01/11/2020
ရာဇဝင်ဆိုးနဲ့လူ (သို့) ကဒါဖီ
_______________________
ကဒါဖီကို အနောက်လစ်ဗျားသဲကန္တာရက
အလွန်ဆင်းရဲတဲ့ မိသားစုထဲမှာ မွေးဖွါးခဲ့ပါတယ်။
သူ့အဖေက ဆိတ်နဲ့ကုလားအုပ်ကျောင်းသူအဖြစ်
အသက်မွေးခဲ့ရပါတယ်။ လစ်ဗျားကို အီတလီက
ဝင်သိမ်းတော့ ကဒါဖီ့အဘိုးဟာ အီတလီတွေရဲ့
သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်ဆိုပါတယ်။ လစ်ဗျားကိုလွတ်လပ်ရေးမပေးခင် ဘရစ်တိန်နဲ့ပြင်သစ်က လစ်ဗျားကို တစ်ခြမ်းစီခွဲယူမယ် လုပ်တော့ ကုသသမဂ္ဂက ‘ တစ်ခုတည်းအဖြစ် လွတ်လပ်ရေးပေးန်’ ပြောခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ လွတ်လပ်ရေးရတော့ ဘုရင်ဖြစ်လာသူက Idris ဖြစ်ပြီး၊ Idris ကနိုင်ငံရေး အဖွဲ့အစည်းတွေကို ပယ်ဖျက်ကာ ဗဟိုအာဏာကို ချုပ်ကိုင်ထားခဲ့ပါတယ်။ ကဒါဖီ့အဖေဟာ ဆင်းရဲပေမယ့် သူ့သားကိုတော့ ကြိုးစားပြီး ပညာပေးခဲ့ပါတယ်။ ကဒါဖီဟာ မိုင် ၂ဝ ဝေးတဲ့မြို့လေးက ပလီမှာ ပညာရေးအတွက် ကျောင်းသွားတက်ရပြီး တစ်ပတ် ၂ ရက် သူ့မိဘတွေ အိမ်ကို လမ်းလျှောက် ပြန်လေ့ရှိပါတယ်။ ကဒါဖီ အလယ်တန်းကျောင်းကို တက်ဖို့ သူ့မိသားစုမြို့လေးတစ်ခုကို ပြောင်းခဲ့ကြပါတယ်။ အဲဒီမှာ အာရပ်သတင်းစာတွေ ပထမဆုံးစဖတ်ခဲ့ရပြီး အီဂျစ်ကိုအခြေခံထားတဲ့ ရေဒီယိုကို ပထမဆုံး စကြားဖူးခဲ့ပါတယ်။
၁၉၄၈ အာရပ်-အစ္စရေးစစ်ပွဲ၊
၁၉၅၂ အီဂျစ်တော်လှန်ရေး၊
ဆူးအက်(စ်)တူးမြောင်းအရေးအခင်း စတဲ့သတင်းတွေကို ဖတ်ခဲ့ကြားခဲ့ရပါတယ်။ သူအင်မတန်အားကျခဲ့တဲ့ သူရဲကောင်းက အီဂျစ်ပထမဆုံးသမ္မတ နာဆာဘဲဖြစ်ပါတယ်။
ကဒါဖီ တက္ကသိုလ် မပြီးခင်ထွက်ပြီး တပ်ထဲဝင်
ခဲ့ပါတယ်။ လစ်ဗျားမှာ မျက်နှာမရှိတဲ့ လူတွေအတွက်
တက်လမ်းရဖို့က တပ်ထဲဝင်မှ ရမှာဖြစ်ပါတယ်။ နိုင်ငံ
ရေးအပြောင်းအလဲ လုပ်ချင်ရင် တပ်ထဲကို အရင်ဝင်
ရမယ်ဆိုတာ ကဒါဖီတွေ့ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ
ကဒါဖီအင်္ဂလန်နိုင်ငံမှာ ၉ လကျောင်းသွားတက်ရပါ
တယ်။ ကဒါဖီ့ ဆရာက
‘ ကဒါဖီ အင်္ဂလိပ်စာအခက်အခဲကိုကျော်လွှားနိုင်ခဲ့
ကြောင်း၊ အသံထွက်ကောင်းမွန်ကြောင်း ’
ပြောခဲ့ပါတယ်။
၁၉၆၉ ခုနှစ်လယ်ပိုင်းမှာ ဘုရင်က တူရကီနဲ့ဂရိ(စ်)နိုင်
ငံတွေကို သွားလည်နေတုန်း ကဒါဖီ့အရာရှိတွေက
လေဆိပ်၊ ရဲစခန်းတွေ၊ အသံလွှင့်ရုံနဲ့အစိုးရရုံးတွေကို
ဝင်သိမ်းလိုက်ပါတယ်။ အိမ်ရှေ့မင်းသားကို သွားဖမ်း
ခိုင်းပြီး ရာထူးစွန့်ခိုင်းခဲ့ပါတယ်။ ပြီးတာနဲ့ ကဒါဖီက လစ်ဗျားအာရပ်နိုင်ငံတော်အဖြစ် ရေဒီယိုကနေ
ကြေငြာခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာ
‘ နိုင်ငံရေးနဲ့လူမှုရေးတိုးတက်မှုများနဲ့ပြောင်းလဲမှုများ
ကိုဆန့်ကျင် အကျင့်ပျက်ခြစားနေတဲ့အာဏာပိုင်အစိုး
ရအပြီးတိုင်သွားပြီ
( an end to the "reactionary and corrupt"
regime )
လို့ပြောခဲ့ပါတယ်။ သွေးမြေမကျဘဲ အာဏာသိမ်းနိုင်ခဲ့မှုကြောင့်
အဲဒီအာဏာသိမ်းမှုကို ‘အဖြူရောင်တော်လှန်ရေး’ လို့ပထမပိုင်းမှာနာည်ပေးခဲ့ကြပါတယ်။ ကဒါဖီ ကဒီ
တော်လှန်ရေးဟာ ‘လွတ်လပ်မှု၊ ဆိုရှယ်လစ်ဇမ်နဲ့၊
စည်းလုံးညီညွတ်မှု’ လို့ကျွေးကျော်ခဲ့ပါတယ်။ လူ ၁၂
ဦးပါဝင်တဲ့အစိုးရသစ်ကို ‘တော်လှန်ရေးအမိန့်ပေး
ကောင်စီ’ (Revolutionary Command Council)
(RCC) လို့ခေါ်ခဲ့ပါတယ်။ RCC ဟာသဘောတရား
