဆိုမှုတွေ ပိုမိုနက်ရှိုင်း ထက်မြက်လာမယ့် အချိန် 🦂​ဒီနေ့ (စက်တင်ဘာ ၃၀) ရက်နေ့မှာ ဆက်သွယ်ရေ...
30/09/2026

🔮 Mercury in Scorpio - စကားပြောဆိုမှုတွေ ပိုမိုနက်ရှိုင်း ထက်မြက်လာမယ့် အချိန် 🦂

​ဒီနေ့ (စက်တင်ဘာ ၃၀) ရက်နေ့မှာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်တွေကို ကိုယ်စားပြုတဲ့ ဗုဒ္ဓဟူးဂြိုဟ် (Mercury) ဟာ Scorpio ထဲကို စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

​Scorpio ဆိုတာ လျှို့ဝှက်ဆန်းကြယ်ပြီး အပေါ်ယံမဟုတ်ဘဲ အတွင်းကျကျ ထိုးထွင်းသိမြင်နိုင်စွမ်းရှိတဲ့ ရာသီခွင်ဖြစ်ပါတယ်။

ဒါကြောင့် ဒီကာလမှာ ကျမတို့ရဲ့ စကားပြောဆိုဆက်သွယ်မှုတွေဟာ ပိုမိုနက်ရှိုင်းလာပြီး၊ ပိုပြီး ထက်မြက်ကာ ဗျူဟာကျလာပါလိမ့်မယ်။
အပေါ်ယံ စကားပြောဆိုမှုတွေ (Small talks) ထက်၊ တကယ့် အနှစ်သာရရှိတဲ့ အကြောင်းအရာတွေကိုပဲ ပိုပြီး အာရုံစိုက်လာကြမယ့် အချိန်ဖြစ်ပါတယ်။

ဒီစွမ်းအင်ကို ​ကိုယ့်ရဲ့ ရှေ့ဆက်မယ့် (Plans) တွေကို ပိုမိုသေချာအောင် ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။အပြုသဘောဆောင်တဲ့ အချိန်ဖြစ်လို့ ​အရေးကြီးတဲ့ သဘောတူညီမှုတွေ (Agreements) ရယူဖို့နဲ့၊ ဆွေးနွေးညှိနှိုင်းမှုတွေကို အောင်မြင်စွာ အဆုံးသတ်ဖို့အတွက် အရမ်းကို အထောက်အကူပြုမယ့် စွမ်းအင်ဖြစ်ပါတယ်။

သတိထားရန်မှာ Mercury ဟာ ဂြိုဟ်များအကြားတွင် ပညာရှိတစ်ဦးဖြစ်သလို နောက်ပြောင်ကျီစယ်တတ်သူ (joker) လည်းဖြစ်တာကြောင့်၊ အခြားသူများကို နောက်ပြောင်လိုစိတ်များလည်း ဖြစ်ပေါ်နေတတ်ပါလိမ့်မယ်။
သို့သော် မည်သူ့ကိုမျှ မထိခိုက်စေရန် သို့မဟုတ် စိတ်အနှောင့်အယှက် မဖြစ်စေရန် ဂရုပြုပါ။

​ကိုယ့်ရဲ့ ပေါ့ပါးရွှင်လန်းမှုကို ဖော်ထုတ်ရန် အရေးကြီးသကဲ့သို့ အခြားသူများရဲ့ ပေါ့ပါးရွှင်လန်းမှုကို ကြိုဆိုလက်ခံရန်လည်း အရေးကြီးပါတယ်။
ကိုယ်က ဘယ်လိုပင် စိတ်အားထက်သန် နေပါစေ၊ သင့်ပတ်ဝန်းကျင်ရှိ လူများအပေါ် နားလည်ပေးနိုင်စွမ်း ရှိနေရပါမယ်။
ဘာလို့လဲဆိုရင်စိတ်ခံစားချက်ကို သတိပြုမိခြင်း (emotional awareness) ဟာ Mercury ၏ အားသာချက် မဟုတ်သောကြောင့်ဖြစ်ပါတယ်။

​ဒီအကူးအပြောင်းရဲ့ နက်ရှိုင်းတဲ့ စွမ်းအင်တွေကို အသုံးချပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ ရှေ့ဆက်ရမယ့် အစီအစဉ်တွေအတွက် တိကျသေချာတဲ့ လမ်းညွှန်မှုတွေ လိုအပ်နေတယ်ဆိုရင်တော့... White Aura Studio ရဲ့ "Q4 VIP 3-Month Package" နဲ့ "October Personal Reading" များကို စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်ရှင့် ။🤍

​🌼 Let’s Check Your Energy!

ဒီရက်ပိုင်းအတွင်းမှာ ပုံမှန်ထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးတောမိနေတာတွေ၊ စူးစမ်းချင်နေတဲ့ ကိစ္စတွေ ရှိနေပြီလား?