အရဆိုယင်တော့အားလုံးကမဲယူဆုံးဖြတ်ကြရမှာဖြစ်
ပေမဲ့ ကဒါဖီ ကဘဲကြီးစိုးချုပ်ကိုင်ထားပါတယ်။ `အထက်တန်းလွှာလူတန်းစားဟာ လူထုရဲ့သဘော
ထားကိုဆန့်ကျင်တဲ့လူတန်းစားဆိုပြီး’
တော်ဝင်သွေးပါသူတွေ၊ သတင်းစာနယ်ဇင်းသမားတွေထောင်သွင်းအကျဉ်းချ
ထားခံခဲ့ရပါတယ်။ ဘုရင် Idris ကိုတော့အဝေးရောက်
သေဒါဏ်ပေးခဲ့ပါတယ်။ ၁၉၇ဝ ခုနှစ်မေလမှာအလုပ်
သမားသမဂ္ဂအားလုံးကိုပ်ိတ်ပင်ခဲ့၊ အလုပ်သမားဆန္ဒပြ
သပိတ်မှောက်မှုတွေကိုပိတ်ပင်ခဲ့၊ သတင်းစာတွေကို
ပိတ်ပင်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်စက်တင်ဘာမှာ ` ပြန်
လည်ပြုပြင်ပြောင်းလဲရေးတွေဟာနှေးကွေးလို့’ ဆိုပြီး ကဒါဖီနှုတ်ထွက်ခဲ့ပါတယ်။ နောက်လမှာပြန်ယူခဲ့ပါ
တယ်။ `ဘိုရွှာဇီ’ (bourgeoisie) ဆိုတဲ့ပိုက်ဆံချမ်း
သာတဲ့အခွင့်ထူးခံအထက်တန်းလွှာတစ်ရပ်ကိုဖန်တီး
ခဲ့ပါတယ်။ တူးမြောင်းရေသွင်းယူစိုက်တဲ့လယ်ယာ
စိုက်ပျိုးရေးကိုပြုလုပ်ခဲ့ပေမဲ့စားရိတ်က ရတာထက်
ပိုကြီးလို့အကြွေးတင်ခဲ့ပါတယ်။ ဒါကြောင့်အဓိကထွက်
ကုန်ဖြစ်တဲ့ရေနံစိမ်းကိုဈေးမြှင့်ခဲ့ပါတယ်။ တစ်ခြားရေနံ
ရောင်းအဖွဲ့ဝင်တွေကပါဈေးလိုက်မြှင့်ခဲ့ကြပါတယ်။
အဲဒီကနေတစ်ခါ `ပြည်သူပိုင်သိမ်းရေး’ လုပ်လာပြန်ပါ
တယ်။ လစ်ဗျားမှာရှိတဲ့နိုင်ငံခြားရေနံကုမ္ပဏီတွေကိုအ
ခွန် ၅၁ %ကောက်ခဲ့ပါတယ်။ တိုင်းပြည်ကထွက်တဲ့ကုန်
ပစ္စည်းတွေရယ်နဲ့ပေါင်းပြီးရတဲ့အခွန်အကောက်တွေ
ကြောင့်ဆယ်နှစ်အတွင်းမှာလစ်ဗျားနိုင်ငံသားတွေဟာ
အီတလီနဲ့အင်္ဂလန်နိုင်ငံသားတွေထက်ပိုချမ်းသာခဲ့ကြ
ပါတယ်။
RCC ကအစ္စလမ်ဥပဒေကိုအခြေခံထားတဲ့
လူနေမှုစံနစ်တွေပြန်ပြင်ခဲ့ပါတယ်။ အရက်၊ ညကလပ်
တွေနဲ့ခရစ်ယန်ဘုရားကျောင်းတွေပိတ်ပင်ခံရပါတယ်။ ရိုးရာလစ်ဗျားဝတ်စုံဘဲဝတ်ဘို့ အားပေးခဲ့ပါတယ်။ အ
စိုးရကအနိမ့်ဆုံးလစာကို ၂ ဆတိုးပေး၊ ကုန်ဈေးနှုန်း
တွေသတ်မှတ်၊ အိမ်ငှားခတွေကို ၃ဝ မှ ၄ဝ%ထိ
လျှော့ချပေးခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ်အရင်
အစိုးရကနှိမ်ထားခဲ့တာတွေကိုရုပ်သိမ်းပေးခဲ့ပြီး
အမျိုးသမီးအထွေထွေသမဂ္ဂကို ကမကထပြုထောက်
ပံ့ဖွဲ့ပါတယ်။ မိန်းကလေးတွေအသက် ၁၆ နှစ်မတိုင်
ခင်အိမ်ထောင်ချပေးခြင်းခံရတာကိုပိတ်ပင်ခဲ့ပါတယ်။ ကဒါဖီ့အစိုးရဟာအမျိုးသမီးတွေအတွက်ပညာရေးနဲ့
အလုပ်အကိုင်လမ်းတွေအများကြီးဖွင့်ပေးခဲ့ပါတယ်။
၁၉၆၉ - ၁၉၇၃ ကာလမှာဆီရောင်းလို့ရတဲ့ပိုက်ဆံနဲ့
အိမ်ယာသစ်များပြန်လည်ဆောက်လုပ်နေရာချထား
ရေး၊ လူထုကျန်းမာရေးတိုးတက်မြင့်မားမှုနဲ့ပညာရေး
တို့ကိုထပ်ဆင့်တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်
ကထက်စာယင်လစ်ဗျားမှာဆေးရုံတွေ ၂ ဆပိုများခဲ့
ပါတယ်။ ငှက်ဖျားရောဂါလုံးဝပပျောက်သွားအောင်
နှိမ်နှင်းနိုင်ခဲ့ပြီးမျက်ခမ်းစပ်ရောဂါနဲ့တီဘီအဆုပ်ရော
ဂါကိုအဆများစွာကျဆင်းစေခဲ့ပါတယ်။ ၆ နှစ်မှ ၉ နှစ် အထိကလေးတွေပညာမသင်မနေရဥပဒေ၊ လူကြီးများ
အတွက်ပညာတတ်မြောက်ရေးအစီအစဉ်များ၊ အခမဲ့
တက္ကသိုလ်ပညာရေးတို့ကိုစီစဉ်ပေးခဲ့ပါတယ်။ လစ်ဗျား
ဒေသခံလူမျိုးအစုစုကိုတစ်စုတစ်ပေါင်းထဲညီညွတ်
အောင်ပြုလုပ်ဘို့ ‘ အားလုံးညီညွတ်သောလူမျိုးစုံပါဝင်
သည့်လစ်ဗျားပင်ကိုယ်လက္ခဏာ’ (Unified Pan
Libyan Identity) ကိုဦးစီးဆောင်ရွက်ပေးခဲ့ပါတယ်။
၁၉၇၁ ခုနှစ်မှာအာရပ်ဆိုရှယ်လစ်ယူနီယံကိုဖွဲ့စည်းခဲ့
ပါတယ်။ ကဒါဖီဟာသူ့အိမ်နီးချင်းနိုင်ငံတွေရဲ့လေး
စားမှုနဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။ အီဂျစ်က
လည်းကျွမ်းကျင်သူများကိုစေလွှတ်ပြီးကူညီခဲ့ပါတယ်။
၁၉၇ဝ ခုနှစ်ထဲမှာလစ်ဗျားမှာရှိတဲ့အင်္ဂလိပ်နဲ့
အမေရိကန်စစ်စခန်းတွေကိုပြန်လည်ရုပ်သိမ်းပေးဘို့
ခိုင်မာစွာတောင်းဆိုခဲ့လို့အဲဒီနှစ်အတွင်းမှာရုပ်သိမ်း
ပေးခဲ့ကြပါတယ်။ အဲဒီနှစ်ထဲမှာဘဲနိုင်ငံတွင်းက အီတ
လီပိုင်အဘိုးတန်ပစ္စည်းတွေကိုသိမ်းယူခဲ့၊ အီတာလျံ
မိသားစု ၁၂,ဝဝဝနဲ့ဂျူးအနည်းအကျဉ်းကိုတိုင်းပြည်
ကနေနှင်ထုတ်ခဲ့ပါတယ်။ မြေထဲပင်လယ်ဒေသမှာရှိ
တဲ့ နေတိုးစစ်အုပ်စုရဲ့ပါဝါကိုလျှော့ချဘို့ ကဒါဖီက ‘အာရပ်နိုင်ငံတွေကိုမော်လတာကျွန်းမှာရှိတဲ့ နေတိုး
စခန်းတွေကနေတိုက်ခိုက်ခွင့်မပြုယင်မော်လတာ
ကျွန်းကိုအထောက်အပံ့အကူအညီတွေပေးမယ်’ ဆို
တဲ့ကတိနဲ့နောက် ၁ဝ စုနှစ်တစ်ခုအတွင်းမှာမော်လ
တာနဲ့အကျွမ်းတစ်ဝင်ရှိခဲ့ပါတယ်။ ကဒါဖီဟာတစ်ခြား
တိုင်းပြည်တွေက 'တိုင်းပြည်နဲ့လူမျိုးအတွက်' တိုက်ပွဲ
ဝင်နေကြတဲ့လက်နက်ကိုင်ပျောက်ကျားအုပ်စုလေး
တွေကိုလည်းထောက်ပံ့ခဲ့ပါတယ်။ အဲဒီထဲမှာ IRA
(Ireland), Sandinista (Nicaragua), ANC (South
Africa), The Free Aceh Movement (Indonesia),
Moro National Liberation Front (The
Philippines) တို့ပါကြပါတယ်။
တရုတ်ပြည်မှာမော်စီတုန်းကစာအုပ်နီလေးရေး
ခဲ့သလိုကဒါဖီကလည်းစာအုပ်စိမ်းလေးတစ်အုပ်ကိုရေး
ခဲ့ပါတယ်။ မော်စီတုန်းရဲ့ဝါဒကိုအစ္စလမ်ဘာသာရေး
ဖြည့်စွက်ထားတာဘဲဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာစတင်
ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကိုကျောင်းသုံးစာအုပ်
အဖြစ်ကလေးတွေတစ်ပတ်ကို ၂ နာရီကျက်ရပါတယ်။ အဲဒီစာအုပ်ထဲကကောက်နှုတ်ချက်တွေကိုလည်း TV
နဲ့ရေဒီယိုကနေ နေ့စဉ်လွှင့်ပေးသလိုလမ်းဘေးကြော်
ငြာဆိုင်းဘုတ်ကြီးတွေမှာလည်းတွေ့ရ၊ အဆောက်အဦး
နံရံတွေပေါ်မှာလည်းတွေ့ရတတ်ပါတယ်။ ၁၉၇၆ ခုနှစ်
မှာ အင်္ဂလိပ်ဘာသာနဲ့ယူကေမှာထုတ်ဝေခဲ့ပါတယ်။
၁၉၉၃ ခုနှစ်ကိုရောက်လာချိန်မှာတော့ ပြင်သစ်၊ အ
ရှေ့ဥရောပ၊ ကိုလံဘီယာနဲ့ ဗယ်နီဇွဲလားနိုင်ငံတွေက
တက္ကသိုလ်တွေနဲ့အထက်တန်းကျောင်းတွေမှာ ‘စာအုပ်
စိမ်း’ ကိုပို့ချချက်တွေပြုလာပါတယ်။ ၁၉၇၄ ခုနှစ်က
စစ်တပ်ပိုင်ဘင်ဂါဇီအဆောက်အဦမှာဗုံးပေါက်ကွဲမှု
ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ ကဒါဖီပေါ်လူတွေရဲ့မကျေ
နပ်မှုတွေများနေပါပြီ။ ကဒါဖီရဲ့တော်လှန်ရေးကောင်
စီထဲက ၂ ဦးက ကဒါဖီဆီကအာဏာပြန်သိမ်းဘို့လုပ်
နေခဲ့ကြပါပြီ။ သူတို့နှစ်ဦးဟာအီဂျစ်ကိုထွက်ပြေးသွား
ခဲ့ကြပြီး တော်လှန်ရေးကောင်စီမှာလူ ၅ ယောက်ဘဲ
ကျန်ပါတော့တယ်။ ၁၉၇၇ မတ်လမှာတော်လှန်ရေး
ကောင်စီကိုဖျက်သိမ်းခဲ့ပြီး ပြည်သူ့အထွေထွေလွှတ်
တော် (GPC) ကိုဖွဲ့စည်းခဲ့ပါတယ်။
တော်လှန်ရေးကောင်စီဖျက်ပြီး ၁၉၇၅ ခုနှစ်
စက်တင်ဘာမှာတပ်ထဲကအရာရှိကြီးတွေအယောက်
၂ဝဝ ကိုဖမ်းခဲ့၊ အောက်တိုဘာမှာလျှို့ဝှက်လုံခြုံရေးအ
ဖွဲ့တစ်ခုကိုဖွဲ့ခဲ့ပါတယ်။ ၁၉၇၆ ခု ဧပြီလမှာတက္ကသိုလ်
ကျောင်းသားတွေကို ‘တော်လှန်ရေးကျောင်းသားများ
ကောင်စီ’ တွေဖွဲ့ပေးပြီး ‘တုန့်ပြန်မဲ့လူစု’ တွေကိုတိုက်