Comment မှာ ဝေမျှပေးသွားပါဦးနော်။

​

🔥 Mars x Jupiter in Leo - သင့်ရဲ့ အကြီးမားဆုံး အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီ 🦁​ဒီရက်ပိုင်းအတွင...
29/09/2026

🔥 Mars x Jupiter in Leo - သင့်ရဲ့ အကြီးမားဆုံး အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီ 🦁

​ဒီရက်ပိုင်းအတွင်းမှာ ထူးထူးခြားခြား တစ်ခုခုကို စတင်လုပ်ချင်စိတ်တွေ၊ ဖန်တီးချင်စိတ် တွေ တက်ကြွနေလား?

​ဒါဆိုရင်တော့ စက်တင်ဘာ ၂၈-၂၉ ရက်နေ့ကစပြီး သိဟ်ရာသီ (Leo) ထဲကို ဝင်ရောက်လာတဲ့ (Mars) ရဲ့ စွမ်းအင်တွေကြောင့်ပါပဲ။
ဒါပေမယ့် ဒီတစ်ခါ အကူးအပြောင်းက သာမန်မဟုတ်ပါဘူး။

​ပိုပြီး ထူးခြားတာက အခု Leo ရာသီခွင်ထဲမှာ Action နဲ့ ခွန်အားတွေကို ကိုယ်စားပြုတဲ့ Mars ဟာ တိုးတက်ပြန့်ပွားခြင်းနဲ့ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတဲ့ (Jupiter) နဲ့ပါ အတူတူ သွားဆုံမှာ ဖြစ်ပါတယ်။

​Mars ရဲ့ ရဲရင့်မှုနဲ့ တစ်ခုခုဆို Action ယူချင်တဲ့ စိတ်ဆန္ဒတွေကို Jupiter က မီးတောက်ကို လေပင့်ပေးလိုက်သလို ဆထက်ထမ်းပိုး ကြီးမားသွားစေပါတယ်။
ဒါဟာ လုံးဝ "Go Big or Go Home" ဆိုတဲ့ စွမ်းအင်မျိုးပါ။🔥

​ရှေးရိုးရာ ဗေဒင်ပညာမှာ Mars ကို "Lesser Malefic" (အဖျက်အဆီးဂြိုဟ်ငယ်) လို့ ခေါ်လေ့ရှိပေမယ့်၊ အခုလို Jupiter နဲ့ပါ ပေါင်းစပ်သွားတဲ့အခါ... ခြင်္သေ့မင်း (King of Beasts) လိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတာ၊ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး တောက်ပချင်တာနဲ့ လူတွေရဲ့ အာရုံစိုက် ချီးကျူးမှုကို လိုလားတဲ့ စွမ်းအင်တွေ အထွတ်အထိပ်ကို ရောက်လာပါတော့တယ်။

​ ဒီ (Mars + Jupiter) စွမ်းအင်ကို ဘယ်လို အသုံးချမလဲ?
သေးသေးမွှားမွှားလေးတွေ တွေးမနေပါနဲ့တော့။
အခုရနေတဲ့ အရှိန်အဟုန်ကို အသုံးချပြီး ရပ်တန့်နေတဲ့ Project ကြီးတွေကို ရှေ့ဆက်ဖို့၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို လူတွေသိအောင် Spotlight အောက်မှာ ထုတ်ပြဖို့နဲ့ အခွင့်အလမ်းသစ်တွေကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ 🏆

ဒီလို ကြီးမားတဲ့ သက်ရောက်မှုက သင့်တစ်ဦးချင်းစီအတွက် ဘာတွေ ယူဆောင်လာပေးမလဲ?
​ယေဘုယျအားဖြင့် စွမ်းအင်တွေ အရမ်းကောင်းနေပေမယ့်၊ သင့်ရဲ့ ကိုယ်ပိုင် (Natal Chart) ထဲက ဘယ် (House) နေရာမှာ ဒီဂြိုဟ်နှစ်လုံး ဆုံနေလဲဆိုတာအပေါ် မူတည်ပြီး ရရှိလာမယ့် အခွင့်အလမ်းတွေ၊ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။

​ဒီ (Mars x Jupiter) ရဲ့ အားကောင်းတဲ့ စွမ်းအင်ကို အမိအရ ဆုပ်ကိုင်ပြီး ကိုယ့်ဘဝအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို အသုံးချမလဲဆိုတာကို အတိအကျ သိရှိနိုင်ဖို့ "October Personal Reading" များကို အခုပဲ Booking စတင် ယူနိုင်ပါပြီရှင့် 🤍

​(သေချာ အချိန်ယူပြီး အသေးစိတ် ဆွေးနွေး လမ်းညွှန်ပေးမှာ ဖြစ်တဲ့အတွက် လူဦးရေ အကန့်အသတ်ဖြင့်သာ - Limited Slots လက်ခံသွားပါမယ်ရှင့်)

အခုလက်ရှိ သင့်ဆီမှာ ဘာတွေကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးတွေ ရှိနေပြီလဲ? Comment မှာ ဝေမျှပေးသွားပါဦးနော်။✌