ထုတ်ခိုင်းခဲ့ပါတယ်။ သူထင်သလိုဖြစ်မလာဘဲအဲဒီနှစ်
ထဲမှာဘဲမြို့ကြီး ၂ မြို့မှာ ကဒါဖီဆန့်ကျင်ရေးဆန္ဒပြမှု
တွေဖြစ်ပွါးခဲ့ပါတယ်။ တော်လှန်ရေးကောင်စီကလူတွေ
မြောက်များစွာကိုဖမ်းပြီး၊ လူငယ်တွေစစ်မှုမထမ်းမနေ
ရဥပဒေထုတ်ပြန်ခဲ့ပါတယ်။ ၁၉၇၇ ကျောင်းသားခေါင်း
ဆောင် ၂ ဦးနဲ့တပ်အရာရှိတစ်ချို့ကိုလူပုံလည်မှာကြိုး
ပေးခဲ့ပါတယ်။ နိုင်ငံရေးပုဒ်မနဲ့အဆုံးစီရင်ကွပ်မျက်တာ
ဒါပထမဆုံးအကြိမ်ပါဘဲ။ ကဒါဖီကအဲဒါကိုသူကိုယ်တိုင်
ကြီးကြပ်ခဲ့ပါတယ်။ ၁၉၇၈ ဒီဇင်ဘာမှာ GPC ရဲ့အ
ထွေထွေအတွင်းရေးမှူးရာထူးကနှုတ်ထွက်ပြီး ‘ တော်
လှန်ရေးရဲ့ခေါင်းဆောင် ’ ဆိုတဲ့ရာထူးအသစ်နဲ့စစ်တပ်
အကြီးအမှူးအဖြစ်အာဏာကိုဆက်ယူထားခဲ့ပါတယ်။
သမိုင်းပညာရှင် Dirk Vandewalle က ‘ လစ်ဗျားရဲ့
ဒီမိုကရေစီကသူတို့ကျွေးကျော်ထားသလိုမဟုတ်ဘဲ ကဒါဖီကိုဗဟိုပြုနေတဲ့လူတစ်စုရဲ့ဆုံးဖြတ်ချက်စံနစ်
သာဖြစ်ကြောင်း ’ ရေးသားခဲ့ပါတယ်။
၂-၃-၁၉၇၉ မှာ GPC ကို ‘အစိုးရ’ နဲ့ ‘တော်လှန်
ရေး’ ဆိုပြီး ၂ ခြမ်းခွဲလိုက်ပါတယ်။ ၁၉၇၉ ထဲကနေ
၁၉၈၁ ခုနှစ်ထဲထိမြေတွေခွဲဝေပေးခဲ့ပါတယ်။ လူတွေ သာတူညီမျှချမ်းသာဘို့ဘဏ်မှာ ဒီနာ ၁,ဝဝဝ ထက်ပို
စုထားယင်သိမ်းယူပစ်လိုက်ပါတယ်။ သွင်းကုန်ထုတ်
ကုန်တွေအားလုံးကိုအစိုးရကချုပ်ကိုင်မှာဖြစ်ကြောင်း
နဲ့ပုဂ္ဂလိကစူပါမားကက်ကြီးတွေကိုအစိုးရပိုင်နဲ့အစား
ထိုးမှာဖြစ်ကြောင်းကျေငြာခဲ့ပါတယ်။ အဲဒါကြောင့်လူ
သုံးကုန်ပစ္စည်းတွေရှားပါးသွားပြီး ` Black market ’ ဆိုတဲ့မှောင်ခိုသွင်းပစ္စည်းတွေနဲ့မှောင်ခိုဈေးတွေပေါ်
လာခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာအမျိုးသမီးစစ်သင်တန်း
ကျောင်းဖွင့်လှစ်ခဲ့ပြီးအမျိုးသမီးတွေကိုတက်ရောက်ဘို့
အားပေးခဲ့ပါတယ်။ ဒီစံနစ် ၁၉၈၃-၈၄ ခုနှစ်မှာ ၂ နှစ်
ဆက်တိုက်ပယ်ချခံခဲ့ရပေမဲ့ ကဒါဖီ ကဂရုမစိုက်ဘဲ
` ဒီအယူကိုဆန့်ကျင်သူတွေဟာနယ်ချဲ့ဝါဒီတွေ ’ တွေ
လို့ဆိုခဲ့ပါတယ်။ ၁၉၈ဝ ခုနှစ်ဦးပိုင်းတွေကစပြီး လစ်
ဗျားဟာစီးပွါးရေးကပ်ဆိုက်ခဲ့ပါတယ်။ ၁၉၈၂-၁၉၈၆
မှာရေနံရောင်းရငွေ က ၂၁ ဘီလျံဒေါ်လာကနေ ၅ ဘီလျံထိကျလာပါတယ်။ ၁၉၈၃ ခုနှစ်မှာအကြွေးတွေ
တင်လာပါတယ်။ မိုင် ပေါင်း ၁၂ဝဝ ကျော်ရှည်တဲ့
ရေသန့်ဖြန့်ဝေမှုစီမံကိန်းကြီးကိုစခဲ့လို့ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်မှာအမေရိကန်သမ္မတ ရေဂန်က
ကဒါဖီကို ‘ဆိုဗီယက်တို့ရဲ့ရုပ်သေးရုပ်လို့’ ခေါ်လိုက်
ပါတယ်။ ၁၉၈၁ ခုနှစ်မှာ Gulf of Sirte ကိုလစ်ဗျား
ကသူပိုင်တယ်ဆိုပြီးသိမ်းယူခဲ့ပါတယ်။ အဲဒီနေရာ
တွေမှာ သတင်းယူနေတဲ့အမေရိကန်စစ်လေယာဉ်
တွေကိုလည်းလစ်ဗျားစစ်လေယာဉ်တွေက ၂ ကြိမ်
ပစ်ခတ်ခဲ့ဘူးပါတယ်။ အမေရိကန်နိုင်ငံက သြဂုတ်
လမှာလေယာဉ်တင်သဘောင်္ကြီး ၂ စင်းနဲ့တစ်ခြားစစ်
သဘောင်္တွေကိုအဲဒီပင်လယ်ကွေ့ကိုလွှတ်ခဲ့ပါတယ်။ လစ်ဗျားလေတပ်ကလေယာဉ်တွေများစွာလွှတ်ပြီးအ
မေရိကန်တွေကို ၂ ရက်ခပ်ကြမ်းကြမ်းချဉ်းကပ်ခဲ့ကြ
ပါတယ်။ ဒုတိယနေ့မှာလစ်ဗျားလေယာဉ်တစ်စီးက
စပြီးဒုံးကျည်လွှတ်ခဲ့ပေမဲ့မထိခဲ့ပါဘူး။အဲဒီနေ့မှာလစ်
ဗျားလေယာဉ် ၂ စီးပစ်ချခံခဲ့ရပါတယ်။ အမေရိကန်မှာ
ရှိတဲ့လစ်ဗျားသံရုံးကို ရေဂန် ကပိတ်ပစ်ခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့လစ်ဗျားသံရုံးရှေ့ကရဲအမျိုးသမီးကို