​


"ကိုယ်ဟာ Libra တစ်ယောက်ပါ..." ♎️✨"ဘာစားမလဲ" မေးရင် "အကုန်ရတယ်၊ ကြိုက်တာစား" လို့ အလွယ်တကူ ဖြေတတ်ပေမယ့်... တကယ်တမ်း ဆိုင်...
28/09/2026

"ကိုယ်ဟာ Libra တစ်ယောက်ပါ..." ♎️✨
"ဘာစားမလဲ" မေးရင် "အကုန်ရတယ်၊ ကြိုက်တာစား" လို့ အလွယ်တကူ ဖြေတတ်ပေမယ့်... တကယ်တမ်း ဆိုင်ရွေးခိုင်းတဲ့အခါ ဘယ်ဆိုင်စားရမှန်းမသိလို့ တစ်နာရီလောက် ငိုင်နေတတ်တယ်။ (ဆုံးဖြတ်ချက်ချဖို့က ငါတို့အတွက် ကမ္ဘာပေါ်မှာ အခက်ဆုံး အလုပ်ပဲလေ)။ 🤔

အိတ်ထဲမှာ ပိုက်ဆံ ရှိရှိ၊ မရှိရှိ အပြင်ထွက်ပြီဆိုတာနဲ့ ခေါင်းအစ ခြေအဆုံး လုံးဝ Aesthetic ဖြစ်နေမှ၊ အလှဆုံး ဖြစ်နေမှ စိတ်ချမ်းသာတယ်။ (အလှအပဆိုတာ ငါတို့ရဲ့ အသက်သွေးကြောပါ)။💄

လူတွေနဲ့ ပြဿနာတက်ရမှာ၊ ဒေါသထွက်ရမှာကို အရမ်းမုန်းတယ်။ စိတ်ထဲကနေ ဘယ်လောက်ပဲ ကျိန်ဆဲနေပါစေ... အပြင်မှာတော့ အပြုံးလေးနဲ့ "အင်းပါ... ဟုတ်ပါတယ်" လို့ ခေါင်းညိတ်ပြလိုက်ရမှ ကျေနပ်တဲ့ ငြိမ်းချမ်းရေး သံတမန်ကြီးတွေပဲ။ 🙂‍↔️

ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် အဖြူကလည်း လှသလိုလို၊ အမည်းကလည်း မိုက်သလိုလိုနဲ့ ရွေးရခက်လွန်းလို့ နောက်ဆုံး နှစ်ခုလုံး သိမ်းကျုံးဝယ်လာတတ်တဲ့ အကျင့်ရှိတယ်။ 🤭

တမင်သက်သက် ရည်ရွယ်ပြီး သွားဆွဲဆောင်နေတာ မဟုတ်ဘဲ မွေးရာပါ ညှို့ဓာတ် လေး အလိုလို ပါလာလို့ လူတိုင်းက "သူ ငါ့ကို Flirt နေတာလား" လို့ အမြဲတမ်း အထင်လွဲခံရတတ်တယ်။💋

​Let’s Tag Your Libra Besties! 😉
​ကဲ... ကိုယ်တိုင်က Libra တစ်ယောက်ဆိုရင် ဒါတွေကို ငြင်းလို့ရမလား? (ကိုယ့်ကိုယ်ကိုယ် အမှန်ဆုံးလို့ ထင်ရင် အခုပဲ Share သွားပြီး ကြေညာလိုက်တော့နော်)

​မယုံရင်တော့... "ဘာစားမလဲမေးတိုင်း အကုန်ရတယ်ပြောပြီး ဆိုင်ရွေးခိုင်းရင် ရစ်တတ်တဲ့" သင့်ဘေးနားက ချစ်စရာ Libra သူငယ်ချင်းလေးတွေကို Tag တွဲပြီး သက်သေပြခိုင်းလိုက်ပါဦး 😝🤍

​

🌕 Full Moon in Aries ;​🚨 ဒီရက်ပိုင်း အကြောင်းပြချက်မရှိဘဲ စိတ်တွေ အရမ်းမွန်းကျပ်ပြီး ပင်ပန်းနေလား?​ဒါဆိုရင်တော့ သင်တစ်ယေ...
26/09/2026

🌕 Full Moon in Aries ;
​🚨 ဒီရက်ပိုင်း အကြောင်းပြချက်မရှိဘဲ စိတ်တွေ အရမ်းမွန်းကျပ်ပြီး ပင်ပန်းနေလား?