လစ်ဗျားအေးဂျင့်တွေလို့ယူဆသူတွေကသတ်ခဲ့ကြပါ
တယ်။ အဲဒီကာလမှာဘဲ Gulf of Sirte မှာအမေရိ
ကန်စစ်လေ့ကျင့်မှုပြုလုပ်နေစဉ်လစ်ဗျားစစ်သဘောင်္
တွေကတိုက်ခိုက်ကြလို့သူတို့သဘောင်္တစ်စီးနှစ်မြှုပ်
ခြင်းခံရပါတယ်။
- """"""""""""""""""""
- ၁၉၈၆ ခုနှစ်အနောက်ဘာလင်မှာရှိတဲ့ ဒစ်စကို
ကခန်းတစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ အမေရိကန်
စစ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ အမေရိကန်က လစ်ဗျားမှာရှိတဲ့ စစ်လက်နက် တပ်ဆင်ရေးရုံးတွေ အနှံ့ကိုဗုံးကျဲခဲ့လို့ အရပ်သား ၁ဝဝ ခန့် သေဆုံးခဲ့ရပါတယ်။ ကဒါဖီ ရဲ့အိမ်ကိုလည်း ဗုံးကျဲခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ‘တော်လှန်ရေးအတွင်းမှတော်လှန်ရေး’ ထပ်လုပ်ပြီး
- စီးပွါးရေးချုပ်ကိုင်မှုကို မဆိုစလောက်လေး လျှော့ပေး
- ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး၊ သေဒါဏ်ကိုကန့်သတ်မှုတွေထားခဲ့၊ နောက်ဆုံးဖျက်
- ပေးခဲ့ပါတယ်။ ပြောင်းလဲမှုတော်တော်များများကိုရှေ့
- နှစ်မှာလုပ်ပေးမယ်ဆိုပြီးဘာမှဖြစ်မလာခဲ့ပါဘူး။
- ၁၉၈၇ ခုနှစ်ထဲမှာဓါတုဗေဒလက်နက်တွေထုတ်လုပ်
- ပြီးလှောင်ထားခဲ့ပါတယ်။ အနုမြူလက်နက်တွေထုတ်
- ဘို့ကျိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ သူ့ကိုပြန်လည်
- ဆန့်ကျင်လာတဲ့အစ္စလမ်ဂိုဏ်း ၂ ခု ပေါ်လာခဲ့ပါတယ်။
- ၁၉၈၉ ခုနှစ်မှာလုံခြုံရေးတပ်ဖွဲ့တွေကအများစုဝေးဝတ်
- ပြုရာပလီတွေကိုရှောင်တခင်ဝင်စစ်လာတတ်ကြပါ
- တယ်။ ကဒါဖီကိုလုပ်ကြံဘို့ကြံစည်ခဲ့တာတွေကိုလည်း
- ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီကြားထဲမှာ IRA လိုအနောက်
- နိုင်ငံတွေရဲ့တော်လှန်ရေးပျောက်ကြားတွေကိုပိုမိုအား
- ပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စကော့တလန်ပြည်
- Lockerbie မြို့လေးအထက်မှာ Pan Am လေ
- ကြောင်းအမှတ် 103 ဖေါက်ခွဲခံခဲ့ရလို့ ခရီးသည် ၂၄၃
- ဦး၊ လေယာဉ်အမှုထမ်း ၁၆ ယောက်နဲ့မြေပြင်ပေါ်က
- လူ ၁၁ ယောက်သေဆုံးခဲ့ပါတယ်။ ဗြိတိသျှထောက်
- လှမ်းရေးက "ဒီဖေါက်ခွဲရေးဟာလစ်ဗျားအေးဂျင့် ၂ ဦး
- ကြောင့်ဖြစ်တယ်" လို့ဆိုပြီးလွှဲအပ်ပေးဘို့တောင်းဆိုခဲ့
- ပေမဲ့ ကဒါဖီကငြင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂကစီးပွါး
- ရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့လို့လစ်ဗျားဒေါ်လာသန်း
- ၉ဝဝ နစ်နာခဲ့ပါတယ်။
- ၂ဝ ရာစုကုန်ဆုံးချိန်မှာတော့ ကဒါဖီမျှော်မှန်းခဲ့တဲ့
- ရည်ရွယ်ချက်ကြီးအိပ်မက်ကြီးတွေတစ်ခုမှဖြစ်မလာခဲ့
- ပါဘူး။ သူစိတ်ဝင်စားခဲ့တာကအာရပ်တိုင်းပြည်တွေနဲ့
- အာဖရိကတစ်ဝိုက်မှာလစ်ဗျားနာမယ်တွေအမျိုးမျိုး
- ပြောင်းခြင်း၊ နိုင်ငံရေးပွဲစားလုပ်ခြင်းဖြင့်လစ်ဗျားရော
- အာရပ်တိုင်းပြည်တွေရောပိုညီညွတ်လာကြလိမ့်မယ်
- လို့ထင်နေခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာလစ်ဗျားက ယူကေ
- နဲ့ဆက်ဆံရေးပုံမှန်ပြန်ရဘို့လျှို့ဝှက်စွာဆက်သွယ်ခဲ့ပါ
- တယ်။ ၂ဝဝ၁ ခုနှစ်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု
- တွေကိုလစ်ဗျားက အယ်လ်ကိုင်ဒါအဖွဲ့ကိုလူသိရှင်ကြား
- ရှုတ်ချလိုက်ပါတယ်။ တစ်ချိန်ထဲမှာဘဲတရုတ်ပြည်နဲ့