​ဒါဆိုရင်တော့ သင်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီနေ့ (စက်တင်ဘာ ၂၆) ရက်နေ့မှာ ကျရောက်တဲ့ Full Moon in Aries ရဲ့ ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေကြောင့်ပါ။

​ဒီလပြည့်မှာ Mars နဲ့ Chiron တို့ရဲ့ အားပြိုင်နေမှုကြောင့် အတိတ်က ဖုံးကွယ်ထားတဲ့ စိတ်ဒဏ်ရာတွေ၊ ကိုယ့်ကိုယ်ကိုယ် အားငယ်တဲ့ ခံစားချက်တွေ ရုတ်တရက် ပြန်ပေါ်လာတတ်ပါတယ်။

ဒါကြောင့် "ရှေ့ဆက်တိုးရမလား၊ ခဏလောက်ပဲ အနားယူလိုက်ရမလား" ဆိုပြီး စိတ်တွေ အရမ်း လွန်ဆွဲနေတတ်ပါတယ်။

​ဒီလိုအချိန်မှာ အတင်းအဓမ္မ ရည်မှန်းချက်သစ်တွေ ချမှတ်ဖို့ မကြိုးစားပါနဲ့ဦး။

​✨ ဒီညအတွက် သင့်စိတ်ဝိညာဉ်ကို ပြန်လည်ကုစားဖို့ (Mini-Ritual) လေး လုပ်ကြည့်ရအောင်...

(ဒီ Post လေးကို Save ထားပြီး ညကျရင် လုပ်ကြည့်ပါ)

​၁။ အေးချမ်းတဲ့ နေရာလေးတစ်ခုမှာ တိတ်တိတ်ဆိတ်ဆိတ် ဝင်ထိုင်ပြီး အချိန်ယူ တရားထိုင်ပါ။

​၂။ ကိုယ့်စိတ်ကို လေးလံစေတဲ့ အရာတွေ၊ မွန်းကျပ်မှုတွေကို စာရွက်တစ်ရွက်ပေါ် ချရေးပါ။ ပြီးရင် အဲဒီစာရွက်ကို ဖယောင်းတိုင်မီးနဲ့ ရှို့ပြီး လွှတ်ချ (Release) လိုက်ပါ။ (Ceremony/Ritual လုပ်ပါ)။

​၃။ ပိုမို မြင့်မားတဲ့ စွမ်းအင် (Higher Vibration) တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ဖုန်းတွေပိတ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ အနားပေးပါ။ ဒါက အရေးအကြီးဆုံး အချက်ပါ။ တစ်ခါတရံ အပြည့်အဝ အနားယူတာကလည်း ကိုယ့်ကို Natural Healing Process ဖြစ်စေပါလိမ့်မယ်။ At least; Just Quality Sleep. 🤍

​👇 Let’s Check In!
အခုလက်ရှိ သင့်ရဲ့ Energy Level ဘယ်လိုနေလဲ?

​(၁) ရှေ့ဆက်တိုးဖို့ ခွန်အားတွေ အပြည့်ဖြစ်နေတယ်။
(၂) စိတ်တွေ မွန်းကျပ်ပြီး အေးအေးဆေးဆေး အနားယူချင်နေတယ်။

​သင့်ရဲ့ လက်ရှိခံစားချက်ကို Comment မှာ (၁) ဒါမှမဟုတ် (၂) လို့ ဖြေသွားပေးပါဦး။

(ခံစားချက်တွေ အရမ်း လေးလံနေတဲ့ သူငယ်ချင်းတွေပါ အတူတူ Ritual လေး လုပ်လို့ရအောင် Tag တွဲပေးသွားလို့ ရပါတယ်နော် ✨)

​

🌞[Sun In Libra]​ဒီရက်ပိုင်း စိတ်တွေ ရှုပ်ထွေးပြီး အရမ်း ပင်ပန်းနေခဲ့လား? ဒါဆိုရင်တော့ သတင်းကောင်းပါပဲ... ​ပြီးခဲ့တဲ့ တစ်...
23/09/2026

🌞[Sun In Libra]​ဒီရက်ပိုင်း စိတ်တွေ ရှုပ်ထွေးပြီး အရမ်း ပင်ပန်းနေခဲ့လား? ဒါဆိုရင်တော့ သတင်းကောင်းပါပဲ...

​ပြီးခဲ့တဲ့ တစ်လလုံး အလုပ်တွေ၊ တာဝန်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့သမျှ...
ဒီနေ့ (စက်တင်ဘာ ၂၃) ရက်နေ့ကစပြီး ကောင်းကင်ယံက နေမင်းကြီးဟာ "တူရာသီ (Libra ♎️)" ထဲကို စတင် ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။

​Libra ဆိုတာ အချစ်ရေး၊ အလှအပ၊ ငြိမ်းချမ်းမှုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (Partnerships) တွေကို အုပ်စိုးတဲ့ ရာသီခွင် ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် (၃၀) ရက်တာ ကာလဟာ သင့်ဘဝမှာ လွတ်လပ်သွားတဲ့ ကြိုးစတွေကို ပြန်ဆက်ဖို့၊ ဟန်ချက်ညီမှု ကို ပြန်ရှာဖို့ အကောင်းဆုံး အချိန်ပါပဲ။

​ဒီ Libra Season မှာ သင့်ရဲ့ စွမ်းအင်တွေကို အမြင့်ဆုံး ရောက်အောင် အောက်ပါ (၃) ချက်ကို အဓိကထားပြီး ချိန်ညှိ ကြည့်ပါ -

❇️ ၁။ ဆက်ဆံရေးများ (Relationships & Soul Union)

ကိုယ့်ဘဝထဲက ဆက်ဆံရေးတွေမှာ အပေးအယူ မျှတရဲ့လား ပြန်ဆန်းစစ်ပါ။ ကိုယ့်ကို စွမ်းအင်စုပ်ယူနေတဲ့ ဆက်ဆံရေးတွေကို ခပ်ခွာခွာနေပြီး၊ ကိုယ့်ရဲ့ Soul နဲ့ ထပ်တူကျမယ့်သူ၊ ကိုယ့်ကို အမှန်တကယ် ကုစားပေးနိုင်မယ့် သူတွေကိုပဲ အချိန်ပိုပေးပါ။ (ဒါဟာ Couple တွေအတွက် ကိုယ့်ရဲ့ ဆက်ဆံရေးကို အသစ်ပြန်လည် အသက်သွင်းဖို့ အကောင်းဆုံး အချိန်ပါပဲ။)

❇️​ ၂။ အလှတရားနှင့် အေးချမ်းမှု (Aesthetics & Harmony)

သင့်ရဲ့ ပတ်ဝန်းကျင်၊ သင့်ရဲ့ အခန်း၊ သင့်ရဲ့ ဝတ်စားဆင်ယင်မှုတွေကို ကိုယ်ကြည့်လိုက်တာနဲ့ စိတ်ချမ်းသာစေမယ့် အရာလေးတွေနဲ့ အလှဆင်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ (Self-care is a priority right now).

❇️ ၃။ ဟန်ချက်ညီမှု (The Ultimate Balance)

အလုပ်အရမ်းလုပ်နေရင် အနားယူဖို့ အချိန်ပေးပါ။ သူများအတွက်ပဲ ပေးဆပ်နေမိရင် ကိုယ့်အတွက်ကိုယ် အချိန်ပြန်ယူပါ။ အရာရာတိုင်းမှာ အစွန်းမရောက်စေဘဲ အလယ်အလတ် (Balance) ကို ပြန်ရှာပါ။

​ဒီ Libra Season လေးက သင့်ဘဝထဲကို အချစ်တွေ၊ အေးချမ်းမှုတွေနဲ့ လှပတဲ့ အခွင့်အလမ်းတွေ သယ်ဆောင်လာပေးပါစေ... 🤍

White Aura Studio ရဲ့ Page မှာ ရုပ်ရောစိတ်ပါ လှပကြော့ရှင်းတဲ့ "Libra ♎️" လေးတွေ ဘယ်နှစ်ယောက်ရှိလဲ? Comment မှာ ♎️ Emoji လေး မန့်သွားပေးပါဦး။

​(ဒါမှမဟုတ်)

ကိုယ်အရမ်းချစ်ရတဲ့ Libra သူငယ်ချင်းလေးတွေကို Tag တွဲပြီး သူတို့ဘယ်လောက် ချစ်စရာကောင်းကြောင်း လာပြောပြပေးလို့လည်း ရပါတယ်နော် ။😍


🌸 "စက်တင်ဘာက သင့်အတွက် ဘယ်လို လျှို့ဝှက်ချက်လေးတွေ ယူဆောင်လာပေးမလဲ?"​ဩဂုတ်လမှာ ဖြတ်သန်းခဲ့ရတဲ့ Solor Eciplse & Lunar Ecl...
29/08/2026

🌸 "စက်တင်ဘာက သင့်အတွက် ဘယ်လို လျှို့ဝှက်ချက်လေးတွေ ယူဆောင်လာပေးမလဲ?"

​ဩဂုတ်လမှာ ဖြတ်သန်းခဲ့ရတဲ့ Solor Eciplse & Lunar Eclipse တို့ရဲ့ စွမ်းအင်တွေကြောင့်၊ လာမယ့် စက်တင်ဘာဟာ လူတိုင်းအတွက် အလှည့်အပြောင်းလေးတွေ ရှိလာမယ့် လတစ်လ ဖြစ်လာပါတော့မယ်။

​✴ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အခွင့်အရေးသစ်တွေ ပေါ်လာမလား?

✴ ငွေကြေး စီးဆင်းမှုတွေ ပိုပြီး အဆင်ပြေလာမလား?

✴ အချစ်ရေးနဲ့ ဆက်ဆံရေးတွေမှာ ဘာတွေ သတိထားပြီး ပိုခိုင်မာအောင် တည်ဆောက်ကြမလဲ?