- မြောက်ကိုရီးယားတို့ကိုဆက်သွယ်မှုများစလာပါတယ်။
- ၂ဝဝ၂ ခုနှစ် မှာတရုတ်သမ္မတ ဂျန်ဇီမင်းက လစ်ဗျား
- ကိုအလည်သွားခဲ့ပါတယ်။ အီရတ်စစ်ပွဲကိုမြင်တော့ ကဒါဖီကသူ့မှာရှိတဲ့လူအမြောက်အများသတ်လက်နက်
- တွေကိုဖျက်သိမ်းခဲ့လို့အမေရိကန်နဲ့ဆက်ဆံရေးတိုး
- တက်ခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာယူကေဝန်ကြီးချုပ်
- တိုနီဗလဲလာလည်၊ ကဒါဖီက ဘရပ်ဆဲလ်မြို့မှာ အီးယူ အစည်းအဝေးသွားတက်ပြီးမကြာခင်လစ်ဗျားအပေါ်
- ထားခဲ့တဲ့စီးပွါးရေးပိတ်ဆို့မှုတွေပြန်လည်ရုပ်သိမ်းပေး
- ခဲ့ကြပါတယ်။
- ၂ဝ၁၁ ခုနှစ်ဦးပိုင်းမှာပြည်တွင်းစစ်ဖြစ်လာခဲ့ပါ
- တယ်။ ကဒါဖီကိုဆန့်ကျင်တဲ့ပျောက်ကြားတပ်ဖွဲ့တွေနဲ့ ကဒါဖီတပ်တွေကြားမှာနှစ်ဦးနှစ်ဘက်ရက်စက်မှုတွေ
- ဖြစ်ပေါ်ခဲ့ကြလို့ နေတိုးတပ်တွေဝင်ဖျင်ပေးခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (International
- Criminal Court) က ကဒါဖီကိုဖမ်းဝရမ်းထုတ်ခဲ့ပါ
- တယ်။ ၂၇-၆-၂ဝ၁၁ မှာကဒါဖီကိုရာထူးကထုတ်ပစ်ခဲ့
- ကြပါတယ်။ လစ်ဗျားတော်လှန်ရေးပျောက်ကျားတပ်ကို တပ်ဟောင်းကလူတော်တော်များများပူးပေါင်းခဲ့ကြပါ
- တယ်။ ကဒါဖီသစ္စာခံတပ်တွေနဲ့ပြည်သူ့စစ်အချို့က
- လက်နက်ချဘို့ကိုအမျိုးမျိုးဆင်ခြေပေးအချိန်ဆွဲနေခဲ့
- ကြလို့တိုက်ပွဲတွေဖြစ်၊ ကလဲ့စားချေသတ်ဖြတ်မှုတွေဖြစ်
- ခဲ့ကြပါတယ်။ ၂ဝ၁၂ စက်တင်ဘာ ၁၁ ရက်နေ့မှာ
- အယ်လ်ကိုင်ဒါ တွေနဲ့ပူးပေါင်းထားတဲ့လစ်ဗျားစစ်
- သွေးကြွတွေက ဘင်ဂါဇီမြို့က အမေရိကန်သံအမတ်
- ကြီးနဲ့လူသုံးဦးကိုသတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီအတွက် အစ္စလမ္မစ်ပြည်သူ့စစ်အ ဖွဲ့တွေရဲ့စခန်းတော်တော်များ
- များကိုပြည်သူတွေကဝင်စီးခဲ့ကြပါတယ်။ ဒါကိုလစ်ဗျား
- တပ်ကတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာဒုတိယပြည်တွင်း
- စစ်ပြန်ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးပျောက်ကြားတပ်
- ဖွဲ့တွေကို နေတိုးအဖွဲ့က လေကြောင်းတိုက်ခိုက်မှုနဲ့
- ထောက်ပံ့ပေးခဲ့ပါတယ်။ အတိုချုံးလိုက်ရယင် ၂ဝ၁၄ ခုကဖြစ်ခဲ့တဲ့ပြည်တွင်းစစ်မီးဟာယနေ့ထိလောင်နေ
- ဆဲပါဘဲ။
- မြို့တော်ထရစ်ပိုလီကျသွားတဲ့အခါ ကဒါဖီက
- အာဏာလွှဲပေးဘို့စကားပြောလိုကြောင်းကမ်းလှမ်း
- လာပေမဲ့လက်မခံခဲ့ကြပါဘူး။ ကဒါဖီ သူ့ကိုယ်ရံတော်
- တွေနဲ့ထွက်ပြေးရပါတယ်။ ၂ဝ-၁ဝ-၂ဝ၁၁ နေ့လည်
- ၁း၃ဝ နာရီခန့်မှာ ကဒါဖီ၊ စစ်ဗိုလ်ချုပ်၊ ထောက်လှမ်း
- ရေးမှူးချုပ်တို့ကား ၇၅ စီးနဲ့ထွက်ပြေးကြပါတယ်။ အဲဒ့ါ
- ကိုဝေဟင်ထောက်လှမ်းရေးလေယာဉ်ကလှမ်းတွေ့
- လိုက်ပါတယ်။ အဲဒီယာဉ်တန်းကိုပြင်သစ်လေတပ်အပါ
- အဝင်နေတိုးလေယာဉ်တွေကတိုက်ခိုက်ခဲ့ကြပါတယ်။
- ကဒါဖီတို့အုပ်စုထွက်ပြေးယင်းပုန်းအောင်းနေကြလို့ ‘အမျိုးသားကူးပြောင်းရေးကာလကောင်စီ’ (National
- Transitional Council) တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ခဲ့
- ကြပါတယ်။ ကဒါဖီကသူ့ကိုယ်ရံတော်တချို့နဲ့ရေလွှတ်
- မြောင်းကြီးတစ်ခုထဲမှာဝင်ပုန်းနေခဲ့ကြပါတယ်။ NTC တပ်သားတွေကပစ်ခတ်လို့ ကဒါဖီခြေနဲ့ကျောတွေကို
- ထိခဲ့ပါတယ်။ “ကဒါဖီရဲ့ကိုယ်ရံတော်တစ်ယောက်က
- အဖမ်းခံရမှာကြောက်လို့ကဒါဖီကိုပြန်ပစ်ခဲ့တယ်” လို့