​အပြောင်းအလဲတွေ ဖြစ်လာမယ့် အချိန်မှာ ကြိုတင်သိရှိပြီး ပြင်ဆင်ထားတာက အခွင့်အလမ်းတွေကို ပိုပြီး အပိုင်ဖမ်းနိုင်စေပါတယ်။

​ဒါကြောင့် သင့်ရဲ့ ကိုယ်ပိုင် ဇာတာခွင် (Birth Chart) နဲ့ တိတိကျကျ တိုက်ဆိုင်စစ်ဆေးပြီး စက်တင်ဘာလ တစ်လစာအတွက် လမ်းပြမြေပုံ ဖြစ်လာမယ့် "စက်တင်ဘာလ အထူးဟောစာတမ်း (September Personal Reading)" ကို White Aura Studio မှ စီစဉ်ပေးလိုက်ပါတယ်။

​📌 ဒီ Reading လေးမှာ ဘာတွေ သိရမလဲ?

၁။ ဒီလအတွက် သင့်ဘဝကို အဓိက လွှမ်းမိုးမည့် စွမ်းအင်များ

၂။ အလုပ်အကိုင်၊ ငွေကြေး နှင့် အချစ်ရေး အခြေအနေ သုံးသပ်ချက်

၃။ အရေးကြီးဆုံး ရက်စွဲများ (အခွင့်အရေးယူရမည့် ကံကောင်းသောရက် နှင့် ရှောင်ကြဉ်ရမည့် ရက်များ)

၄။ အဆိုးပြေ အကောင်းဆောင်စေမည့် လက်တွေ့ကျသောအစွမ်းထက် Remediesများ

​(သင့်အတွက် သီးသန့် တွက်ချက်ထားသော ဟောစာတမ်းကို ဖတ်ရှုရလွယ်ကူသည့် Ebook ဖြင့် တိကျရှင်းလင်းစွာ ပေးပို့သွားပါမည်။)

​အချိန်ယူ တွက်ချက်ရတာဖြစ်လို့ ပထမဆုံး (၁၀) ယောက် ကိုသာ သီးသန့် လက်ခံပေးသွားပါမည်။

​စက်တင်ဘာလရဲ့ အခွင့်အရေးတွေကို လက်မလွတ်ဘဲ အပိုင်ဖမ်းချင်တယ်ဆိုရင်တော့...

အခုပဲ CB / Chat မှာ "စက်တင်ဘာ" လို့ စာပို့ပြီး အသေးစိတ်ကို မေးမြန်း စာရင်းသွင်းနိုင်ပါပြီရှင့်။ 🤍

စက်တင်ဘာနဲ့အတူ ငွေကြေးနဲ့ အောင်မြင်မှုတွေ ဝင်ရောက်လာစေချင်တယ်ဆိုရင် "September ☘" လို့ မန့်ခဲ့ပေးနော်။

​

𝗗𝗮𝗶𝗹𝘆 𝗘𝗻𝗲𝗿𝗴𝘆 𝗧𝗶𝗺𝗶𝗻𝗴 ဆိုတာ ဘာကြီးလဲ? ကြိုသိထားရင် ဘာထူးမှာလဲ? 🤔လူတစ်ယောက်ကို ကြည့်လိုက်ရင် "သူကတော့ ဘာလုပ်လုပ် အဆင်ပြေနေတ...
28/08/2026

𝗗𝗮𝗶𝗹𝘆 𝗘𝗻𝗲𝗿𝗴𝘆 𝗧𝗶𝗺𝗶𝗻𝗴 ဆိုတာ ဘာကြီးလဲ? ကြိုသိထားရင် ဘာထူးမှာလဲ? 🤔

လူတစ်ယောက်ကို ကြည့်လိုက်ရင် "သူကတော့ ဘာလုပ်လုပ် အဆင်ပြေနေတာပဲ" ဆိုတာမျိုး ဒါမှမဟုတ် ကိုယ်တိုင်ပဲ "ဒီနေ့မှ ဘာလို့ အရာရာ လွဲချော်နေရတာလဲ" လို့ ခံစားဖူးကြတယ်မလား?
အဲဒါ နေ့စဉ်ပြောင်းလဲနေတဲ့ စကြဝဠာရဲ့ 𝗘𝗻𝗲𝗿𝗴𝘆 (နက္ခတ်စွမ်းအင်) တွေကြောင့်ပါ။ ✨

နေ့စဉ်စွမ်းအင် အကွေ့အပြောင်းတွေကို ကြိုသိထားရင် ဘဝမှာ ဘာတွေ ထူးခြားသွားမလဲဆိုတော့...

✅ "Timing (အချိန်အခါ)" အတိအကျ သိလာမယ်
အောင်မြင်ဖို့ဆိုတာ ကြိုးစားရုံနဲ့ မရဘဲ အချိန်အခါ (Timing) ကိုက်ဖို့ လိုပါတယ်။
ဘယ်နေ့မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမလဲ၊ ဘယ်နေ့မှာ ရှေ့တိုးရမလဲဆိုတာ ကြိုသိရင် အောင်မြင်မှုက ပိုသေချာသွားတာပေါ့။

✅ အခွင့်အလမ်းတွေကို အပိုင်ဖမ်းနိုင်မယ်
ဓနအိမ်မှာ ငွေဝင်ပေါက်ပွင့်တဲ့ နေ့တွေရှိသလို၊ အလုပ်မှာ ကော အချစ်ရေးမှာပါ မျက်နှာပန်းလှတဲ့ နေ့တွေလည်း ရှိပါတယ်။
စွမ်းအင်ကောင်းတဲ့နေ့တွေကို ကြိုသိထားရင် သူများထက် ခြေတစ်လှမ်း ဦးပြီး အခွင့်အလမ်းတွေကို အပိုင်ဆွဲယူနိုင်မှာပါ။

✅ အလွဲအချော်တွေကို ရှောင်ရှားနိုင်မယ်
"ဒီနေ့တော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး နေတာ အကောင်းဆုံးပဲ" ဆိုတဲ့ နေ့မျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်စွမ်းအင်ကို သိထားရင် အလဟဿ အချိန်ကုန်၊ ငွေကုန်၊ စိတ်ညစ်ရမယ့် ကိစ္စတွေကို ကြိုတင်ရှောင်လွှဲနိုင်ပါတယ်။

အချုပ်ကတော့...
နေ့စဉ် နက္ခတ်စွမ်းအင်ကို သိတယ်ဆိုတာ ကိုယ့်ဘဝရဲ့ လမ်းပြမြေပုံကို နေ့တိုင်း ကြည့်ခွင့်ရနေသလိုပါပဲ။
အကွေ့အပြောင်းတွေကို ကြိုသိလေလေ၊ ဘဝမှာ ဘာလုပ်လုပ် ပိုပြီး လွယ်ကူချောမွေ့လေလေပါပဲ။

ကဲ... မနက်ဖြန်အတွက် သင့်ရဲ့ ကံဇာတာ စွမ်းအင်ကကော ဘယ်လိုရှိနေမလဲ?

အခွင့်အလမ်းတွေကို လက်မလွတ်ဘဲ နေ့စဉ် တိကျတဲ့ လမ်းညွှန်မှုတွေ ရယူချင်တယ်ဆိုရင်တော့ တစ်လကို ကော်ဖီတစ်ခွက်စာ တန်ဖိုးလေးနဲ့တင် ဝင်ရောက်နိုင်တဲ့ VIP Daily Horoscope Telegram Channel ဆီ ဖိတ်ခေါ်လိုက်ပါတယ်နော်။☕️✨

(VIP Channel သို့ ဝင်ရောက်လိုပါက Comment or CB တွင် "VIP" ဟု စာပို့ထားပေးပါရှင်)

*ဆောင်ရန်ရှောင်ရန် အရောင်နဲ့ Lucky Number တွေပါ နေ့စဉ်သိရမှာပါနော်။🥰


🌕 မနက်ဖြန် လကြတ်ချိန် (Lunar Eclipse) အတွက် အရေးပေါ် သတိပေးချက် 🌕​မနက်ဖြန် (ဩဂုတ် ၂၈ ရက်) မှာ ဖြစ်ပေါ်မယ့် လကြတ်ခြင်းဟာ ...
27/08/2026

🌕 မနက်ဖြန် လကြတ်ချိန် (Lunar Eclipse) အတွက် အရေးပေါ် သတိပေးချက် 🌕

​မနက်ဖြန် (ဩဂုတ် ၂၈ ရက်) မှာ ဖြစ်ပေါ်မယ့် လကြတ်ခြင်းဟာ စွမ်းအင်တွေ အကြီးအကျယ် အပြောင်းအလဲဖြစ်မယ့် အချိန်ပါ။
ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘဝကို ဆွဲချနေတဲ့ အဟောင်းတွေကို မစွန့်လွှတ်နိုင်ရင် (Let Go မလုပ်နိုင်ရင်) ရှေ့ဆက်ရမယ့် ငွေကြေးနဲ့ လုပ်ငန်းတိုးတက်မှုတွေပါ ပိတ်ဆို့သွားတတ်ပါတယ်။

​အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒီရက်ပိုင်း ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အမှားအယွင်းမရှိအောင် သေချာ ဂရုစိုက်ရပါမယ်။

​ဒါကြောင့် သင့်ရဲ့ မွေးဇာတာအရ အတိအကျ ဘာတွေကို ရှောင်ရှားရမလဲ၊ ဘာတွေကို စွန့်လွှတ် (Let Go) ရမလဲဆိုတာကို White Aura Studio မှ "Letting Go Mini Consultation" ဖြင့် အထူး တွက်ချက်ပေးသွားပါမယ်။

​ဘာတွေ ရရှိမလဲ?
✴ သင့်ဇာတာနဲ့ ကွက်တိကျမယ့် အရေးကြီး သတိပေးချက်နဲ့ စွန့်လွှတ်ရမည့်အရာ (၃) ခု
✴ သီးသန့် စာတို ဖြင့် တိုက်ရိုက် အကြံပေးခြင်း
✴ လကြတ်ချိန်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် စွမ်းအင်သန့်စင်ခြင်း ယတြာ