- လည်း NTC တစ်ယောက်ကဆိုပါတယ်။ ကဒါဖီက
- သူ့ကိုမသတ်ဘို့တောင်းပန်ခဲ့ပါတယ်။ ကဒါဖီ ဘယ်လို
- သေခဲ့တယ်ဆိုတာကမရှင်းပါဘူး။ ခုခံပစ်ခတ်ကြစဉ်က ကဒါဖီရှေ့မှာတင်လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါ
- တယ်။ NTC တပ်ကဘဲပစ်သတ်ခဲ့သလား၊ ဗုံးပေါက်ကွဲ
- မှုဒါဏ်ရာနဲ့ဘဲသေသလား၊ ပစ်ကြခတ်ကြစဉ်ကထိခဲ့တဲ့
- ဒါဏ်ရာတွေနဲ့ဘဲသေသလားဆိုတာမသဲကွဲပါဘူး။ သူ့
- အလောင်းကိုရင်ခွဲစစ်ဆေးတော့ဦးခေါင်းနဲ့ဝမ်းဗိုက်မှာ
- သေနတ်ဒါဏ်ရာတွေ့ပါတယ်။
- ကဒါဖီရဲ့သေခြင်းကဆိုးပါတယ်။ မသေခင်အစော်
- ကားခံလိုက်ရပါသေးတယ်။ မဖတ်ချင်ယင်ဒီအပိုဒ်ကို
- ကျော်လိုက်ပါ။ ကဒါဖီကိုမိတော့သူဟာပဂျားမားလိုဝတ်
- စုံကိုဝတ်ထားပါတယ်။ သူ့ခေါင်းမှာသွေးချင်းချင်းရဲနေ
- ပေမဲ့ဒယိမ်းဒယိုင်နဲ့လမ်းလျှောက်နိုင်ပါသေးတယ်။
- စကားလည်းပြောနိုင်ပါသေးတယ်။ သူ့ကိုခေါ်ထုတ်
- လာတော့ တော်လှန်ရေးတပ်သားတစ်ယောက်ကလူမ
- ဆန်တဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။ နောက်ကနေ သစ်သားချောင်းတစ်ချောင်းလို့ထင်ရ
- တဲ့အရာနဲ့ဘောင်းဘီကြားထဲကိုထိုးထည့်လိုက်ပါတယ်။
- ကဒါဖီကလှည့်ပြီး “မင်းလုပ်တဲ့အလုပ်ဟာငရဲကျမဲ့အလုပ်
- (It’s a sin)” လို့လှည့်ဆူလိုက်ပါတယ်။ ကဒါဖီအလောင်း
- ကိုကားနဲ့ဒရွတ်တိုက်ဆွဲသွားကြပါတယ်။ ဒီဗီဒီယိုတွေ
- ဟာအင်တာနက်ပေါ်ကိုရော၊ ယူကျု(ဘ်) ပေါ်ကိုရော
- ချက်ချင်းရောက်သွားကြပါတယ်။ အခုထိလည်းရှိပါ
- သေးတယ်။ ကဒါဖီရဲ့အလောင်းကိုသူ့သားအလောင်း
- နဲ့ ယှဉ်တွဲပြီးနောက်ထပ်လေးရက်ပြထားခဲ့ပါတယ်။ နောက်နေ့မနက်စောစောမှာသူတို့ကိုအစ္စလမ်ဓလေ့
- ထုံးစံနဲ့အညီအမှတ်အသားမရှိတဲ့နေရာမှာသင်္ဂြိုလ်
- ပေးခဲ့ကြပါတယ်။ ကဒါဖီသားတစ်ယောက်လည်းတစ်
- ခြားနိုင်ငံကိုထွက်အပြေးမှာမိခဲ့ပါတယ်။ သတင်းတစ်
- ပုဒ်မှာတော့
- “ ကဒါဖီဟာအဲ့ဒီ့နေ့ကမသေခဲ့ယင်သူ့သားတစ်
- ယောက်အပါအဝင်နောက်ထပ် ၆၆ ယောက်နဲ့အတူ
- ကွပ်မျက်ခြင်းကိုခံရလိမ့်မယ်”
- လို့ရေးထားခဲ့ပါတယ်။ ကဒါဖီ ကိုမိတော့တော်လှန်ရေးပျောက်ကြားတပ်သားတစ်
- ယောက်က “ကဒါဖီ ကသူများတွေကို ‘ကြွက်တွေ’ လို့
- ခေါ်ခဲ့ပါတယ်။ ခုသူ့ကိုဘယ်နေရာမှာမိသလဲကြည့်ပါ။ ရေမြောင်းထဲကကြွက်ကျနေတာဘဲ” လို့ပြောခဲ့ပါတယ်။
- ကဒါဖီဟာတစ်ချိန်ကသူ့ကိုယ်ရံတပ်တွေအဖြစ်လှလှ
- ပပဝတ်ဆင်ချယ်မှုန်းထားတဲ့ရောင်စုံအမျိုးသမီးတွေ
- ကိုခန့်ထားခဲ့ပါတယ်။ သူအာဏာစယူတုန်းကတော့
- တိုင်းပြည်အတွက်တစ်ကယ်ကိုကောင်းအောင်
- ဆောင်ရွက်ခဲ့လို့ လစ်ဗျားဟာချမ်းသာကြွယ်ဝခဲ့၊ ပ
- ညာတတ်တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့အဲဒီ
- နောက်ပိုင်းမှာ ကဒါဖီ ဟာလစ်ဗျားနဲ့အိမ်နီးချင်းတိုင်း
- ပြည်တွေကို EU အဖွဲ့ပုံစံမျိုး၊ ASEAN အဖွဲ့ပုံစံမျိုးဖြစ်
- အောင်ကျိုးပန်းဘို့သာစိတ်ဝင်စားခဲ့ပါတယ်။ သူ့တိုင်း
- ပြည်အတွက်မဟုတ်ဘဲ PLO, IRA, Black Panther စတဲ့တစ်ခြားနိုင်ငံအကြမ်းဖက်အဖွဲ့အစည်းတွေကို
- အားပေးခဲ့ပါတယ်။ နာမယ်ကြီးမှုကိုဖြတ်လမ်းကရှာခဲ့
- ပါတယ်။ တိုင်းပြည်တိုးတက်ရေးကိုခွန်အားစိုက်ရမဲ့
- အစား၊ သူ့တိုင်းပြည်တွင်းကအဖွဲ့အစည်းတွေကိုအကြိမ်
- ကြိမ်ပြန်လည်ပြင်ဆင်နာမည်တွေပြောင်းခဲ့၊ အတိုက်
- အခံတွေကိုသုတ်သင်ခဲ့ပါတယ်။ ကြာတော့လည်း လူ