​⏰ မနက်ဖြန် လကြတ်ချိန်မတိုင်ခင် ကြိုတင် ပြင်ဆင်ချင်သူများအတွက် (၇) ဦး သီးသန့်သာ လက်ခံပေးသွားပါမယ်။*

​နေရာမပြည့်ခင် ကိုယ့်ရဲ့ ဇာတာအတွက် Page Messenger (Chat Box) ကနေ အခုပဲ "Letting Go" လို့ စာပို့ပြီး Booking လာရောက် တင်ထားနိုင်ပါပြီ။


🌕 လကြတ်ချိန်ရဲ့ အားပြင်းတဲ့ စွမ်းအင်ကို အသုံးချပြီး ဘဝရဲ့ ပိတ်ဆို့မှုတွေကို ရှင်းလင်းကြပါစို့✌​လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှ...
26/08/2026

🌕 လကြတ်ချိန်ရဲ့ အားပြင်းတဲ့ စွမ်းအင်ကို အသုံးချပြီး ဘဝရဲ့ ပိတ်ဆို့မှုတွေကို ရှင်းလင်းကြပါစို့✌

​လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာဖြစ်ပေါ်မယ့် လကြတ်ခြင်း (Lunar Eclipse) ဟာ ကိုယ့်ကို ရှေ့ဆက်မသွားနိုင်အောင် ဆွဲချထားတဲ့ အရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ မလိုလားအပ်တဲ့ စွမ်းအင်ဟောင်းတွေကို အပြီးတိုင် စွန့်လွှတ် (Let Go) ဖို့ အစွမ်းထက်ဆုံး အချိန်ပါပဲ။

​ခေါင်းထဲမှာ ရှုပ်ထွေးနေတာတွေ၊ ကြောက်ရွံ့မှုတွေ၊ အတိတ်က နာကျင်မှုတွေကို သယ်ဆောင်ထားရင်း ရှေ့ဆက်ဖို့ ခက်ခဲနေတယ်လို့ ခံစားနေရလား?

​ဒါဆိုရင်တော့ White Aura Studio ကနေ အားလုံးအတွက် သီးသန့် အခမဲ့ ပြုလုပ်ပေးမယ့် "Lunar Eclipse Release & Reset" Zoom Session လေးကို ဖိတ်ခေါ်ချင်ပါတယ်။

​ဒီ (၄၅) မိနစ်စာ Session လေးမှာ ဘာတွေ လုပ်ကြမလဲ?

​⚛( Energy Shift )လကြတ်ချိန် စွမ်းအင်ကို မိမိရဲ့ တိုးတက်မှုအတွက် ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ ဆိုတာကို ရှင်းပြပေးခြင်း။

​⚛ (The Letting Go Ritual) ကိုယ့်ရဲ့ အကြောက်တရားတွေ၊ စိတ်ပူပန်မှုတွေကို စက္ကူပေါ်ချရေးပြီး အားလုံးအတူတူ တပြိုင်နက်တည်း ဖယ်ရှားပစ်မယ့် လက်တွေ့ စွန့်လွှတ်ခြင်း ယတြာ ပြုလုပ်ခြင်း။

​⚛( Mind & Soul Reset) ပိတ်ဆို့နေတဲ့ စွမ်းအင်တွေကို ဖယ်ရှားပြီး စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေမယ့် အုပ်စုလိုက် Energy Clearing လေးကို ဦးဆောင်လုပ်ပေးခြင်း။

​လာတက်မယ့်သူတွေအနေနဲ့ ကိုယ့်မွေးဇာတာကို သိနေစရာ မလိုပါဘူး။ ဘောပင်တစ်ချောင်းနဲ့ စက္ကူအလွတ် တစ်ရွက် ပဲ အသင့်ပြင်ထားပေးဖို့ လိုပါတယ်။ 🤍

​အစီအစဉ် အသေးစိတ် -
​📅 နေ့ရက် - ဩဂုတ်လ ၂၈ ရက်
​⏰ အချိန် - [၁၁နာရီတိတိတွင်စပါမည် ] (၄၅ မိနစ်သာ ကြာမြင့်ပါမည်)

​📍 နေရာ - Zoom Online Meeting
​🎟 ဝင်ကြေး - အခမဲ့

​ဒီ Zoom Session လေးကို တက်ရောက်ပြီး စွမ်းအင်သစ်တွေနဲ့ အစပြုချင်တယ်ဆိုရင်တော့ Comment/Chat Box မှာ "Letting Go" လို့ ရေးပေးခဲ့ပါ (သို့မဟုတ်) အခမဲ့ Zoom Session Meeting လင့် ကို Telegram Channel မှာ တင်ပေးမှာဖြစ်တဲ့ အတွက် Comment က Link ကနေ Channel ကို Join ထားပေးပါရှင်

​နေရာ အကန့်အသတ်ရှိတာမို့ ကိုယ့်အတွက် နေရာလေး အမြန်ဆုံး ယူထားဖို့တော့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ အတူတူ Energy Reset လုပ်ကြမယ်နော်!😍

#​WhiteAuraStudio

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when White Aura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share