- တွေကစိတ်ပျက်လာကြ၊ စိတ်တိုလာကြပါတယ်။ အဲဒါ
- သူ့ရဲ့ကျဆုံးခြင်းပါဘဲ။ သူ့အနေနဲ့လမ်းမှားကိုဆက်မ
- လိုက်ဘဲလူတွေကသူ့ကိုမကြိုက်တော့တဲ့အချိန်မှာ
- လမ်းတစ်ဝက်ကနေပြန်လှဲ့ခဲ့ယင်နာမယ်ကောင်းနဲ့ခု
- ထိနေနေရအုန်းမှာပါ။ ဒါပေမဲ့အာဏာကိုလွဲမှားသော
- နည်းနဲ့ထိန်းထားခဲ့ပါတယ်။
- သူ့ကိုခွင့်မလွှတ်ခဲ့ကြတဲ့အချက်ကတော့သူ့ရဲ့ခွန်
- အားသုံးနှိမ်နှင်းမှုတွေပါဘဲ။ ကဒါဖီ ကိုသူ့လိုဘဲအာ
- ဏာကျ ရိုမေနီးယားခေါင်းဆောင်ဟောင်း ချောက်ချက်
- စကူးနဲ့ယှဉ်ပြရရင်နှစ်ဦးစလုံးဟာတော်လှန်ရေးသ
- မားတွေရဲ့ကွပ်မျက်ခြင်းခံရတာဖြစ်ပါတယ်။ ဒါပေမဲ့
- ချောက်ချက်စကူးကိုတရားရုံးလေးတစ်ခုဖွဲ့စစ်ဆေးပြီး
- စီရင်၊ ချက်ချင်းကွပ်မျက်ခဲ့ကြပါတယ်။ သူ့ကိုကိုင်တွယ်
- ခဲ့ကြပုံတွေက ကဒါဖီကိုကိုင်တွယ်ခဲ့တဲ့လူတွေလို သား
- ရဲတိရစ္ဆာန်စိတ်ဝင်နေသူတွေ၊ သူရဲမင်းရဲစီးနေသူ
- တွေမဟုတ်ပါဘူး။ Self respect (ကိုယ့်သိက္ခာကိုယ်
- လေးစားမှု) ရှိတဲ့လူတွေပါ။ ဒါကလည်း ကဒါဖီဘက်
- ကအရမ်းဆိုးခဲ့တာတွေပါနိုင်ပါတယ်။ လူတွေကနာ
- ကျည်းခဲ့ရတဲ့နှစ်တွေမနည်းခဲ့တော့ပါဘူး။ ရေစီးတစ်
- ခါရေသာတစ်လှည့်၊ ဗုံလုံတစ်လှည့်ငါးပျံတစ်လှည့်၊ မှန်ကင်းတစ်လှည့်ထင်းတလှည့်၊ တူဖြစ်ယင်နှံပေဖြစ်
- ယင်ခံ၊ ဆိုတဲ့စကားပုံတွေရှိပါတယ်။ သူမွှေးတဲ့မီးသူ့ကိုဘဲပြန်လောင်တယ်လို့မြင်ပါ
- တယ်။ ။
Credit to Original Writer
14-2-2018
ဂဒါဖီကလူမိုက်လူဆိုးပါ။ ဒါပေမယ့် အနောက်မီဒီယာတွေ ဖော်ပြချင်သလောက်တော့ ဆိုးရွားတဲ့လူ မဟုတ်ပါဘူး။
အာရပ်နွေဦးတော်လှန်ရေးပေါ်ပေါက်လာတာက ဂဒါဖီကို သတ်ချင်လို့ အနောက်အုပ်စု အမေရိကန်က စလိုက်တာပါ။ ဘာလို့ဆို ဂဒါဖီက ရွှေကို အခြေခံတဲ့ Gold dinar currency ကို သူက ဖော်ဆောင်ဖို့ကြိုးစားလို့ပါ။
Gold dinar တကယ်ဖြစ်လာရင် အနောက်အုပ်စုရော
အမေရိကန်ရော လစ်ဗျားဆီက ရေနံဝယ်ချင်တိုင်း Gold dinar ငွေကြေးနဲ့ ပေးချေရမှာပါ။ Gold dinar တပြားက ရွှေအစစ်ဖြစ်လို့ တန်ဖိုးမြင့်ပြီး gold dinar သာ ရေနံကုန်သွယ်ရေးရဲ့ အဓိက ငွေကြေးဖြစ်လာရင်
အမေရိကန်ဒေါ်လာငွေကြေး ခိုင်မာမှု ကျဆင်းလာမှာပါ။ ဘာလို့ဆို လက်ရှိ ရေနံကုန်သွယ်ရေး လောကမှာ
အမေရိကန်ဒေါ်လာက အဓိကငွေကြေးဖြစ်နေလို့ပါ။ အဲ့ဒါက အမေရိကန်အတွက် အတော်အထိ နာစေမှာပါ။
ဒါကြောင့် ဂဒါဖီသေဆုံးမှုက
(တစ်)သူဖော်ဆောင်ချင်တဲ့ ရွှေဗဟိုပြု Gold dinar currency ကြောင့်ရယ်
(နှစ်) ဂဒါဖီရဲ့ အာဖရိကတိုက်မှာ ကြီးမားလာတဲ့ ဩဇာ ကြီးမားလာမှုကြောင်ံ့ရယ်ပါပဲ။
ဂဒါဖီဟာ အာဖရိကယူနီယန်မှာ president အဖြစ် နှစ်ခါ ဆက်တာဝန်ယူခဲ့ပြီး၊
အမေရိကန်ရဲ့ မဟာမိတ်တောင် အာဖရိကနဲ့တောင် အတော်လေး ရင်းနှီးလာခဲ့ပြီး အာဖရိကနိုင်ငံ အားလုံးနီးပါးကလည်း သူ့ရဲ့ Gold dinar currency ဖော်ဆောင်ရေးကို လုံးဝထောက်ခံခဲ့ကြပါတယ်။
ဒါ့အပြင် Gaddafi ကို သေစေချင်တဲ့ထဲမှာ သူရဲ့ရေနံရောင်း ပြိုင်ဘက်ရန်သူ
အမေရိကန့်ရဲ့ အရှေ့အလယ်ပိုင်း အဓိက မဟာမိတ်
ဆော်ဒီအာရေးဗျနဲ့ ကာတာနိုင်ငံတို့က ထိပ်ဆုံးကပါဝင်ပါတယ်။
References Google: Gaddafi death and his currency gold dinar or African gold currency
Credit_Comment, Wai Yan Naing
Credit - Min Naing Nyo
Peace&Rasta